~ဆုမိုက ပြုံးလိုက်၏။
“ဦးလေး လျိုယွင်... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲဗျာ... ကျွန်တော့်ရဲ့ စေတနာက ရှင်းပါတယ်... ဘာကိစ္စ မိုင်တစ်ထောင် အဝေးရောက်အောင် တွန်းပို့နေရတာလဲ”
“ခုနကပဲ ကျွန်တော်နဲ့ အစ်မရှောင်ယွင် ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ပေးနေသေးတာ မဟုတ်လား... အဲဒီလို ကာကွယ်ပေးချင်တဲ့ စိတ်ထားလေးက ကျွန်တော့်ကို တကယ် စိတ်လှုပ်ရှားစေပါတယ်”
“အခု ကျွန်တော်ကဒုက္ခသည် သိုင်းကျမ်း ကို လက်ဆောင်ပေးနေတာပဲ... ကျေးဇူးပြုပြီး မငြင်းပါနဲ့ဗျာ”
စကားဆုံးသည်နှင့် သူသည် လျိုယွင်ပညာရှင် ၏ ရှန်မန် သွေးကြော ကို ပေါ့ပါးစွာ ပွတ်သပ်လိုက်၏။ သို့သော် ပြီးမသွားသေး။ ဘယ်ဘက်လက်ကို လုပ်ပြီးနောက် ညာဘက်လက်ကိုပါ ထပ်လုပ်လိုက်၏။
ထို့နောက် ဖုန်းရှီ သွေးကြော ကို ဆက်လုပ်သည်။ ဘယ်ဘက်ခြေထောက် ပြီးတော့ ညာဘက်ခြေထောက်။
နောက်ဆုံးတွင် လက်ညှိုးတစ်ချောင်းဖြင့် ရင်ဘတ်အရှေ့ရှိ ယွီထန် သွေးကြောအား တည့်တည့်မတ်မတ် ထိုးနှက်လိုက်လေ၏။
ဆုမို၏ မျက်နှာတွင် အပြုံးများ ဝေဆာနေသော်လည်း... ဒါကဒုက္ခသည် သိုင်းကျမ်း ၏ အကြမ်းတမ်းဆုံး အသုံးချမှုပင်။
တစ်ရက်တာ နာကျင်မှု၊ နှစ်ရက်တာ နာကျင်မှု၊ သုံးရက်တာ နာကျင်မှု... အားလုံးကို တစ်ပြိုင်နက်တည်း လူတစ်ယောက်အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။ ဒါမျိုး တစ်ခါမှ မကြားဖူးခဲ့ပေ။
ခဏအတွင်းမှာပင် လျိုယွင်ပညာရှင်သည် လဲကျသွားပြီး လူးလှိမ့်နေတော့သည်။ သူ၏ မျက်လုံးများ သွေးချင်းချင်းနီနေပြီး လည်ချောင်းထဲမှ လူသံမပီသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။
တံငါသည် ဖမ်းမိပြီး ကမ်းပေါ်တင်လိုက်သော ငါးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သည်းကြီးမည်းကြီး တုန်ခါနေလေ၏။
လျိုယွင်ပညာရှင်အတွက်တော့ ယခုအချိန်တွင် မီးတောင်ချော်ရည်ထဲ နှစ်မြှုပ်ခံထားရသကဲ့သို့ ခံစားနေရသည်။
ပြင်းထန်သော ဝေဒနာများက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး... မနာကျင်သော နေရာဟူ၍ တစ်လက်မမှ မကျန်တော့ပေ။
သို့သော် သူ၏ စိတ်အာရုံကမူ ကြည်လင်ပြတ်သားနေဆဲ ဖြစ်သည်။ ထိုအချက်ကပင် နာကျင်မှုကို ပိုမို ပြင်းထန်စွာ ခံစားရစေသည်။
(၁၈) ထပ် ငရဲသို့ ရောက်ရှိပြီး နှိပ်စက်ခံရလျှင်ပင် ဤမျှလောက် နာကျင်မည် မဟုတ်ဟု ထင်ရသည်။
