~မြင့်မြတ်သော လေဓားဂိုဏ်း အတွင်းတွင် ဖြစ်သည်။
မဟာအကြီးအကဲသည် ထိုသတင်းကို ကြားလိုက်ရသောအခါ အသက်ရှူမှားမတတ် ထိတ်လန့်သွားရသည်။ သူသည် ချက်ချင်းပင် ကျောက်မဲ ကန္တာရ ရှိရာဘက်သို့ အပြေးနှင်လိုက်၏။ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းထံ သတင်းပို့ရန်နှင့် ဆုံးဖြတ်ချက်တစ်ခု ချပေးရန် တောင်းဆိုရန် ဖြစ်ပေသည်။
….
ရှေးဟောင်း မြို့တော်တစ်ခုတွင်မူ၊
သွေးနတ်ဆိုး ခန်းမဆောင် ၏ ဒုတိယ ခန်းမသခင်သည် ထိုနေရာတွင် ပုန်းအောင်းနေခဲ့သည်။
“မြူခိုးဂိုဏ်း က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ... ဂိုဏ်းတစ်ခုတည်းမှာတင် မဟာတန်ခိုးရှင် နှစ်ယောက်တောင် ရှိနေတယ်... ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်က မဟာတန်ခိုးရှင် ကိုယ်တိုင် လာရင်တောင် သူတို့ကို နှိမ်နင်းနိုင်ဖို့ အသေအချာ ပြောလို့မရဘူး...”
ဒုတိယ ခန်းမသခင်၏ မျက်နှာထားမှာ လေးနက်အုံ့မှိုင်းနေ၏။
ယဲ့ဖုန်း နှင့် သူ့အဖွဲ့သည် ခရိုင်ဘုရင်မြို့တော် သို့ သွားနေကြပြီဟု သူ ကြားသိထားရာ၊ မူလကတော့ မြူခိုးတောင်ထိပ် ကို ခိုးဝင်တိုက်ခိုက်ရန် သူ ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မြူခိုးဂိုဏ်း သားအားလုံးသာ ခရိုင်ဘုရင်မြို့တော် သို့ သွားကြမည်ဆိုလျှင် သူ ထိုနေရာသို့ သွားရောက်တိုက်ခိုက်ခြင်းမှာ ဘာအကျိုးထူးမည်နည်း။
အထီးကျန်မှုတွေကိုပဲ ခိုးယူရမှာလား။
မဟုတ်သေးဘူး...
ဝိညာဉ်သွေးကြော ကို ဖျက်ဆီးပြီး ဝိညာဉ်အမြုတေ ကို လုယူရမယ်...
ထိုသို့ တွေးမိလိုက်သည်နှင့် ဒုတိယ ခန်းမသခင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လျှပ်ပြေးသွား၏။
သူသည် ချက်ချင်းပင် မြူခိုးတောင်ထိပ် ဆီသို့ ဦးတည်ထွက်ခွာလိုက်သည်။ ညအမှောင်ကို အကာအကွယ်ယူကာ ဝိညာဉ်စမ်းရေတွင်း ၏ အမြုတေကို လုယူပြီး မြူခိုးဂိုဏ်း ၏ တောင်ကြီး (၄) လုံးကိုပါ ရိုက်ခွဲဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်တော့သည်။
ရေပေါ်ဖြူမြို့တော် ကိုပါ အစပျောက်အောင် သူ ချေမှုန်းပစ်ချင်နေခြင်း ဖြစ်သည်။
“ဟဲဟဲ... ယဲ့ဖုန်း... မင်းက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ဖြစ်နေရင်ရော ဘာဖြစ်လဲ... မိုင်ပေါင်း သောင်းချီ ဝေးတဲ့နေရာကနေ မင်း အချိန်မီ ပြန်လာနိုင်ပါ့မလား...”
ဒုတိယ ခန်းမသခင်သည် ရက်စက်စွာ ဟားတိုက် ရယ်နေလေ၏။
...
