"မင်းရဲ့ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကဒသမအဆင့်ကို ရောက်နေပြီဆိုပေမယ့်၊ ထာဝရ ကောင်းကင်ခေါင်းတလားကိုသန့်စင်ဖို့ကတော့ အချိန်အနည်းငယ်ယူရဦးမှာပဲ" ဟု ဆေးနံ့သာအိုး၏ အသံ ထွက်ပေါ်လာလေသည်။ ရန်ရှောက်ထျန်း အံ့အားသင့်သွားမိသည်။
"အကယ်၍ မင်းဒီအတိုင်းဆက်ပြီးသန့်စင်နေမယ်ဆိုရင်၊ အဲ့ဒီဆိုးညစ်တဲ့စွမ်းအားနဲ့ ထာဝရ ကောင်းကင်ခေါင်းတလားကိုသန့်စင်ဖို့ အနည်းဆုံးတစ်နှစ်လောက်ကြာလိမ့်မယ်" ဟု ဆေးနံ့သာအိုး က ပြောလိုက်လေသည်။
ရန်ရှောက်ထျန်း ဆွံ့အသွားတော့သည်။
တစ်နှစ်တောင်လား သူသည်ဤနေရာတွင် တစ်နှစ်လုံးဘာမှမလုပ်ဘဲ၊ ကျင့်ကြံခြင်းတောင် မပြုဘဲ ဤထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်ဖို့အတွက်ပဲ အချိန်ကုန်ခံနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ တစ်နှစ်လုံးကြိုးစားကျင့်ကြံမည်ဆိုပါက သူသည်စိန့်အဆင့် သို့မဟုတ်ထို့ထက်မြင့် မားသောအဆင့်သို့ တက်လှမ်းရန် လုံလောက်လှပေသည်။
"တခြားနည်းလမ်း မရှိဘူးလား" ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
"ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို တစ်ဆယ့်တစ်ခုမြောက်အဆင့်အထိ ကျင့်ကြံလိုက်လေ" ဟု ဆေးနံ့သာအိုးက ပြောလိုက်လေသည်။
ရန်ရှောက်ထျန်း စကားမပြောနိုင်တော့ပေ။
သေမင်းနတ်ဘုရားသစ်ပင်ရှိလျှင်ပင် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို တစ်ဆယ့်တစ်ခု မြောက်အဆင့်အထိကျင့်ကြံရန်မှာ အနည်းဆုံးနှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ ၎င်းမှာ ပို၍ပင် ကြာသွားပေလိမ့်မည်။ တခြားနည်းလမ်းမရှိသဖြင့် ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေး ယာဉ်ကိုမောင်းနှင်ပြီး အရင်ဆုံးထွက်ခွာခဲ့လေတော့သည်။
"ကံကြမ္မာနတ်ဘုရားနန်းတော်မှာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုမြှင့်တင်ပေးနိုင်တဲ့ ရတနာ တွေရှိမလားတော့မသိဘူး"
ရန်ရှောက်ထျန်းသည် နောက်ထပ်လအနည်းငယ်အတွင်းမှာဖွင့်လှစ်တော့မည့် ကံကြမ္မာ နတ်ဘုရားနန်းတော်အကြောင်းကို တွေးတောမိလိုက်လေသည်။
"ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုမြှင့်တင်ပေးမယ့် ရတနာတွေတော့ရှိမှာမဟုတ်ပေမယ့်၊ အချိန်သဲမှုန်တွေတော့ ရှိလိမ့်မယ်" ဟု ဆေးနံ့သာအိုးက ပြောလိုက်လေသည်။
"အချိန်သဲမှုန် ဟုတ်လား"
ရန်ရှောက်ထျန်း အံ့အားသင့်သွားမိသည်။
"မှန်တယ်၊ အချိန်သဲမှုန်ပဲ" ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
