မြိုးစားမင်းကျားချိန်ဝမ်၏ကျင့်ကြံခြင်း အဆင့်မှာ ရွှမ်အဆင့် ၃မျှသာ ရှိသေးသည်။
လျူယောင်၏ ဓားချက်မှာမူ လျှပ်စီးပမာ မြန်ဆန် လွန်းလှ၏။ထိုမျှမြန်သည့် ဓားချက်ကို ရွှမ်အဆင့်ရှိ သူ မဆိုထားနှင့် မြေကမ္ဘာအဆင့် ၃ ရှိသည့် ကျင့် ကြံသူပင် လွတ်အောင်ရှောင်နိုင်ရန် ခဲယဉ်းလှသည် ။
သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းနေ၏။
ကျားချိန်ဝမ်၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် အတူ နောင်တများ တရိပ်ရိပ် တက်လာသည်။လျူ ယောင်သည် ထိုမျှအထိ အစွမ်းထက်မှန်းသာ ကြို သိခဲ့လျှင် သူသည် ပထမမင်းသားကို အားကိုးမည့် အစား လျူယောင်၏ခြေထောက်ကိုသာ ဖက်တွယ် မိမည်မှာ အမှန်ပင်။
သို့သော်လည်း လောကတွင် နောင်တရသည့်ဆေး ဟူ၍ မရှိခဲ့ပေ။
"မင်း ဆုံးဖြတ်ချက်မှားခဲ့ပြီးပြီဆိုတော့... အခု အဲဒီ အတွက် ပေးဆပ်ရမယ်..ကဲကွာ.."
"ဇွက်.." အွတ်" "အဟွတ်..ဟွတ်..လျူ.."
အေးစက်လှသော ဓားအလင်းတန်းသည် ကျားချိန်ဝ မ်၏ လည်ပင်းအား ဖြတ်သန်းသွား၏။အစပိုင်းတွင် သွေး ထွက်မလာသော်လည်း ကျားချိန်ဝမ်က သူ၏ လည်ပင်းကို အသည်းအသန် ဖိထားလိုက်သည့် ခ ဏမှာပင် လက်ချောင်းကြားမှ သွေးများ ပန်းထွက် လာခဲ့သည်။
"ဘုန်း.."
သူသည် မြေပြင်ပေါ်သို့ အသက်ကင်းမဲ့စွာ လဲကျသွ ား၏။သူ့ မျက်လုံးထဲတွင်မူ နောင်တရသည့် အရိပ် များ ပေါ်နေလျက် ဖြည်းဖြည်းချင်း ပြောက်ကွယ်သွ ားပေသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် လျူယောင်သည် လူလေးဦးကို သတ်ပစ်လိုက်ခြင်း ဖြစ်၏။
ကျန်လူများမှာမူ ကြောက်လွန်း၍ တုံ့ပြန်ရန်ပင် မေ့ လျော့နေကြဆဲ ဖြစ်သည်။သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ပထမမင်းသားမှာ ဒေါသတကြီး အမိ န့်ပေးလိုက်၏။
"သတ်..သွား..သတ်ကြစမ်း..ဒီကောင့်အလောင်းတောင် မကျန်စေနဲ့ကွာ..."
