ကြီးမြတ်သောတရှ၏ နယ်စပ်အနီးတွင် တရားဝင်လမ်းမကြီးတစ်ခု တည်ရှိသည်။ ထိုလမ်းမကြီးသည် ရထားလုံးဆယ်စင်း ဘေးချင်းယှဉ်၍ မောင်းနှင်နိုင်သည်အထိ ကျယ်ဝန်းသည်။ ထိုနေ့တွင် မြင်းများ စီးနင်းနေသော လူတစ်စုသည် ရထားလုံးတစ်စင်းကို ဝန်းရံ၍ ထိုလမ်းမပေါ်တွင် စိမ်ပြေနပြေ ခရီးနှင်နေကြသည်။ ယူချူးယွင်သည် မြင့်မား၍ သန်မာသော မြင်းပေါ်တွင် စီးနင်းလျက်ရှိ၍ သူ၏အကြည့်များသည် အဝေးသို့ အဆက်မပြတ် ကြည့်ရှုနေခဲ့ရာ သူ၏အမူအရာသည် သတိဝီရိယရှိနေသည်။ သူ့အနောက်တွင် မြင်းစီးနေသည့် လူဆယ်ဦး လိုက်ပါလာကြသည်။ ၎င်းတို့တစ်ဦးစီသည် ပြင်းထန်သော အရှိန်အဝါများ ရှိကြသည်။ ၎င်းတို့အားလုံးသည် ပေါင်ထိုက်မြို့သို့ ဦးတည်နေကြသည့် ချူးယွင်ဖန်း၏ နောက်လိုက်များဖြစ်ကြသည်။
၎င်းတို့သည် ခရီးတစ်လျှောက်လုံးတွင် အေးချမ်းစွာပင် ခရီးနှင်ခဲ့ကြသည်။ လမ်းတွင်တွေ့ဆုံရသည့် သူပုန်များသည် ၎င်းတို့၏ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို မြင်လိုက်သည်နှင့် ပြဿနာမရှာဝံ့ကြပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ထိပ်တန်းကျင့်ကြံသူများဟု မဆိုနိုင်သော်လည်း ၎င်းတို့အားလုံးသည် ပြင်ပလောကတွင် အင်အားကြီး ကျွမ်းကျင်သူများဖြစ်ကြသည်။ အလယ်အလတ်အဆင့် ဂိုဏ်းများရှိ ထိပ်တန်းကျွမ်းကျင်သူအချို့၏ ကျင့်စဥ်များပင် ၎င်းတို့နှင့် ထပ်တူကျပေသည်။
သို့သော်လည်း ယူချူးယွင်သည် စိတ်အေးလက်အေး မနေဝံ့ပေ။ ချူးယွင်ဖန်း ရန်စထားသူများသည် သာမန်လူများ မဟုတ်ကြောင်း သူ သိထားသောကြောင့်ဖြစ်သည်။ ယခုအချိန်အထိ အဆင်ပြေနေသော်လည်း အမြဲတမ်း ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မဆိုလိုပေ။ ချူးယွင်ဖန်းသည် မည်သို့ကြောင့် ပေါင်ထိုက်မြို့သို့ တိုက်ရိုက်ပျံသန်းမသွားဘဲ ရထားလုံးဖြင့် သွားရသည်ကို သူ နားမလည်နိုင်ပေ။
တိုက်ရိုက်ပျံသန်းခဲ့လျှင် မတော်တဆဖြစ်ရပ်မျိုး ကြုံတွေ့နိုင်ခြေ ပို၍နည်းပါးပေလိမ့်မည်။ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ထွက်ခွာပြီးနောက် ရထားလုံးတစ်စင်းကို ပြောင်းလဲစီးနင်းခဲ့သည်။ ပြီးနောက် တစ်ဖွဲ့လုံး ဖြည်းညင်းစွာ ရှေ့ဆက်လိုက်ကြသည်။
ချူးယွင်ဖန်းသည် အလျင်လိုပုံမပေါ်ပေ။ ကံကောင်းထောက်မစွာဖြင့် စစ်ဝန်ကြီးဌာနမှ ပေးအပ်သည့် တာဝန်ထမ်းဆောင်ရန် ခန့်အပ်လွှာတွင် ခရီးသွားရန် အချိန်အလုံအလောက် ပေးအပ်ထားခဲ့သည်။ မဟုတ်လျှင် ၎င်းတို့အားလုံး အချိန်မီရောက်ရှိနိုင်မည် မဟုတ်ပေ။ အားလုံး၏ စိတ်ထဲတွင် သံသယများရှိနေသော်လည်း ချူးယွင်ဖန်းကို မေးမြန်းရန် မည်သူမျှ မဝံ့ရဲကြပေ။ ယခုအချိန်တွင် ရထားလုံးထဲ၌ မည်သူမျှ မရှိချေ။ ချူးယွင်ဖန်းသည် ရထားလုံးထဲတွင် မရှိဘဲ တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ကာ ယူချူးယွင်နှင့် အခြားသူများကိုသာ ရထားလုံးအား ဆက်လက်မောင်းနှင်ခိုင်းထားသည်။