"ကြယ်နတ်ဘုရားနန်းတော် ဘဏ္ဍာတိုက်ထဲမှာရှိတဲ့အချိန်သဲမှုန်တွေကိုလည်း ဧကရာဇ်ယွန်း ထျန်းက ကံကြမ္မာနတ်ဘုရားနန်းတော်ထဲကနေရခဲ့တာဖြစ်ဖို့များတယ်"
ရန်ရှောက်ထျန်း စိတ်ဓာတ်တက်ကြွသွားတော့သည်။ သူသည်ကြယ်နတ်ဘုရားနန်းတော် ဘဏ္ဍာတိုက်မှ အချိန်သဲမှုန်များကိုသန့်စင်ပြီးနောက်တွင် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ သိသိသာသာတိုးတက်လာခဲ့သော်လည်း၊ အောင်မြင်မှုအနည်းငယ်အဆင့်သို့ရောက်ရန် အလှမ်းဝေး နေဆဲ ဖြစ်လေသည်။ အကယ်၍ သူသာလုံလောက်သောအချိန်သဲမှုန်များကိုရရှိမည်ဆိုပါက သူ၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အောင်မြင်မှုအနည်းငယ်အဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။
"ကံကြမ္မာနတ်ဘုရားနန်းတော်ကို ရှေးဟောင်းကံကြမ္မာနတ်ဘုရားမက ချန်ထားခဲ့တာပါ။ အထဲမှာအချိန်သဲမှုန်တွေ၊ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးတွေနဲ့ တခြားရတနာတွေ အများကြီးရှိရုံတင်မကဘဲ၊ ကံကြမ္မာနတ်ဘုရားသစ်ပင်တောင်ရှိသေးတယ်" ဟု ဆေးနံ့သာအိုးက ပြောလိုက်လေသည်။
"ကံကြမ္မာနတ်ဘုရားသစ်ပင်ဟုတ်လား"
ရန်ရှောက်ထျန်း၏ နှလုံးသားမှာ တုန်ယင်သွားခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ ကမ္ဘာပေါ်တွင်အံ့ဩစရာအကောင်းဆုံးသော နတ်ဘုရား သစ်ပင်ဖြစ်လေသည်။ အသက်နတ်ဘုရားသစ်ပင်၊ သေမင်းနတ်ဘုရားသစ်ပင် သို့မဟုတ် ကြယ်နတ် ဘုရားသစ်ပင်ပင်လျှင် ကံကြမ္မာနတ်ဘုရားသစ်ပင်နှင့် မနှိုင်းယှဉ်နိုင်ပေ။
ကံကြမ္မာနတ်ဘုရားသစ်ပင်သည် ကံကြမ္မာနတ်ဘုရားအသီးများကို ထွက်ပေါ်စေလေသည်။ ကံကြမ္မာနတ်ဘုရားအသီးကို စားသုံးခြင်းဖြင့် မိမိ၏ကောင်းကင်ကံကြမ္မာကိုသန့်စင်နိုင်လေသည်။ ကမ္ဘာပေါ်ရှိကံကြမ္မာနတ်ဘုရားအသီးသည်သာ ကောင်းကင်ကံကြမ္မာကိုသန့်စင်ပေးနိုင်ပြီး အခြား သောနတ်ဘုရားပစ္စည်းများမှာမလုပ်ဆောင်နိုင်ကြပေ။
အကယ်၍ ရန်ရှောက်ထျန်းသာ ကံကြမ္မာနတ်ဘုရားအသီးကိုရရှိမည်ဆိုပါက သူ၏ဟွန်ယွမ် ကောင်းကင်ကံကြမ္မာကိုးခုကိုသန့်စင်နိုင်မည်ဖြစ်ရာ သူ၏ဟွန်ယွမ်ကောင်းကင်ကံကြမ္မာများမှာ ပိုမို အစွမ်းထက်လာပြီး ပိုမိုခိုင်မာလာပေလိမ့်မည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများအတွင်းမှ ထွက်လာပြီးနောက်တွင် ရန်ရှောက်ထျန်းသည် နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာဆီသို့ ပြန်လာခဲ့လေသည်။ သူသည်ချန်ဆန်းတိုက်ကြီးမှ ထွက်ခွာတော့မည်ဖြစ်ရာ၊ ဘာပဲဖြစ်ဖြစ်ချန်ဆန်းစံအိမ်တော်ကို အကြောင်းကြားရမည်ဖြစ်သလို၊ နတ်ဘုရားစံအိမ်တော်သို့ပြန်ပြီး သူ၏မိဘများကိုနှုတ်ဆက်ရဦးမည်ဖြစ်လေသည်။ ဤတစ်ကြိမ် ချန်ဆန်းတိုက်ကြီးမှထွက်ခွာခြင်းမှာ နှစ်ပေါင်းများစွာသို့မဟုတ် ဆယ်စုနှစ်တစ်ခုအထိပင်ကြာမြင့် နိုင်လေသည်။
