ရန်ဖျင်း၏ ဦးခေါင်းမြေပြင်ပေါ်သို့လိမ့်ကျသွားသည်ကိုမြင်သောအခါ၊ သန်းပေါင်းများ စွာသော ငရဲနတ်ဘုရားဂိတ်တပည့်များမှာကောင်းကင်နှင့်မြေကြီး ပြိုကျသွားသလိုပင် မျှော်လင့် ချက်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
"ဂိုဏ်းချုပ်"
ရန်ဖျင်းသည် ငရဲနတ်ဘုရားဂိတ်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင်ဦးဆောင်လာခဲ့သူဖြစ် ပြီး မရေမတွက်နိုင်သောငရဲနတ်ဘုရားဂိတ်တပည့်များ၏နှလုံးသားထဲမှ မဏ္ဍိုင်ကြီးလည်း ဖြစ်လေ သည်။ ယခုအခါ ရန်ဖျင်းသေဆုံးသွားပြီဖြစ်ရာ ထိုမဏ္ဍိုင်ကြီးမှာ လုံးဝ ပြိုလဲသွားခဲ့လေပြီ။
"သတ်စမ်း"
"ရန်ရှောက်ထျန်းကို သတ်ပြီး ဂိုဏ်းချုပ်အတွက်ကလဲ့စားချေကြစမ်း"
ငရဲနတ်ဘုရားဂိတ်မှ အချို့သောနတ်ဘုရားဘိုးဘေးများက ဟိန်းဟောက်လိုက်ကြပြီး ရန်ရှောက်ထျန်းဆီသို့ အရူးအမူးပြေးဝင်လာကြလေသည်။ သို့သော်လည်း သူတို့အနားမရောက်မီ မှာပင် မိုးပြာရောင်ဝက်ဝံ၏ ရိုက်ထုတ်ခြင်းကို တိုက်ရိုက်ခံလိုက်ကြရလေသည်။
ရန်ရှောက်ထျန်းသည် ရန်ဖျင်း၏ရုပ်အလောင်းကို ဟွန်ချွမ်အလောင်းမြစ်အိုးအတွင်းသို့ ပစ်ထည့်လိုက်ပြီး သန်းပေါင်းများစွာသောငရဲနတ်ဘုရားဂိတ် တပည့်များအတွင်းသို့ နောက် တစ်ကြိမ် ထပ်မံတိုးဝင်တိုက်ခိုက်လိုက်လေသည်။
ပြင်းထန်သော တိုက်ပွဲကြီးမှာ ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။
ညအချိန်မှသည် မိုးလင်းချိန်အထိ။ မိုးလင်းချိန်မှသည် နောက်တစ်ကြိမ် ညအချိန်အထိ။ ဖူထုအင်ပါယာမှ ပညာရှင်များနှင့် ပတ်ဝန်းကျင်အင်ပါယာများမှဂိုဏ်းအသီးသီး၊ မိသားစုအသီး သီးမှ ပညာရှင်များမှာလည်း လျင်မြန်စွာရောက်ရှိလာနေဆဲ ဖြစ်လေသည်။
သွေးများသည် မြစ်များအလားစီးဆင်းနေခဲ့လေသည်။ ရုပ်အလောင်းများသည် တောင်များ အလားစုပုံနေခဲ့လေသည်။ မြေပြင်ကိုပင်မမြင်နိုင်တော့ဘဲ၊ ကြည့်လိုက်လေရာ နေရာတိုင်းတွင် မြေပြင်မှာသွေးများနှင့် ရုပ်အလောင်းများဖြင့်လုံးဝဖုံးလွှမ်းနေခဲ့လေပြီ။ နေဝင်သွားခဲ့ပြီး ဆည်းဆာ အချိန်သို့ ရောက်ရှိလာခဲ့လေသည်။ နောက်ဆုံးတွင် တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။
တိုက်ပွဲကြီး ပြီးဆုံးသွားချိန်တွင် တောင်များနှင့်မြစ်များမှာ ပြိုကွဲပျက်စီးနေခဲ့လေပြီ။ တစ်ချိန်က တောင်တန်းကြီးများ အဆက်မပြတ်ရှိနေပြီး အဆုံးမရှိသော တောအုပ်ကြီးများ ရှိခဲ့သည့် ငရဲနတ်ဘုရားဂိတ်မှာ ယခုအခါဗလာကျင်းနေခဲ့ပြီး တောင်မရှိ၊ မြစ်မရှိ၊ သစ်ပင်တစ်ပင်တောင် မရှိတော့ပေ။ ကမ္ဘာပျက်မတတ်စွမ်းအားများသည်မြေပြင်ပေါ်တွင်ထိန်းချုပ်မရဘဲ သောင်းကျန်းနေ ဆဲ ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ရပ်နေခဲ့ပြီး သူ၏ စင်ကြယ်လှသော အပြာနုရောင် ဝတ်စုံမှာ သွေးများဖြင့်နီရဲနေခဲ့လေသည်။ သူ၏ဦးခေါင်းအထက်တွင်သန်းချီသက်တမ်း ဝိညာဉ်ကွင်းနှစ်ကွင်း နှင့် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခုမှာ တောက်ပစွာထွန်းလင်းနေခဲ့လေသည်။