ဤအချိန်တွင် ညဉ့်နက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယဲ့ဖုန်း နှင့် သူ့တပည့်များသည် ဝိညာဉ်မြွေ ပျံသန်းလှေ ကို စီးနင်းကာ မိုင်ပေါင်း ရာချီ ဝေးကွာသော ခရိုင်ဘုရင်စံအိမ် ဆီသို့ ဦးတည်နေကြ၏။
ခရိုင်ဘုရင်မြို့တော် သည် မိုင်ပေါင်း ရာချီ၊ ထောင်ချီ ကျယ်ဝန်းပြီး တောင်တန်းများ၊ ကန်များ၊ စံအိမ်များ၊ ဂိုဏ်းများနှင့် သူကောင်းမျိုးနွယ်များစွာ ယှက်နွယ်နေသော ဧရိယာကြီးတစ်ခု ဖြစ်သည်။ ၎င်း၏ နယ်မြေအကျယ်အဝန်းမှာ အချို့သော နိုင်ငံငယ်လေးများထက်ပင် ပိုမို ကြီးမားလှပေသည်။
မကြာမီ ဝိညာဉ်မြွေ ပျံသန်းလှေ သည် စံအိမ်ကြီးတစ်ခု၏ ရှေ့တွင် ဆိုက်ကပ်လိုက်၏။
“ဝှစ်...”
ယဲ့ဖုန်း သည် ဝိညာဉ်မြွေ ပျံသန်းလှေ ကို ပြန်သိမ်းလိုက်သည်။ သူ့နောက်တွင် ကုန်းချင်းချိုး နှင့် လီဇီလုံ ဟူသော အကြီးအကဲ နှစ်ဦး ရှိနေပြီး၊ ၎င်းတို့နောက်တွင် ပါးလျသော မျက်နှာဖုံးပဝါကို ဆင်မြန်းထားသည့် ကြီးကြပ်သူ ချူယွင်အာ ပါရှိ၏။
ထို့နောက်တွင်တော့ ရှီလေ့၊ မိုယင် နှင့် အခြားသော ပထမ၊ ဒုတိယမျိုးဆက် တပည့်များ၊ မြေခွေးတာ့ဟုန် နှင့် သံမဏိလက်သည်း နဂါးလင်းယုန် ကဲ့သို့သော ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ လိုက်ပါလာကြသည်။
အစ်ကိုကြီး ခေါင်းပြား နှင့် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး မှလွဲ၍ အားလုံး ရောက်ရှိလာကြခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်... ကျွန်မ ဒီနေ့ ခရိုင်ဘုရင်စံအိမ် က အစေခံမလေး ‘ယွဲ့အာ’ ဆီကို ကျုပ်တို့ လာမယ့်အကြောင်း သတင်းပို့ထားပါတယ်... အခုဆိုရင် သူတို့ ထွက်လာကြတော့မှာပါ...”
ကုန်းချင်းချိုး က တင်းကျပ်စွာ ပိတ်ထားသော စံအိမ်တံခါးကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။
“ကျွိ...”
စံအိမ်တံခါးကြီး ရုတ်တရက် ပွင့်လာပြီး လရောင်ပမာ ဖြူဖွေးသော ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် သွယ်လျလှပသော အမျိုးသမီးငယ်တစ်ဦး ထွက်လာ၏။
သူမ၏ နောက်တွင် အစေခံမလေး ဒါဇင်ပေါင်းများစွာ လိုက်ပါလာကြ၏။
သူတို့သည် ဘေးတစ်ဖက်စီတွင် ခွဲရပ်လိုက်ကြပြီး ခါးကို ညင်သာစွာ ကိုင်းညွတ်လျက် ‘ကြွပါ’ ဟု လက်ဟန်ခြေဟန်ဖြင့် ဖိတ်ခေါ်လိုက်ကြသည်။
“မြူခိုးဂိုဏ်း က လေးစားရတဲ့ စီနီယာတွေ အားလုံးကို ခရိုင်ဘုရင်စံအိမ် ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်...”