နတ်ဘုရား ဧကရာဇ်ရန်ပြန်ရောက်လာသည်ကိုမြင်သောအခါ ကျန်းယုံကျန်း၊ ဓားနတ်ဘုရား ရှီလုံနှင့် တခြားသူများမှာအတိုင်းထက်အလွန်ဝမ်းသာသွားကြပြီး ရန်ရှောက်ထျန်းကိုကြည့်နေ ကြသောသူတို့၏မျက်လုံးများမှာ တောက်ပနေကြလေသည်။
ရန်ရှောက်ထျန်းနှင့် ငရဲနတ်ဘုရားဂိတ်တို့၏တိုက်ပွဲသတင်းပျံ့နှံ့သွားပြီးနောက် ချန်ဆန်း တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရလေသည်။ သူ၏သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်း၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခုနှင့် တစ်ဆယ့်ငါးခုမြောက်ဓားနှလုံးသားတို့ကြောင့် လူအများ အပြားမှာ ဆွံ့အသွားခဲ့ကြရလေသည်။
ကျန်းယုံကျန်းနှင့် ဓားနတ်ဘုရားရှီလုံတို့ပင်လျှင်ချွင်းချက်မရှိခဲ့ကြပေ။ ယခုအခါ သူတို့နှစ်ဦး လုံးမှာ ရန်ရှောက်ထျန်း၏အရူးအမူးအားပေးသူများဖြစ်နေကြလေပြီ။ ချန်ဆန်းစံအိမ်တော်မှ အခြား သောပညာရှင်များကိုတော့ ပြောနေရန်ပင်မလိုတော့ပေ။
"နတ်ဘုရား ဧကရာဇ် ရန် ပြန်လာပြီ"
ရှေးဟောင်းဘိုးဘေးတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သောရှေးဟောင်းဘိုးဘေးများ၊ နတ်ဘုရားဘိုးဘေး များနှင့် တပည့်များသည် တောင်ထိပ်များနှင့်နတ်ဘုရားဂူများအတွင်းမှ တိုးထွက်လာခဲ့ကြလေ သည်။ ကျန်းချန်ချန်နှင့် ဝမ်နင်တို့လည်းထွက်လာခဲ့ကြပြီး သူတို့၏လှပသောမျက်လုံးများတွင် အံ့ဩ ဝမ်းသာမှုများနှင့်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။ အထူးသဖြင့် ဝမ်နင်၏ မျက်လုံးများတွင် ရန်ရှောက်ထျန်းအပေါ် အရူးအမူးကြည်ညိုလေးစားမှုများမှာ အထူးပင်ထင်ရှားနေခဲ့လေသည်။
ရန်ရှောက်ထျန်းသည် တောင်ထိပ်အသီးသီးနှင့်နတ်ဘုရားဂူအသီးသီးမှ တိုးထွက်လာကြ သော မရေမတွက်နိုင်သည့်တပည့်များကိုကြည့်ကာ ခါးသီးစွာပြုံးလိုက်မိသည်။ လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုနှင့်အရူးအမူးဖြစ်နေမှုများမှာ သူ၏မျှော်လင့်ချက်ထက် များစွာသာလွန် နေခဲ့လေသည်။
"နတ်ဘုရား ဧကရာဇ် ရန်ကို ဂါရဝပြုပါတယ်"
ရန်ရှောက်ထျန်း ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် တောင်ထိပ်တိုင်းနှင့် နတ်ဘုရားဂူတိုင်း မှ တပည့်များသည်စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြလေသည်။ ကျန်းယုံကျန်း၊ ဓားနတ်ဘုရား ရှီလုံတို့၏ ပို့ဆောင်ပေးမှုဖြင့် ရန်ရှောက်ထျန်းသည်ခန်းမဆောင်ကြီး၏အဓိကနေရာတွင် ထိုင်လိုက် လေသည်။