ဤတစ်ကြိမ်တွင် သူသည် လူအင်အား ရာနှင့်ချီ၍ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ထိုအထဲတွင် 'မြေ ကမ္ဘာအဆင့်ကျင့်ကြံသူငါးဦးနှင့် အဆင့်မြင့် 'ကော င်းကင်အဆင့်'ကျင့်ကြံသူတစ်ဦးလည်း ပါလာခဲ့၏ ။
ပထမမင်းသား၏ ဘေးမှာ ရှိနေသည့် မြေကမ္ဘာအ ဆင့် ကျင့်ကြံသူများသည်လည်း အခွင့်အရေးကို လက်လွှတ်မခံလိုကြပေ။လျူယောင်ကို အရင်သတ် နိုင်သူသည် ကြီးမားသော ဆုလာဘ်ကို ရရှိမည်မှာ သေချာနေသည်မဟုတ်ပေလော။
ထို့ကြောင့် ၎င်းတို့သည် လျူယောင်ရှိရာသို့ တပြိုင် နက်တည်း ပြေးဝင်လာခဲ့သည်။လက်မောင်းပြတ်နေ သော ယူလီတာမှလွဲ၍ ကျန်မြေကမ္ဘာအဆင့်ကျင့် ကြံသူ လေးဦးစလုံးသည် လျူယောင်ကို ဝိုင်းရံကာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်၏။
သို့သော်လည်း မြေကမ္ဘာအဆင့် ကျင့်ကြံသူလေးဦး ၏ ဝိုင်းရံမှု ခံဆိုင်ရချိန်တွင်လည်း လျူယောင်၏ မျက်နှာထက်၌ တည်ငြိမ်မှုများသာ စိုးမိုးနေသည်။
သူသည် တစ်ချက်မျှပင် နောက်မဆုတ်ခဲ့ပေ။
ဓားကို တင်းတင်းဆုပ်ကိုင်လျက် ရှေ့သို့ အရှိန်ပြင်း ပြင်း တိုးဝင်ကာ ဓားကို ဝှေ့ယမ်းလိုက်၏။သူ၏ တို က်ကွက်များမှာ ဆန်းကြယ်သော ဟန်ပန်များ မပါဝ င်ဘဲ ရိုးရှင်းကာ ကြမ်းတမ်းလှ၏။သူ၏ကိုယ်ပိုင် ခွ န်အားနှင့် အမြနူန်းအပေါ်တွင်သာ လျူယောင်က အ ားကိုးထားခြင်း ဖြစ်သည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော မြေကမ္ဘာအဆင့် ကျင့် ကြံသူတစ်ဦးသည် ကြေးဝါတူတစ်စုံကို ကိုင်ဆောင် ထားပြီး လျူယောင်ဆီသို့ အားကုန်လွှဲ၍ တစ်ချက် ပြီးတစ်ချက် ဆင့်ကာ ရိုက်နှက်နေ၏။
“ဝှီ.ဝှီ..ဝှီ”
လေထုကို ဖြတ်သန်းသွားသော လေးလံလှသည့် ကြေးဝါတူကြီးများ၏ အသံမှာ တဝှီဝှီနှင့် ထွက်ပေါ် နေ ခဲ့သည်။ဤသည်မှာ ခွန်အားနှင့် အမြန်နူန်းအထွ တ်အထိပ်သို့ ရောက်ရှိနေကြောင်း သက်သေပြနေခြ င်းပင်။
သာမာန်လူတစ်ယောက်သာဆိုလျှင် ထိုတူချက်အော က်၌ ဦးခေါင်းမှာ အမှုန့်ဖြစ်သွားရမည်မှာ သေချာ သလောက်ပင်။
သို့သော်လည်း လျူယောင်သည် ရှောင်တိမ်းရန် စိ တ်ကူးပင်မရှိ။သူသည် တည့်တည့်တိုးဝင်ကာ ဓား ကို အားကုန်လွှဲ၍ ပိုင်းချလိုက်သည်။ထိုဓားချက်မှာ အရိုးရှင်းဆုံးဖြစ်သော်လည်း အပြတ်သားဆုံးလည်း ဖြစ်၏။အနက်ရောင်သတ္တုဖြင့် ထူးခြားစွာ သွန်းလု ပ်ထားသော သူ၏ဓားမှာ အလွန်လေးလံသဖြင့် ကျို းပဲ့သွားမည်ကို စိုးရိမ်စရာမလိုပေ။
"ချွမ်း...." "အား..."
စူးရှသော အသံနှင့်အတူ ကြေးဝါတူကြီးမှာ တစ်ဝ က်ခန့် ပြတ်တောက်သွားရုံသာမက လျူယောင်၏ ဓားချက်မှာ အရှိန်မသေဘဲ ထိုကျင့်ကြံသူ၏ ကိုယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။ဓားတစ်ချက်ဖြင့်ပင် ထိုကျင့်ကြံသူမှာ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲမတတ် ပိုင်း ပိုင်းခံလိုက်ရ၏။
"ဗြန်း.." " အား..."
