လုချန်းက အေးစက်စွာဖြင့်
“လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရင် ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲဆိုတာ ခင်ဗျား ကြိုသိထားသင့်တယ်။”
အနားမှာ ရှိနေတဲ့ လူအားလုံးကို လုချန်း တိုက်ရိုက် ချုပ်နှောင်လိုက်သော်လည်း သူတို့ကို သတ်တော့မသတ်ခဲ့ပေ။
ထိုလူတွေကို လုချန်း ချက်ချင်း မသတ်သဖြင့် ရှောင်ရွှီရင်က ဇဝေဇဝါဖြစ်စွာဖြင့်
“မောင်လေး... သူတို့က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့တာလေ။ သူတို့ကို အစ်မတို့ သတ်ပစ်လိုက်သင့်တာ မဟုတ်ဘူးလား။”
လုချန်းက
“အရင်ဆုံး သူတို့ကို ချုပ်နှောင်ထားလိုက်ပါ။ နောက်ပိုင်းမှာ သူတို့က အသုံးဝင်နိုင်သေးတယ်။”
“အဲဒီလူတွေက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး ချီယန်ဂိုဏ်းထဲ ဝင်ချင်ခဲ့ကြပေမဲ့၊ ပြီးတော့ ကောင်းကင်ဝံပုလွေမြို့ရဲ့ နောက်ကွယ်မှာ ချီယန်ဂိုဏ်းရဲ့ သူလျှိုတွေ ရှိနေပေမဲ့၊ ဒါက ချီယန်ဂိုဏ်းရဲ့ တကယ့် ရည်ရွယ်ချက် မဟုတ်လောက်ဘူး။”
“ဒီအရာအားလုံးက စီကုန်းယုဖုန်းရဲ့ အကြံအစည် ဖြစ်နိုင်တယ်။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို သွေးခွဲဖို့ ကောင်းကင်ဝံပုလွေမြို့ကို အသုံးချတာ ဖြစ်နိုင်တယ်။ ရည်ရွယ်ချက်တော့ ဒီ နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို ထိပ်တိုက်တွေ့စေပြီး စစ်ပွဲတစ်ခု ဖြစ်လာအောင် ဖန်တီးချင်တာ ဖြစ်လိမ့်မယ်။”
“နောက်ပိုင်းမှာ ချီယန်ဂိုဏ်းက သူတို့ပတ်သက်မှုမရှိဘူးလို့ မငြင်းနိင်အောင်ကောင်းကင်ဝံပုလွေမြို့က ဒီသစ္စာဖောက်တွေကို သက်သေတွေအဖြစ် ကျုပ်တို့ သုံးလို့ရတယ်။ ချီယန်ဂိုဏ်း တကယ် ဘာကြံနေလဲဆိုတာ သိရအောင် သူတို့ကို ချီယန်ဂိုဏ်းဆီ ခေါ်သွားပြီး မေးမြန်းလို့ ရတာပေါ့။”
ရှောင်ရွှီရင် ဘာမှ ထပ်မပြောတော့ပေ။
ခဏအကြာမှာပင် တိန့်ချင်းဖုန်းနှင့် သစ္စာဖောက် မိသားစုအားလုံးကို လုချန်း ချုပ်နှောင်လိုက်၏။
အားလုံး ပြီးသွားပြီးနောက် မြို့တော်ဝန် စံအိမ်၏ အစည်းအဝေးခန်းမ ကုလားထိုင်ပေါ်မှာ လုချန်း ထိုင်လိုက်၏။ လူသူကင်းမဲ့နေသော မြို့တော်ဝန် စံအိမ်ကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွား၏။
မြို့တော်ဝန် တိန့်ချင်းဖုန်းနဲ့ မိသားစုကြီးတွေကို လုချန်း ချုပ်နှောင်လိုက်ပြီဖြစ်သဖြင့် ကောင်းကင်ဝံပုလွေမြို့ကို စီမံခန့်ခွဲမည့်သူ မရှိတော့ပေ။
ကောင်းကင်ဝံပုလွေမြို့သည် လူဦးရေ သန်းတစ်ရာနီးပါး ရှိသည့် အလွန်ကြီးမားကျယ်ပြန့်သော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထျန်းချန်ကမ္ဘာမှာဆိုလျှင် ကောင်းကင်ဝံပုလွေမြို့ကို နိုင်ငံတော်တစ်ခုလို့တောင် သတ်မှတ်လို့ ရနိုင်၏။
သို့သော် ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာတော့ ထိုကဲ့သို့ အဆင့်ရှိသော မြို့များကို အလွန် အတွေ့ရများ၏။ ယခုလို လူဦးရေ လျော့နည်းလာသည့် အချိန်မှာပင် ထျန်းရန် နတ်ဘုရား နယ်မြေ၌ ကောင်းကင်ဝံပုလွေမြို့လို မြို့ကြီးများ ပုံမှန်အတိုင်း တည်ရှိနေဆဲ ဖြစ်၏။
