သူ၏ တပည့်ဖြစ်သူရှောင်ဝမ်၏အကြည့်ကိုခံစားမိလိုက်သဖြင့် ကျန့်လင်း၏မျက်နှာမှာ နီမြန်းသွားတော့သည်။ သူသည် သူ၏အစွမ်းရှိသမျှကိုအသုံးချကာ ရန်ရှောက်ထျန်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။
သူသည် သူ၏လျှို့ဝှက်ချက်ဖြစ်သော အဆင့်မြင့်နည်းပညာအချို့ကိုပင်အသုံးပြုခဲ့ လေ သည်။
“ဓားချက် နတ်ဘုရားတစ်သောင်းဆီသို့”
သို့သော်လည်း “ဓားချက် နတ်ဘုရားတစ်သောင်းဆီသို့” ဆိုသည်မှာပင်အသုံးမဝင်ခဲ့ပေ၊ ရန်ရှောက်ထျန်းက အလွယ်တကူပင် ခုခံနိုင်ခဲ့လေသည်။
“ဓားသိုင်း တိုက်ကြီးကိုးခုကို နှိမ်နင်းခြင်း”
ကျန့်လင်းက ကျယ်လောင်စွာပင် ဟိန်းဟောက်လိုက်လေသည်။
သို့သော်လည်း “ဓားသိုင်း တိုက်ကြီးကိုးခုကို နှိမ်နင်းခြင်း” မှာ အသုံးမဝင်သေးပေ။
ဓားသိုင်းက တိုက်ကြီးကိုးခုကို နှိမ်နင်းနိုင်သော်လည်း ရန်ရှောက်ထျန်းကိုမူ မနှိမ်နင်းနိုင်ခဲ့ပေ။ ရန်ရှောက်ထျန်းမှာ ထိုနေရာတွင် ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံးအလား ခိုင်ခိုင်မာမာ ရပ်နေခဲ့လေသည်။ သူ မည်မျှပင်ဓားချက်များစွာနှင့်ရင်ဆိုင်ရပါစေ၊ သူသည် ဓားတစ်ချက်သာ လိုအပ်လေသည်။
“ဓားသိုင်း နယ်ပယ်အားလုံးကို တုန်လှုပ်စေခြင်း”
ကျန့်လင်းက နောက်တစ်ကြိမ် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြန်သည်။
သူ၏ လက်ချောင်းနှစ်ချောင်းမှာ ဓားတစ်လက်အလားဖြစ်နေပြီး ဓားချီစွမ်းအင်များကို နတ်ဘုရားတစ်ပါးကဲ့သို့ဝှေ့ယမ်းနေလေသည်။ ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်မှာ အဆက်မပြတ် တုန်ခါနေသော်လည်း သူ ရန်ရှောက်ထျန်းဆီသို့ ထိုးနှက်လိုက်သောအခါတွင်မူ ရန်ရှောက်ထျန်းက အလွယ်တကူပင် ပိတ်ဆို့ထားနိုင်ဆဲ ဖြစ်လေသည်။
ကျန့်လင်းက ထပ်ခါတလဲလဲဟိန်းဟောက်ကာ လျှပ်စီးအလားတိုက်ခိုက်နေသော်လည်း ရန်ရှောက်ထျန်းမှာလည်း သူ့ထက်မနှေးလှပေ။ သူ မြန်သော်လည်းရန်ရှောက်ထျန်းက ပို၍ပင် မြန်နေသေးသည်။
သူတို့နှစ်ဦး၏ တိုက်ပွဲမှာပို၍ပို၍မြန်ဆန်လာခဲ့ပြီး သူတို့၏လက်များမှာ လေထဲတွင်ပုံရိပ် ယောင်များအလား ကျန်ရစ်နေခဲ့လေသည်။
ကျန့်လင်း၏ မူလကလေးနက်သောမျက်နှာအမူအရာမှာ ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