"အရှင်မင်းကြီး"
ထိုအခိုက်တွင် ဖူထုအင်ပါယာရှေးဟောင်းဘိုးဘေးသည် ရန်ရှောက်ထျန်း၏ ရှေ့သို့ ရောက် လာခဲ့လေသည်။
"ဘယ်လိုနေလဲ"
ရန်ရှောက်ထျန်းက မေးလိုက်သည်။
"ရှာမတွေ့ပါဘူး"
ဖူထုအင်ပါယာ ရှေးဟောင်းဘိုးဘေးက ခေါင်းခါပြလိုက်သည်။
"ကျုပ်တို့ ငရဲနတ်ဘုရားဂိတ်ရဲ့ထောင့်တိုင်းကိုရှာဖွေခဲ့ပေမယ့် ပြိုင်ဘက်ကင်းငရဲနတ် ဘုရားရဲ့ ဦးခေါင်းကိုတော့ ရှာမတွေ့ခဲ့ပါဘူး"
ရန်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရန်ဖျင်းက ပြိုင်ဘက်ကင်းငရဲနတ်ဘုရားရဲ့ ဦးခေါင်းကို ဘယ်မှာဝှက်ထားခဲ့တာလဲ။
"ဟို ရှေးဟောင်းဘိုးဘေးတွေကရော ဘာပြောကြလဲ"
ရန်ရှောက်ထျန်းကမေးလိုက်သည်။ ဖူထုအင်ပါယာ ရှေးဟောင်းဘိုးဘေးက ခေါင်းခါပြလိုက် ပြန်သည်။
"အဖမ်းခံရတဲ့ ငရဲနတ်ဘုရားဂိတ်ရှေးဟောင်းဘိုးဘေးတွေအားလုံးက သူတို့ မသိဘူးလို့ပဲ ပြောကြပါတယ်"
"အားလုံးကို သတ်ပစ်လိုက်ပါ"
ရန်ရှောက်ထျန်း၏ အသံမှာအေးစက်နေတော့သည်။
"ပြီးတော့ ဖူထုအင်ပါယာကိုပိတ်ဆို့ထားလိုက်၊ ထွက်ပြေးနေတဲ့ ငရဲနတ်ဘုရားဂိတ် တပည့် မှန်သမျှကိုတစ်ယောက်မကျန်သတ်ပစ်ကြစမ်း"
သူသည် မြက်ပင်ကို ရိတ်သလို အမြစ်ပြတ်သုတ်သင်လိုခြင်း ဖြစ်လေသည်၊ သို့မဟုတ်ပါက နှစ်ပေါင်းသန်းချီ ကြာပြီးနောက် ငရဲနတ်ဘုရားဂိတ်၏အကြွင်းအကျန်များမှာ ချန်ဆန်းတိုက်ကြီးကို နောက်တစ်ကြိမ် ဒုက္ခပေးကြပေလိမ့်မည်။ ဖူထုအင်ပါယာရှေးဟောင်းဘိုးဘေးက ရိုသေစွာဖြင့် သဘောတူလိုက်ပြီး အဖမ်းခံရသောငရဲနတ်ဘုရားဂိတ်တပည့်အားလုံးကို ကွပ်မျက်ရန်နှင့် ဖူထုအင် ပါယာကို ပိတ်ဆို့ရန်အမိန့်များ ထုတ်ပြန်လိုက်လေသည်။
ညအချိန်မှာ နောက်ဆုံး၌ကုန်ဆုံးသွားခဲ့လေပြီ။ ကောင်းကင်ကြီးမှာ တဖြည်းဖြည်း လင်းလက်လာခဲ့လေသည်။ ရန်ရှောက်ထျန်းနှင့် မိုးပြာရောင်ဝက်ဝံတို့သည် ငရဲနတ်ဘုရားဂိတ် ဌာနချုပ်အတွင်းသို့ တစ်ကိုယ်တည်းဝင်ရောက်ခဲ့ပြီး ၎င်းကိုဖျက်ဆီးကာ ငရဲနတ်ဘုရားသားတော် ရန်ဖျင်းကိုသတ်ဖြတ်ခဲ့သည်ဟူသောသတင်းမှာ လျင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။
ရန်ရှောက်ထျန်းတွင် သန်းချီသက်တမ်း ဝိညာဉ်ကွင်းနှစ်ကွင်း၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ခြောက်ခုနှင့် တစ်ဆယ့်ငါးခုမြောက်ဓားနှလုံးသားတို့ရှိနေသည်ဟူသော သတင်းမှာလည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