လူတိုင်းနှင့် စကားတပြောပြောလုပ်ပြီးနောက်တွင် ရန်ရှောက်ထျန်းသည်ငရဲနတ်ဘုရား ဂိတ်နှင့် မိစ္ဆာဂိုဏ်းကြီးသုံးခုတို့၏အခြေအနေကို မေးမြန်းလိုက်လေသည်။ ရန်ရှောက်ထျန်းသည် ချန်ဆန်းစံအိမ်တော်က အလောင်းမိစ္ဆာဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့် မိစ္ဆာဗုဒ္ဓဂိုဏ်းတို့၏ ဌာနချုပ်များနှင့် အသိုက်အမြုံများကိုရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကာ ထိုမိစ္ဆာဂိုဏ်းကြီးသုံးခုကို အမြစ်ပြတ်သုတ်သင်ခဲ့ ပြီးဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
အလောင်းမိစ္ဆာဂိုဏ်းချုပ် လျန်ရွှမ်းနှင့်တခြားသူများအားလုံး အသတ်ခံခဲ့ရလေပြီ။ ငရဲနတ် ဘုရားဂိတ်၏ အကြွင်းအကျန်များကိုလည်း အများစုသုတ်သင်ပြီးဖြစ်ကာ ချန်ဆန်းတိုက်ကြီးမှာ ယခုအခါ ငြိမ်းချမ်းသွားခဲ့လေပြီ။
"ဒါနဲ့ အရှင်မင်းကြီး... ကျုပ်တို့ မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ ရှေးဟောင်းစိတ်ဝိညာဉ် မိစ္ဆာတို့ ချန်ဆန်းတိုက်ကြီးကနေထွက်ပြေးသွားတဲ့သတင်းကိုရထားပါတယ်" ဟု ကျန်းယုံကျန်းက ပြောလိုက်သည်။
"အချို့ကတော့ သူတို့ နယ်နိမိတ်မဲ့ ပင်လယ်ပြင်ထဲကို ဝင်သွားကြတယ်လို့ ပြောကြပါတယ်"
"သူတို့ နယ်နိမိတ်မဲ့ပင်လယ်ပြင်ထဲကို ဝင်သွားကြတယ် ဟုတ်လား"
"ဟုတ်ပါတယ်၊ ပင်လယ်ရပ်ခြားပညာရှင်တွေ သူတို့ရဲ့သဲလွန်စကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်" ဟု ကျန်းယုံကျန်းက ပြောလိုက်သည်။
"ဧကရာဇ်ယွန်းထျန်းက ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးကဧကရာဇ်တွေကို စုစည်းနေပြီး စစ်တပ်အမြောက်အမြားကိုပြင်ဆင်နေပါတယ်၊ ကျုပ်တို့ရဲ့ ချန်ဆန်းတိုက်ကြီးဆီကို စစ်တပ်တွေ စေလွှတ်ဖို့အတွက် သူတို့ရဲ့ အင်အားကို အမြဲတမ်း စုဆောင်းနေကြတာပါ" ဟု ဓားနတ်ဘုရား ရှီလုံက ပြောလိုက်သည်။
"မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့က ဧကရာဇ်ယွန်းထျန်း နဲ့မဟာမိတ်ဖွဲ့ဖို့သွားတာများလား"
အကယ်၍ ထိုသို့သာဆိုပါက အတော်လေး ဒုက္ခရောက်နိုင်လေသည်။
"နောက်ရက်အနည်းငယ်နေရင် ကျုပ်ကြယ်စုတန်းနတ်ဘုရားကျွန်းကို နောက်တစ်ခေါက် ထပ်သွားဦးမယ်" ဟု ရန်ရှောက်ထျန်းက စဉ်းစားလိုက်သည်။
ဧကရာဇ်ယွန်းထျန်းက ချန်ဆန်းတိုက်ကြီးကိုတိုက်ဖို့ စစ်တပ်ကြီးပြင်ဆင်နေတာဆိုတော့၊ သူ ကြယ်စုတန်းနတ်ဘုရားကျွန်းကိုနောက်တစ်ခေါက်သွားပြီး ယွန်းထျန်းကိုပြင်းထန်တဲ့ ထိုးနှက် ချက်တစ်ခုထပ်ပေးရပေဦးမည်။ ဘာပဲဖြစ်ဖြစ်ဓားပေါင်းတစ်သောင်းတိုက်ကြီးကို သွားမယ့် လမ်းမှာ ပဲ ရှိနေတာမဟုတ်ပါလော။