အစေခံမလေး ယွဲ့အာ က ပျူငှာစွာ ပြုံးပြလိုက်သည်။
သူမသည် မူလက ခရိုင်ဘုရင်စံအိမ် မှ ဖြစ်ကြသော လေရှောင်ဟူ နှင့် အခြားသူများကို ကြည့်လိုက်မိသည်။ သူတို့အားလုံးမှာ မြူခိုးဂိုဏ်း တပည့်ဝတ်စုံများကို သေသပ်စွာ ဆင်မြန်းထားကြပြီး ဒုတိယမျိုးဆက် တပည့်များကြားတွင် စနစ်တကျ ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
ကောင်းကင်နှင်းရည် ၏ ကောင်းချီးကြောင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာလည်း တစ်ရှိန်ထိုး တိုးတက်နေခဲ့ပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်ယဲ့... ခရိုင်မင်းသမီး က အားလုံးကို တည်ခင်းဧည့်ခံပွဲ ခန်းမဆောင်ထဲမှာ စောင့်နေပါတယ်... ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်...”
ယွဲ့အာ က လမ်းပြကာ ဦးဆောင်ဝင်သွား၏။
“ရှဲ...”
ကျန်ရှိနေသော အစေခံမလေးများသည် သိုလှောင်လက်စွပ်များထဲမှ ပန်းခြင်းများကို ထုတ်ယူကာ မွှေးပျံ့သော ပန်းပွင့်ဖတ်များကို ကြဲပက်လိုက်ကြသည်။ ထို့ပြင် အမျိုးမျိုးသော တူရိယာများကို တီးခတ်ရင်း ဆွဲဆောင်မှုရှိသော အကအလှများဖြင့် ကခုန်နေကြသော အမျိုးသမီးငယ်လေးများလည်း ပါဝင်၏။
‘ဒီ ကြိုဆိုပွဲ အခမ်းအနားကတော့...’
ယဲ့ဖုန်း ၏ မျက်နှာထားမှာ ထူးဆန်းနေတော့သည်။
ဘာမှ မသိသူသာဆိုလျှင် ဂီတသံစဉ် နားထောင်ဖို့ အပျော်အိမ်ကို သွားနေသည် ဟုပင် ထင်မိလောက်စရာပင်။
နဂါးနှင့် ဖီးနစ် ရုပ်တုများဖြင့် ခမ်းနားထည်ဝါစွာ မွမ်းမံထားသော ဧည့်ခံပွဲ ခန်းမဆောင်ကြီး အတွင်းသို့ ရောက်သောအခါ၊
ယဲ့ဖုန်း သည် ခရိုင်မင်းသမီး ၏ ရုပ်သွင်အစစ်အမှန်ကို နောက်ဆုံး၌ မြင်တွေ့လိုက်ရတော့၏။
သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမက အရပ်ရှည်ပြီး မျက်နှာကို ပဝါဖြင့် ဖုံးကွယ်ထားသော်လည်း လှပသော မျက်ခုံးတန်းလေးများအောက်တွင် ဉာဏ်ရည်ထက်မြက်ပြီး လှပလွန်းသော မျက်ဝန်းအစုံ ရှိနေ၏။
ခရိုင်မင်းသမီး ၏ ကျင့်ကြံခြင်း အဆင့်မှာမူ သိပ်မမြင့်လှပေ။
ကောင်းကင်နှင်းရည် ၏ သန့်စင်မှုနှင့် ခရိုင်ဘုရင်စံအိမ် မှ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အထောက်အပံ့ဖြင့်ပင် သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) အထွတ်အထိပ်သို့သာ ရောက်ရှိသေးသည်။
သို့သော်လည်း သူမထံမှ တော်ဝင်မျိုးနွယ်တို့၏ ကျက်သရေရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။
“ဟင်...”