ချန်ဆန်းတိုက်ကြီးမှာ တုန်လှုပ်သွားခဲ့ပြီး၊ စိတ်လှုပ်ရှားမှုများနှင့် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ မြို့အသီးသီးရှိပညာရှင်များ ထိုသတင်းကိုကြားလိုက်ရသောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
"နတ်ဘုရား ဧကရာဇ်ရန်က ပြိုင်ဘက်ကင်းတယ်"
နတ်ဘုရား ဧကရာဇ်ရန်ကပြိုင်ဘက်ကင်းတယ်၊ ထိုအသံမှာ တိုက်ကြီး၏ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွားခဲ့လေသည်။ လူတိုင်းကအောင်ပွဲခံနေကြပြီး စိတ်လှုပ်ရှားကာစိတ်ဓာတ်တက်ကြွ နေကြလေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငရဲနတ်ဘုရားဂိတ်၏အရိပ်မည်းကြီးမှာ ချန်ဆန်း တိုက် ကြီးပေါ်တွင်လွှမ်းမိုးနေခဲ့လေသည်၊ ယခုအခါငရဲနတ်ဘုရားဂိတ်ပျက်စီးသွားပြီး ရန်ဖျင်းသေဆုံး သွားပြီဖြစ်ရာ ထိုအရိပ်မည်းကြီးမှာပျောက်ကွယ်သွားခဲ့ပြီဖြစ်သဖြင့် ချန်ဆန်းတိုက်ကြီးတစ်ခုလုံး ပျော်ရွှင်နေကြလေသည်။ အင်ပါယာမြို့တော်များစွာတွင် လူများ ကြည်ညိုနိုင်ရန်အတွက် ရန်ရှောက် ထျန်း၏ရုပ်ထုများကိုပင် ထုလုပ်ထားကြလေသည်။
နဂါးလုံချင်းရွှမ်လေးသည် ရန်ရှောက်ထျန်း၏ဘေးတွင်ကပ်နေခဲ့ပြီး၊ သူမ မသိလိုက်မီမှာပင် မိုးလင်းလာခဲ့လေပြီ။ ထွက်ပေါ်လာသော နေမင်းကြီးကိုကြည့်ရင်း ရန်ရှောက်ထျန်းက ရုတ်တရက် ပြောလိုက်လေသည်။
"ချင်းရွှမ်... အစ်ကိုနောက်ရက်အနည်းငယ်နေရင် ချန်ဆန်းတိုက်ကြီးကနေ ထွက်ခွာသွားရ တော့မယ်"
ရန်ရှောက်ထျန်းကိုမှီထားသော နဂါးလုံချင်းရွှမ်လေးသည် ရုတ်တရက်တုန်ယင်သွားခဲ့ လေ သည်။ နှစ်ပေါင်းများစွာသူမသည်ဤကိစ္စကို အမြဲတမ်းစိုးရိမ်နေခဲ့ခြင်းဖြစ်လေသည်၊ သူမ၏ရင်ထဲ တွင် အမြဲနေရာယူလျက်ရှိသော အစ်ကိုရှောက်ထျန်းသည် သူမနှင့်ပို၍ပို၍ ဝေးကွာသွားမည်ကို သူမ ကြောက်နေခဲ့မိခဲ့သည်၊ သူမသည်လိုက်မီနိုင်ရန်အစွမ်းကုန်ကြိုးစားကျင့်ကြံနေသော်လည်း၊ ပြန်ကြည့်လိုက်သောအခါ ရန်ရှောက်ထျန်းမှာကိုးလွှာကောင်းကင်ယံမှ နဂါးတစ်ကောင်ဖြစ်နေခဲ့ ပြီဖြစ်သော်လည်း သူမကတော့ မြေပြင်ပေါ်မှာပဲ ကျန်နေခဲ့ခြင်းသာဖြစ်လေသည်။
သူမသည် ရန်ရှောက်ထျန်းကို အတင်းအကျပ်ဖက်ထားလိုက်မိလေသည်၊ အလွန်တရာ တင်းကျပ်စွာဖက်ထားလေပြီးနောက်တွင် သူမ၏မျက်လုံးများတို့မှာနီမြန်းလျက်ဖြင့် ပြောလိုက် လေသည်။
"အစ်ကိုရှောက်ထျန်း... ညီမ အစ်ကို့ကိုစောင့်နေပါ့မယ်"
"အကယ်၍ အစ်ကိုနှစ်နှစ်အတွင်း ပြန်မလာရင်လည်း၊ ညီမ နှစ်နှစ်စောင့်မယ်"
"အကယ်၍ အစ်ကိုသုံးနှစ်အတွင်း ပြန်မလာရင်လည်း၊ ညီမ သုံးနှစ် စောင့်မယ်"
"အကယ်၍ အစ်ကိုဆယ်နှစ်အတွင်းပြန်မလာနိုင်ခဲ့ရင်လည်း၊ ညီမ အစ်ကို့ကိုမိုးဆုံးမြေဆုံး လိုက်ရှာမယ်၊ ကမ္ဘာ့အဆုံးအထိ အစ်ကို့ကို ရှာမတွေ့မချင်း လိုက်ရှာနေဦးမှာပဲ"
