ကွင်းထဲတွင်မူ မက်ဂွိုင်းယားက ချူဖုန်းအနားသို့ တိုးကပ်လာပြီး - "ချူ... ခဏနေ ထောင့်ကန်ဘော ရရင် ငါ့ကို လူကာပေးဦးလေ... ငါလည်း ဂိုးသွင်းချင်လို့" ဟု ခပ်တိုးတိုး တိုင်ပင်လေသည်။
မက်ဂွိုင်းယားမှာ ခံစစ်မှူးဖြစ်သော်လည်း စိတ်ထဲတွင်တော့ တိုက်စစ်မှူးတစ်ယောက်၏ နှလုံးသား ရှိနေသည်မှာ အမှန်ပင်။ သို့သော် မာတစ်က မက်ဂွိုင်းယားခေါင်းကို ဒုတ်ခနဲ ခေါက်လိုက်ပြီး - "သွားစမ်းပါ... မင်းက ချူဖုန်းကိုပဲ လူကာပေးရမှာ... ချူသွင်းသမျှ ဂိုးတွေက သမိုင်းဝင်နေတာကွ။ ငါတို့က အဲဒီ အောင်ပွဲတွေကို ဝေမျှခံစားရုံပဲ" ဟု ငေါက်လိုက်လေ၏။
ချူဖုန်းကတော့ ပြုံးလျက် - "နောက်တစ်ခါပေါ့ မက်ဂွိုင်းယား... နောက်တစ်ခါပေါ့" ဟု ဆိုကာ နှစ်သိမ့်လိုက်ရသည်။
---
ကွင်းဘေးတွင်မူ မော်ရင်ညိုသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကကဲ့သို့ပင် အာမနီ မီးခိုးရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။ သူသည် တည်ငြိမ်သော်လည်း မာနကြီးသူ၊ သတိကြီးသော်လည်း ရဲတင်းသူ တစ်ဦးပင် ဖြစ်သည်။
"ဖာရီယာ... ငါ တစ်ခါက ပြောခဲ့ဖူးတာကို မှတ်မိလား"
မော်ရင်ညိုက ခေါင်းကို ခါယမ်းရင်း ပြုံးလိုက်ကာ - "ငါ တစ်ယောက်တည်း ရထားတဲ့ ပရီးမီးယားလိဂ် ဖလားက ကျန်တဲ့ နည်းပြ ၁၉ ယောက် ပေါင်းထားတာထက်တောင် များသေးတယ်... ငါ့ကို လေးစားမှု ပေးကြစမ်းပါလို့ ပြောခဲ့ဖူးတယ်... အခုဆိုရင် ငါက ဖလား ၅ လုံး ရထားတယ်။ ကျန်တဲ့သူတွေကတော့..."
ဖာရီယာက ခပ်ပြုံးပြုံးဖြင့် - "သုညပေါ့။ ဆရာကြီး... ဂွာဒီယိုလာ၊ ကလော့ပ်၊ ပိုချက်တီနိုတို့ ဘယ်သူမှ ပရီးမီးယားလိဂ် မရဖူးသေးဘူးလေ" ဟု ဖြည့်စွက်ပြောလိုက်သည်။
မော်ရင်ညိုသည် သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်ပြီး ရှေ့တွင် ပြေးလွှားနေသော ချူဖုန်းကို ငေးကြည့်ရင်း လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"ဒါပေမဲ့... အဲဒီလိုစကားမျိုးကို ငါ နောက်ဘယ်တော့မှ ထပ်ပြောမှာ မဟုတ်တော့ဘူး”
……………
"မန်ချက်စတာ ယူနိုက်တက်တို့ ညာဘက်အခြမ်းကနေ ပြစ်ဒဏ်ဘော ရရှိသွားပါပြီ... ဂိုးဧရိယာထဲကို တည့်တည့်မတ်မတ် ကန်တင်လိုက်ပြီဗျို့"
"ချူဖုန်း..."
"ဘုန်း..."
