~“ဆု... ဆုမို...”
လူသားဂိုဏ်းချုပ် သည် ဆုမို၏ မျက်နှာထားကို ကြည့်ရင်း ရုတ်တရက် စိုးရိမ်ပူပန်လာခဲ့လေ၏။
ဆုမိုကမူ အေးဆေးတည်ငြိမ်စွာပင် ပြုံးပြလိုက်၏။
“လူသားဂိုဏ်းချုပ်ကြီး... နေကောင်းလားဗျ”
“...မင်း ဘာလုပ်ချင်နေတယ် ဆိုတာ ငါ သိပါတယ်”
လူသားဂိုဏ်းချုပ်သည် ဆုမိုနှင့် စကားနိုင်လုမနေတော့ဘဲ သက်ပြင်းချလိုက်၏။
“ရိုးရိုးသားသား ပြောရရင်... ငါ သိထားတာတွေက တော်တော်လေး နည်းပါတယ်”
“သူ ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတွေ ရှိတယ်... ငါတို့ နှစ်ယောက် လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေမှာ... ငါ ဘာလုပ်နေလဲ ဆိုတာကို သူက အချိန်မရွေး သိနိုင်ပေမယ့်...”
“သူ လုပ်နေတာတွေကိုတော့... သူ ငါ့ကို သိစေချင်တဲ့ အပိုင်းလောက်ပဲ ငါ သိခွင့်ရှိတာပါ”
“ဒါဆို... လူသားဂိုဏ်းချုပ်ကြီး အနေနဲ့ ကျွန်တော့်ကို သိစေချင်တဲ့ ကိစ္စများ ရှိနေမလား”
“...သုံးပါးအစွန်းရောက်ဂိုဏ်း က ကျန်ရစ်ခဲ့တဲ့ လူတွေ ဘယ်မှာ ရှိနေလဲ ဆိုတာ မင်း သိချင်လား”
လူသားဂိုဏ်းချုပ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလိုက်၏။
“ငါ သိထားတာ ဒါတစ်ခုတည်းပါပဲ... ငါက အမြဲတမ်း အမိန့်နာခံခဲ့ရသူပါ... သူ့စကား နားမထောင်ရင် ငါ့ကို သတ်ပစ်မယ်လို့ သူ ခြိမ်းခြောက်ထားလို့လေ”
“ငါ... ငါ့မှာလည်း တခြား ရွေးချယ်စရာ မရှိတော့ပါဘူး”
ဆုမိုသည် ယန်ရီဇီအား လှည့်ကြည့်လိုက်ရာ... ယန်ရီဇီက ချက်ချင်း ခေါင်းညိတ်ပြပြီး စာရေးကိရိယာများ ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်လေသည်။
ပြင်ဆင်နေစဉ်အတွင်း ဆုမိုက ပြုံးလျက် ဆက်ပြောလိုက်၏။
“တကယ်တော့ ကောင်းကင်ဂိုဏ်းချုပ် က တော်တော်လေး ကောက်ကျစ်တာပဲ... ကျွန်တော်က သူ့ကိုဒုက္ခသည် သိုင်းကျမ်း နဲ့ နှိပ်စက်မလို့ လုပ်ကာ ရှိသေးတယ်... မထင်မှတ်ဘဲ သူက ခင်ဗျားကို အရှေ့ထုတ်ပေးလိုက်တယ်ပေါ့”
“စကားမစပ်... ခင်ဗျားတို့ နှစ်ယောက်ကြားမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ ဆိုတာ ကျွန်တော် သိချင်နေတာ ကြာပြီ”
“ငါ... ငါလည်း မသိပါဘူးကွာ”
လူသားဂိုဏ်းချုပ်သည် ဆုမိုကို အလွန်အမင်း ကြောက်ရွံ့နေသဖြင့် သူ သိသမျှ အကုန်လုံးကို အသေးစိတ် ပြောပြလိုက်တော့သည်။
အထူးသဖြင့်ဒုက္ခသည် သိုင်းကျမ်း ၏ နှိပ်စက်မှုကို ခံစားလိုက်ရပြီးနောက်... သူ ဘယ်လိုလုပ်ပြီး ဆုမိုကို ဖုံးကွယ်ရဲတော့မည်နည်း။
