ဧကရာဇ်ယွန်းထျန်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်တရက်ညကောင်းကင်ယံမှာ ရွှေရောင်အလင်းတန်းများဖြင့် လင်းထိန်သွားသည်ကိုမြင်တွေ့လိုက်ရလေသည်။ ဧကရာဇ်ယွန်း ထျန်းအံ့အားသင့်နေစဉ်မှာပင်၊ အပြင်ဘက်ရှိကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ပညာရှင်များ၏ ထိတ်လန့်တကြား အော်ဟစ်သံကိုကြားလိုက်ရလေသည်။
"ရန်သူတိုက်ခိုက်နေပြီ"
ရန်သူ တိုက်ခိုက်နေပြီ၊ ဧကရာဇ်ယွန်းထျန်းနှင့်လန်ကျင်းတို့၏ မျက်နှာအမူအရာများ ပြောင်း လဲသွားကြလေသည်။ သူတို့ကောင်းကင်ယံသို့ပျံတက်လိုက်ကြရာ၊ ကောင်းကင်အထိမြင့်မားလှ သောဆေးနံ့သာအိုးကြီးသည် သူ၏တစ်ကိုယ်လုံးတွင် ရွှေရောင်မီးလျှံများတရဟောတောက်လောင် နေပြီး ချက်ချင်းရိုက်ချလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ဆေးနံ့သာအိုး၏ ကမ္ဘာပျက်မတတ်စွမ်းအားကိုခံစားမိလိုက်သောအခါ၊ ဧကရာဇ်ယွန်းထျန်း သည် ကောင်းကင်ယံရှိရန်ရှောက်ထျန်းကိုကြည့်ကာ သူ၏နှလုံးသားထဲတွင်အတိုင်းအဆ မဲ့သော မုန်းတီးမှုများဖြင့် ဟိန်းဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်းရဲ့အဖိုးကို ငါ အသေသတ်မယ်"
သူသည် သူ၏လက်ထဲမှ ကောင်းကင်တုန်ခါနတ်ဘုရားဓားဖြင့် ဓားတစ်ချက်ဝှေ့ယမ်းလိုက် လေသည်။ သန်းပေါင်းဆယ်ချီသောကောင်းကင်တုန်ခါဓားချီစွမ်းအင်များမှာ ဆေးနံ့သာအိုးနှင့် ရန်ရှောက်ထျန်းဆီသို့ အရူးအမူးတိုးဝင်သွားကြလေသည်။
ကျယ်ပြောလှသော နတ်ဘုရားအရှိန်အဝါနှင့် ဧကရာဇ်အရှိန်အဝါများမှာ ဧကရာဇ်ယွန်း ထျန်းထံမှမြင့်တက်လာခဲ့လေသည်။ လန်ကျင်းနှင့်ကြယ်နတ်ဘုရားလေးပါးတို့သည်လည်း တစ်ပြိုင် နက်တည်းဟိန်းဟောက်လိုက်ကြပြီး သူတို့၏အတိုင်းအဆမဲ့သောနတ်ဘုရားစွမ်း အားများကို ထုတ်ဖော်ကာ ဆေးနံ့သာအိုးဆီသို့အရူးအမူးတိုက်ခိုက်လိုက်ကြလေသည်။
ပတ်ဝန်းကျင်ရှိကြယ်စု တန်းနတ်ဘုရားနိုင်ငံတော်မှ ရှေးဟောင်းဘိုးဘေးများနှင့်နတ်ဘုရား ဘိုးဘေး အားလုံးလည်း ဟိန်းဟောက်လျက် တိုက်ခိုက်လိုက်ကြလေသည်။
ကမ္ဘာပျက်တော့မည့်အလားစွမ်းအားများသည် ကောင်းကင်ယံသို့တဟုန်ထိုး မြင့်တက် လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏အရောင်ကိုပြောင်းလဲသွားစေခဲ့လေသည်။ ထိုခဏတွင် ကမ္ဘာ ကြီးမှာ လင်းထိန်သွားခဲ့ပြီး ကြယ်စုတန်းနတ်ဘုရားကျွန်းတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ပါ လင်းလက်သွားခဲ့လေသည်။
"ဘုန်း..."