လျူယောင်သည် အရှိန်မသတ်ဘဲ နောက်ထပ် မြေ ကမ္ဘာအဆင့်ကျင့်ကြံသူတစ်ဦး၏ ကျောပြင်ကိုလ ည်း ထပ်မံပိုင်းဖြတ်လိုက်ပြန်သည်။မျက်တောင်တစ် ခတ်အတွင်းမှာပင် မြေကမ္ဘာအဆင့်ကျင့်ကြံသူ လေ းဦးစလုံးမှာ မြေပြင်ပေါ်သို့ အသက်ကင်းမဲ့စွာ လဲ ကျသွား၏။
လျူယောင့်အား တိုက်ခိုက်ရန် ပြေးဝင်လာတော့မ ည့် ယူလီတာခဗျာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခါ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏ ခြေလှမ် းများမှာ ချက်ချင်းရပ်တန့်သွား၏။သူ့ နှလုံးသား ၏ အနက်ရှိုင်းဆုံးနေရာမှ အအေးဓာတ်တို့ စိမ့်တက် လာပြီး ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။
ထိုအချိန်၌ လျူယောင်သည် ကောင်းကင်အဆင့် ကျင့်ကြံသူများထက်ပင် ပိုမိုစွမ်းအားကြီးမားနေပြီ ဖြစ်ကြောင်း ယူလီတာ သိလိုက်ရ၏။
မြေကမ္ဘာအဆင့် ကျင့်ကြံသူလေးဦးကို မျက်တောင် တစ်ခတ်အတွင်း အပြတ်ရှင်းပြီးနောက်တွင်လည်း လျူယောင်က ယူလီတာကို အလွတ်ပေးရန် စိတ်ကူ းမရှိပေ။
ယူလီတာအနေဖြင့် အငြိုးအတေးကို စွန့်လွှတ်ကာ ထွက်ပြေးသွားခဲ့လျှင်မူ သူ့အသက်မှာ လွတ်မြောက် နိုင်ပေလိမ့်မည်။သို့သော်လည်း သူက လက်စားချေ ရန် ပြန်လာခဲ့သည့်အတွက် နောက်ဆုံး၌ သူ့ အသက် သာ ဆုံးရူံးလိုက်ရ၏။
"ကဲကွာ..သေပေတော့..."
လျူယောင်က ဓားကို လျှပ်စီးပမာ ဝှေ့ယမ်းပြီး ယူ လီတာကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သည် ။
ပထမမင်းသားမှာ ထိုမြင်ကွင်းကြောင့် ထိပ်လန့်တုန် လှုပ်ကာ မျက်နှာတစ်ပြင်လုံး သွေးမရှိသကဲ့သို့ ဖြူ ဖတ်ဖြူလျော် ဖြစ်နေ၏။သူသည် သတိလက်လွတ် ဖြင့် နောက်သို့ အသည်းအသန်ဆုတ်ရင်း အော်ဟစ် နေပေသည်။
"သခင်ပန်... ကျွန်တော့်ကို ကာကွယ်ပေးပါဦး.."
ပန်ယီလုံမှာမူ ပထမမင်းသား ခေါ်ဆောင်လာသည့် ကောင်းကင်အဆင့် ကျင့်ကြံသူဖြစ်သလို နန်းတော် မှ တရားဝင် အရာရှိတစ်ဦးလည်း ဖြစ်၏။သို့သော် လည်း သူသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ မတ က်နိုင်ဘဲ တုံ့ဆိုင်းနေမိသည်။
မြေကမ္ဘာအဆင့် ကျင့်ကြံသူများအား ဟင်းသီးဟ င်းရွက်များကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းမှ ာ သူပင်လျှင် မတတ်နိုင်သည့် အရာပင် ဖြစ်၏။ လျူယောင်၏ အစွမ်းမှာ သူ့ထက် အဆပေါင်းများ စွာ သာနေသည်ကို ပန်ယီလုံက ကောင်းကောင်းကြီး သိနေသည်။
အကယ်၍ သူသာ ရှေ့သို့ တိုးဝင်သွားပါက မြေပြင် ပေါ်၌ အသက်မဲ့စွာ လဲကျနေသူများကဲ့သို့ အလောင် းတစ်လောင်း ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မ လွဲပင်။
သွေးစွန်းနေသော ဓားကို ဆုပ်ကိုင်ထားသည့် လျူ ယောင်က ပန်ယီလုံကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်း ချင်း ပြောလိုက်၏။
"မင်း ငါ့ကို တိုက်ချင်တာ သေချာလား.."