ထို့နောက် သူမကတိုးညင်းသောလေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"လမင်းနီတောအုပ်ထဲမှာ အစ်ကို့ကိုပထမဆုံးစတွေ့ခဲ့တဲ့ညကို ညီမမှတ်မိနေသေးတယ်၊ အစ်ကို့ရဲ့အကောင်းဆုံးရသာရနံ့နဲ့ကင်ထားတဲ့အသားရနံ့လေးကိုလည်း ညီမဒီနေ့ထိမှတ်မိနေသေး တယ်"
ရန်ရှောက်ထျန်းသည်လည်း နဂါးလုံချင်းရွှမ်လေး၏နူးညံ့တဲ့လက်ကလေးတစ်စုံကို ပြန် လည်ကာတင်းတင်းဆုပ်ကိုင်ထားလိုက်မိလေသည်၊ လုံချင်းရွှမ်လေး၏လက်ကလေးမှာ နူးညံ့လွန်း လှသော်လည်း ယခုအချိန်တွင်အနည်းငယ်အေးစက်လို့ပင်နေတော့သည်။
"ချင်းရွှမ်လေး... အစ်ကိုထွက်သွားတာကဒီထက်ပိုပြီးအစွမ်းထက်လာဖို့ပါလေ၊ ဟောဒီချန် ဆန်းတိုက်ကြီးနဲ့ ခင်ဗျားလေးကိုပါကာကွယ်ပေးနိုင်ဖို့အတွက်ရယ်ကြောင့်ပါ" ဟုကြင်နာစွာပြောရင်း ယုယသောအကြည့်ကလေးဖြင့်ကြည့်ကာ ချင်းရွှမ်းလေးအားပြန်လည်ပွေ့ဖက်ထားလျက် နူးညံ့ သည့်နဖူးပြင်လေးအား နှုတ်ဆက်အနမ်းလေးတစ်ပွင့်ကိုယုယစွာဖြင့် နမ်းရှိုက်လိုက်လေတော့ သည်။
ထိုအခိုက်လုံချင်းရွှမ်လေး၏ နှလုံးသားတို့သည်မှာလည်းတုန်ယင်လို့သွားခဲ့ပြီး မျက်ရည်များ တို့ကရစ်ဝဲလျက် သူမသည်လည်းရန်ရှောက်ထျန်းအား လေးနက်လွန်းသောအကြည့်လေးတို့ဖြင့် ကြည့်ရင်း အလေးအနက်ခေါင်းညိတ်ပြလိုက်လေသည်။
ခဏအကြာတွင် ရန်ရှောက်ထျန်းသည် လေထဲသို့ပျံတက်သွားခဲ့ပြီး လုံချင်းရွှမ်လေး၏ အကြည့်အောက်တွင်ပင် နေရောင်ခြည်များကြားသို့သူ၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ် လို့ သွားခဲ့လေတော့သည်။
အဝေးတစ်နေရာတွင် ပန်းတစ်ထောင်ဓားနတ်ဘုရားမသည် ထိုနေရာတွင်ရပ်နေခဲ့ပြီး ဤမြင်ကွင်းလေးကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိလေသည်၊ သူမသည်လည်းလွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကိုပြန်လည်သတိရသွားပုံရလေသည်၊ သို့သော်ထိုစဉ်က သူထွက်သွားပြီး နောက် ဘယ်တော့မှပြန်မလာခဲ့တော့ပေ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းထောင်ချီ ကုန်ဆုံး သွားခဲ့လေပြီ။ ယခုဆိုလျှင် သူ သေလား၊ ရှင်လားတောင်မသိရတော့ပေ။
ရန်ရှောက်ထျန်း ထွက်ခွာသွားခဲ့လေပြီ။ မူလကမိုးပြာရောင်ဝက်ဝံသည် သူနှင့်အတူ လိုက်သွားရမည်ဖြစ်သော်လည်း၊ ရန်ရှောက်ထျန်းက မိုးပြာရောင်ဝက်ဝံအား ထွက်ပြေးလွတ်မြောက် နေသောငရဲနတ်ဘုရားဂိတ်တပည့်များကို ဆက်လက်သုတ်သင်ရန်နှင့် အလောင်းမိစ္ဆာဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့် မိစ္ဆာဗုဒ္ဓဂိုဏ်းတို့၏ အသိုက်အမြုံများကို အမြစ်ပြတ်သုတ်သင်ရန် ခိုင်းစေခဲ့ လေသည်။