သူ သိထားသမျှ အကြောင်းအရာ အားလုံးကို တစ်လုံးမကျန် ပြန်ပြောပြလေ၏။
“သြော်... ဒါကြောင့်ကိုး... သိုင်းကျမ်းကြောင့် ဖြစ်သွားတာကိုး”
ဆုမို ရုတ်တရက် သဘောပေါက်သွားသည်။
“ဒါနဲ့... ကျွန်တော်က သုံးပါးအစွန်းရောက်ဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းပညာ (၃) ခုကို အရမ်း စိတ်ဝင်စားနေတာ... လူသားဂိုဏ်းချုပ်ကြီး အနေနဲ့ ကျွန်တော် လေ့လာလို့ရအောင် နည်းနည်းပါးပါး ချရေးပေးဖို့ ဆန္ဒရှိမလား”
“ရတာပေါ့... မင်း ငါ့ကို ဒုက္ခသည် သိုင်းကျမ်း ထပ်မသုံးဘူး ဆိုရင်ပေါ့”
“ဒါကတော့ ပြောစရာတောင် မလိုပါဘူး”
ဆုမို ချက်ချင်း ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် စာရေးကိရိယာများ ရောက်ရှိလာသဖြင့်... ဦးစွာ သုံးပါးအစွန်းရောက်ဂိုဏ်း၏ အသေးစိတ် အချက်အလက်များကို ရေးခိုင်းပြီး၊ ထို့နောက် ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ သိုင်းကျမ်းကို ဆက်ရေးခိုင်းလိုက်၏။
လူသားဂိုဏ်းချုပ်သည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ စုတ်တံကို မွှေနှောက်ကာ သည်းကြီးမည်းကြီး ရေးသားနေတော့သည်။
ခဏအတွင်းမှာပင် စာရွက်ပေါ်တွင် စာများ ပြည့်နှက်သွားလေ၏။ လိုအပ်သည့် နေရာများကိုပါ ထပ်မံ ဖြည့်စွက်ရေးသားလိုက်သေးသည်။
(၃) ကြိမ်၊ (၄) ကြိမ်ခန့် ပြန်လည် စစ်ဆေးပြီးနောက် နာမည်အချို့ကို ထပ်ဖြည့်လိုက်ပြီးမှ... ထိုစာရင်းကို ဆုမိုလက်ထဲ အပ်လိုက်လေ၏။
ဆုမို ငုံ့ကြည့်လိုက်ရာ မျက်ခုံးများ လှုပ်ခနဲ ဖြစ်သွားသည်။
သုံးပါးအစွန်းရောက်ဂိုဏ်းသည် တုန်းဟွမ် ဒေသတွင် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ပြီး... ကောင်းကင်ဓားဂိုဏ်း တစ်ခုတည်းတွင် သူလျှိုများ ရှိနေသည် မဟုတ်ချေ။ လော့ရှားမြို့ အတွင်း၊ တုန်းဟွမ် ဒေသရှိ ဂိုဏ်းကြီး (၇) ဂိုဏ်းနှင့် အခြားသော အမည်မသိ ဂိုဏ်းငယ်လေးများတွင်ပါ သူတို့၏ သူလျှိုများ အသီးသီး ရှိနေကြသည်။
ဆုမိုသည် စာရင်းကို ယန်ရီဇီလက်ထဲ ထည့်ပေးလိုက်၏။
ယန်ရီဇီ၏ မျက်နှာထားသည် ဆုမိုကဲ့သို့ပင် တည်ကြည်လေးနက် သွားလေသည်။ မှင်ခြောက်သွားအောင် ခါလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်၏။
ထိုအချိန်တွင် လူသားဂိုဏ်းချုပ်သည် ထပ်မံ ရေးသားနေပြန်သည်။
ယခုတစ်ကြိမ်တွင် သူသည် ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ ၏ လက်တွေ့ သိုင်းကျမ်းများကို ရေးသားနေခြင်း ဖြစ်သည်။