ခရိုင်မင်းသမီး ကို မြင်လိုက်ရသောအခါ ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့ အားလုံး အံ့သြသွားကြသည်။ ထိုအမျိုးသမီးကို မြင်ဖူးသလိုလို၊ အတူတူပင် နေထိုင်ခဲ့ဖူးသလိုလို ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
‘နောက်ဆုံးတော့ နင် ပေါ်လာပြီပေါ့...’
မိုယင် သည် ခရိုင်မင်းသမီး ကို မြင်လိုက်ရသောအခါ အနက်ရောင် မျက်နှာဖုံးပဝါအောက်ရှိ သူမ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွား၏။
“ကျွန်မက ခရိုင်မင်းသမီး ရှုဟုန်ယွီ ပါ... မြူခိုးဂိုဏ်း က လူအားလုံး ကြွရောက်လာတာကို ကြိုဆိုပါတယ်ရှင်...”
အမျိုးသမီးသည် သူမ၏ မျက်နှာပေါ်မှ ပဝါကို ညင်သာစွာ ဖယ်ရှားလိုက်ရာ၊ ပြုံးလိုက်လျှင် ပါးချိုင့်လေးများ ပေါ်လာသော လှပနုပျိုသည့် မျက်နှာလေး ပေါ်ထွက်လာ၏။
“ဟုန်ယွီ...”
“နင်က တကယ်ပဲ ခရိုင်မင်းသမီး လား...”
ခရိုင်မင်းသမီး က သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖွင့်ဟလိုက်သည့် ခဏ၌ ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့မှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။
ခရိုင်ဘုရင် ၏ သမီးတော်မှာ ရှုဟုန်ယွီ ဖြစ်နေသည်တဲ့။
မြူခိုးဂိုဏ်း ၏ ပဉ္စမမြောက် တပည့်ဟောင်းလေးပေါ့။
သူတို့၏ နှလုံးသားများမှာ တုန်လှုပ်သွားရ၏။
ယဲ့ဖုန်း သည် ရှုဟုန်ယွီ ကို ကြည့်ရင်း၊ ရှီလေ့ နှင့် အခြားသူများ၏ အံ့သြတကြီး ပြောဆိုသံများကို နားထောင်ကာ အခြေအနေကို နောက်ဆုံး၌ သဘောပေါက်သွား၏။
“ဒါဆိုရင် ခရိုင်ဘုရင်မြို့တော် ရဲ့ မြင့်မြတ်လှတဲ့ ခရိုင်ဘုရင် သမီးတော်၊ အခု လက်ရှိ ခရိုင်မင်းသမီး က... ငါတို့ မြူခိုးဂိုဏ်း ကနေ ထွက်သွားခဲ့တဲ့ ပဉ္စမမြောက် တပည့်လေး ဖြစ်နေတာပေါ့...”
ယဲ့ဖုန်း က လေးနက်စွာ ပြောလိုက်သည်။
ဤသတင်းမှာ မအံ့သြဘဲ နေရန် မဖြစ်နိုင်ပေ။
ရှုဟုန်ယွီ ဘာကြောင့် ဂိုဏ်းက ထွက်သွားရသလဲဆိုတာ သူ မသိသော်လည်း၊ မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ သူမသည် ရန်သူ မဟုတ်သည့်အပြင် မြူခိုးဂိုဏ်း တစ်ခုလုံးကိုပါ တည်ခင်းဧည့်ခံနေသည်မှာ သူမတွင် စေတနာကောင်း ရှိနေကြောင်း သက်သေပြနေခြင်းပင်။
“ဂိုဏ်းချုပ် က ကျွန်မကို အရမ်း မြှောက်ပြောနေပါပြီ... ဂိုဏ်းချုပ် ရဲ့ ရှေ့မှာတော့ ကျွန်မက သာမန် ပါရမီနဲ့ အဆင့်မရှိတဲ့ ကျင့်ကြံခြင်းရှိတဲ့ သူဌေးသမီးလေး တစ်ယောက်ပါပဲ...”