တောင်မြစ်ပန်းချီကားထဲတွင် ချူးယွင်ဖန်းသည် ကောင်းကင်ယံတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့များ ထွက်ပေါ်နေ၍ ချွေးပေါက်များမှ မြူခိုးများ ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များကို အဆက်မပြတ် ဆေးကြောပေးနေသည်။
ကျင့်ကြံမှုလမ်းစဉ်တွင် အချိန်အတိုင်းအတာဟူ၍ မရှိပေ။ ပြင်ပလောကတွင် တစ်လကြာမြင့်သွားခဲ့သည်။ ယူချူးယွင်သည် ၎င်းတို့၏ ခရီးသွားနှုန်းကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားသည်။ မြင်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် တစ်ရက်လျှင် မိုင်တစ်ထောင်၊ တစ်ညလျှင် မိုင်ရှစ်ရာ ခရီးသွားရန် ပြဿနာမရှိပေ။ ၎င်းတို့သည် တစ်လအတွင်း ကြီးမြတ်သောတရှ၏ နယ်စပ်သို့ ချဉ်းကပ်လာသည်။ အဖွဲ့သည် ပေါင်ထိုက်မြို့သို့ ရောက်ရှိရန် တစ်ရက်သာ လိုအပ်တော့သည်။
နယ်စပ်နှင့် နီးကပ်လေ ပြင်းထန်သော အငွေ့အသက်များ ပို၍ခံစားရလေဖြစ်သည်။ ဤနေရာရှိ မြို့တိုင်းသည် ပြည်နယ်အတွင်းပိုင်းနှင့် မတူညီကြပေ။ ၎င်းတို့သည် ခံတပ်များကဲ့သို့ လုံခြုံရေး တင်းကျပ်ထားကြသည်။ မည်သို့ဆိုစေကာမူ ဤနေရာသည် နယ်စပ်နှင့် နီးကပ်နေသည်။ ဤနေရာသည် နှစ်ရှည်လများအတွင်း စစ်မြေပြင်တစ်ခုဖြစ်လာလေ့ရှိသည်။
ဘုံး
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာကာ ရေလှိုင်းများကဲ့သို့ ပြန့်နှံ့သွားသည်။ စွမ်းအင်များ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၍ သူသည် ထိုမုန်တိုင်း၏ အလယ်ဗဟိုဖြစ်လာသည်။ သူ၏တိုးတက်မှုကို ပိတ်ဆို့ထားသော ဒြပ်မဲ့လေ့လာသူအဆင့်၏ အတားအဆီးများ ထိုစွမ်းအင်လှိုင်းကြောင့် ကွဲအက်သွားကြောင်း ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ကျင့်စဥ်သည် ဒြပ်မဲ့လေ့လာသူအဆင့် အလယ်ပိုင်းသို့ ရောက်ရှိသွားသည်။
တစ်လအတွင်း ကျင့်ကြံမှုများ ထပ်မံတိုးတက်လာခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း နောက်တစ်ဆင့်သို့ မြင့်တက်လာသည်။ ဤတိုးတက်မှုနှုန်းသည် အလွန်တည်ငြိမ်သည်။ တစ်ချိန်တည်းမှာပင် သူပိုင်ဆိုင်သော ဆေးလုံးအားလုံး ကုန်ဆုံးသွားခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှု များပြားလှသည်။ အချိန်တိုအတွင်းတွင် ဒြပ်မဲ့အဆင့် အထွတ်အထိပ်မှ အဆင့်နှစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ခွန်အားသည် နှစ်ဆကျော်မျှ တိုးတက်လာသည်။