ရန်ဟု အမည်ရသောဤလူငယ်က အမှန်တကယ်ပဲဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ။ သူသည် သူ၏အကောင်းဆုံးဓားသိုင်းများကိုပင်အသုံးပြုခဲ့သော်လည်း တစ်ဖက်လူကို အနိုင်မယူ နိုင်သေးပေ။ အနိုင်ယူဖို့ မဆိုထားနှင့်၊ တစ်ဖက်လူက နောက်သို့ ခြေတစ်လှမ်းပင် မဆုတ်ခွာခဲ့ပေ။
“ရန်ညီလေး... သတိထား”
ကျန့်လင်းကသတိပေးလိုက်သည်။ ရုတ်တရက် သူ၏လက်လှုပ်ရှားမှုမှာ နှေးကွေးသွားခဲ့ လေသည်။ သူသည် ရန်ရှောက်ထျန်း၏ ရင်ဘတ်ဆီသို့ လက်ညှိုးတစ်ချက် ထိုးနှက်လိုက်လေသည်။
ဤလက်ညှိုးတစ်ချက်မှာ အမျိုးမျိုး ပြောင်းလဲနေလေသည်။
သူ၏ မိတ်ဆွေဟောင်း အများအပြားပင် ဤဓားကွက်ကို မပိတ်ဆို့နိုင်ခဲ့ကြပေ။
ထို့အပြင် သူ ဤဓားကွက်ကိုအသုံးပြုလိုက်သောအခါ ကျန့်လင်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့လေသည်။
ကျန့်လင်း၏ ဓားလက်ညှိုးမှာရန်ရှောက်ထျန်း၏ရင်ဘတ်ကိုထိမှန်တော့မည့် ဆဲဆဲတွင် ရုတ်တရက် ရန်ရှောက်ထျန်းက သူ၏လက်ချောင်းများကိုယှက်လိုက်ရာ ကောင်းကင်နှင့် မြေကြီး ကြားတွင်ရှိနေသော ရှေးဟောင်းနတ်ဘုရားတောင်ကြီး တစ်လုံးအလား ဖြစ်သွားခဲ့လေသည်။
၎င်းက ကျန့်လင်း၏ ဓားလက်ညှိုးကို ပိတ်ဆို့လိုက်လေသည်။
ကျန့်လင်း၏ ဓားလက်ညှိုးမှာ မည်မျှပင်ပြောင်းလဲနေပါစေ၊ ၎င်းကိုထိုးဖောက်နိုင်ခြင်း မရှိခဲ့ ပေ။
ကျန့်လင်းက ရန်ရှောက်ထျန်းကိုကြည့်ကာ ထိတ်လန့်တကြားဖြင့်ပြောလိုက်သည်။
“ကောင်းကင်နှင့် လူသား တစ်ထပ်တည်းဖြစ်ခြင်း”
သူသည် ယခုလေးတင်ကောင်းကင်နှင့်မြေကြီးနှင့်ပေါင်းစပ်ကာ ဤတိုက်ခိုက်မှုကို အသုံးပြု ခဲ့ခြင်းဖြစ်သော်လည်း သူ၏ရှေ့မှလူငယ်လေးမှာလည်း ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ် သွားခဲ့သည်တဲ့လား။
ဒါ…ဒါက
သူသည် မျိုးဆက်တစ်ခု၏ဓားနတ်ဘုရားဖြစ်သဖြင့် ကောင်းကင်နှင့်လူသား တစ်ထပ် တည်းဖြစ်ခြင်းမှာမဆန်းသော်လည်း သူ၏ရှေ့မှလူငယ်လေးမှာလည်း ကောင်းကင်နှင့် လူသား တစ်ထပ်တည်းဖြစ်ခြင်းကို နားလည်သဘောပေါက်နေသည်တဲ့လား။
သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့်အပြန်အလှန်တိုက်ခိုက်နေကြပြီး အပြည့်အဝ နစ်မြော နေကြလေသည်။
ကျန့်လင်း ရပ်တန့်လိုက်သောအခါ ကောင်းကင်ကြီးမှာလင်းထိန်နေပြီဖြစ်ကြောင်း သတိထား မိလိုက်လေသည်။
သူတို့နှစ်ဦးမှာ မသိလိုက်ဘဲ တစ်ညလုံး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်လေသည်။