ချူဖုန်းက လေထဲမှာ ဝဲပျံပြီး ခေါင်းတိုက်လိုက်လျှင် ဘောလုံးက ဂိုးပိုက်ထဲကို ကျည်ဆန်တစ်တောင့်လို တိုးဝင်သွားတော့သည်။ ကာဒစ်ဖ်စီးတီး ဂိုးသမားခမျာ ဘာမှတောင် မလုပ်နိုင်လိုက်ရှာဘဲ ငေးကြည့်နေရုံသာ ရှိတော့၏။
ပွဲစပြီး မိနစ် (၃၀) မှာတင် မန်ယူက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေချေပြီ။
နဗီးလ်က သူ့ဖုန်းကို တစ်ချက်ကြည့်ပြီး နောက်ဆုံးရလဒ်တွေကို ကြေညာပေးလိုက်ပြန်သည်။
"တခြားပွဲစဉ်တွေရဲ့ အခြေအနေကတော့... လီဗာပူးက ဝုဗ်ကို ၁၇ မိနစ်မှာတင် ဂိုးသွင်းပြီး ၁-၀ နဲ့ နိုင်နေတယ်... ဒါပေမဲ့ မန်စီးတီးကတော့ ဘရိုက်တန်ကို ဂိုးပေးလိုက်ရပြီဗျို့။ သူတို့တွေ ဒီအချိန်မှာမှ လာပြီး ဟန်ပျက်နေကြတာလား"
မန်စီးတီး ဂိုးပေးလိုက်ရတဲ့ သတင်းကို ကြားတော့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲက ပရိသတ်တွေ ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ မန်စီးတီးက အားနည်းတဲ့အသင်းတွေကို နိုင်လေ့ရှိပေမဲ့ အခုတော့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် မရှိတော့လို့ အရှုံးပေးလိုက်ကြတာလား။
ချူဖုန်းကတော့ သူ့ယောက္ခမလောင်း ဂွာဒီယိုလာက ဒီလောက်နှင့် အရှုံးပေးမည့်သူ မဟုတ်မှန်း သိနေသည်။ ပွဲချိန်က မိနစ် ၆၀ ကျော် ကျန်သေးတာမို့ မန်စီးတီးတို့ သေချာပေါက် ပြန်လာနိုင်မှာပါ။
"နည်းနည်း လျှော့ကစားကြရအောင်... တိုက်စစ်ပဲ အာရုံမစိုက်နဲ့ဦး။ ကာဒစ်ဖ်ရဲ့ တန်ပြန်တိုက်စစ်က အန္တရာယ်ရှိတယ်..."
ချူဖုန်းက အသင်းသားတွေကို သတိပေးလိုက်သည်။ အခုတော့ မန်ယူက နှစ်ဂိုးပြတ်နဲ့ နိုင်နေပြီဆိုတော့ နည်းနည်း စိတ်အေးလက်အေး ကစားလို့ရပြီလေ။
မန်ယူရဲ့ အပိုင်နည်းဗျူဟာက ဘာလဲ... ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ် ဆင်တာပဲ မဟုတ်ပါလား။
"အသင်းခေါင်းဆောင်..."