ဆေးနံ့သာအိုးရိုက်ချလိုက်ရာ၊ ကောင်းကင်တုန်ခါဓားချီစွမ်းအင်များ၊ လန်ကျင်းနှင့် ကြယ်နတ်ဘုရားလေးပါးတို့၏ ကျယ်ပြောလှသောနတ်ဘုရားစွမ်းအားများနှင့် ကြယ်စုတန်းနတ်ဘု ရားနိုင်ငံတော်မှရှေးဟောင်းဘိုးဘေး၊ နတ်ဘုရားဘိုးဘေးအားလုံး၏ ကမ္ဘာပျက်မတတ် စွမ်းအားများ အားလုံးပျောက်ကွယ်သွားခဲ့လေပြီ။
ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ နတ်ဘုရားတစ်သောင်းနီးပါးနှင့် စိန့်အဆင့်ပညာရှင် ပေါင်းသန်းချီတို့၏ ကမ္ဘာပျက်မတတ်စွမ်းအားများပေါင်းစပ်ထားလျှင်ပင် ဆေးနံ့သာအိုးကို မတား ဆီးနိုင်ခဲ့ကြပေ။
ဆေးနံ့သာအိုးမှာ ကျယ်လောင်စွာတုန်ခါသွားခဲ့လေသည်။ သို့သော်လည်းထိုမျှသာဖြစ်လေ သည်။ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ လူတိုင်း၏ပေါင်းစပ်စွမ်းအားများသည် ဟွန်ယွမ်နတ်ဘု ရားတောင်ကြီးတစ်လုံးကိုရိုက်ခတ်လိုက်သလိုပင်ဖြစ်နေခဲ့ပြီး၊ ၎င်းကိုအနည်းငယ်မျှပင်မလှုပ်ခတ် နိုင်ခဲ့ကြပေ။
ဆေးနံ့သာအိုးမှာ လှုပ်ခတ်ခြင်းမရှိဘဲ ဆက်လက်ရိုက်ချလာသည်ကိုမြင်သောအခါ၊ ဧက ရာဇ်ယွန်းထျန်းနှင့် လန်ကျင်းတို့၏မျက်နှာအမူအရာများ သိသိသာသာပြောင်းလဲသွားကြလေသည်။ ဤဧရာမအိုးကြီးက ဘယ်လိုမျိုးတည်ရှိမှုလဲ၊ ဒီလောက်အထိကြောက်စရာကောင်းတဲ့ အစွမ်းရှိ နေရတာလဲ။
ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ နတ်ဘုရားတစ်သောင်းနီးပါးနှင့် စိန့်အဆင့်ပညာရှင် ပေါင်းသန်းချီတို့၏ ပေါင်းစပ်စွမ်းအားကိုရင်ဆိုင်ရမည်ဆိုလျှင် အနက်ရှိုင်းဆုံးပင်လယ်အရှင် သခင်ပင်လျှင် နောက်သို့ဆုတ်ခွာရပေလိမ့်မည်။ သို့သော်ဤဧရာမအိုးကြီးကတော့ နောက်မဆုတ် ခဲ့ပေ။
"ဆုတ်ခွာကြ"
ဧကရာဇ်ယွန်းထျန်းက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲတွင် ငွေနဂါးနတ်ဘုရားခက်ရင်း ပေါ်ထွက်လာခဲ့လေသည်။ သူသည်လေထဲသို့ အပြင်းအထန်ပျံတက်လိုက်ပြီး ဆေးနံ့သာအိုး၏ ကမ္ဘာပျက်မတတ်တိုက်ခိုက်မှုကိုတားဆီးရန်အတွက် ထိုခက်ရင်းဖြင့်နောက်တစ်ကြိမ် ထိုးနှက် လိုက်လေသည်။
ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ပညာရှင်အားလုံးလည်း ထိုအခိုက်အတန့်တွင် အပြင်း အထန်ဆုတ်ခွာလိုက်ကြလေသည်။
"ဒုန်း..."