သူသည် ရန်ညီလေးကို ထိတ်လန့်တကြားကြည့်လိုက်ပြီးနောက် အားရပါးရရယ်မော လိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ် တကယ့်ကိုလန်းဆန်းသွားတာပဲ၊ ရန်ညီလေးရဲ့ဓားသိုင်းက ကျုပ်ဘဝမှာ မြင်ဖူးသမျှအကောင်းဆုံးပဲ”
ဒါဟာ သူ၏ ရင်ထဲက စကားများဖြစ်လေသည်။
သူသည် ယခင်က ဤမျှလောက်အထိ စိတ်လှုပ်ရှားဖွယ်ကောင်းအောင် မတိုက်ခိုက်ခဲ့ဖူးပေ။
သူသည် စစ်မှန်သောချီစွမ်းအားများကို အသုံးမပြုခဲ့သော်လည်း အလွန်တရာ လန်းဆန်းသွား ခဲ့လေသည်။
ကျန့်လင်းက နောက်တစ်ကြိမ်ရယ်မောလိုက်ပြန်သည်။
“ကျုပ် ကျန့်လင်းက ကျုပ်ဘဝမှာလူသုံးယောက်ကိုပဲအထင်ကြီးခဲ့တာ။ ရန်ရှောက်ထျန်းက စတုတ္ထမြောက်ပဲ”
ရန်ရှောက်ထျန်းက လက်ယှက်ဂါရဝပြုကာ ပြုံးလိုက်သည်။
“ကျန့်အစ်ကိုက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ”
ကျန့်လင်း၏ ဓားသိုင်းမှာအလွန်တရာမြင့်မားလှသဖြင့် ရန်ရှောက်ထျန်းသိသော လူများ ကြားတွင် သူသည်ထိပ်တန်း ဆယ်ဦးစာရင်းဝင်ဖြစ်နိုင်လေသည်။
ထိပ်တန်း ဆယ်ဦးစာရင်းဝင် ဖြစ်နိုင်ခြင်းမှာပင်အလွန်တရာအံ့ဩဖွယ်ကောင်းလှပေပြီ၊ ဘာပဲဖြစ်ဖြစ် ရန်ရှောက်ထျန်းသည် မိုးပြာရောင်ဝက်ဝံ၊ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ဧကရာဇ်ယွန်းထျန်း တို့ကဲ့သို့သော သူများနှင့် ထိတွေ့ခဲ့ဖူးခြင်း ဖြစ်လေသည်။
ကျန့်လင်း စကားပြောတော့မည့် ဆဲဆဲတွင် အဝေးမှခြေသံများကို ကြားလိုက်ရလေသည်။ အရပ်ရှည်ရှည်၊ မျက်နှာဝိုင်းဝိုင်းနှင့် အသားဖြူဖြူလှပသော အမျိုးသမီးတစ်ဦး လမ်းလျှောက်လာ ခဲ့လေသည်။
ရှောင်ဝမ်မှာ ထိုလှပသောအမျိုးသမီးကိုမြင်လိုက်ရသဖြင့် အလွန်တရာဝမ်းသာသွားပြီး ပြေးသွားခဲ့လေသည်။
“အစ်မလု”
လုယွိထုံက ချိုသာစွာ ပြုံးပြလိုက်သည်။
“ရှောင်ဝမ်”
ထို့နောက် သူမသည် ကျန့်လင်း၏ရှေ့သို့ ရောက်ရှိလာပြီး လေးစားစွာဖြင့် ပြောလိုက်သည်။
“နန်ထျန်း အရှင်သခင်ကို ဂါရဝပြုပါတယ်”
နန်ထျန်း ဟုတ်လား။
ရန်ရှောက်ထျန်း၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့လေသည်။
နန်ထျန်း ဆိုသည်မှာ ကျန့်လင်း၏ ဘွဲ့အမည်ဖြစ်ရပေမည်။
ဝမ်ကျန့်တိုက်ကြီးပေါ်တွင် မရေမတွက်နိုင်သောဓားသိုင်းပညာရှင်များ ရှိကြလေသည်။ ချန်စံတိုက်ကြီးထက် ဓားနတ်ဘုရားအစွမ်းထက်သူများများစွာ ပို၍ရှိကြပြီး ဓားနတ်ဘုရား တစ်ရာခန့် ရှိသည်ဟု ပြောကြလေသည်။
ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်ရှိ ဓားနတ်ဘုရားတစ်ရာထဲတွင် တောင်ဘက် ကောင်းကင် ဓားနတ်ဘုရားဟု အမည်ရသူတစ်ဦး ရှိလေသည်။