'အစစ်အမှန် ပညာသည် စကားတစ်ခွန်းတည်းဖြင့် ပြည့်စုံပြီး၊ အတုအယောင် ပညာသည် စာအုပ်ထောင်ချီ ရေးသားရသည်' ဟု ဆိုရိုးရှိသည်။
သိုင်းပညာ လျှို့ဝှက်ကျမ်းများတွင် ရှည်လျားထွေပြားသော ရှင်းပြချက်များ ပါဝင်လေ့ မရှိသဖြင့် သူသည် ပို၍ လျင်မြန်စွာ ရေးသားနိုင်ခဲ့သည်။
စာလုံးရေ တစ်ထောင်မပြည့်သော ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ သိုင်းကျမ်း တစ်ခုလုံးကို ခဏအတွင်း ရေးသားပြီးစီးသွားလေ၏။
သူသည် ဆုမိုကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
ဆုမိုသည် လျင်မြန်စွာ ဖတ်ရှုလိုက်ပြီး ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“ကွဲကွာစေချင်သော်လည်း စုစည်းသွားသည်... ချီစီးဆင်းမှုသည် ကြယ်ခုနစ်ပွင့်နှင့် တန်းစီနေသည်... စုစည်းစေချင်သော်လည်း ပြန့်ကျဲသွားသည်... အရိုးပေါင်း တစ်ရာကို အကျိုးပြုသည် ဆိုတာ... ဘာသဘောလဲ”
“ဒါက... ဟင်းလင်းပြင်ထဲမှာ အစစ်အမှန် ကို ဖုံးကွယ်ထားတဲ့ သဘောတရားကို ဆိုလိုတာပါ”
“ချီကို ကျင့်ကြံတဲ့အခါ... ဘာမှမရှိခြင်း ဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ထားရမယ်... ဆန့်ကျင်ဘက် အားဖြင့် တိုးတက်ရမယ်”
“ရှိနေတယ် ဆိုရင် မရှိသလို ဖြစ်ရမယ်... မရှိဘူး ဆိုရင် ရှိနေသလို ဖြစ်ရမယ်”
“ကြယ်ခုနစ်ပွင့် ဆိုတာက သွေးကြောကြီး (၇) ခုကို ကိုယ်စားပြုတာပါ”
“စုစည်းနေစဉ်မှာ ပြန့်ကျဲသွားစေခြင်းအားဖြင့်... ခန္ဓာကိုယ်ကို သန်မာစေပြီး အစိတ်အပိုင်း အားလုံးကို အကျိုးပြုစေတာပါ”
လူသားဂိုဏ်းချုပ်က ချက်ချင်း ရှင်းပြလိုက်၏။
ဆုမို ခေါင်းညိတ်လိုက်၏။
“ကောင်းကင်ဂိုဏ်းချုပ် ဘယ်အချိန်က ထွက်လာတာလဲ”
“...ခေါင်းဆောင်ဆု က ဘာလို့ အဲဒီလို မေးရတာလဲဗျ”
လူသားဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ဆုမို ပြုံးလိုက်၏။
“ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ ဆိုတာ တကယ့်ကို ပြိုင်ဘက်ကင်း သိုင်းပညာ တစ်ခုပါ... ဒါပေမဲ့ သိုင်းပညာ သဘောတရားတွေနဲ့တော့ ကင်းလွတ်မနေပါဘူး... အတွင်းအား သိုင်းကျမ်း လမ်းကြောင်းမှာ... အစစ်အမှန်နဲ့ အတုအယောင်ကြား ခန့်မှန်းရခက်တဲ့ ပြောင်းလဲမှုတွေက အကြီးမားဆုံး တားမြစ်ချက်ပဲ”
“ချီစီးဆင်းနေစဉ်မှာ... နည်းနည်းလေး နားလည်မှု လွဲသွားတာနဲ့... အတွင်းဒဏ်ရာ ရသွားနိုင်တယ်”
“ဒီသိုင်းကျမ်းမှာ အစပိုင်းကတော့ ရှင်းရှင်းလင်းလင်း ရေးထားပေမယ့်... နောက်ပိုင်းကျတော့ ဖြစ်နိုင်ချေရှိသယောင်ယောင်နဲ့ မှားယွင်းနေတဲ့ ပုံသေနည်းတွေကို ရောထွေးထားတယ်”