ချူဖုန်းက ဗလင်စီယာကို လက်ဝှေ့ယမ်းပြလိုက်သည်။ "ကျွန်တော့် ဇာတိမြေကို အလည်လာပါလား... ဖယ်လိုင်နီတောင် အဲဒီမှာ ကောင်းကောင်း ကစားနေတာ... ခင်ဗျားတို့ နှစ်ယောက် ပြန်ဆုံလို့ရတာပေါ့”
ဗလင်စီယာက ခေါင်းခါယမ်းပြီး ပြုံးလိုက်သည်။ "ဘောလုံးကစားလာတာ နှစ်တွေ အများကြီး ရှိပြီကွာ... မိသားစုကို အချိန်မပေးနိုင်ခဲ့ဘူး... အခုတော့ ဇာတိမြေကို ပြန်ပြီး အနားယူဖို့ အချိန်တန်ပြီ”
"ကောင်းပြီလေ... ဒါဆိုရင်တော့ ခင်ဗျားအတွက် အကောင်းဆုံး နှုတ်ဆက်ပွဲ ဖြစ်စေရမယ်" ချူဖုန်းက အသင်းသားတွေကို ကြည့်ပြီး အော်လိုက်သည်။ "ညီအစ်ကိုတို့... ဒီပွဲကို ချန်ပီယံလိဂ် ဗိုလ်လုပွဲလို့ သဘောထားပြီး အစွမ်းကုန် ကစားကြစမ်း"
မန်ယူကစားသမားတွေ အားလုံး လက်မောင်တန်းပြီး "ငါတို့ရဲ့ အသင်းခေါင်းဆောင် အတွက် ပြီးပြည့်စုံတဲ့ နှုတ်ဆက်ပွဲ ဖြစ်စေရမယ်" လို့ တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။
ပွဲချိန် ၃၈ မိနစ်မှာတော့ အချိုးအကွေ့တစ်ခု ထပ်ပေါ်လာပြန်သည်။ ဗလင်စီယာက တောင်ပံကနေ ဘောလုံးဆွဲတက်လာပြီး မာရက်ဇ်နှင့် တွဲကစားလိုက်သည်။ မာရက်ဇ်က ဖနောင့်ဖြင့် အလိုက်သင့် ပြန်ထုတ်ပေးလိုက်တာကို ဗလင်စီယာက ဘယ်ခြေနှင့် ဂိုးဧရိယာထဲ ဖြတ်တင်ပေးလိုက်၏။ ချူဖုန်းက နောက်ခံလူကို အတင်း တိုးထွက်ပြီး လေထဲမှာ ဝဲပျံကာ ဘောလုံးကို မြေမကျ ကန်သွင်းလိုက်သည်။
ဘုန်း...
၃-၀
အိုးထရက်ဖို့ဒ် တစ်ကွင်းလုံး ရူးသွပ်မတတ် အော်ဟစ်နေကြလေပြီ။
ပရီးမီးယားလိဂ် ချန်ပီယံဖလားကတော့ မန်ယူလက်ထဲ ရောက်နေပြီဆိုတာ ဘယ်သူမှ သံသယ မဖြစ်တော့ပေ။ မော်ရင်ညိုကလည်း အခြေအနေကို အကဲခတ်ပြီး ကစားသမားတွေကို အထိအခိုက်မရှိစေဖို့ ခံစစ်ကို ပိုဂရုစိုက်ခိုင်းလိုက်တော့သည်။
ဒုတိယပိုင်း ပြန်စချိန်မှာ ကာဒစ်ဖ်စီးတီး ကစားသမားတွေက အသည်းအသန် ရုန်းကန်လာကြသော်ငြား မန်ယူအသင်း၏ အတွေ့အကြုံကိုတော့ မယှဉ်နိုင်ချေ။ ပွဲချိန် ၆၈ မိနစ်မှာ မော်ရင်ညိုက လူစားလဲမှုတွေ လုပ်လိုက်သည်။
လူကာကူက ကွင်းထဲ ဝင်လာပြီးတာနှင့် အလုပ်စလုပ်တော့သည်။ သူက ပင်နယ်တီ ဧရိယာထဲမှာ အဖျက်ခံလိုက်ရ၍ ဒိုင်လူကြီးက ပင်နယ်တီ ပေးလိုက်တော့သည်။
ချူဖုန်းက ဘောလုံးကို ယူပြီး ဗလင်စီယာရဲ့ လက်ထဲကို အတင်း ထည့်ပေးလိုက်၏။ "အသင်းခေါင်းဆောင်… ဒီနေ့ ကျွန်တော် ဘယ်နှဂိုး သွင်းသွင်း မက်ဆီရဲ့ စံချိန်ကို ချိုးဖို့က ခက်ဦးမှာပဲ... အဲဒီအစား ခင်ဗျားပဲ ကန်လိုက်ပါ"
