ရက်အနည်းငယ် ကြာပြီးနောက်တွင် ရန်ရှောက်ထျန်းသည်ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီး များဆီသို့ နောက်တစ်ကြိမ်ရောက်ရှိလာခဲ့လေသည်။ ရင်းနှီးနေသောဟွန်ချွမ်မိစ္ဆာချီများကို မြင်သော အခါ ရန်ရှောက်ထျန်းသည်တုံ့ဆိုင်းမနေဘဲ အထဲသို့လျှပ်တစ်ပြက်ဝင်ရောက်ခဲ့လေသည်။
လမ်းခရီးတစ်လျှောက်တွင် အလောင်းတစ္ဆေများနှင့်တွေ့ဆုံသောအခါတိုင်း ရန်ရှောက်ထျန်း သည် သူ၏ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုးခုဖြင့် တိုက်ရိုက်ကြိတ်ခြေပစ်ခဲ့လေသည်။ လမ်းခရီး မှာဘာအနှောင့်အယှက်မှမရှိဘဲ သူသည်ဟွန်ချွမ်မိစ္ဆာဂိုဏ်း တားမြစ်နယ်မြေအတွင်းသို့ ရောက်ရှိလာ ခဲ့ပြီး အလောင်းမြစ်အဝင်ဝသို့ ဝင်ရောက်ခဲ့လေသည်။
သို့သော်လည်း သူ မြေအောက်အတွင်းသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ရှောက်ထျန်း သည် ရင်းနှီးနေသော အရှိန်အဝါတစ်ခုကိုအာရုံခံမိလိုက်လေသည်။ ဒါက
"မသေနိုင်သောသေမင်းနတ်ဘုရားပဲ" ဟု ဆေးနံ့သာအိုး၏အသံထွက်ပေါ်လာလေသည်။
တကယ်ပဲ မသေနိုင်သောသေမင်းနတ်ဘုရား ဖြစ်နေသည်တဲ့လား။
မသေနိုင်သောသေမင်းနတ်ဘုရားက အမှန်တကယ်ပင်ဤနေရာသို့ထွက်ပြေးလာခဲ့သည် တဲ့လား။ သူသည်မသေနိုင်သောသေမင်းနတ်ဘုရားကို ဘယ်မှာသွားရှာပြီးဆွဲထုတ်ရမလဲဟု တွေး တောနေခဲ့ခြင်းဖြစ်လေသည်။ သူနှင့်တွေ့ဆုံခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ်တွင်သူ့ကိုမသတ်နိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ သေလုမျောပါးဖြစ်အောင်လုပ်ရပေမည်။
ရန်ရှောက်ထျန်းသည် ဆေးနံ့သာအိုးအားသူ၏အရှိန်အဝါကို ကာကွယ်ခိုင်းလိုက်ပြီး မသေနိုင် သောသေမင်းနတ်ဘုရား၏အရှိန်အဝါနောက်သို့လိုက်လာခဲ့ရာ ဟွန်ချွမ်ဘိုးဘေး၏နတ်ဘုရားဂူသို့ ရောက်ရှိလာခဲ့လေသည်။ မသေနိုင်သောသေမင်းနတ်ဘုရားသည် ဟွန်ချွမ်ဘိုးဘေး၏နတ်ဘုရားဂူ အတွင်း၌ရှိနေသည်ကိုမြင်သောအခါ၊
သူသည်သေမင်းနတ်ဘုရားသစ်ပင်ကိုရှာတွေ့ခဲ့ပြီး ၎င်း၏အကူအညီဖြင့် မသေနိုင်သော နတ်ဘုရားကျမ်းစာကိုကျင့်ကြံနေခြင်းဖြစ်ကြောင်း ရန်ရှောက်ထျန်းချက်ချင်းပင် ခန့်မှန်းလိုက် လေသည်။
မှန်ပေသည် သူသေမင်းနတ်ဘုရားသစ်ပင်၏ရှေ့သို့ရောက်ရှိလာသောအခါ၊ အဝေးမှ မသေနိုင်သောသေမင်းနတ်ဘုရားသည် သစ်ပင်အောက်၌ တင်ပျဉ်ခွေထိုင်နေသည်ကိုမြင်တွေ့ လိုက်ရလေသည်၊ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် မသေနိုင်သောသေမင်းချီများမှာ ပင်လယ်အလား ဆူပွက်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောမသေနိုင်သောဝိညာဉ်များအဖြစ်သို့ ပြောင်းလဲနေခဲ့ လေသည်။