သူ၏ရှေ့မှ ကျန့်လင်းမှာ ထိုသူ ဖြစ်ပုံရလေသည်။
တောင်ဘက်ကောင်းကင်ဓားနတ်ဘုရားမှာ ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်ရှိ ဓားနတ် ဘုရားတစ်ရာထဲတွင်ပင် အဆင့်အလွန်မြင့်မားသူ ဖြစ်လေသည်။
သေချာပေါက်ပင် ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင် ပထမမှာသူ၏ဆရာဖြစ်သူ နတ်ဘုရားအရှင်သခင် ဘိုးဘေးဟုန်ဖုန်းဖြစ်လေသည်။ သူ၏ ဆရာ ဘိုးဘေးဟုန်ဖုန်း၏ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ရပ်တည်မှုမှာ မည်သူမျှ မလှုပ်ခတ်နိုင်ပေ။
ကျန့်လင်းက လုယွိထုံဖြစ်ကြောင်းမြင်သောအခါ ခေါင်းငြိမ့်ပြကာ ပြုံးလိုက်သည်။
“လုမိန်းကလေး... မင်းရဲ့ အဘိုးကြီးက မင်းကိုထပ်လွှတ်လိုက်ပြန်ပြီ မဟုတ်လား”
လုယွိထုံက ခေါင်းလေးကို အနည်းငယ် ငုံ့ကာ ပြုံးလိုက်သည်။
“ဘိုးဘေးက နဂါးအရှင်သခင်ဆီကနေ နဂါးကန်လက်ဖက်ရည်အချို့ ရခဲ့လို့ပါ။ နန်ထျန်း အရှင်သခင်က လက်ဖက်ရည်သောက်ရတာကြိုက်မှန်းသိလို့ ကျွန်မကို လာပေးခိုင်းတာပါ”
ထိုသို့ပြောရင်း သူမက ရှောင်ဝမ်အား ကမ်းပေးလိုက်လေသည်။
ကျန့်လင်း၏ မျက်လုံးများမှာတောက်ပသွားပြီး ပြုံးလိုက်သည်။
“မင်းရဲ့ အဘိုးကြီးကို ကျုပ်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးလိုက်ပါဦး”
လုယွိထုံက ပြုံးလိုက်သည်။
“နန်ထျန်း အရှင်သခင်က အားနာတတ်လွန်းပါတယ်”
ထို့နောက် သူမက ပြောလိုက်သည်။
“ဘိုးဘေးက သူ သစ်သီးဝိုင်တစ်သုတ်ဖော်စပ်ထားတာ ဒီနေ့မှဖွင့်မှာမို့လို့ နန်ထျန်း အရှင်သခင်ကို လာပြီးမြည်းစမ်းကြည့်ဖို့ ဖိတ်ခိုင်းလိုက်တာပါ။ နန်ထျန်းအရှင်သခင် အားမလား တော့မသိဘူးပေါ့”
ကျန့်လင်းက ပြုံးလိုက်သည်။
“အိုး... မင်းရဲ့ အဘိုးကြီးရဲ့သစ်သီးဝိုင်က နောက်ဆုံးတော့ဖွင့်တော့မှာပေါ့။ ဒါဆိုရင်တော့ ကျုပ်သွားပြီး မြည်းစမ်းကြည့်ရမှာပေါ့”
ထို့နောက် သူက ရန်ရှောက်ထျန်းကိုပြုံးလျက် ပြောလိုက်သည်။
“ရန်ရှောက်ထျန်း... လုအဘိုးကြီး ဖော်စပ်တဲ့သစ်သီးဝိုင်က တော်တော်ကောင်းတယ်။ ငါတို့ အတူတူ သွားပြီးမြည်းစမ်းကြည့်ကြမလား”
“ကောင်းပါပြီ”
ရန်ရှောက်ထျန်းက ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။
ကျန့်လင်း သဘောတူလိုက်သဖြင့် လုယွိထုံ၏လှပသောမျက်နှာလေးမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။