ရှုဟုန်ယွီ က တိုးညှင်းစွာ ပြောလိုက်သည်။
သူမသည် ခရိုင်ဘုရင် ၏ သမီးတော် ဖြစ်သော်လည်း၊ သူမ၏ ရှေ့မှောက်တွင် ရှိနေသူမှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်သည့် ယဲ့ဖုန်း ဖြစ်နေသည်။ ထို့ပြင် သူ့လက်အောက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဂိုဏ်းစောင့် ဟူဖေးဖေး ရှိနေသေးသည် မဟုတ်ပါလား။
သူမ၏ ဖခင်သည် မူလနတ်ဘုရား အဆင့် သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင်မှ ဝါရင့် မဟာတန်ခိုးရှင် နှစ်ဦးနှင့် ယှဉ်လျှင်တော့ လောက်ငမည် မဟုတ်ပေ။
“သာမန် သူဌေးသမီးလေး ဟုတ်လား...”
ယဲ့ဖုန်း သည် ရှုဟုန်ယွီ ၏ စကားကြောင့် နှုတ်ခမ်းထောင့်များ တွန့်သွားရသည်။
“ခရိုင်ဘုရင်မြို့တော် တစ်ခုလုံးကို ဆက်ခံမယ့်သူက သာမန် ဖြစ်နိုင်ပါ့မလား...”
ရှုဟုန်ယွီ ညင်သာစွာ သက်ပြင်းချလိုက်သည်။
“အကယ်၍ အနာဂတ် ခရိုင်ဘုရင် အဖြစ် ဆက်ခံရမယ့် တာဝန်သာ မရှိခဲ့ရင်... ဟုန်ယွီ ဘာလို့ ဂိုဏ်းက ထွက်သွားပါ့မလဲ... ကျွန်မကို ရွေးချယ်ခွင့် ပေးမယ်ဆိုရင် ကုဋေ ကုဋာ ချမ်းသာတဲ့ စည်းစိမ်တွေကို ဆက်ခံမယ့်အစား မြူခိုးဂိုဏ်း မှာပဲ ဆက်ပြီး ကျင့်ကြံနေချင်ပါတယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်သွား၏။
ရှုဟုန်ယွီ က မြူခိုးဂိုဏ်း တပည့် ဖြစ်ခဲ့ဖူးတယ်လား။
ဒါက တစ်ခါမှ မကြားဖူးတဲ့ သတင်းပဲ။
“ခရိုင်မင်းသမီး က ကျွန်မကို မြူခိုးဂိုဏ်း ကို အထူး ဂရုစိုက်ပေးပါလို့ ဘာလို့ မှာခဲ့တာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်... သူကိုယ်တိုင်က ဒီဂိုဏ်းဝင် ဖြစ်ခဲ့ဖူးတာကိုး...”
အစေခံမလေး ယွဲ့အာ သည် လက်ဖြင့် ပါးစပ်ကို အုပ်ကာ မျက်လုံးများ ပြူးကျယ်လျက် ရေရွတ်လိုက်မိသည်။
ယဲ့ဖုန်းကမူ စကားမပြောခဲ့ပေ။
သူ့စိတ်ထဲမှနေ၍ ‘ရှုဟုန်ယွီ က ငါတို့ဂိုဏ်းကို ပြန်ဝင်ဖို့ အရည်အချင်း ပြည့်မီလား’ ဟု စနစ်ကို မေးကြည့်လိုက်သည်။
စနစ်ကမူ တိတ်ဆိတ်နေပြီး ဘာမှ ပြန်မဖြေခဲ့ပေ။
ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်လိုက်ပြီး ရှုဟုန်ယွီ ကို ကြည့်ကာ ပြောလိုက်သည်။
“အတိတ်က ကိစ္စတွေကို ထားလိုက်ပါတော့... မင်း ကျုပ်တို့ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်တာက အတိတ်က အကြောင်းတွေကို ပြောဖို့သက်သက်တော့ မဟုတ်လောက်ဘူးနော်... တစ်ခြား ရည်ရွယ်ချက်လည်း ရှိဦးမှာပေါ့...”