ဧကရာဇ်ယွန်းထျန်း၏ ငွေနဂါးနတ်ဘုရားခက်ရင်းသည် ဆေးနံ့သာအိုးကို ထိမှန်သွားသည့် ခဏတွင်၊ သူ မမြင်ယောင်နိုင်လောက်အောင် ကြီးမားလှသောစွမ်းအားတစ်ခု မြင့်တက်လာခဲ့ပြီး ငွေနဂါးနတ်ဘုရားခက်ရင်းမှာ ချက်ချင်းပင်လွင့်ထွက်သွားခဲ့လေသည်။
ဧကရာဇ်ယွန်းထျန်းမှာ ကြယ်တံခွန်တစ်ခုအလား အောက်ခြေမြေပြင်အတွင်းသို့ ရိုက်ချခံ လိုက်ရလေသည်။ အောက်ခြေမြေပြင်ရှိမရေမတွက်နိုင်သော နန်းဆောင်များမှာချက်ချင်းပင် မြေမှုန့် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဆေးနံ့သာအိုးသည် အောက်ခြေမြေပြင်ပေါ်သို့ ရိုက်ချလိုက်လေသည်။
ဖျက်ဆီးခြင်းစွမ်းအား အလွှာများသည် လှိုင်းလုံးများအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့လေသည်။ အဆောက်အအုံများနှင့်မြို့များမှာ သဲနန်းတော်များအလား ပြိုလဲသွားခဲ့ကြပြီး မြေမှုန့်များအဖြစ်ပြောင်းလဲသွားခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင် လန်ကျင်းနှင့် ကြယ်နတ်ဘုရားလေးပါး၊ ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးများမှာ ဧကရာဇ်ယွန်းထျန်းနှင့်အတူ မြေပြင်အတွင်းသို့ရိုက်ချခံလိုက် ရလေ သည်။ မရေမတွက်နိုင်သော စစ်တပ်များလည်း မြေပြင်အတွင်းသို့ ရိုက်ချခံလိုက်ရလေသည်။
ဧကရာဇ်ယွန်းထျန်းသည် ကောင်းကင်ယံသို့ပြန်လည်ပျံတက်လာခဲ့ပြီး အရူးအမူးဖြစ် နေသောခြင်္သေ့တစ်ကောင်အလား ဒေါသတကြီးဟိန်းဟောက်လိုက်ကာ သူ၏လက်သီးများဖြင့် ရန်ရှောက်ထျန်းဆီသို့ အရူးအမူး ထိုးနှက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်းရဲ့ အဖိုးကို ငါ အသေသတ်မယ်"
သူသည် ဆေးနံ့သာအိုးကိုမသတ်နိုင်သဖြင့် ရန်ရှောက်ထျန်းကိုအရူးအမူးသတ်ရန် ကြိုးစား လိုက်ခြင်းဖြစ်လေသည်။ သို့သော်လည်းသူ၏တိုက်ခိုက်မှုမှာ ရန်ရှောက်ထျန်းဆီသို့မရောက်မီ မှာပင်၊ ကောင်းကင်ယံသို့ပျံတက်သွားခဲ့သောဆေးနံ့သာအိုးကြောင့် သူသည် နောက်တစ်ကြိမ် မြေပြင်အတွင်းသို့ ရိုက်ချခံလိုက်ရပြန်လေသည်။
ဤနှစ်များအတွင်း ဆေးနံ့သာအိုးသည် ရန်ရှောက်ထျန်း၏ ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေကို နေ့တိုင်းသောက်သုံးခဲ့ခြင်းဖြစ်လေသည်။ လွန်ခဲ့သောနှစ်များကရရှိခဲ့သော သူ၏ဒဏ် ရာများမှာ များစွာပြန်လည်သက်သာသွားခဲ့ပြီဖြစ်ရာ သူ၏အစွမ်းမှာ ပိုမိုကြီးမားလာခဲ့လေသည်။