ထိုစကားလုံးများက အေးစက်လှသော စိန်ခေါ်သံကဲ့ သို့ ပန်ယီလုံ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ပန်ယီလုံမှာမူ တစ်လက်မမျှပင် မလှုပ်ဝံ့တော့ပေ။ သူသည် အမှန်တကယ်ပင် သူ့ အသက် ဆုံးရူံးသွားမ ည်ကို ကြောက်ရွံ့လာခဲ့သည်။
ပန်ယီလုံ၏ တွန့်ဆုတ်နေမှုကို မြင်လိုက်ရသည့်အခါ လျူယောင်က အေးစက်စွာ အော်ပြောလိုက်၏။
"မင်း အသက်ရှင်ချင်သေးရင်..ငါ့မျက်စိရှေ့က အခု ချက်ခြင်း ထွက်သွားတော့.."
ပန်ယီလုံသည် အဓိပ္ပာယ်မရှိသော စကားများကို ပြောမနေတော့ဘဲ လျူယောင်အား လက်နှစ်ဖက်ယှ က်၍ အရိုအသေပြုရင်း ပြန်ပြောလိုက်သည်။
"ကျုပ်ကို..မသတ်ဘဲ လွှတ်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်.."
ပြောပြီးနောက် သူက အနောက်သို့ တစ်ချက်၊နှစ်ချ က်မျှ ခုန်ဆုတ်လိုက်ပြီး အရိပ်ပင်မကျန်အောင် ထွ က်ပြေးသွား၏။သူသည် နန်းတော်သို့ မည်သည့် အ ခါမျှ ပြန်မလာတော့မည်မှာ သေချာလှပေသည်။
မိမိအားကိုးရသည့် ကောင်းကင်အဆင့် ကျင့်ကြံသူ ပင် မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည်ကို မြင်လို က်ရသောအခါ ပထမမင်းသားမှာ ကြောက်လွန်း၍ ဆီးပင် ထွက်ကျလုမတတ် ဖြစ်သွားရသည်။
သူသည် အသက်လုကာ ထွက်ပြေးရန် ကြိုးစားသေ ာ်လည်း ခြေလှမ်းအနည်းငယ်မျှအကြာမှာပင် သူ့ ခြေထောက်များ နုံးချည့်ကာ မြေပြင်ပေါ်သို့ ခွေခေါ က်လဲကျသွား၏။
သူ ထပ်မံထွက်ပြေးရန် အင်အားပင် မရှိတော့ပေ။
လျူယောင်က သူ့အနားသို့ အေးအေးဆေးဆေး လျှောက်လာပြီး သွေးစွန်းနေသော ဓားအိမ်ဖြင့် ပထ မ မင်းသား၏ လည်ပင်းကို အေးစက်စွာ ထောက်လို က်သည်။ထိုအခါမှ ပထမမင်းသားမှာ အရှက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တုန်တုန်ယင်ယင်ဖြင့် သနားခံ လိုက်၏။
"သခင်လျူ... ကျွန်တော် မှားပါပြီ..တကယ်ကို မှား သွားတာပါဗျာ..ကျေးဇူးပြုပြီး... ကျွန်တော့်အသက် ကို တစ်ကြိမ်လောက် ချမ်းသာပေးပါဦး.."
လျူယောင်က ထိုမင်းသားကို အထင်အမြင်သေးစွာ ကြည့်လိုက်ရင်း အေးစက်ပြတ်သားစွာ ပြောလိုက် သည်။
"မင်းရဲ့ သိုလှောင်အိတ်ကို ချန်ထားခဲ့.ပြီးရင် မင်းလူ တွေ နဲ့အတူ အခုချက်ချင်း လစ်လိုက်တော့.."