“မရှိပါဘူး... အတိတ်ကို ပြန်ပြောဖို့ သက်သက်ပါပဲ...”
ရှုဟုန်ယွီ ခေါင်းခါလိုက်သည်။
မူလကတော့ သူမ၏ အစီအစဉ်မှာ ဤဧည့်ခံပွဲတွင် သူမ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော်ပြသရန်နှင့်၊ လိုအပ်လာပါက ယဲ့ဖုန်း ကို ခရိုင်မင်းသမီး တစ်ဦးအနေဖြင့် ကူညီပေးရန် ဖြစ်သည်။
သို့သော် ယဲ့ဖုန်း က ဤမျှလောက်အထိ စွမ်းအားကြီးနေလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။
သူ့အတွက် သူမ၏ အကူအညီမှာ လုံးဝ မလိုအပ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမကသာ ယဲ့ဖုန်း ၏ အကူအညီကို လိုအပ်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ဤဧည့်ခံပွဲမှာ သာမန် ထမင်းစားပွဲတစ်ခု အဖြစ်သို့သာ သဘာဝအလျောက် ပြောင်းလဲသွားခဲ့တော့၏။
“အားလုံး ထိုင်ကြပါရှင်...”
ရှုဟုန်ယွီ သည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး အမြင့်ဆုံး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ယဲ့ဖုန်း မှာမူ အဓိက ဧည့်သည်တော် ထိုင်ခုံတွင် ထိုင်သည်။ ကျန်ရှိသူများမှာမူ သူတို့၏ အဆင့်အတန်းအလိုက် စားပွဲ ဒါဇင်ပေါင်းများစွာတွင် ခွဲထိုင်လိုက်ကြ၏။
မကြာမီ ဟင်းပွဲများ ရောက်ရှိလာ၏။
လီကျောက်ကျောက် သည် စားပွဲပေါ်ရှိ ဝိညာဉ် ဟင်းလျာများကိုသာ အာရုံစိုက်နေပြီး၊ နတ်ဆိုးသတ်ဖြတ်ပွဲ ပြီးလျှင် ၎င်းတို့ကို သေသေချာချာ လေ့လာကာ ကိုယ်တိုင် ချက်ကြည့်ရန် ကြံစည်နေသည်။
“စီနီယာ အစ်မကြီး ကျောက်ကျောက်... ဒါက အစ်မကြီး အတွက်ပါ...”
ရှုဟုန်ယွီ သည် "ဝိညာဉ်ချက်ပြုတ်နည်း အဆင့်မြင့်ကျမ်း" ဟု အမည်ရသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ လီကျောက်ကျောက် ထံ ကမ်းပေးလိုက်၏။
“အစ်မကြီးက ဝိညာဉ်ချက်ပြုတ်နည်း အတတ်ပညာကို ဝါသနာပါတယ်လို့ ကြားသိရလို့... ဒီစာအုပ်ကို လက်ဆောင်ပေးတာပါ...”
“ကျေးဇူးတင်ပါတယ် ဟုန်ယွီ... အဲ... ခရိုင်မင်းသမီး...”
လီကျောက်ကျောက် သည် သူမကို ‘ဂျူနီယာ ညီမလေး’ ဟု ခေါ်မိတော့မည့် အခြေအနေမှ၊ ရှုဟုန်ယွီ သည် မြူခိုးဂိုဏ်း က ထွက်သွားပြီးသားဖြစ်သဖြင့် ‘ခရိုင်မင်းသမီး’ ဟု အမြန် ပြောင်းလဲ ခေါ်ဆိုလိုက်ရသည်။
ထိုစကားကို ကြားသောအခါ ရှုဟုန်ယွီ ၏ မျက်နှာလေးမှာ အနည်းငယ် ညှိုးငယ်သွားရရှာ၏။
သူမမှာ ရွေးချယ်ခွင့်သာ ရှိခဲ့လျှင် ကုဋေ ကုဋာ ချမ်းသာသော စည်းစိမ်များကို မဆက်ခံချင်ဘဲ မြူခိုးဂိုဏ်း မှာသာ နေထိုင်သွားချင်မိသည်။
ယခု မြူခိုးဂိုဏ်း သည် ခရိုင်ဘုရင်မြို့တော် ထက်ပင် ပို၍ ကောင်းမွန်နေသည် မဟုတ်ပါလား။
နှမြောစရာ ကောင်းလိုက်တာ။
ကောင်းကင်ဘုံက သူမဆန္ဒကို မလိုက်လျောခဲ့ဘဲ၊ သူမကို ကုဋေ ကုဋာ ချမ်းသာတဲ့ စည်းစိမ်တွေပဲ အတင်း ဆက်ခံခိုင်းနေတယ်လေ...