သူ၏အစွမ်းမှာ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ကိုသတ်ခဲ့စဉ်ကထက်ပင် ပိုမိုအစွမ်း ထက်နေခဲ့လေပြီ။ ဧကရာဇ်ယွန်းထျန်း၊ လန်ကျင်းနှင့် တခြားသူများကဘယ်လိုလုပ်ပြီး တောင့်ခံနိုင် ကြပါ့မည်နည်း။
ဆေးနံ့သာအိုးက နောက်တစ်ကြိမ် ရိုက်ချလိုက်သောအခါ ကြယ်စုတန်းနတ်ဘုရား ကျွန်းတစ် ခုလုံး ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခုမှာ အံ့ဩစရာကောင်းလှသောအရှိန်ဖြင့် နတ်ဘုရားကျွန်းတစ်ခုလုံးကို ဖြတ်ကျော်သွားခဲ့လေသည်။ တိုက်ကြီးတစ်ခုကဲ့သို့ ရှိနေသော ကြယ်စုတန်းနတ်ဘုရားကျွန်းမှာ အလယ်မှနေ၍ အမှန်တကယ်ပင် ကျိုးပဲ့သွားခဲ့လေပြီ။ ၎င်းမှာ နှစ်ခြမ်းကွဲသွားခဲ့ခြင်း ဖြစ်လေသည်။
ကြယ်စုတန်းနတ်ဘုရားကျွန်းမှာ ရှေးဟောင်းခေတ်ကာလကတည်းက တည်ရှိလာခဲ့ခြင်း ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ပေါင်းသန်းချီအတွင်း ၎င်းကိုကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ပညာရှင်များကနည်းလမ်းမျိုးစုံဖြင့် အမြဲတမ်းခိုင်မာအောင်လုပ်ဆောင်ခဲ့ကြပြီး၊ အစွမ်းထက် ဆုံးသော နတ်ဘုရားပင်လျှင် ၎င်းကိုမလှုပ်ခတ်နိုင်ကြောင်းကြွေးကြော်ခဲ့ကြလေသည်။ သို့သော် ယခုမူ ၎င်းမှာကျိုးပဲ့သွားခဲ့လေပြီ။
သွေးများဖြင့် ဖုံးလွှမ်းနေသော ဧကရာဇ်ယွန်းထျန်းသည် မြေပြင်ပေါ်မှပြန်လည် ပျံတက် လာခဲ့ပြီး နှစ်ခြမ်းကွဲသွားသောကြယ်စုတန်းနတ်ဘုရားကျွန်းကိုကြည့်ကာ ကောင်းကင်ကြီး ပြိုကျ သွားသလိုခံစားလိုက်ရလေသည်။ ကြယ်နတ်ဘုရားနန်းတော်ဖျက်ဆီးခံရချိန်ကပင်၊ သူ၏သား အသတ်ခံလိုက်ရကြောင်း သိရှိချိန်နှင့် ရှေးဟောင်းဘိုးဘေး၊ နတ်ဘုရားဘိုးဘေး ထောင်ပေါင်းများစွာ ကျဆုံးခဲ့ရကြောင်း သိရှိချိန်တွင်ပင် သူ ဤမျှလောက်အထိ ကောင်းကင်ပြိုကျသလို မခံစားခဲ့ရဖူးပေ။
ယခုမူ သူသည်ကောင်းကင်ကြီးပြိုကျသွားပြီဟု ခံစားလိုက်ရလေသည်။ ကြယ်စုတန်း နတ်ဘုရားကျွန်းမှာ ပင်လယ်ရပ်ခြားရှိနိုင်ငံပေါင်းတစ်သိန်း၏ဝတ်ပြုကိုးကွယ်ရာနေရာ ဖြစ်လေ သည်။ ယခုမူ ၎င်းမှာ နှစ်ခြမ်းကွဲသွားခဲ့လေပြီ၊ ၎င်းကို ပြန်လည်ပြင်ဆင်နိုင်ပါဦးမည်လော။