ထို့အပြင်အတွင်းစည်းတပည့် ပြိုင်ပွဲတွင် ဆုလာဘ်အဖြစ်ရရှိခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း၏ တစ်ဝက်ကျော်ကိုလည်း အသုံးပြုလိုက်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုတိုးတက်နှုန်းသည် အလွန်မြန်ဆန်သော်လည်း တစ်ချိန်တည်းမှာပင် သူ သုံးစွဲလိုက်ရသော အရင်းအမြစ်များကို သာမန်လူများ စိတ်ကူးယဉ်၍ပင် မရနိုင်ပေ။ ဤသည်မှာ ချူးယွင်ဖန်း ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ရသည့် အကြောင်းရင်းဖြစ်သည်။ ဂိုဏ်း၏ အထောက်အပံ့ မရှိလျှင် ဤကဲ့သို့ တိုးတက်ရန် ခက်ခဲပေလိမ့်မည်။
'ဒီအဆင့်နဲ့ မလုံလောက်သေးဘူး။ နောက်တစ်ဆင့်တက်ဖို့ လိုသေးတယ်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ရောက်နိုင်ရင် အကောင်းဆုံးပဲ'
ချူးယွင်ဖန်းသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားပါက စကြဝဠာအဆင့် ကျင့်ကြံသူများနှင့်ပင် တိုက်ခိုက်နိုင်ပေလိမ့်မည်။ သူသည် ထိုအချိန်တွင် မိမိကိုယ်ကို အမှန်တကယ် ကာကွယ်နိုင်စွမ်းရှိလာလိမ့်မည်။ ချူးယွင်ဖန်းသည် ရုတ်တရက်ဆိုသလိုပင် အလွန်အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် ခေါင်းမော့၍ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ မော့ကြည့်လိုက်ရာ ကောင်းကင်မှ ကျဆင်းလာသော ကြောက်မက်ဖွယ် လက်ဖဝါးတစ်ခုသည် ရထားလုံးကို ရိုက်ချလာကြောင်း မြင်တွေ့လိုက်ရသည်။
ဘန်း
ရထားလုံးသည် ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းကွဲကြေသွား၍ ဆွဲလာသော မြင်းများသည်လည်း ပျက်သုဥ်းသွားသည်။
"ဘယ်သူလဲ" ယူချူးယွင်သည် ချက်ချင်း နိုးကြားလာ၍ ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်စုသည် ကောင်းကင်တွင် ပေါ်ပေါက်လာကြောင်း သူ မြင်တွေ့လိုက်ရသည်။ ၎င်းတို့တစ်ဦးစီသည် အလွန်ပြင်းထန်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ၎င်းတို့သည် မိုင်အနည်းငယ် ပတ်လည်အထိ ဖုံးလွှမ်းသွား၍ ယူချူးယွင်နှင့် အခြားလူများကို အရှိန်အဝါများဖြင့် ချက်ချင်း ဖိနှိပ်ထားသဖြင့် မည်သူမျှ မလှုပ်ရှားနိုင်တော့ပေ။ ယူချူးယွင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူများဖြစ်လေသလော။ ဤအနက်ရောင် ဝတ်စုံနှင့် လူများသည် အမှန်တကယ် ဒြပ်မဲ့ကျွမ်းကျင်အဆင့်များဖြစ်သည်။
ဒြပ်မဲ့ကျွမ်းကျင်အဆင့်ဟူသည် လွယ်လွယ်ရရှိနိုင်သည့် ကျင့်ကြံမှုအဆင့်မဟုတ်ကြောင်း သိထားရပေလိမ့်မည်။ ၎င်းတို့သည် အုပ်ချုပ်သူလူတန်းစားများဖြစ်ကြသည့် စကြဝဠာအဆင့် ကျင့်ကြ့သူများကဲ့သို့ မမြင့်မားသော်လည်း၊ ဂိုဏ်းငယ်များစွာ၏ ဂိုဏ်းခေါင်းဆောင်များသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်တွင်သာ တည်ရှိကြသည်။ ကြီးမြတ်သောတရှတွင် စစ်သားတစ်ဦးသည် ဒုတိယဗိုလ်မှူးကြီးဖြစ်လာနိုင်သည်။ သို့သော် ဤလူများသည် သွေးစွန်းသော အငွေ့အသက်များနှင့် နတ်ဆိုးဆန်သော အရိပ်အမြွက်များ သယ်ဆောင်ထားကြသည်။ ၎င်းတို့သည် ဖြောင့်မတ်သောသူများ မဟုတ်ကြောင်း သိသာထင်ရှားသည်။