ကောင်းကင်ဝံပုလွေမြို့တွင် လူဦးရေ အမြောက်အမြား ရှိနေသည့်အတွက် စီမံခန့်ခွဲရန် မြို့တော်ဝန် အသစ်တစ်ဦး လိုအပ်၏။ မဟုတ်ပါက မကြာမီပင် မြို့တစ်မြို့လုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။
လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာမဖောက်သည့် မိသားစုကို ရှာဖွေရန် နတ်အာရုံ အသုံးပြု၍ ကောင်းကင်ဝံပုလွေမြို့ တစ်ခုလုံးကို လုချန်း စစ်ဆေးလိုက်၏။ မြို့ကို စီမံခန့်ခွဲရန် မိသားစုတစ်ခုကို ထောက်ပံ့ပေးရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်တစ်ပါး ရှိနေသည့် ဒုတိယတန်းစား မိသားစုတစ်စုကို လုချန်း တွေ့ရှိသွား၏။ ထို့ပြင် ထိုမိသားစုတွင် အားနည်းသော ကျင့်ကြံသူအချို့လည်း ရှိနေသည်။
အတွေးတစ်ခုနှင့်အတူ ချင်မိသားစု၏ အထက်တွင် လုချန်း၏ ကိုယ်ပွား ချက်ချင်း ပေါ်လာ၏။
ထိုအခိုက်အတန့်တွင် ချင်မိသားစု၏ မြေအောက်လျှို့ဝှက်ခန်းထဲရှိ ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ချင်မိသားစု၏ အထက်တွင် အားကောင်းသူတစ်ဦး ရှိနေသည်ကို ထိုအဖိုးအို ခံစားမိသောကြောင့် မဆိုင်းမတွပင် လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။
ကောင်းကင်ပေါ် ပျံတက်ပြီးနောက် အဖိုးအိုက လုချန်းကို
“စီနီယာကို ဂါရဝပြုပါတယ်။ ချင်မိသားစုဆီကို စီနီယာ ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေ။”
ချင်မူရှန်းကို လုချန်း တစ်ချက်ကြည့်ပြီးနောက်
“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အထူးသံတမန်ပါ။ ကောင်းကင်ဝံပုလွေမြို့ မြို့တော်ဝန်နဲ့ မိသားစုတချို့က ချီယန်ဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ခဲ့လို့ ကျုပ်အားလုံးကို ဖမ်းဆီးလိုက်ပြီ။ ဒါပေမဲ့ ကောင်းကင်ဝံပုလွေမြို့က လူဦးရေ များတဲ့အတွက် မြို့တော်ဝန် မရှိလို့ မဖြစ်ဘူး။ ခင်ဗျား ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် လုပ်ချင်လား။”
ထိုအရာကို ကြားလျှင် ချင်မူရှန်း ခဏခန့် မှင်တက်သွားသလို ချင်မိသားစုဝင်များလည်း မှင်တက်သွားကြ၏။
မြို့တော်ဝန် လုပ်ရမယ်တဲ့လား။
ချင်မိသားစုသည် မိသားစုအငယ်စားလေးတစ်စုသာ ဖြစ်သော်လည်း ၎င်းတို့တွင် လူနတ် တစ်ပါး ရှိနေ၏။ ချင်မိသားစု၏ ဘိုးဘေးဖြစ်သော ချင်မူရှန်းကတော့ သူ၏ သက်တမ်းကုန်ဆုံးတော့မည့် နေ့ရက်သို့ နီးကပ်နေပြီ ဖြစ်သည်။
ဒုတိယတန်းစား မိသားစုတစ်စုဖြစ်သော ချင်မိသားစု၌ လျှို့ဝှက်လဝန်းနန်းတော်မှ ကြွလာသော အထူးသံတမန်ကို တွေ့ဆုံခွင့်ရရန်ပင်
အနေအထား မရှိပေ။ သို့သော် ယခု သံတမန်က ၎င်းတို့၏ ဘိုးဘေးကို ကောင်းကင်ဝံပုလွေမြို့၏ မြို့တော်ဝန် ဖြစ်စေလိုနေသည်။
၎င်းသည် ကောင်းကင်မှ မုန့်ကျလာသကဲ့သို့ပင် ဖြစ်၏။ ချင်မူရှန်းလည်း သူ နားကြားမှားလေသလားဟုပင် တွေးတောနေမိသည်။
သက်တမ်း ကုန်ဆုံးရန် နီးကပ်နေသောကြောင့် အတားအဆီးများကို ကျော်ဖြတ်ရန် မကြာသေးခင်ကပင် ချင်မူရှန်း တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဝံပုလွေမြို့တွင် ဖြစ်ပျက်နေသည်များကို သူ မသိခဲ့ပေ။