ဧကရာဇ်ယွန်းထျန်း၏အဖြေမှာ ထိုအက်ကွဲကြောင်းကြီးအတွင်းမှတက်လာသော အတိုင်း အဆမဲ့သည့် လှိုင်းလုံးကြီးများပင်ဖြစ်လေတော့သည်။
"ရန်ရှောက်ထျန်း... မင်း မသေမချင်း ငါ အနားယူမှာ မဟုတ်ဘူး"
ဧကရာဇ်ယွန်းထျန်း၏ မျက်လုံးများမှာသွေးအလားနီမြန်းနေခဲ့ပြီး သူကဟိန်းဟောက် လိုက်လေသည်။
"ငါ ဒီဘဝမှာ မင်းကိုသေချာပေါက် သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်"
ထိုသို့ပြောပြီးနောက် သူသည်ရန်ရှောက်ထျန်းဆီသို့ နောက်တစ်ကြိမ်ထပ်မံပြေးဝင်လာခဲ့ လေသည်။ လန်ကျင်းနှင့်ကြယ်နတ်ဘုရားလေးပါးတို့သည်လည်း ပြင်းထန်စွာဒဏ်ရာရထားကြပြီး သွေးများကို အန်ထုတ်နေကြရသော်လည်း၊ မြေအောက်အတွင်းမှ ထွက်လာကြကာ ကျိုးပဲ့သွားသော ကြယ်စုတန်းနတ်ဘုရားကျွန်းကိုကြည့်ပြီး၊ ပျက်စီးသွားသောမရေမတွက်နိုင်သည့် မြို့များ၊ နန်း ဆောင်များနှင့် စစ်တပ်များကိုကြည့်ကာငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေကြရ လေသည်။
သူသည် အရှင်မင်းကြီးအား ချန်ဆန်းတိုက်ကြီးနှင့်ငြိမ်းချမ်းရေးယူရန်၊ ရန်ရှောက်ထျန်းနှင့် ငြိမ်းချမ်းရေးယူရန် အချိန်အတော်ကြာကတည်းက အကြံပြုခဲ့ဖူးလေသည်။ သို့သော်လည်း သူတို့၏ အရှင်မင်းကြီးမှာခေါင်းမာခဲ့ပြီး ချန်ဆန်းတိုက်ကြီးကိုတိုက်ခိုက်ရန်၊ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်ကို ဖျက်ဆီးရန်နှင့်ရန်မိသားစုမှလူတိုင်းကိုသတ်ရန်သာ ဇွတ်လုပ်ခဲ့ခြင်း ဖြစ်လေ သည်။
ယခုမူ ဘာပြောပြော နောက်ကျသွားခဲ့လေပြီ။
သွေးများသည် ကြယ်စုတန်းနတ်ဘုရားကျွန်းကို နီရဲသွားစေခဲ့လေသည်။ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကိုလည်း နီရဲသွားစေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ရန်ရှောက်ထျန်းဆီသို့ ပြေးဝင်လာနေသော ဧကရာဇ်ယွန်းထျန်းမှာ ဆေးနံ့သာအိုးကြောင့် နောက်တစ်ကြိမ်မြေပြင် အတွင်း သို့ ရိုက်ချခံလိုက်ရပြန်လေသည်။ ကျိုးပဲ့နေသော ကြယ်စုတန်းနတ်ဘုရားကျွန်းမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ မရေမတွက်နိုင်သော အက်ကြောင်းသေးလေးများ ပေါ်ထွက်လာခဲ့ကာ ပြိုလဲတော့မည့်အခြေအနေသို့ ရောက်ရှိနေတော့သည်။