"ချူးယွင်ဖန်းဆိုတာ ဘာမို့လို့လဲ။ သူက သာမန်ပါပဲ။ သူ့ကို လက်ဖဝါးတစ်ချက်နဲ့တင် သတ်နိုင်တယ်" မျက်နှာဖုံးစွပ်ထားသော သူပုန်ခေါင်းဆောင်သည် မထီမဲ့မြင်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။
ဤနေရာသို့ မရောက်လာမီ ချူးယွင်ဖန်းသည် အလွန်ကောက်ကျစ်သည့်အပြင် ကျင့်စဥ်သည်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်း သတိပေးခံခဲ့ရသည်။ ၎င်းတို့ကို သတိထားရန် ပြောထားသော်လည်း ယခု အခြေအနေအရ ချူးယွင်ဖန်းသည် နာမည်နှင့် ထိုက်တန်ပုံမပေါ်ပေ။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အတွင်းစည်းတပည့် ပြိုင်ပွဲတွင် ချန်ပီယံရရှိထားသော်လည်း နောက်ဆုံးတွင် ဒြပ်မဲ့လေ့လာသူအဆင့်တွင်သာ ရှိနေသည်။ ဒြပ်မဲ့လေ့လာသူအဆင့်တစ်ဦးကို ဤဒြပ်မဲ့ကျွမ်းကျင်အဆင့်အားလုံး စုပေါင်းတိုက်ခိုက်ခြင်းသည် အလွန်ဇိမ်ကျသော စီစဉ်မှုဖြစ်သည်။
"အရှင့်ရဲ့ အမိန့်အတိုင်း ကျန်တဲ့သူတွေကိုပါ သတ်ပစ်ရမယ်။ တစ်ယောက်မှ မချန်ထားနဲ့" သူပုန်ခေါင်းဆောင်က အော်ပြောလိုက်သည်။
ချက်ချင်းပင် အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသူများ ယူချူးယွင်နှင့် အခြားလူများကို အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်လာကြသည်။
"အစွမ်းကုန် တိုက်ခိုက်ကြ" ယူချူးယွင်သည် အံကြိတ်ကာ ပြောလိုက်သည်။
ယခုအချိန်တွင် အခြားစကားများ ပြောနေရန် အချိန်မရှိတော့ပေ။ သို့သော် ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထိပ်တန်းတပည့်များဖြစ်ကြသည်။ စိတ်ပျက်အားငယ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း မတိုက်ခိုက်ဘဲ အရှုံးပေးမည် မဟုတ်ပေ။
"ဟားဟားဟား၊ မင်းတို့က မင်းတို့ရဲ့ ခွန်အားကို အထင်ကြီးလွန်းနေတာပဲ"
အနက်ရောင် ဝတ်စုံဝတ်နှင့် သူပုန်းများအနက် တစ်ဦးသည် ကောက်ကျစ်သော လေသံဖြင့် ရယ်မောလိုက်သည်။ သို့သော် ထိုစကားများ ပြီးဆုံးသည်နှင့် သူ၏လည်ချောင်းတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရပြီးနောက် သူ၏နောက်ကျောကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
'ငါ သေသွားပြီလား'
သူ၏ဦးခေါင်း ပြတ်ထွက်သွားသောကြောင့် သူ၏နောက်ကျောကို မြင်တွေ့နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုလူသည် ပွဲချင်းပြီး သေဆုံးသွားလေသည်။
***