" ချောင်ကျန့်ရဲ့ ချောင်မိသားစုကို ကျုပ်တို့ မသိပေမဲ့ ဒီနေနားစွင့်မျှော်စင်က သတင်းဖြန့်လိုက်ရင် သူတို့လည်း ကြားလောက်မှာပါ.. "
သတင်းကြားပြီးနောက် ချောင်မိသားစုက မည်သို့ မည်ပုံ လုပ်ဆောင်မည်ကို သူမသိ ။ ချောင်ကျန့်ကို ကယ်တင်မည်လော ။ ချောင်ကျန့်ပြောသလို သိုင်းသူတော်စင်နှင့် အသေခံ၍ တိုက်ပွဲဝင်မည်လောကို သူမသိသော်လည်း ဤသည်က သူတက်နိုင်သည့် တစ်ခုထဲသော အကြောင်းအရာဖြစ်သည် ။
အဆင့် ၅ သိုင်းပညာရှင်က ခဏတာစဥ်းစားပြီး...
" ဒါဆို ကျုပ်က သိုင်းသူတော်စင်ရဲ့ သတင်းကို တရားဝင်လမ်းကြောင်းက ဖြန့်ဖို့ ကြိုးစားမယ်..ကျုပ်က အဆင့်၅ အရာရှိ အနေနဲ့ နည်းနည်းတော့ တက်နိုင်ပါသေးတယ်.. "
" နှစ်အနည်းငယ်အတွင်း သိုင်းသူတော်စင်က ကျုပ်တို့ကို လာသတ်နိုင်ပေမဲ့ လွယ်လွယ်နဲ့တော့ အသေမခံနိုင်ဘူး.. "
သူတို့နှစ်ယောက်က ဆွေးနွေးပြီးနောက် နှုတ်ဆက်လမ်းခွဲလိုက်ကြ၏ ။
ကျောက်စိမ်းမျက်နှာနဂါးက လမ်းခွဲလာပြီးနောက် မြို့အနောက်ဘက်ရှိ သူထိုင်နေကြ လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး ဆိုင်ပိုင်ရှင်ကို လျှို့ဝှက်ကုဒ်ပြောကာ သီးသန့်ခန်းထဲတွင် စောင့်နေလိုက်သည် ။
သိပ်မကြာမီပင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားပုံပြောသူ ဝင်လာ၏ ။
" ရောင်းရင်းက ဟဲရန်မြို့ရဲ့ နာမည်ကြီး အဆင့် ၄ သိုင်းပညာရှင် ကျောက်စိမ်းမျက်နှာနဂါး ဆိုတာထင်တယ်.."
ကျန်းချန်က ဖော်ရွေသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည် ။ သူ စိတ်မပါသော်လည်း ဒီရေနားစွင့်မျှော်စင်သို့ ဝင်ရောက်ခဲ့ရ၏ ။
သို့ရာတွင် ဒီရေနားစွင့်မျှော်စင်သို့ ဝင်ရောက်ခဲ့သဖြင့် သူ၏ အဆင့်ဖြင့် တွေ့ခွင့်ရမည်မဟုတ်သော အဆင့် ၄ သိုင်းပညာရှင်ဖြင့်ပင် တန်းတူ စကားပြောခွင့်ရနေသည် ။
ဒီရေနားစွင့်မျှော်စင်သည် သတင်းစုဆောင်းမှုဖြင့် နာမည်ကြီးရခြင်းမှာ မဟာယန်အင်ပါယာအနှံ့ သတင်းပေးများစွာ ရှိသောကြောင့်ပင် ။ ထူးဆန်းသော အဖြစ်အပျက်များနှင့် ဇာတ်လမ်းများစွာကို ကျောက်စိမ်းမျက်နှာနဂါးကဲ့သို့သော လူစွန့်စား သိုင်းပညာရှင်များက ပံ့ပိုးပေးထားခြင်းဖြစ်သည် ။
" ဒါ ဖြစ်ရပ်မှန် သတင်းလား.. ထူးဆန်းသတင်းလား .."
ကျန်းချန်က ပြုံးပြီး မေးလိုက်သည် ။
ဤသည်က ဖြစ်ရပ်မှန် သတင်းဖြစ်ပါက ဒီရေနားစွင့် မျှော်စင်သည် အတည်ပြုရန် သတင်းပေးထံမှ အချက်အလက်များ တောင်းခံရမည်ဖြစ်ပြီး ထူးဆန်းသည့်သတင်းဆိုပါက လူထုအာရုံ ဖမ်းစားနိုင်မည်ဆိုလျှင် အဆင်ပြေလေသည် ။
" ဟူး.. ဖြစ်ရပ်မှန်သတင်းပါ.. "
ကျောက်စိမ်းမျက်နှာနဂါးက သက်ပြင်းချလိုက်ပြီး...