လန်ကျင်းနှင့် တခြားသူများထိတ်လန့်သွားကြလေသည်။ အကယ်၍သာ ဤသို့ ဆက်လက် ရိုက်ချနေမည်ဆိုပါက ကြယ်စုတန်းနတ်ဘုရားကျွန်းမှာကျိုးပဲ့သွားရုံတင်မကဘဲ နောက် ဆုံး၌ နစ်မြုပ်သွားပေလိမ့်မည်။
လန်ကျင်းတို့၏ ကြောက်မက်ဖွယ်ကောင်းသောအတွေးများကို အတည်ပြုပေးလိုက်သ လိုပင်၊ ဧကရာဇ်ယွန်းထျန်းနောက်တစ်ကြိမ်ပြန်လည်ပျံတက်လာကာ ရန်ရှောက်ထျန်းဆီသို့ ပြေးဝင်လာချိန်တွင် နောက်ထပ်တစ်ကြိမ်မြေပြင်အတွင်းသို့ရိုက်ချခံလိုက်ရပြန်ရာ၊ ကြယ်စုတန်း နတ်ဘုရားကျွန်းမှာယိမ်းယိုင်သွားခဲ့ပြီး တိမ်းမှောက်သွားသောဧရာမသင်္ဘောကြီးတစ်စင်းအလား နယ်နိမိတ်မဲ့ ပင်လယ်ပြင်အတွင်းသို့ နစ်မြုပ်သွားခဲ့လေတော့သည်။
နယ်နိမိတ်မဲ့ပင်လယ်ပြင်ကိုရိုက်ခတ်သွားခဲ့သဖြင့် သန်းပေါင်းဆယ်ချီသော ဧရာမလှိုင်း လုံးကြီးများပေါ်ထွက်လာခဲ့လေသည်။ "မရှိတော့ဘူး" လန်ကျင်းတို့လေးဦးမှာ နစ်မြုပ်သွားသော ကြယ်စုတန်းနတ်ဘုရားကျွန်းကိုကြည့်ကာ သူတို့၏မျက်နှာများမှာဖြူဖျော့သွားခဲ့ပြီး သူတို့၏စိတ် ထဲမှာ ဗလာကျင်းသွားခဲ့လေသည်။
ကြယ်စုတန်းနတ်ဘုရားကျွန်းမှာ အမှန်တကယ်ပင် မရှိတော့ဘူးတဲ့လား၊ ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှ ပညာရှင်အမြောက်အမြားမှာ စိတ်ဓာတ်ကျသွားကြပြီး အချို့မှာ အားပါးတရ ငိုကြွေးနေကြလေသည်။
"သေစမ်း"
ဧကရာဇ်ယွန်းထျန်းမှာ ကောင်းကင်ယံသို့ ပျံတက်လာဆဲဖြစ်ပြီး သူ၏ကျယ်ပြောလှသော နတ်ဘုရားအရှိန်အဝါနှင့် ဧကရာဇ်အရှိန်အဝါများမှာလျော့နည်းသွားခြင်းမရှိဘဲ ရန်ရှောက်ထျန်း ဆီသို့ အရူးအမူးပြေးဝင်လာနေခဲ့လေသည်။ သို့သော်လည်း သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ သူ မည်သို့ပင်တိုက်ခိုက်နေပါစေ၊ သူသည်ဆေးနံ့သာအိုးကြောင့် အမြဲတမ်းလွင့်ထွက်သွားခဲ့ရ လေ သည်။ ယခုတစ်ကြိမ်တွင်မူ သူသည်ဆေးနံ့သာအိုးကြောင့် နယ်နိမိတ်မဲ့ပင်လယ်ပြင်အတွင်းသို့ ရိုက်ချခံလိုက်ရလေသည်။
ဆယ်ချက်ခန့် ရိုက်နှက်ပြီးနောက်တွင်မှ ဆေးနံ့သာအိုးမှာနောက်ဆုံး၌ ရပ်တန့်သွားခဲ့လေ သည်။ ဧကရာဇ်ယွန်းထျန်းနှင့်ကြယ်စုတန်းနတ်ဘုရားကျွန်းတို့ ပင်လယ်အောက်ခြေသို့ လုံးဝရိုက်ချ ခံလိုက်ရသည်ကိုမြင်ရပြီးနောက်၊ ယွန်းထျန်းလည်းပြန်လည်တက်မလာတော့သဖြင့် ရန်ရှောက် ထျန်းနှင့် ဆေးနံ့သာအိုးတို့သည် ကောင်းကင်ယံသို့ ပျံတက်ကာထွက်ခွာခဲ့ကြလေတော့သည်။