တောင်ဘက်ကောင်းကင် ဓားနတ်ဘုရားကို ဖိတ်ကြားရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။ သူတို့၏ ဘိုးဘေးမှာ ယခုတစ်ကြိမ် သူ့ကိုဖိတ်ကြားနိုင်ခဲ့သဖြင့် သေချာပေါက် အလွန်တရာဝမ်းသာ သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူမသည် ရန်ရှောက်ထျန်းကို စပ်စုလိုသောအမူအရာဖြင့် ကြည့်လိုက် လေသည်။
သူမ စတင်ရောက်ရှိချိန်တွင် ကျန့်လင်း၏အားရပါးရရယ်မောသံနှင့် “ရန်ရှောက်ထျန်းရဲ့ ဓားသိုင်းက ကျုပ်ဘဝမှာမြင်ဖူးသမျှအကောင်းဆုံးပဲ” ဟူသော စကားကိုအဝေးမှကြားခဲ့ရခြင်း ဖြစ်လေသည်။
တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်သာရှိဦးမည့် ဤလူငယ်ကဘယ်လိုလုပ်ပြီး တောင် ဘက်ကောင်းကင်ဓားနတ်ဘုရားဆီကနေ ဒီလိုချီးကျူးမှုကိုရရှိခဲ့တာလဲ။
ထို့ကြောင့် လုယွိထုံသည်ကျန့်လင်း၊ ရန်ညီလေးနှင့်ရှောင်ဝမ်တို့အား လုမိသားစုဆီသို့ ဝမ်းသာအားရ ဖိတ်ခေါ်သွားခဲ့လေသည်။
လုမိသားစုမှာ ယွန်းမြို့အတွင်း၌ မဟုတ်ဘဲ ယွန်းမြို့နှင့် မဝေးလှသော လွင်ပြင်တစ်ခုပေါ်တွင် ရှိလေသည်၊ ခန်းနားထည်ဝါသောနန်းတော်များစုစည်းနေပြီးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ လေသည်။
ကျန့်လင်း ရောက်ရှိလာကြောင်းသိလိုက်ရသဖြင့် လုမိသားစု၏ဘိုးဘေးဖြစ်သူ လုကျိဖန်မှာ ဝမ်းသာအားရဖြင့် အဝေးမှထွက်ကြိုလေသည်။ သူ၏ရယ်မောသံကိုအဝေးမှကြားနိုင်လေသည်။
သူ၏ အလွန်တရာထက်သန်လှသောနွေးထွေးမှုဖြင့် သူသည်ကျန့်လင်း၊ ရန်ရှောက်ထျန်းတို့ သုံးဦးအား လုမိသားစု၏ခန်းမဆောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့လေသည်။
အားလုံးထိုင်ပြီးနောက်တွင် လုကျိဖန်သည် သူ ဖော်စပ်ထားသော သစ်သီးဝိုင်ကို ချက်ချင်း ယူလာခိုင်းလိုက်သည်။ ၎င်းကိုဖွင့်လိုက်သည်နှင့် ဝိုင်၏မွှေးရနံ့မှာ လေထဲတွင်ချက်ချင်းပျံ့နှံ့သွားပြီး အနံ့ခံမိသူ မည်သူမဆိုမူးယစ်သွားစေနိုင်လေသည်။
ကျန့်လင်းက ရန်ရှောက်ထျန်းကိုပြုံးလျက် ပြောလိုက်သည်။
“ရန်ရှောက်ထျန်း... ဒီသစ်သီးဝိုင်ကိုလုအဘိုးကြီးကရှားပါးဆေးဘက်ဝင်အပင်ပေါင်း တစ်ရာကျော်ကို အသုံးပြုပြီးဖော်စပ်ထားတာ၊ အဲဒီထဲမှာတစ်ခုကတော့ မိစ္ဆာတောင်တန်းက နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ ဟင်္သာပြဒါးသစ်သီးပဲ။ မင်း မြည်းစမ်းကြည့်သင့်တယ်”