သို့သော် ကျင့်စဉ်အရင်းအမြစ်များ မရှိသည့်အတွက် ချင်မူရှန်း အဆင့်တက်ရန် ခက်ခဲနေသည်။ အဆင့်ကျော်ဖြတ်ဆေး တစ်လုံးသာ ရှိမည်ဆိုပါက ဝိညာဉ်နတ် နယ်ပယ်သို့ သူ ချက်ချင်း တက်လှမ်းနိုင်လိမ့်မည်။
လျှို့ဝှက်လဝန်းနန်းတော်၏ အထောက်အပံ့နှင့် မြို့တော်ဝန် ဖြစ်လာမည်ဆိုပါက ၎င်းတို့က သူ့ကို အဆင့်ကျော်ဖြတ်ဆေး တစ်လုံး ဧကန်မုချ ပေးအပ်ပေလိမ့်မည်။
သူတို့အတွက်တော့ အဆင့်ကျော်ဖြတ်ဆေးသည် အလွန် အဖိုးတန်၍ ရှားပါးသော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များအတွက်မူ အရေးမပါလှပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ စေလွှတ်လိုက်သော အထူးသံတမန်အတွက်ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။
သတိပြန်ဝင်လာပြီးနောက် မဆိုင်းမတွပင် လုချန်းကို ချင်မူရှန်း ဂါရဝပြုလိုက်၏။
ချင်မူရှန်းက
“သံတမန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် ဖြစ်ဖို့ အသင့်ပါပဲ။”
ချင်မူရှန်း၏ သက်တမ်း ကုန်ဆုံးတော့မည့် အခြေအနေကို ခံစားမိသောကြောင့် အာကာသလက်စွပ်ထဲမှ အဆင့်ကျော်ဖြတ်ဆေး တစ်လုံးကို လုချန်း ထုတ်ယူလိုက်၏။ လုချန်းက ချင်မူရှန်းအား
“ဒီမှာ အဆင့်ကျော်ဖြတ်ဆေး တစ်လုံး။ ခင်ဗျား အဆင့်တက်ပြီးတာနဲ့ ကောင်းကင်ဝံပုလွေမြို့ရဲ့ ကိစ္စတွေကို ချက်ချင်း တာဝန်ယူလိုက်ပါ။”
ထိုစကားများနှင့်အတူ လုချန်း၏ လက်ထဲမှ အဆင့်ကျော်ဖြတ်ဆေးတစ်လုံး ချင်မူရှန်းထံသို့ ပျံသန်းသွား၏။ သူရှေ့ရှိ ရွှေရောင် အဆင့်ကျော်ဖြတ်ဆေးကို ကြည့်ကာ ချင်မူရှန်း၏ အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။
သူ၏ သက်တမ်းကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ဟု ချင်မူရှန်း ယူဆထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု မျှော်လင့်မထားပဲ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသည့်အခါ ဤကဲ့သို့သော ကံကောင်းမှုမျိုးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။
လွင့်မျောနေသော အဆင့်ကျော်ဖြတ်ဆေးကို ဖမ်းယူပြီးနောက် ချင်မူရှန်းက လုချန်းကို ထပ်မံ ဂါရဝပြုလိုက်သည်။
“ဆေးအတွက် သံတမန်ကို ကျေးဇူးတင်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်အတွက် ကောင်းကင်ဝံပုလွေမြို့ကို ကျုပ် ကောင်းမွန်စွာ အုပ်ချုပ်ပါ့မယ်။”
လုချန်းလည်း ဘာမှ ထပ်မံ ပြောဆိုခြင်း မရှိတော့ပဲ နောက်တစ်ခဏတွင် လေထဲ၌ ပျောက်ကွယ်သွား၏။
လုချန်း ထွက်ခွာသွားသည်ကို ကြည့်ကာ ချင်မူရှန်းက
“သံတမန်ကို နှုတ်ဆက်ပါတယ်”
ထိုသို့ ပြောဆိုပြီးနောက် အဆင့်ကျော်ဖြတ်ဆေးကို ချင်မူရှန်း ချက်ချင်း မျိုချလိုက်ပြီး အဆင့်တက်ရန်အတွက် လျှို့ဝှက်ခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
တစ်ရက်ကြာပြီးနောက် ချင်မိသားစုက မြို့တော်ဝန် စံအိမ်ကို လွှဲပြောင်းရယူကာ ကောင်းကင်ဝံပုလွေမြို့ တစ်ခုလုံးကို စတင် စီမံခန့်ခွဲ၏။