လျူယောင်သည် ပထမမင်းသားကို လက်တစ်ချက် လှုပ်ရုံဖြင့် အသက်ဖြတ်နိုင်စွမ်း ရှိသော်လည်း ယခု တစ်ကြိမ်တွင်မူ သူက ထိုသို့မပြုလုပ်သေးဘဲ အသ က်ချမ်းသာခွင့် ပေးလိုက်သည်။သို့သော်လည်း ဤ သည်မှာ နောက်ဆုံးအခွင့်အရေးပင်။
အကယ်၍ ထိုမင်းသားသည် နောင်တမရဘဲ လက် စားချေရန် ထပ်မံကြိုးပမ်းလာပါက သူက ဆက်ပြီး ယဉ် ကျေးနေတော့မည်မဟုတ်ပေ။
ထိုအချိန်ကျလျှင် တစ်ဖက်လူသည် ပထမမင်းသား ဖြစ်နေပါ စေ သူ့နောက်ကွယ်တွင်လည်း 'မဟာရှအ င်ပါယာတစ်ခုလုံး ရှိနေပါစေဦး သူက ဧကန်မုချ သ တ်ပစ်မည်သာ ဖြစ်သည်။
ပထမမင်းသားသည် တုန်တုန်ယင်ယင်ဖြင့် သိုလှော င်အိတ်ကို အမြန်ချွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလို က်၏။ထို့နောက် သူသည် လျူယောင်၏ အိမ်တော် အတွင်းမှ ခွေးပြေးဝက်ပြေး တွားသွားလျက် အသ က်လုကာ ထွက်ပြေးသွားပေသည်။
လာစဉ်တုန်းက သူသည် လူအင်အား ရာနှင့်ချီကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဝင့်ဝင့်ကြွားကြွားရေ ာက်လာခဲ့သော်လည်း ပြန်ပြေးသည့် အချိန်တွင်မူ ၎င်းတို့အားလုံးမှာ ဆီးထွက်ကျလုမတတ် ကြောက် လန့်နေကြ၏။
.........
ဝူမိသားစု အိမ်တော်
တစ်ဖက်တွင်လည်း ဝူမိသားစုမှ ဝူရွှမ်းသည် ထိုသ တင်းကို ကြားလိုက်ရသည်။ပထမမင်းသားနှင့် ဟိုင် ကျိုးမြို့စားကျားချိန်ဝမ်တို့သည် လူအင်အား ရာနှင့် ချီ၍ လျူယောင်ကို သတ်ဖြတ်ရန် ချီတက်သွားပြီ ဟူသော သတင်းကြောင့် သူ အလွန်ပင် စိုးရိမ်ပူပန် နေမိ၏။
သို့သော်လည်း သူ ဘာမျှ မတတ်နိုင်ပေ။ သူ့သည်လည်း ၎င်းအား တားဆီးနိုင်သည့် ခွန်အား မရှိပေ။
"သခင်လေးလျူ... ဘေးကင်းပါစေလို့ပဲ ဆုတောင်း ရတော့မှာပဲကွာ.."
ထိုဆုတောင်းမှာ စကားမှာ သူ့ကိုယ်သူ နှစ်သိမ့်မှု တ စ်ခုမျှသာ ဖြစ်ကြောင်း ဝူရွှမ်းကောင်းကောင်းကြီး သိပေသည်။ရန်သူ့ဘက်တွင် ကောင်းကင်အဆင့်ကျ င့်ကြံသူတစ်ဦးအပြင် မြေကမ္ဘာအဆင့်များစွာနှင့် လူအင်အား ရာနှင့်ချီ ရှိနေသည်မဟုတ်ပေလော။
သခင်လေး လျူယောင်အတွက်မူ အသက်ရှင်ရန် ရ ာခိုင်နှုန်းမှာ အလွန်နည်းပါးလှ၏။
ဝူမိသားစု၏ အဓိကအဖွဲ့ဝင်တစ်ဦးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ပျာပျာသလဲ အကြံပြုလိုက်သည်။
"အကြီးအကဲ..လျူယောင်တော့ သေသွားပြီထင်တ ယ်.. ကျွန်တော်တို့ အချိန်မဆွဲဘဲ ပထမမင်းသား ဆီ ကို အမြန်သွားပြီး သစ္စာခံသင့်ပြီ အခြေအနေကို ကြ ည့်ပြီး ဘက်ပြောင်းဖို့ ပြင်ဆင်ရအောင်ပါ..."