သူ့ကို တစ်ချက် ကြည့်ပြီးနောက် ဆုမိုသည် ကောင်းကင်ဂိုဏ်းချုပ် ဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ဦးလေး လျိုယွင် ကတော့ တော်တော် ကျေနပ်နေပုံရတယ်... ဂိုဏ်းချုပ်ကြီးကရော ဘယ်လိုထင်လဲ”
ကောင်းကင်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်၏။
“မင်းရဲ့ သိုင်းပညာက အထွတ်အထိပ် ရောက်နေပါပြီ... ဘာကိစ္စ ဟန်ဆောင်နေဦးမှာလဲ”
“ဒီနေ့ ရှုံးနိမ့်သွားရတာကို ငါ လုံးဝ လက်ခံပါတယ်”
“'သူရဲကောင်းကို သိရင် သူရဲကောင်းကို လေးစားရမယ်' လို့ ဆိုရိုးရှိတယ်မလား... မင်းရဲ့ သိုင်းပညာ စွမ်းရည်ကို ငါ လေးစားပါတယ်... ဒါကြောင့် ငါ့ကို မြန်မြန်သတ်ပေးပါတော့”
ဆုမို ခေါင်းညိတ်လိုက်၏။
“ဂိုဏ်းချုပ်ကြီး ကြောက်နေတာလား”
“ဟွန်း...”
ကောင်းကင်ဂိုဏ်းချုပ် နှာမှုတ်လိုက်၏။
“ငါက ဘာကို ကြောက်ရမှာလဲ”
“အဲဒါဆိုရင်... ဂိုဏ်းချုပ်ကြီး ကောင်းကောင်း ခံစားပါဦး”
“ဟဲ...”
ရုတ်တရက် ကောင်းကင်ဂိုဏ်းချုပ်က အေးစက်စက် ရယ်မောလိုက်၏။
“ငါ့ခန္ဓာကိုယ်ထဲက သွေးကြောတွေ၊ အရိုးတွေ အကုန်လုံး မင်း ချိုးဖျက်ပစ်လိုက်ပြီလေ... အခုချိန်မှာ (
မသေဆေးလုံးကြောင့်သာ အသက်ငွေ့ငွေ့လေး ကျန်နေတာ... မင်းရဲ့ ဒီရက်စက်တဲ့ နည်းလမ်းကြောင့် ငါ နေရာတင် ပွဲချင်းပြီး သေသွားမှာ မကြောက်ဘူးလား”
“ကိစ္စမရှိပါဘူး”
ဆုမို ခေါင်းခါလိုက်၏။
“ဒုက္ခသည် သိုင်းကျမ်း က အရမ်း နာကျင်စေတာ မှန်ပေမယ့်... ခန္ဓာကိုယ် ထိခိုက်မှုကတော့ နည်းနည်းလေးပါ... ငါ ပါးရိုက်လိုက်တာလောက်တောင် မရှိဘူး”
“ဒီလိုလုပ်လို့ ဂိုဏ်းချုပ်ကြီး သေမသွားပါဘူး”
“ဒါ့အပြင်...မသေဆေးလုံးက ရှားပါးတယ် ဆိုပေမယ့်... တိုက်တိုက်ဆိုင်ဆိုင် ဦးလေးယန် ဆီမှာ အများကြီး ရှိနေတယ်လေ”
သူက ယန်ရီဇီ ကို လှည့်ကြည့်လိုက်၏။
ယန်ရီဇီသည် ပုလင်းတစ်လုံးကို ပေါ့ပါးစွာ ထုတ်ယူလိုက်ပြီး... ဆေးလုံးများကို လက်ထဲ လောင်းထည့်လိုက်ရာ (၁၀) လုံးကျော်လောက် ပါလာ၏။
ကောင်းကင်ဂိုဏ်းချုပ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“မသေဆေးလုံး.. ဒီလောက် ရှားပါးတဲ့ အသက်ကယ် ဆေးစွမ်းကောင်းကို... မင်း... မင်း ဘယ်ကနေ ဒီလောက်အများကြီး ရထားတာလဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အကျိုးဆက်တွေပေါ့”
ယန်ရီဇီက ဂရုမစိုက်သလို ပြောလိုက်၏။