ကောင်းကင်ဝံပုလွေမြို့၏ ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် လုချန်း အားလပ်သွားပြီး ရှောင်ရွှီရင်နှင့် ကျင့်စဉ်ဆက်လက် ကျင့်ကြံရန် ကြံစည်လိုက်၏။ ဘာပဲဖြစ်ဖြစ် ရှောင်ရွှီရင်သည် နတ်တစ်ပါး ဖြစ်သောကြောင့် အစပိုင်းတွင် နေထိုင်မကောင်း ဖြစ်နေစေဦးတော့ တစ်ရက်တာ အချိန်က သူမ ပြန်လည် သက်သာလာရန် လုံလောက်ပေသည်။
……
မြို့တော်ဝန် စံအိမ်။
လုချန်း၏ အဆောင်။
ဘေးအခန်းတွင် ကျင့်ကြံနေသော ရှောင်ရွှီရင်ထံသို့ လုချန်း သတင်းစကား ပို့လိုက်၏။
“စီနီယာအစ်မ... ကျင့်စဉ်မှာ ပြဿနာတချို့ တွေ့နေလို့။ ကူညီပေးနိုင်မလား”
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူမ၏ ပါးပြင်များ ချက်ချင်း ပန်းရောင်သန်းသွား၏။ လုချန်း သူမကို လိုအပ်နေပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
နောက်တစ်ခဏတွင် ရှောင်ရွှီရင် လုချန်း၏ အဆောင်ထဲ၌ ပေါ်လာ၏။ ကုတင်ပေါ်တွင် ထိုင်နေသော လုချန်းက သူမကို ပြုံးပြလိုက်သည်။ ထို့နောက် လုချန်းက
“စီနီယာအစ်မ... အခု ကောင်းကင်ဝံပုလွေမြို့မှာ မြို့တော်ဝန် အသစ်ရှိနေပြီဆိုတော့ ကျန်တဲ့ ကိစ္စတွေက ကျုပ်တို့နဲ့ မဆိုင်တော့ဘူး။ စီနီယာအစ်မ ကောက် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေကို ခေါ်လာဖို့ပဲ စောင့်ဖို့ လိုတော့တယ်။”
“စီနီယာအစ်မ ကောက် ပြန်လာဖို့ အနည်းဆုံး တစ်လခွဲလောက် ကြာလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ အတူတူ ကျင့်စဉ်ကျင့်ကြရင် ဘယ်လိုလဲ။”
ရှောင်ရွှီရင်က ရှက်သွေးဖြာစွာဖြင့်
“ကောင်းပါပြီ။”
ထို့နောက် လုချန်း၏ ကုတင်ဆီသို့ ရှောင်ရွှီရင် ဖြည်းဖြည်းချင်း လမ်းလျှောက်သွား၏။ သူမ အနားသို့ ရောက်ရှိလာသောအခါ လုချန်းက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ရွှီရင်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။
ထိုအခိုက်အတန့်တွင် တစ်ရာရာခိုင်နှုန်းအထိ ရောက်ရှိနေသော ရှောင်ရွှီရင်၏ နှစ်သက်မှုကို လုချန်း တစ်ချက် ကြည့်လိုက်၏။ ၎င်းက ရှောင်ရွှီရင်ကို သူ နှစ်သက်သလို ပြုမူနိုင်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ရှောင်ရွှီရင်က အဝတ်အစားများကို ဖယ်ရှားရန် စွမ်းအားကို အသုံးပြုရန် ပြင်ဆင်လိုက်သော်လည်း လုချန်းက သူမကို တားဆီးလိုက်၏။
“အလောတကြီး လုပ်ဖို့ မလိုပါဘူး စီနီယာအစ်မ။”
လုချန်း ကိုင်းညွှတ်လိုက်ပြီး သူမ၏ နားနားကပ်၍
“ကျုပ်က ကိုယ်တိုင် လုပ်တာကို ပိုသဘောကျတယ်”
ဟု တိုးတိုးလေး ပြောလိုက်သောကြောင့် ရှောင်ရွှီရင် အနည်းငယ် အံ့အားသင့်သွား၏။
ထိုအရာကို ကြားသောအခါ သူမ ပို၍ပင် ရှက်သွားသည်။ သူမက အာရုံလွှဲရန် ရည်ရွယ်လျက် လုချန်းကို
“မောင်... မောင်လေး။ ကစဉ့်ကလျား ပင်လယ်ထဲမှာ ကြုံတွေ့ခဲ့ရတာတွေကို အစ်မကို ပြောပြနိုင်မလား”
ဟု အမြန် ပြောလိုက်၏။
နတ်သမီး၏ ကိုယ်ပေါ်တွင် လုချန်း၏ လက်များ လှည့်လည်နေရင်း
“ရတာပေါ့”
ဟု တုံ့ပြန်လိုက်သည်။
***