“ကျွန်တော် မမှားဘူး ဆိုရင်... ကောင်းကင်ဂိုဏ်းချုပ်က အမှန်တရား (၉) ခုနဲ့ အမှား (၁) ခုကို ရောနှောပြီး... ကျွန်တော် ဆုမိုကို လှည့်စားဖို့ ကြံစည်နေတာ မဟုတ်လား... ကျွန်တော့်ကို သိုင်းအရူး ဖြစ်သွားအောင် လုပ်ချင်နေတာမလား”
လူသားဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး... ဆုမိုကို မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
“မင်းကို လှည့်စားလို့ မရဘူး ဆိုတာ ငါ သိသင့်ပါတယ်... မင်း ဘယ်အချိန်ကတည်းက စပြီး သံသယ ဝင်ခဲ့တာလဲ”
“ကျွန်တော်က အစကတည်းက သံသယ ဝင်နေခဲ့တာပါ”
ဆုမို အသာအယာ.. ပြုံးလိုက်သည်။
“ကျွန်တော်က သဘာဝကိုက သံသယများတတ်တဲ့ သူလေ... လူသားဂိုဏ်းချုပ်က အကုန် ဖွင့်ပြောပြတယ် ဆိုပေမယ့်... အဲဒါတွေ အကုန်လုံးက အမှန်တရား ဟုတ်မဟုတ် ဆိုတာကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပါ”
“ဒါ့အပြင်... ကောင်းကင်ဂိုဏ်းချုပ် ကိုယ်တိုင်က လမ်းတစ်ဝက်ကနေ ဝင်လာတာလည်း ဖြစ်နိုင်တယ်”
“ဒါကြောင့် စာရင်း ပြီးတာနဲ့ သိုင်းပညာ အကြောင်း မေးလိုက်တာပေါ့”
“...ငါ ထင်သားပဲ”
ကောင်းကင်ဂိုဏ်းချုပ်၏ လေသံတွင် နောင်တရသည့် အရိပ်အယောင်များ ပါဝင်နေ၏။
“မင်းက လောဘကြီးတဲ့လူ မဟုတ်ဘူး... မင်းရဲ့ သိုင်းပညာ အဆင့်အတန်းနဲ့ဆိုရင် ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ ကို လိုချင်စရာ အကြောင်း မရှိဘူး”
“ဒါပေမဲ့... ငါက လောင်းကြေးထပ်ကြည့်ချင်ခဲ့တာ... တကယ်လို့ ဒီနည်းလမ်းနဲ့ မင်းလို ကြောက်စရာ ကောင်းတဲ့ ရန်သူ တစ်ယောက်ကို ရှင်းပစ်နိုင်ခဲ့မယ် ဆိုရင်... လူတိုင်းအတွက် ဝမ်းသာစရာ ဖြစ်မသွားဘူးလား”
“ငါ သေသွားရင်တောင်... ကျေနပ်မိမှာပါ”
“ကောင်းကင်ဂိုဏ်းချုပ်က ကျွန်တော့်ကို ဒီလောက် အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ရမှာပေါ့”
ဆုမို သက်ပြင်းချလိုက်၏။
“ဒါဆို... လူသားဂိုဏ်းချုပ်က ထွက်သွားပြီလား”
“ခန့်မှန်းကြည့်လေ”
ကောင်းကင်ဂိုဏ်းချုပ်က ခပ်ရေးရေး ပြုံးလိုက်၏။
“မင်းမှာ မဟာဗျူဟာ ကောင်းကောင်း ရှိတာပဲ... မင်း ခန့်မှန်းတာ မှန်ချင် မှန်မှာပေါ့”
“'ခန့်မှန်း' ရမယ် ဆိုမှတော့... မဟာဗျူဟာ အကြောင်း မပြောတာ ပိုကောင်းမယ်”
ဆုမို လက်ဝှေ့ယမ်းလိုက်၏။
“ခင်ဗျားရဲ့ အစစ်အမှန်နဲ့ အတုအယောင်ကြား ပြောင်းလဲတတ်တဲ့ မူဝါဒက... တကယ့်ကို ခန့်မှန်းရ ခက်တာပါပဲဗျာ”