ထိုမသေနိုင်သောဝိညာဉ်များပေါ်တွင် ခပ်သဲ့သဲ့သက်ရှိအငွေ့အသက်များပင် ပေါ်ထွက်လာ နေခဲ့ပြီဖြစ်လေသည်။ ရန်ရှောက်ထျန်း၏မျက်နှာမှာ အေးစက်သွားတော့သည်။
အကယ်၍သာ မသေနိုင်သောသေမင်းနတ်ဘုရားကို ဆက်လက်ကျင့်ကြံခွင့်ပေးထားမည် ဆိုပါက၊ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် မိုးပြာရောင်ဝက်ဝံပင်လျှင် သူ့ကိုနှိမ်နင်း နိုင်တော့မည်မဟုတ်ပေ။
ရန်ရှောက်ထျန်း၏ ခန့်မှန်းချက်မှာမှန်ကန်လှပေသည်၊ လွန်ခဲ့သောလအနည်းငယ်အတွင်း သေမင်းနတ်ဘုရားသစ်ပင်၏အကူအညီဖြင့် မသေနိုင်သောသေမင်းနတ်ဘုရားသည် သူ၏သေမင်း နတ်ဘုရားကျမ်းစာကို "အသက်နှင့် သေခြင်းရောယှက်ခြင်း" ဟူသောအထွတ်အထိပ်အဆင့်သို့ ချဉ်းကပ်လာနိုင်ခဲ့လေပြီ။
သူသည် ထိုအဆင့်၏အစောပိုင်းသို့သာရောက်ရှိသေးသော်လည်း၊ ၎င်းမှာပင်မသေနိုင်သော သေမင်းနတ်ဘုရားကိုအတိုင်းထက်အလွန်ဝမ်းသာစေခဲ့လေသည်။ သူသည်ဤဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများဆီသို့ပြန်လာချိန်တွင် သေမင်းနတ်ဘုရားသစ်ပင်ကိုရှာတွေ့လိမ့်မည်ဟု မမျှော်လင့် ထားခဲ့သလို၊ ၎င်း၏အောက်တွင်ကျင့်ကြံရခြင်း၏ထိရောက်မှုမှာလည်း သူ၏မျှော်လင့်ချက်ထက် များစွာသာလွန်နေခဲ့လေသည်။
ဆယ်စုနှစ်အနည်းငယ်၊ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ သူ၏မသေနိုင်သော နတ်ဘုရား ကျမ်းစာသည် အသက်နှင့်သေခြင်းရောယှက်ခြင်းအဆင့်သို့ လုံးဝရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်ကျမှသာ ချန်ဆန်းတိုက်ကြီးပေါ်ရှိ မည်သူမျှသူ့ကိုနှိမ်နင်းနိုင်တော့မည်မဟုတ်ပေ၊ ကမ္ဘာကြီးမှာကျယ်ပြောလှသဖြင့် သူကြိုက်သလိုသတ်ဖြတ်နိုင်ပေလိမ့်မည်၊ သူသည် ချန်ဆန်းတိုက် ကြီးပေါ်တွင် အားပါးတရသတ်ဖြတ်ပွဲကြီး တစ်ခုလုပ်ချင်နေတော့သည်။
မသေနိုင်သောသေမင်းနတ်ဘုရားသည် သေမင်းနတ်ဘုရားသစ်ပင်၏ သေမင်းချီများကို အရူးအမူးစုပ်ယူနေစဉ်မှာပင်၊ ရုတ်တရက်သူ၏နှလုံးသားထဲတွင်ပြင်းထန်လှသော အန္တရာယ်ကို ခံစားလိုက်ရလေသည်။ ဤအန္တရာယ်က သူရုတ်တရက်မျက်လုံးဖွင့်လိုက်သောအခါ၊ ကောင်းကင် ကြီးကို ထောက်မထားသလိုပင် မြင့်မားလှသောဧရာမနတ်ဘုရားအဆင့်ရတနာတစ်ခုကို မြင်တွေ့ လိုက်ရလေသည်။