“ကဲ... လာကြ... လာကြ... မတွေ့တာ ကြာပြီဆိုတော့ အတူတူ ခွက်ချင်း တိုက်ကြရအောင်...”
အခြေအနေက အဆင်မပြေ ဖြစ်နေသည်ကို ရိပ်မိလိုက်သော ရှီလေ့ သည် ချက်ချင်းပင် ဝိုင်ခွက်ကို မြှောက်ကာ စကားလမ်းကြောင်း လွှဲလိုက်၏။
အစ်ကိုကြီး တစ်ယောက်ပီပီ သူသည် ပတ်ဝန်းကျင် အခြေအနေကို ပြုပြင်ပြောင်းလဲပေးရာတွင် ကျွမ်းကျင်လှပေသည်။
ဧည့်ခံပွဲသည် ဆက်လက် စည်ကားနေဆဲပင်။
*
မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာ၌မူ၊
ကောင်းကင်ယံတွင် တောက်ပသော လမင်းကြီး ထွန်းလင်းနေပြီး၊ ငွေရောင် လရောင်ခြည်များမှာ မြေပြင်ပေါ်သို့ ပါးလျသော ဇာပဝါ တစ်ခု လွှမ်းခြုံထားသကဲ့သို့ ကျဆင်းနေ၏။
ဖူယွင် တောအုပ်နက် အထက်တွင် ဖြစ်သည်။
သွေးနတ်ဆိုး ခန်းမဆောင် ၏ ဌာနခွဲ ခန်းမသခင်သည် လေထဲတွင် ပျံဝဲလျက်၊ မြူခိုးတိမ်တိုက်များ လွှမ်းခြုံထားသော မြူခိုးဂိုဏ်း ဆီသို့ လှမ်းကြည့်လိုက်သည်။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး အေးစက် လေးလံသော အသံဖြင့် အမိန့်ပေးလိုက်၏။
“တိုက်စစ်ဆင်ကြစမ်း... မြူခိုးတောင်ထိပ် ကို အပိုင်းပိုင်း ချေမှုန်းပစ်လိုက်...”
နောက်တစ်ခဏတွင် လူပုံရိပ် ရာပေါင်းများစွာသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများကို သယ်ဆောင်လျက် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး၊ မြူခိုးတောင်ထိပ် ဆီသို့ ရေလှိုင်းကြီးပမာ တိုးဝင်သွားကြလေတော့သည်။
နားကွဲမတတ် ကျယ်လောင်လှသော စစ်ကြွေးကြော်သံများကြောင့် အစ်ကိုကြီး ခေါင်းပြား၊ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နှင့် ရေပေါ်ဖြူမြို့တော် မှ ကျင့်ကြံသူ အများအပြား ချက်ချင်းပင် သတိပြုမိသွားကြ၏။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြား သည် မတ်တပ်ရပ်လိုက်ပြီး၊ သူ့ထံသို့ တိုးဝင်လာသော ရန်သူ ရာပေါင်းများစွာကို ဒေါသတကြီးနှင့် အားခဲကာ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ဒေါသတရားများနှင့် တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေ၏။
ထို့ပြင်... စိတ်လှုပ်ရှားမှုများလည်း ပါဝင်နေချေ၏။