သူသည် ရန်ဖျင်းနှင့် အလောင်းမိစ္ဆာလေးဦးတို့၏ ရုပ်အလောင်းများကို မိုးပြာရောင်ဝက်ဝံ အား ပေးခဲ့ပြီး ချန်ဆန်းစံအိမ်တော်သို့ ပြန်ယူသွားခိုင်းလိုက်လေသည်။
သူကိုယ်တိုင်ကမူ ကြယ်နတ်ဘုရားအသီးတစ်ဆယ့်တစ်လုံးနှင့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးတစ်ဆယ်ကျော်ကိုသန့်စင်ရန်အတွက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရွေးချယ်လိုက်လေသည်။
ယခုအခါ သူသည် ဧကရာဇ်အဆင့်ဆဋ္ဌမအလွှာတွင်ရှိနေခြင်းဖြစ်လေသည်၊ ကြယ်နတ် ဘုရားအသီး တစ်ဆယ့်တစ်လုံးနှင့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး တစ်ဆယ်ကျော်ကို သန့်စင်ပြီးနောက်တွင် သူ၏အဆင့်နှင့် အစွမ်းမှာနောက်တစ်ကြိမ် ထပ်မံမြင့် တက်လာပေလိမ့်မည်။
ရန်ရှောက်ထျန်းသည် မြေပြင်ပေါ်တွင်တင်ပျဉ်ခွေထိုင်လိုက်ပြီး ကြယ်နတ်ဘုရား အသီး တစ်လုံးကို မျိုချကာ ရှေးဦးမူလနဂါးသိုင်းကျမ်းကိုစတင်လည်ပတ်လိုက်လေသည်။ ချက်ချင်းဆို သလိုပင် ကြယ်နတ်ဘုရားအသီးမှာ တဟုန်ထိုးစီးဆင်းလာသော ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှေးဦးမူလနဂါးသိုင်းကျမ်း၏ လည်ပတ်မှုအောက်တွင် ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ် စစ်မှန်သောစွမ်းအားများအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားတော့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့လေပြီ။
လအနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။ ရန်ရှောက်ထျန်းသည် ကြယ်နတ်ဘုရားအသီးတစ်ဆယ့်တစ်လုံးစလုံးကို အပြည့်အဝသန့်စင်ပြီးစီးသွားခဲ့လေသည်။ ရန်ရှောက်ထျန်း၏အစွမ်းမှာ အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပြီး ဧကရာဇ်အဆင့်ဆဋ္ဌမအလွှာမှ အဆင့်ဆင့်တက်လှမ်းခဲ့ရာ နောက်ဆုံး၌ဧကရာဇ်အဆင့် နဝမအလွှာအစောပိုင်းသို့ ရောက်ရှိသွား ခဲ့လေသည်။
သို့သော်လည်း သူသည် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခကို ခေါ်ယူရန် မလောသေးပေ၊ ထိုအစား သူသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများကိုဆက်လက်သန့်စင်ကာ သူ၏နတ် ဘုရားပင်လယ်ကမ္ဘာကို အဆက်မပြတ်ခိုင်မာအောင် လုပ်ဆောင်နေခဲ့လေသည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးအားလုံးကို သန့်စင်ပြီးနောက်တွင် ရန်ရှောက် ထျန်း၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ အံ့ဩစရာကောင်းလောက်အောင် ခိုင်မာသောအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ထိုအခါမှသာ ရန်ရှောက်ထျန်းသည် သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက် ဟွန်ယွမ်ကံကြမ္မာ ဘေးဒုက္ခများကိုဆက်တိုက်ခေါ်ယူလိုက်လေသည်။ ဆယ်ဆပြင်းထန်လှသော ဟွန်ယွမ်ကံကြမ္မာ ဘေးဒုက္ခမိုးကြိုးသုံးကြိမ်ကိုဆက်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် ရန်ရှောက်ထျန်းမှာ အကြီးအကျယ် ဒဏ်ရာရခဲ့ရလေသည်၊ ကံကောင်းသည်မှာ သူ၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ လုံလောက်အောင် အစွမ်းထက်နေခဲ့သလို၊ သူသည်ဤနှစ်များအတွင်းဘေးဒုက္ခမိုးကြိုးရေများကို အချည်းနှီး သောက် သုံးခဲ့ခြင်းမဟုတ်သဖြင့်သာဖြစ်လေသည်။ သို့မဟုတ်ပါက သူ အမှန်တကယ်ပင် သေဆုံးသွားနိုင် လေသည်။
ယခုအခါ ရန်ရှောက်ထျန်း၏ ဦးခေါင်းအထက်တွင် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ကိုးခု ပျံဝဲနေခဲ့ကြပြီး သူတို့၏ကျယ်ပြောလှသော ဟွန်ယွမ်စွမ်းအားများသည်မိုင်တစ်သိန်းအတွင်းရှိ အရာအားလုံးကို ဖိနှိပ်ဖျက်ဆီးပစ်နိုင်လေသည်၊ စိန့်အဆင့်သတ္တမ သို့မဟုတ်အဋ္ဌမအလွှာကို မဆိုထားနှင့်၊ စိန့်အဆင့် နဝမအလွှာပင်လျှင် တိုက်ရိုက်ကြိတ်ခြေခြင်း ခံရပေလိမ့်မည်။
"အခု ကိုးခုရှိသွားခဲ့ပြီ"
ရန်ရှောက်ထျန်းသည် ပျံဝဲနေသောဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုးခုကို ကြည့်လိုက် သည်၊ နောက်ထပ်တစ်ခုဆိုလျှင် တစ်ဆယ်ဖြစ်ပေလိမ့်မည်။ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ဆယ်ခုသည် မည်မျှအထိ အစွမ်းထက်လာမည်နည်း။
စိန့်အဆင့်ဒသမအလွှာပင်လျှင် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာဆယ်ခု၏ တစ်ချက်တည်း သော တိုက်ခိုက်မှုကိုတောင့်ခံနိုင်မည်မဟုတ်ဟုခန့်မှန်းရလေသည်။ အကယ်၍ သူသာဟွန်ယွမ် ကောင်းကင်ကံကြမ္မာတစ်ဆယ့်ငါးခုအထိကျင့်ကြံနိုင်ပြီး သူ၏ကံကြမ္မာနတ်ဘုရားခန္ဓာ ကိုယ်သာ အစောပိုင်းအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက ၎င်းမှာမည်မျှအထိကြောက်စရာကောင်း လိုက် မည်နည်း၊ ရန်ရှောက်ထျန်းမှာ မနေနိုင်ဘဲ မျှော်လင့်မိနေတော့သည်။
ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေတစ်ငုံကို သောက်သုံးပြီး သူ၏ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီးနောက်တွင် ရန်ရှောက်ထျန်းသည် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများ ဆီသို့ ပျံသန်းသွားခဲ့လေသည်။
နောက်ပိုင်းတွင် သူသည်သေမင်းနတ်ဘုရားသစ်ပင်ကိုအသုံးပြု၍ ဟွန်ချွမ်နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံရန်ရည်ရွယ်ထားခြင်းဖြစ်လေသည်၊ သူသည်ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ပထမဦးဆုံး ဒသမအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းထားခြင်းလည်း ဖြစ်လေတော့သည်။
***