ရွှေရောင်မီးလျှံများ တောက်လောင်နေပြီး ကောင်းကင်အထိမြင့်မားလှသော ရင်းနှီးနေသည့် ထိုနတ်ဘုရားအဆင့်ရတနာကိုမြင်လိုက်ရသောအခါ၊ မသေနိုင်သောသေမင်းနတ်ဘုရား၏မျက်နှာ မှာ ဖြူဖျော့သွားခဲ့ပြီး သူ၏မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့လေသည်။
ဆေးနံ့သာအိုး၏ အကြိမ်ကြိမ်ရိုက်နှက်မှုကိုခံခဲ့ရဖူးသဖြင့် ဆေးနံ့သာအိုးမှာ သူ၏အဆမ တန်လှသောအိပ်မက်ဆိုးကြီးဖြစ်သလို၊ သူ၏အလွန်အမင်းထိတ်လန့်ရခြင်း၏အရင်းအမြစ်လည်း ဖြစ်နေတော့သည်။ သူသည်ဘာမှမစဉ်းစားတော့ဘဲ ဟင်းလင်းပြင်ကိုဖောက်ထွက်ကာ ထွက်ပြေး လိုက်လေသည်။ သေမင်းနတ်ဘုရားသစ်ပင်ထံမှ ထွက်ပြေးလိုက်ခြင်း ဖြစ်လေသည်။ သို့သော်လည်း ဆေးနံ့သာအိုး၏ ဖျက်ဆီးခြင်းစွမ်းအားများကို သူ ဘယ်လိုလုပ်ပြီးအလွယ်တကူ ရှောင်ရှားနိုင် ပါ့မည်နည်း။
"ဘုန်း..."
မသေနိုင်သောသေမင်းနတ်ဘုရားသည် သူ ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံး၏ ရိုက်ခြင်းကိုခံလိုက်ရသလိုပင်ခံစားလိုက်ရလေသည်၊ သူ၏ပတ်လည်ရှိမသေနိုင်သောသေမင်းချီ များအားလုံးပေါက်ကွဲသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှာပြင်းထန်လှသော နာကျင်မှုကိုခံစားလိုက် ရကာ၊ သူ၏အတွင်းအင်္ဂါများ၊ အရိုးများနှင့် သူ၏အသားများပင်လျှင်ပြိုကွဲသွားသောအသံများ ထွက်ပေါ်လာခဲ့လေသည်။
သူသည် သူ၏ပါးစပ်ကို ဖွင့်ကာ သွေးများကို အမြောက်အမြား အန်ထုတ်လိုက်ရလေသည်။ သို့သော်လည်း သူသည်တုံ့ဆိုင်းမနေဘဲမြေပြင်ပေါ်မှတွားထွက်လာကာ အရူးအမူးထွက်ပြေးလိုက် လေသည်၊ ဟွန်ချွမ်ဘိုးဘေး၏ နတ်ဘုရားဂူအဝင်ဝဆီသို့ ဦးတည်ပြေးလိုက်ခြင်း ဖြစ်လေသည်။
သို့သော်လည်း သူ ဟွန်ချွမ်ဘိုးဘေး၏ နတ်ဘုရားဂူတံခါးဝသို့မရောက်မီမှာပင် ဆေးနံ့သာ အိုး၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုရောက်ရှိလာခဲ့ပြန်လေသည်။ မသေနိုင်သောသေမင်းနတ် ဘုရားမှာ နောက်တစ်ကြိမ်လွင့်ထွက်သွားခဲ့ရပြန်လေသည်။
ဆေးနံ့သာအိုးမှာ မီးလျှံအလင်းတန်းများအဖြစ် ပြောင်းလဲလိုက်ပြီး သူ့နောက်သို့ မရပ်မနား လိုက်လံတိုက်ခိုက်နေခဲ့လေသည်။ သူ ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများ၏ အပြင်ဘက်သို့ရောက် ရှိသွားမှသာ ဆေးနံ့သာအိုးမှာရပ်တန့်သွားခဲ့လေသည်။
ဆေးနံ့သာအိုးမှာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီး ဟွန်ချွမ်ဘိုးဘေး၏ နတ်ဘု ရားဂူသို့ ပြန်လာခဲ့လေသည်။