လူတိုင်း စကားများစွာ ပြောဖြစ်ခဲ့ကြလေသည်။
ရန်ရှောက်ထျန်းသည် ကျန်းယုံကျန်းထံမှ တုန်းဖန်ကုန်သွယ်ရေးအသင်း၏ ဥက္ကဋ္ဌ တုန်းဖန်ရှန့် ကို ရှာတွေ့ခဲ့ပြီဖြစ်ကာ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီး၏လက်ထဲမှ ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
နောက်တစ်နေ့တွင် ရန်ရှောက်ထျန်းသည် ချန်ဆန်းစံအိမ်တော်မှထွက်ခွာခဲ့ပြီး နတ်ဘုရား စံအိမ်တော်သို့ပြန်လာခဲ့လေသည်။ ရန်ရှောက်ထျန်းသည် ကျန်းယုံကျန်းနှင့်တခြားသူများကို သူ ဓားပေါင်းတစ်သောင်းတိုက်ကြီးသို့ သွားတော့မည့်အကြောင်း ပြောပြခဲ့လေသည်။
သူ ထွက်ခွာတော့မည်ကိုသိရှိလိုက်ရသောအခါ ကျန်းချန်ချန်နှင့် ဝမ်နင်တို့နှစ်ဦးလုံးမှာ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေခဲ့ကြလေသည်။ အထူးသဖြင့်ဝမ်နင်သည် ထိုညတွင်ရန်ရှောက်ထျန်း ၏နတ်ဘုရားဂူဆီသို့ ပြေးလာခဲ့ပြီး သူမ၏မျက်လုံးများမှာ နီမြန်းလို့နေခဲ့လေသည်။
သို့သော် သူမအတွက်တွင်တော့အိပ်မက်တစ်ခုကိုဖမ်းဆုတ်နိုင်စွမ်းမရှိသကဲ့သို့ပင်
နတ်ဘုရားစံအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ရန်ရှောက်ထျန်းသည် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီးနောက်တွင်၊ ရန်မိသားစု၏နှမြောတသဖြစ်မှုများကြားမှပင် သူသည်နတ်ဘုရား ပေါင်း တစ်သောင်းအင်ပါယာမြို့တော်မှ ပျံသန်းထွက်ခွာခဲ့လေတော့သည်။
"အစ်ကို... အစ်ကိုပြန်လာမှာကို ညီမတို့ စောင့်နေပါ့မယ်" ဟု ကောင်မလေး ရန်လင်းအာက အဆက်မပြတ် အော်ဟစ်နေခဲ့လေသည်။ ရန်ရှောက်ထျန်း၏ပုံရိပ်ပျောက်ကွယ်သွားသည့် တိုင် အောင် သူမသည်အော်ဟစ်နေဆဲဖြစ်လေသည်။
ယခုတစ်ကြိမ်တွင် ရန်ရှောက်ထျန်းသည် မည်သူ့ကိုမျှမခေါ်ဆောင်သွားခဲ့ဘဲ အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံကြီးတို့ကိုပင် သူ၏နတ်ဘုရားစံအိမ်တော်၌ထားခဲ့လေသည်။ စိန့်အဆင့်ဝိညာဉ် ကျောက်တုံးများဖြင့်မောင်းနှင်ထားသဖြင့် တွင်းနက်ကြီးပျံသန်းရေးယာဉ်မှာနယ်နိမိတ်မဲ့ ပင်လယ် ပြင်အတွင်းသို့ လျင်မြန်စွာဝင်ရောက်ခဲ့ပြီး ကြယ်စုတန်းနတ်ဘုရားကျွန်းဆီသို့ ဆက်တိုက်ချဉ်း ကပ်လာခဲ့လေသည်။