ချူဖုန်းသည် ပုဂ္ဂိုလ်ရေး စံချိန်တွေထက် အသင်းသားတွေအပေါ် ထားတဲ့ သံယောဇဉ်က ပိုကြီးမားသူ ဖြစ်သည်။ ဗလင်စီယာကလည်း တုံ့ဆိုင်းမနေဘဲ ဘောလုံးကို ပင်နယ်တီ အမှတ်ပေါ် တင်လိုက်သည်။ ဒိုင်လူကြီး၏ ဝီစီသံ ထွက်လာသည်နှင့် သူက ဘောလုံးကို ဂိုး၏ ညာဘက်ထောင့်ထဲ အပိုင် ကန်သွင်းလိုက်တော့သည်။
၄-၀
ပွဲကတော့ အဖြေပေါ်သွားပြီ။ မန်ယူပရိသတ်တွေရဲ့ အောင်သံတွေကြားမှာ ပွဲပြီးဆုံးကြောင်း ဝီစီသံ ထွက်ပေါ်လာချေပြီ။ မန်ချက်စတာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ငါတို့က ချန်ပီယံတွေဟေ့... သူငယ်ချင်းတို့"
"We are the champions We are the champions"
လူကာကူက ရှေ့ဆုံးကနေ သီချင်းစဆိုလိုက်သည်နှင့် မန်ယူကစားသမား အားလုံးက အိုးထရက်ဖို့ဒ် ကွင်းကြီး တစ်ခွင်ဝယ် Queen အဖွဲ့၏ နာမည်ကျော် သီချင်းကို အားပါးတရ သီဆိုနေကြတော့သည်။ ချူဖုန်းကတော့ ဘောလုံးကို ကိုင်ရင်း အဝေးက နေဝင်ဆည်းဆာကို ငေးကြည့်နေမိသည်။
"မန်ချက်စတာမြို့ကတော့ အနီရောင်ပဲဟေ့..." လို့ သူ တီးတိုး ရေရွတ်လိုက်မိ၏။
မော်ရင်ညိုကတော့ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ပြုံးနေလေသည်။ သူဟာ အသက် ၆၀ နီးပါး ရှိနေပြီဖြစ်ပေမဲ့ သူ့ရဲ့ အောင်မြင်လိုစိတ်ကတော့ အခုထိ တောက်လောင်နေတုန်းပဲ။
သိပ်မကြာခင်မှာပင် ဆုပေးပွဲ အခမ်းအနား စတင်တော့သည်။ ပရီးမီးယားလိဂ် ဖလားကြီး၏ အောက်ခြေတွင် စာသားအသစ်တစ်ခု ထပ်တိုးလာခဲ့ချေပြီ။
"၂၀၁၈-၁၉ မန်ချက်စတာ ယူနိုက်တက်"
ချူဖုန်းက ပရီးမီးယားလိဂ် ဖလားကြီးကို မကြည့်လိုက်သည်။ ပေါင် ၅၀ လောက် လေးသည့် ငွေဖလားကြီးက လက်ထဲမှာ တကယ့်ကို လေးလံလှ၏။
မက်ဂွိုင်းယားကတော့ ဘေးကနေ မနာလိုသလို ကြည့်နေပြီး - "ချူ... မနှစ်က မင်း လိဂ်ဖလားရတုန်းက ဘာတွေတွေးနေလဲ" လို့ ကလေးတစ်ယောက်လို လာမေးနေသေးသည်။
"ဟူး... အဲဒီတုန်းကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြောင်းပဲ တွေးနေတာလေ... ဖိအားတွေက အကြီးကြီးပဲ" ချူဖုန်းက ပြန်ဖြေလိုက်သည်။
မန်ယူကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ် တက်လာကြသည်။ ချူဖုန်း၏ နာမည်ကို ခေါ်လိုက်သည့် အချိန်မှာတော့ အိုးထရက်ဖို့ဒ် ကွင်းကြီးတစ်ခုလုံး နားကွဲမတတ် ဟိန်းထွက်သွားတော့၏။
နောက်ဆုံးတွင် အသင်းခေါင်းဆောင် ဗလင်စီယာက ဖလားကြီးကို မြှောက်လိုက်ပြီး မန်ယူပရိသတ်တွေ၏ အောင်ပွဲခံသံတွေက ကောင်းကင်ယံအထိ ပျံ့လွင့်သွားတော့သည်။
"၂၀၁၈-၁၉ ပရီးမီးယားလိဂ် ချန်ပီယံ... မန်ချက်စတာ ယူနိုက်တက်"
***