"ဒီတစ်ကြိမ်မှာတော့ ဆယ်စုနှစ်အနည်းငယ်လောက်မရှိဘဲနဲ့ သူပြန်ပြီးမသက်သာနိုင် တော့ဘူး" ဟု ဆေးနံ့သာအိုးက ပြောလိုက်လေသည်။
၎င်းကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း စိတ်အေးသွားတော့သည်။
မသေနိုင်သောသေမင်းနတ်ဘုရားသည် ဤဆယ်စုနှစ်အနည်းငယ်အတွင်း ဒုက္ခမပေးနိုင် သရွေ့တော့အဆင်ပြေလှပေသည်။ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ သူသည်နတ်ဘုရားပညာရှင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပေလိမ့်မည်။
ထိုအချိန်ကျမှသူကိုယ်တိုင် မသေနိုင်သောသေမင်းနတ်ဘုရားကိုဖြေရှင်းမည် ဖြစ်လေ သည်။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရားသစ်ပင်အောက်သို့လာခဲ့ပြီး၊ တင်ပျဉ် ခွေထိုင်ကာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုစတင်ကျင့်ကြံလေတော့သည်။ သူဟွန်ချွမ်နတ်ဘုရား ကျင့်စဉ်ကိုလည်ပတ်လိုက်သည်နှင့် သေမင်းနတ်ဘုရားသစ်ပင်ထံမှသေမင်းချီစွမ်းအင်အလွှာများ စွာကျဆင်းလာခဲ့ပြီး ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ်စီးဝင်သွားကာ ဟွန်ချွမ် စစ်မှန်သောစွမ်းအားများအဖြစ် ပြောင်းလဲသွားတော့သည်။
သေမင်းနတ်ဘုရားသစ်ပင်မှ သေမင်းချီများသည်သေမင်းနတ်ဘုရားအသီးကဲ့သို့ အစွမ်းမ ထက်သော်လည်း၊ တစ်ရက်ကျင့်ကြံပြီးနောက်တွင် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ရန်ရှောက်ထျန်း၏ပုံမှန်ဆယ်ရက် သို့မဟုတ်ရက်ပေါင်းများစွာ ကျင့်ကြံမှုနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
ရက်အနည်းငယ်အတွင်းမှာပင် ရန်ရှောက်ထျန်း၏ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ သိသာ ထင်ရှားသော တိုးတက်မှုများရှိလာခဲ့လေသည်။
တောင်ပေါ်တွင် အချိန်များမှာလျင်မြန်စွာကုန်ဆုံးသွားခဲ့လေသည်၊ မသိလိုက်မီမှာပင် နောက်တစ်နှစ်၏ ဆောင်းဦးရာသီသို့ရောက်ရှိလာခဲ့လေပြီ။ ရန်ရှောက်ထျန်းသည် သေမင်းသစ်ပင် အောက်၌တင်ပျဉ်ခွေထိုင်နေခဲ့ပြီး သူ၏တစ်ကိုယ်လုံးတွင် ဟွန်ချွမ်ချီစွမ်းအင်များမြင့်တက်နေခဲ့ကာ ဧရာမဟွန်ချွမ်မြစ်ကြီးတစ်စင်းအဖြစ် စုစည်းနေခဲ့လေသည်။
ရုတ်တရက် သူ၏တစ်ကိုယ်လုံးမှတောက်ပလှသော အလင်းတန်းများထွက်ပေါ်လာခဲ့လေ သည်။ ဟွန်ချွမ်မြစ်ကြီးမှာပြင်းထန်လှသောမီးခိုးရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေ သည်။ ထို့နောက်တွင် ကျယ်ပြောလှသောဟွန်ချွမ်မြစ်ကြီးမှာ အဆက်မပြတ်စုစည်းသွားခဲ့ပြီး နောက်ဆုံးတွင်ဟွန်ချွမ်နတ်ဘုရားဝတ်စုံအဖြစ်သို့ပြောင်းလဲသွားကာ ရန်ရှောက်ထျန်း၏ခန္ဓာကိုယ် ကို သဘာဝအတိုင်း ဖုံးလွှမ်းသွားခဲ့လေသည်။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်၏ ဒသမအဆင့်သို့ရောက်ရှိသွားခြင်းသည် ဟွန်ချွမ်ချီစွမ်းအင် များကို အံ့ဩစရာကောင်းလှသောကာကွယ်ရေးရှိသည့်ဟွန်ချွမ်နတ်ဘုရား ဝတ်စုံအဖြစ်စုစည်း စေနိုင်လေသည်။
ခဏမျှထပ်မံကျင့်ကြံပြီးနောက်တွင် ရန်ရှောက်ထျန်းသည်နောက်ဆုံး၌ ရပ်တန့်လိုက် လေသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ သူ၏နှလုံးသားထဲတွင်ပျော်ရွှင်မှုများပြည့်နှက်နေ ခဲ့လေသည်။ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာနောက်ဆုံး၌ ဒသမအဆင့်သို့ရောက်ရှိသွားခဲ့ပြီ ဖြစ်လေ သည်။ ယခုအခါ သူသည် ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင်နိုင်တော့မည်ဖြစ်လေသည်။
သို့သော်လည်း ထာဝရကောင်းကင်ခေါင်းတလားကိုမသန့်စင်မီ၊ ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဘိုးဘေး၏ နတ်ဘုရားဂူခန်းမဆောင်အတွင်းရှိကျောက်တိုင်ဆီသို့ လမ်းလျှောက်သွားခဲ့ပြီး သူ၏လက်ဝါးများကို ကျောက်တိုင်ပေါ်သို့တင်ကာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်၏ ဒသမအဆင့်ကို လည်ပတ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျောက်တိုင်မှာတောက်ပစွာ လင်းလက်လာခဲ့လေသည်။
ထို့နောက်တွင် နတ်ဘုရားဂူတစ်ခုလုံးမှာအလင်းတန်းများစွာ ထုတ်လွှတ်လိုက်လေသည်။ ယခုအခါ သူသည်ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုဒသမအဆင့်အထိကျင့်ကြံပြီးဖြစ်ရာ ဟွန်ချွမ်ဘိုး ဘေး ချန်ထားခဲ့သောနတ်ဘုရားဂူကိုသန့်စင်နိုင်ပြီဖြစ်လေသည်။
သေမင်းနတ်ဘုရားသစ်ပင်မှာ နတ်ဘုရားဂူနှင့်ဆက်နွှယ်နေပြီးသားဖြစ်ရာ၊ သူသည်သေမင်း နတ်ဘုရားသစ်ပင်ကိုမရွှေ့ပြောင်းနိုင်သဖြင့် နတ်ဘုရားဂူတစ်ခုလုံးကိုတိုက်ရိုက်ရွှေ့ပြောင်းပစ်မည် ဖြစ်လေသည်။
နတ်ဘုရားဂူ၏အလင်းတန်းများမှာ ပို၍ပို၍ပြင်းထန်လာခဲ့ပြီး နတ်ဘုရားဂူတစ်ခုလုံးမှာ လင်းထိန်သွားချိန်တွင် ရုတ်တရက်နတ်ဘုရားဂူမှာအဆက်မပြတ်ကျုံ့ဝင်သွားခဲ့ပြီး သေမင်းနတ် ဘုရားသစ်ပင်နှင့်အတူ ရန်ရှောက်ထျန်း၏လက်ထဲသို့ ကျရောက်လာခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ဟွန်ချွမ်နတ်ဘုရားဂူကို ဟွန်ချွမ်အလောင်းမြစ်အိုးအတွင်းသို့ ထည့်လိုက်လေသည်။ အနာဂတ်တွင်သေမင်းနတ်ဘုရားသစ်ပင်ရှိနေသဖြင့် သူ၏ဟွန်ချွမ်နတ် ဘုရားကျင့်စဉ်မှာ တစ်ဆယ့်လေးခုမြောက်အဆင့်အထိကျင့်ကြံနိုင်မည့်အလားအလာရှိနေခဲ့ပြီး ဟိုတုန်းက ဟွန်ချွမ်ဘိုးဘေးထက်ပင် သာလွန်သွားနိုင်လေသည်။