လမ်းခရီးတစ်လျှောက်တွင် ရန်ရှောက်ထျန်းမှာ ခဏမျှပင်အနားမယူဘဲ၊ သေမင်းနတ်ဘုရား သစ်ပင်နှင့် အသက်နတ်ဘုရားသစ်ပင်တို့၏အကူအညီဖြင့် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်နှင့် ရှေးဦးမူလ နဂါးကျမ်းစာတို့ကိုကြိုးစားပမ်းစားကျင့်ကြံနေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူသည်ကျင့်စဉ်နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်းလည်ပတ်နိုင်ရန် အတွက်ကြိုးစားကျင့်ကြံနေခဲ့လေသည်။ အကယ်၍သူသာကျင့်စဉ်နှစ်ခုစလုံးကို တစ်ပြိုင်နက် တည်းလည်ပတ်နိုင်မည်ဆိုပါက သူ၏ကျင့်ကြံမှုအရှိန်မှာ သေချာပေါက်နောက်တစ်ကြိမ် ထပ်မံမြင့် တက်လာပေလိမ့်မည်။
ရံဖန်ရံခါတွင် သူသည်ဟွန်ချွမ်ဘိုးဘေးချန်ထားခဲ့သောမှတ်စုများ၊ ကျင့်စဉ်များနှင့် နတ်ဘုရား စွမ်းရည်များကိုဖတ်ရှုလေ့လာခဲ့သလို၊ ငရဲနတ်ဘုရားဂိတ်၏ကျင့်စဉ်မှတ်တမ်းများကို လည်းဖတ်ရှုခဲ့ လေသည်။
ဟွန်ချွမ်ဘိုးဘေး၏ မှတ်စုများမှတစ်ဆင့် သူသည်ရှေးဟောင်းခေတ်ကာလမှ အကြောင်း အရာများစွာကိုသိရှိခဲ့ရလေသည်။ ထို့အပြင်ဟွန်ချွမ်ဘိုးဘေး၏ဇာစ်မြစ်ကိုလည်း သိရှိခဲ့ရလေ သည်။ ဟွန်ချွမ်ဘိုးဘေးမှာ ချန်ဆန်းတိုက်ကြီးမှမဟုတ်ဘဲ အလွန်ဝေးကွာသော တိုက်ကြီးတစ်ခုမှ လာသူဖြစ်ကြောင်းသိရှိခဲ့ရပြီး၊ ၎င်းမှာလက်ရှိတွင်သိုင်းဝိညာဉ်ကမ္ဘာ၌ အစွမ်းထက်ဆုံးသော တိုက်ကြီးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။
ညအချိန်မှာ ငြိမ်သက်နေခဲ့လေသည်။
အဝေးမှ ကြယ်စုတန်းနတ်ဘုရားကျွန်းကိုမြင်တွေ့နိုင်လေပြီ။ ကြယ်စုတန်းနတ်ဘုရား မြို့တော်မှာ လင်းထိန်နေခဲ့လေသည်။ ဧကရာဇ်ယွန်းထျန်းသည် ခန်းမဆောင်ကြီးအတွင်း၌ ထိုင်နေခဲ့ ပြီး မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်းကိုကြည့်ကာ ဒေါသတကြီးရယ်မောလိုက်လေသည်။
"မင်း ဘာပြောတယ်၊ ရန်ရှောက်ထျန်းနဲ့ ငြိမ်းချမ်းရေးယူရမယ်ဟုတ်လား၊ အဲ့ဒါဆို ငါ့သားက အလကားသေသွားရတာလား ငါ့ရဲ့ကြယ်နတ်ဘုရားနန်းတော်ကသန်းပေါင်းဆယ်ချီတဲ့ အင်ပါယာ အစောင့်တပ်တွေ၊ ရှေးဟောင်းဘိုးဘေးတွေနဲ့ နတ်ဘုရားဘိုးဘေး ထောင်ပေါင်းများစွာက အလကား သေသွားခဲ့ကြတာလား"
လန်ကျင်းက သူ၏ဦးခေါင်းကို ငုံ့လိုက်ပြီး
"အရှင်မင်းကြီး"
"တော်ပြီ၊ ဘာမှ ထပ်မပြောနဲ့တော့"
ဧကရာဇ်ယွန်းထျန်းက ရုတ်တရက်ထရပ်လိုက်ပြီး သူ၏မျက်လုံးများမှာအေးစက်ကာ ထက် မြက်နေတော့သည်။
"ဒီတစ်ကြိမ်မှာတော့ ငါ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်နဲ့ ချန်ဆန်းစံအိမ် တော်ကို သေချာပေါက်တိုက်ခိုက်သိမ်းပိုက်ပြမယ်"
"ရန်မိသားစုနဲ့ ချန်ဆန်းစံအိမ်တော်ကလူတိုင်းကိုငါ့သားနဲ့အတူမြှုပ်နှံပစ်ရမယ်၊ ငါ့ရဲ့ ကြယ် နတ်ဘုရားနန်းတော်က သန်းပေါင်းဆယ်ချီတဲ့ အင်ပါယာအစောင့်တပ်တွေနဲ့အတူ မြှုပ်နှံပစ်ရမယ်"
***