ကျန့်လင်းက ရန်ရှောက်ထျန်းအပေါ် ဆက်ဆံပုံမှာ ထူးခြားနေသည်ကိုမြင်လိုက်ရသဖြင့် လုကျိဖန်မှာ စပ်စုလိုစိတ်ဖြင့် ပြုံးလျက် မေးလိုက်သည်။
“ဒီလူငယ်လေးက ဘယ်သူလဲ”
“ကျွန်တော် ရန်ရှောက်ထျန်းပါ”
ရန်ရှောက်ထျန်းက လက်ယှက်ဂါရဝပြုလျက် ပြောလိုက်သည်။
ကျန့်လင်းက လုကျိဖန်ကိုပြုံးလျက် ပြောလိုက်သည်။
“ရန်ရှောက်ထျန်းရဲ့ ဓားသိုင်းကအလွန်တရာမြင့်မားတယ်။ မင်းတို့လုမိသားစုက လုကျန်း တောင် သူ့ရဲ့ ပြိုင်ဘက်မဟုတ်လောက်ဘူး”
လုကျိဖန်မှာ ၎င်းကို ကြားလိုက်ရသဖြင့် ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ၊ သူသည် ကျန့်လင်း၏ စကားကိုအပြည့်အဝ သဘောတူပုံ မရပေ။
လုကျန်းမှာ လုမိသားစု၏ ဤမျိုးဆက်တွင်အတော်ဆုံး ဓားသိုင်းပါရမီရှင်ဖြစ်ပြီး ချန်ကျိုး၏ လူငယ်ဧကရာဇ်ကိုးပါးထဲမှ တစ်ဦးလည်းဖြစ်လေသည်။ သူ၏ဓားသိုင်းပါရမီမှာ အလွန်မြင့်မား လှသဖြင့် နဂါးအရှင်သခင်ပင်လျှင် သူ့ကိုအရှုံးပေးရကြောင်း ဝန်ခံခဲ့ဖူးလေသည်။
သူသည် ဤအကြောင်းအရာကို ဆက်မဆွေးနွေးတော့ဘဲ ကျန့်လင်းကို ပြုံးလျက် ပြောလိုက်သည်။
“ကျုပ် ဓားသိုင်းကျမ်းတစ်စောင်ရခဲ့တယ်။ ဒီဓားသိုင်းကျမ်းကကြီးကျယ်တဲ့ နောက်ခံ ရှိတယ်၊ ဒါကို ဟိုတုန်းက ရှန်မုန့်အရှင်သခင်က ချန်ထားခဲ့တာ။ ဒါပေမဲ့ ကျုပ်ဘယ်လိုမှ ဖွင့်လို့မရလို့ ခင်ဗျားကို ကူပြီးကြည့်ပေးဖို့ပြောမလို့ပါ”
ရှန်မုန့်အရှင်သခင် ချန်ထားခဲ့သည်ဆိုသည်ကိုကြားလိုက်ရသဖြင့် ကျန့်လင်းမှာ လေးနက် သွားတော့သည်။
ဤအချိန်တွင် လုကျိဖန်ကဓားသိုင်းကျမ်းတစ်စောင်ကိုထုတ်ယူလိုက်သည်။ ထိုဓားသိုင်း ကျမ်း၏ မျက်နှာဖုံးမှာ ဘယ်လိုပစ္စည်းမျိုးနဲ့လုပ်ထားလဲမသိရဘဲ သံရောရွှေရောနှင့် တူနေကာ ၎င်း၏ အပေါ်တွင် ဓားချီစွမ်းအင်များ စီးဆင်းနေလေသည်။
“ဒီဓားသိုင်းကျမ်းကိုဖွင့်ဖို့အတွက် အပေါ်ကဓားချီကိုဖျက်ဆီးရမယ်၊ ဒါပေမဲ့ ကျုပ် နည်းမျိုး စုံ သုံးကြည့်ပေမဲ့ ဖျက်ဆီးလို့ မရသေးဘူး” ဟု လုကျိဖန်က ခေါင်းခါလျက် ပြောလိုက်သည်။
ကျန့်လင်းက ၎င်းကိုယူလိုက်ပြီး လေးနက်သောမျက်နှာအမူအရာဖြင့် ရှိနေသည်။ သူ၏ လက်ဝါးတွင် ဓားချီများကိုစုစည်းလိုက်ပြီး ဓားသိုင်းကျမ်းမျက်နှာဖုံးပေါ်ရှိ ဓားချီကိုဖျက်ဆီးရန် ကြိုးစားလိုက်သော်လည်း သူ၏လက်ဝါးက ၎င်းကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် နောက်သို့ ပြန်လည် တွန်းထုတ်ခြင်းကို ခံလိုက်ရလေသည်။
***