ထို့အပြင် သေမင်းနတ်ဘုရားသစ်ပင်ကိုယူဆောင်သွားခြင်းဖြင့် မသေနိုင်သောသေမင်း နတ်ဘုရားသည် အနာဂတ်တွင်ဤနေရာသို့ပြန်လာပြီး ၎င်း၏အကူအညီဖြင့်ကျင့်ကြံမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ဟွန်ချွမ်နတ်ဘုရားဂူနှင့် သေမင်းနတ်ဘုရားသစ်ပင်တို့ကို ယူဆောင်သွားပြီးနောက်တွင် သူသည် ထာဝရကောင်းကင်ခေါင်းတလားကိုထုတ်ယူလိုက်လေသည်။ ဤအဆိုးဆုံးနှင့်ကြောက် စရာအကောင်းဆုံးသော ရှေးဟောင်းနတ်ဘုရားအဆင့်ရတနာကိုကြည့်ရင်း၊ ရန်ရှောက်ထျန်းသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုလည်ပတ်လိုက်ပြီး သူ၏လက်ဝါးကို ထာဝရကောင်းကင်ခေါင်း တလားပေါ်သို့ နောက်တစ်ကြိမ်တင်လိုက်လေသည်။
ဟွန်ချွမ်ချီစွမ်းအင်များမှာ ထာဝရကောင်းကင်ခေါင်းတလားအတွင်းသို့ အဆက်မပြတ် စီးဝင်သွားခဲ့လေသည်။
ခေါင်းတလားအတွင်းရှိ အလွန်တရာဆိုးညစ်လှသောစွမ်းအားများသည် ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ်ပေါ်မှ ဟွန်ချွမ်ချီစွမ်းအင်များကို အာရုံခံမိလိုက်ပုံရလေသည်၊ ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ ရန်ရှောက်ထျန်းကို ပြန်လည်မတိုက်ခိုက်တော့ပေ။
သို့သော်လည်း ထိုအလွန်တရာဆိုးညစ်လှသောစွမ်းအားများသည် ရန်ရှောက်ထျန်းကို မတိုက်ခိုက်သော်လည်း၊ ဟွန်ချွမ်ချီစွမ်းအင်များကို အဆက်မပြတ်ခုခံနေခဲ့သဖြင့် ရန်ရှောက်ထျန်း အနေဖြင့် ထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်ရန်ခက်ခဲနေဆဲဖြစ်လေသည်။
၎င်းကိုမြင်သောအခါ ရန်ရှောက်ထျန်းသည်ထိုအလွန်တရာဆိုးညစ်လှသောစွမ်းအားများကို သန့်စင်ရန်ကြိုးစားလိုက်လေသည်။ သို့သော်လည်းထိုဆိုးညစ်သောစွမ်းအားများ၏ ကာကွယ်ရေး မှာ ရန်ရှောက်ထျန်းထင်ထားသည်ထက် ပိုမိုအစွမ်းထက်နေခဲ့လေသည်၊ တစ်ရက်ကြာပြီး နောက် တွင် သူသည်၎င်း၏ကာကွယ်ရေးကို လုံးဝမဖောက်ထွက်နိုင်ခဲ့ပေ။
ရန်ရှောက်ထျန်းမှာ ၎င်းကိုမယုံကြည်နိုင်ဘဲဆက်လက်သန့်စင်နေခဲ့လေသည်၊ နှစ်ရက် ကြာသွားသော်လည်း ထိုအတိုင်းပင်ဖြစ်နေဆဲဖြစ်သလို၊ သုံးရက်ကြာပြီးနောက်တွင်လည်း သူသည် ၎င်း၏ကာကွယ်ရေးကို မဖောက်ထွက်နိုင်သေးပေ။
***