“အဲဒီတုန်းက ရွှမ်ဟူမျှော်စင် က အကြီးအကဲ တစ်ယောက်က မသေဆေးလုံး အလုံး (၃၀) လက်ဆောင်ပေးလိုက်တာ... သိုင်းလောကထဲ လှည့်လည်သွားလာရင်း တော်တော်များများ သုံးပစ်လိုက်ပေမယ့်... ငါက သိပ်ပြီး သုံးစရာ မလိုတော့ အများကြီး ကျန်နေသေးတာ”
“ရှောင်မို... မင်း လုပ်စရာရှိတာ လုပ်စမ်းပါ... တကယ်လို့ သူ သေခါနီးဖြစ်သွားရင် ကယ်ဖို့ ဆေးရှိပါတယ်”
“ကောင်းသားပဲ”
ဆုမို ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ဂိုဏ်းချုပ်ကို ပြုံးပြလိုက်၏။
“အဆင်သင့် ဖြစ်ပြီလား”
“မင်း... မင်း... လုပ်ရဲရင် လုပ်ကြည့်စမ်းပါကွာ....”
ကောင်းကင်ဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်၏။
ဆုမို စဉ်းစားလိုက်၏။ စမ်းကြည့်ရတာပေါ့။
သို့သော်၊ ထိုလူက လျိုယွင်ပညာရှင်နှင့် မတူဘူးလေ... အစကတည်းက ပြင်းပြင်းထန်ထန် သုံးလို့ မဖြစ်။
ထို့ကြောင့် ပထမဆုံး ရှင်မန် သွေးကြော ကို ပစ်မှတ်ထားလိုက်၏။
ကောင်းကင်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ် ရုတ်ချည်း တောင့်တင်းသွားပြီး... လည်ပင်းကြောများ ထောင်ထလာကာ ဆုမိုကို စိုက်ကြည့်လိုက်၏။
“... ဒီ... လောက်... ပဲ... လား”
သူက တစ်လုံးချင်းစီ ခက်ခက်ခဲခဲ ပြောလိုက်ရသော်လည်း...ဒုက္ခသည် သိုင်းကျမ်း ၏ သက်ရောက်မှုအောက်တွင် စကားပြောနိုင်သေးသည်မှာ ရှားပါးလှသည်။
ဆုမို လေးစားသလို ဖြစ်သွားပြီး ပြန်ပြောလိုက်၏။
“ဒါက အစပဲ ရှိပါသေးတယ်”
စကားဆုံးသည်နှင့် နောက်ထပ် လက်တစ်ဖက်ကို ထပ်သုံးလိုက်သည်။
ကောင်းကင်ဂိုဏ်းချုပ် အသက်ပြင်းပြင်း ရှူလိုက်ပြီး သွားကို တင်းတင်း စေ့ထားလိုက်၏။
“ကြီးကျယ်တဲ့ အရာတွေ လုပ်ချင်ရင်... သာမန်လူတွေ မခံနိုင်တဲ့ နာကျင်မှုတွေကို ခံနိုင်ရည် ရှိရမယ်”
“ဒုက္ခသည် သိုင်းကျမ်း... နာမည်နဲ့ လိုက်ဖက်ပါပေတယ်”
“ဒါပေမဲ့... မင်း အောင်မြင်မယ်လို့ မမျှော်လင့်...”
စကားမဆုံးခင်မှာပင် သူ့ဖုန်းရှီ သွေးကြော နှစ်ခုစလုံးကို ဆုမို ပစ်မှတ်ထားလိုက်သည်ကို ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် ပြင်းထန်သော နာကျင်မှုများ နှလုံးသားထဲသို့ ဒလဟော ဝင်ရောက်လာ၏။
ပြောချင်သော စကားများ လည်ချောင်းထဲ ပြန်ရောက်သွားရသည်။
သူ ခေါင်းကို လှည့်ကာ ဆုမိုကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး... အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် မျက်လုံးများကို အတင်း မှိတ်ချလိုက်၏။
ပြီးနောက်... “အား...............”