" ဒါပေမဲ့ ဒီသတင်းက ထူးဆန်းတဲ့ ဇာတ်လမ်းတွေထက်တောင် ပိုထူးခြားနေအုံးမယ်.. "
" ကျုပ်ပြောမယ့် သတင်းကို ကြားရင် ခင်ဗျား လန့်မသွားနဲ့အုံး.. "
" နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သိုင်းသူတော်စင် နောက်တစ်ကြိမ်ပေါ်လာပြီ.. သူက တကယ်တော့ လူစားတဲ့ နတ်ဆိုးပဲ.. အရင်မျိုးဆက် သူရဲကောင်းစာရင်းဝင် ထိပ်တန်းဆယ်ယောက်ကို သူစားပစ်လိုက်ပြီ.. "
…
" ဒါ ဖြစ်ရပ်မှန်လား.. မင်း ငါ့ကို လာနောက်နေတာလား.. မင်းပဲ ဂေါက်နေတာလား ..ငါပဲဂေါက်နေတာလား.. "
ဝိညာဥ်နားစွင့်သူ ( Mr.Clairaudience) က ကျန်းချန်ကို ဆွံ့အစွာ စိုက်ကြည့်နေ၏ ။
ဝိညာဥ်နားစွင့်သူသည် အတိတ်မှနာမည်ကြီး အရာခပ်သိမ်းသိသူ ကဲ့သို့ပင် ဒီရေနားစွင့် မျှော်စင်မှ အဖွဲ့ဝင်တစ်ဦး၏ လျှို့ဝှက်အမည်ဖြစ်သည် ။
ထို့အပြင် ကျန်းချန်၏နောက်သို့ လူဆိုးထိန်းခေါင်းဆောင် ဟန်ဆောင်ပြီး လိုက်ဖမ်းသော သူမှာလည်း သူပင်ဖြစ်သည် ။
" ကျုပ် ဝိညာဥ်နားစွင့်သူက သိုင်းလောကရဲ့ ထူးဆန်းတဲ့ ရှက်စရာအကောင်းဆုံး ဇာတ်လမ်းဆယ်မျိုးကို ပြောရတာကြိုက်ပေမယ့် ဒီသတင်းက အဲ့ဇာတ်လမ်း တွေထက် ဆယ်ဆ.. မဟုတ်ဘူး ..မဟုတ်ဘူး.. အဆရာပေါင်းများစွာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ် .."
သူက ပြောနေရင်း ပို၍ စိတ်အားထက်သန်လာ၏ ။ သူပြောသမျှ ဇာတ်လမ်းများသည် မှန်သည် ၊ မှားသည်ကို အလေးမထားဘဲ မည်မျှ ထူးဆန်းသနည်း ဟူသည်ကိုသာ အလေးထားပေသည် ။
ယခု သိုင်းသူတော်စင်၏ သတင်းမှာ သူ့အတွက်ချွင်းချက်ဖြစ်သည် ။
" ဒီကိစ္စကို ငါဆုံးဖြတ်ပြီးပြီ.. နောက်မှ လက်ဖက်ရည်ဆိုင်ကို သွားတော့မယ်.. "
ဝိညာဥ်နားစွင့်သူက ဖြည်းဖြည်းချင်းပြောလိုက်သည် ။ သူဆုံးဖြတ်ပြီးသော်လည်း သူ့အား စိတ်ရှုပ်ထွေးစေသည့် အရာတစ်ခုရှိနေသေး၏ ။
' ဒီကိစ္စက အမှန်ဆိုရင်.. သိုင်းသူတော်စင်ရဲ့ စရိုက်အရ ကျောက်စိမ်းမျက်နှာနဂါးကို လွှတ်ပေးဖို့ ဖြစ်နိုင်တာ မဟုတ်ဘူး.. '
' သူ ဘာတွေ တွေးနေတာလဲ.. ဒီနှစ်ယောက်ကို လွှတ်ပြီး တမင် သတင်းဖြန့်ချင်တာလား.. '
' သူ နှစ်လေးဆယ်လောက် ဖုံးကွယ်ထားပြီးမှ ဘာလို့ အမှန်တရားကို ထုတ်ပြောချင်ရတာလဲ.. '
ဝိညာဥ်နားစွင့်သူသည် အဝေးမှ ရွှမ်ထျန်း ဘုရားကျောင်းကို လှမ်းမျှော်ကြည့်ရင်း အတွေးထဲတွင် နစ်မျောသွားသည် ။