အချိန်အတော်ကြာပြီးနောက်မှသာ လန်ကျင်းတို့သည်ပြင်းထန်စွာ ဒဏ်ရာရထားသော ဧကရာဇ်ယွန်းထျန်းကို ပင်လယ်အနက်ပိုင်းမှဆွဲထုတ်နိုင်ခဲ့ကြလေသည်။ ရန်ရှောက်ထျန်းထွက်ခွာ သွားပြီးနောက်တွင် သူသည်တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို ကံကြမ္မာနတ်ဘုရားနန်းတော်တည်ရှိ ရာ ကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ မောင်းနှင်ခဲ့လေသည်။
သို့သော်လည်း ကံကြမ္မာနတ်ဘုရားကျွန်းမှာ နယ်နိမိတ်မဲ့ပင်လယ်ပြင်အတွင်းမှာ ရှိနေသော် လည်း၊ ၎င်းမှာဓားပေါင်းတစ်သောင်းတိုက်ကြီးနှင့် အလွန်တရာနီးကပ်လှပေသည်။ လမ်းခရီးမှာ မတိုတောင်းလှပေ။
လမ်းခရီးတစ်လျှောက်တွင် ရန်ရှောက်ထျန်းသည် တစ်စက္ကန့်မျှပင်အလဟဿ မဖြစ်စေဘဲ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်နှင့် ရှေးဦးမူလနဂါးကျမ်းစာတို့ကိုသေမင်းနတ်ဘုရားသစ်ပင်နှင့် အသက် နတ် ဘုရားသစ်ပင်တို့၏ အကူအညီဖြင့် ကြိုးစားပမ်းစားကျင့်ကြံနေခဲ့လေသည်။
သို့သော်လည်း သူ့ကိုအံ့အားသင့်စေသည်မှာ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့မှာ ကြယ်စုတန်းနတ်ဘုရားကျွန်းပေါ်မှာ မရှိနေခဲ့ခြင်း ဖြစ်လေသည်။ ထိုနှစ်ဦးမှာ ဧကရာဇ်ယွန်းထျန်းနှင့် မဟာမိတ်ဖွဲ့ရန် နယ်နိမိတ်မဲ့ ပင်လယ်ပြင်ထဲကို ဝင်လာခဲ့ကြတာ မဟုတ်ဘူးလား။ အကယ်၍ မဟုတ်ဘူးဆိုရင် သူတို့ ဘယ်ကို ရောက်သွားကြတာလဲ။ ရုတ်တရက် သူသည် ကံကြမ္မာနတ်ဘုရားနန်းတော်ကို သတိရလိုက်လေသည်။
မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့သည်လည်း ကံကြမ္မာ နတ်ဘုရားနန်းတော်အတွက်ရောက်နေကြတာများလား။ ၎င်းမှာ ပြောရခက်လှပေသည်၊ ဘာပဲဖြစ် ဖြစ် ကံကြမ္မာနတ်ဘုရားနန်းတော်မှာကံကြမ္မာနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားအသီး ရှိနေသည် မဟုတ်ပါလော။ ကံကြမ္မာကိုသန့်စင်ပေးနိုင်ရုံတင်မကဘဲ၊ ကံကြမ္မာနတ်ဘုရားအသီးမှာ ကုသရေးအတွက်လည်း အလွန်ကောင်းမွန်သော နတ်ဘုရားပစ္စည်း တစ်မျိုး ဖြစ်လေသည်။
***