ကွဲအက်မတတ် စူးရှသော အော်ဟစ်သံကြီး ဂူတစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။
ဆုမို မျက်ခုံးပင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
လျိုယွင်ပညာရှင် ဘက်သို့ ပြန်လှည့်ကြည့်ပြီး... သူ့ကို နာကျင်မှုမှ လွတ်မြောက်အောင် လုပ်ပေးလိုက်၏။
နောက်တစ်ခဏတွင် လျိုယွင်ပညာရှင်၏ ခန္ဓာကိုယ် လျော့ရဲသွားပြီး... လူတိုင်း အံ့သြသွားအောင် ဘောင်းဘီထဲ ဝမ်းသွား ချလိုက်၏။
ဆုမို ခေတ္တမျှ ကြောင်သွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။
“ဦးလေး လျိုယွင် က တကယ်ပဲ ကျေးဇူးမသိတတ်ဘူး... ကျွန်တော်က ဒုက္ခသည် သိုင်းကျမ်း ကို လက်ဆောင်ပေးတာကို... သူက အညစ်အကြေးတွေနဲ့ တုံ့ပြန်တယ်”
“မင်း... မင်း...”
ဆုမို၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသောအခါ လျိုယွင်ပညာရှင်သည် မိစ္ဆာကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချား သွားသည်။
“သူ့ကို အရင် သန့်ရှင်းရေး လုပ်ပေးဖို့ ခေါ်သွားလိုက်ကြ”
ယန်ရီဇီက လက်ဝှေ့ယမ်းလိုက်ရာ လူတစ်ယောက် ရောက်လာပြီး လျိုယွင်ပညာရှင်ကို တွဲခေါ်သွားလေ၏။
သူက ဆုမိုကို ပြောလိုက်၏။
“ဒီလူက သိတာ နည်းနည်းလေးပါ... ပြီးခဲ့တဲ့ ရက်တွေမှာ မေးစရာရှိတာတွေ မေးပြီးပါပြီ... အဓိက က ဒီ ကောင်းကင်ဂိုဏ်းချုပ် ပဲ”
ဆုမို ခေါင်းညိတ်လိုက်သည်။
ခဏကြာ စောင့်ဆိုင်းပြီးနောက်... ကောင်းကင်ဂိုဏ်းချုပ်ကို နာကျင်မှုမှ လွတ်မြောက်အောင် လုပ်ပေးလိုက်၏။
နောက်တစ်ခဏတွင် ကောင်းကင်ဂိုဏ်းချုပ်၏ ပါးစပ်မှ ဆဲဆိုသံများ ဗလပွ ထွက်ပေါ်လာတော့သည်။
“အဘိုးကြီး ထျန်... မင်းက လူမဟုတ်တဲ့ ကောင်ပဲ”
“မင်းက အစွမ်းထက်တယ်၊ အထင်ကြီးစရာ ကောင်းတယ်၊ မာနကြီးတယ်၊ ထူးခြားတယ်ပေါ့လေ”
“ငါ့ကို ဒုက္ခသည် သိုင်းကျမ်း ခံခိုင်းရတယ်လို့”
“ခွေးမသား... မင်း ခွေးမသား...”
“မင်း သတ္တိရှိရင်... ကိုယ်တိုင် လာလုပ်စမ်းပါကွာ....”
ဆုမို - “...”
ယန်ရီဇီ - “...”
ယန်ရှောင်ယွင် - “...”
သူတို့သုံးဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့သြမှင်သက်သွားကြသည်။
ကောင်းကင်ဂိုဏ်းချုပ်မှာ ဒီလို လျှို့ဝှက်ချက် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ် သွားပြီး လူသားဂိုဏ်းချုပ် အား ပြောလိုက်၏။
“ဒါ စိတ်ဝင်စားစရာပဲ... လူသားဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်”
“...ဆု... ဆုမို..”
လူသားဂိုဏ်းချုပ်၏ မျက်နှာထား ရုတ်တရက် မအီမသာ ဖြစ်သွားလေ၏။