ဝူရွှမ်းက ထိုလူကို အေးစက်စက် အကြည့်ဖြင့် စိုက် ကြည့်လိုက်ရင်း သတိပေးစကား ပြောလိုက်၏။
"ငါတို့ ဝူမိသားစုက မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ လျှော က်တယ်.. ဘာပဲဖြစ်ဖြစ်... ငါတို့က ကျေးဇူး ကန်းတဲ့ လူမိုက်တွေ ဘယ်တော့မှ မဖြစ်စေရဘူး.."
ဝူရွမ်း၏ ပြတ်သားမှုကြောင့် ကျန်လူများမှာ တစ်ခွ န်းမျှ မဟဝံ့တော့ပေ။သို့သော်လည်း ဝူမိသားစု အိမ် တော်တစ်ခုလုံးတွင် တိတ်ဆိတ်နေသော လေထုက စိုးမိုးနေဆဲပင်။အချို့လူများမှာမူ ပထမမင်းသားသ ည် လျူယောင်ကို သတ်ဖြတ်ပြီးနောက် ဝူမိသားစု ကိုပါ တစ်ဆက်တည်း အမြစ်ပြတ်ရှင်းလင်းရန် ရော က်လာမည်ကို တွေးကြောက်နေကြသည်။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသ ည်နှင့်အမျှ ဝူရွှမ်းကိုယ်တိုင်မှာလည်း ဖိအားများလ ာကာ အခန်းထဲတွင် ဟိုဘက်ဒီဘက်လျှောက်ရင်း ဖြစ်နိုင်ခြေ အမျိုးမျိုးအား တွေးနေမိသည်။
ထိုစဉ် ဝူမိသားစု၏ အမူထမ်းခေါင်းဆောင် တစ်ဦး မှာ အိမ်တော်အတွင်းသို့ အပြေးအလွှား ဝင်လာခဲ့၏ ။သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများပေါ်နေကာ အားရပါးရ အော်ပြောလိုက်၏။
"အကြီးအကဲ... သတင်းကောင်းပါ..တကယ်ကို သ တင်းကောင်းပါ.."
"ခုနလေးတင် သခင်လေးလျူက သူ့ရဲ့ အစွမ်းအစ တွေကို ထုတ်ဖော်လိုက်ပါပြီ..သူက ဝမ်မိသားစုရဲ့ ဘိုးဘေးနှစ်ယောက်နဲ့ ဝမ်မိသားစုခေါင်းဆောင်ကို သတ်ဖြတ်လိုက်ရုံတင်မကဘဲ မြို့စားမင်းကျားချိန် ဝမ်လည်း သတ်လိုက်ပါပြီ..."
သူက အသက်ဆက်ရူပြီး ဆက်ပြောလိုက်၏။
"ဒါတင်မကသေးဘူး..ပထမမင်းသားလက် အောက် က မြေကမ္ဘာအဆင့် ကျင့်ကြံသူငါးဦးစလုံးလည်း အသတ်ခံလိုက်ရပါပြီ..ပထမမင်းသားက သူ့ရဲ့ သို လှောင်အိတ်တောင် ထားခဲ့ရပြီး..ခွေးပြေးဝက်ပြေး ထွက်ပြေးသွားပါတယ်.. အခု သူက ဟိုင်ကျိုးမြို့က နေ ထွက်ခွာသွားပါပြီခဗျ..."
Note- ဂိုဝူကမ္ဘာမှ ကျင့်ကြံခြင်း အဆင့်များ
.......
1- ဟွမ် { လူသား အဆင့်၊အဝါရောင် အဆင့် }
2- ရွှမ် { နက်နဲ အဆင့်}
3- ဒီ {မြေကမ္ဘာအဆင့် }
4- တျန် {ကောင်းကင်အဆင့်}
# အဆင့်တစ်ခုချင်းစီတွင် အဆင့်သေး 9 ဆင့်ခွဲ ထား။
-ဟွမ်အဆင့်တစ်မှသုံးအထိ -ဟွမ်အဆင့်နိမ့်အဆင့်
- ဟွမ်အဆင့် သုံးမှ ခြောက်အထိ
- ဟွမ်အလယ်အလတ်အဆင့်
- ဟွမ်အဆင့် ခြောက်မှ ကိုးအထိ
- ဟွမ်အမြင့်ဆုံးအဆင့်
***