“ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးပညာရှင်ကဓားအသိ (၁၄) မျိုးအထိ ကျင့်ကြံထားတယ်ဟုတ်လား”
ရန်ရှောက်ထျန်းပင်လျှင် အံ့အားသင့်သွားခဲ့လေသည်။
ဒီကျောက်ရုန်က တော်တော် အစွမ်းထက်တာပဲ။
ချန်စံအိမ်တော်က စီလုံဓားနတ်ဘုရားတောင်မှဓားအသိ(၁၂)မျိုးပဲ ကျင့်ကြံထားနိုင်တာ မဟုတ်ပါလော။
ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းက ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမဆိုလျှင် ဓားအသိ (၁၁) မျိုးသာ ကျင့်ကြံထားနိုင်ခဲ့ခြင်းဖြစ်လေသည်။
“အဲဒီလိုပဲ ကြားရပါတယ်”
လီလဲ့က လေးနက်သောမျက်နှာအမူအရာဖြင့်ပြောလိုက်သည်။
“ဒါပေမဲ့ တချို့ကလည်းကျောက်ရုန်က သူရဲ့အစွမ်းကိုဖုံးကွယ်ထားတာဖြစ်ပြီး သူက ဓားအသိ (၁၅) မျိုးအထိတောင် ကျင့်ကြံထားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်”
ရန်ရှောက်ထျန်းမှာ ဆွံ့အသွားတော့သည်။
“ဓားအသိ (၁၅) မျိုး ဟုတ်လား”
“ဟုတ်ပါတယ်”
လီလဲ့က ခေါင်းငြိမ့်ပြပြီးပြောလိုက်သည်။
“ဓားအသိ (၁၅) မျိုးပါ။ ကျောက်ရုန်ရဲ့ဓားသိုင်းပါရမီက ဘိုးဘေးဟုန်ဖုန်းပြီးရင် ဒုတိယ လိုက်တယ်လို့ ပြောကြပါတယ်”
သူ့ဆရာ ဘိုးဘေးဟုန်ဖုန်းပြီးရင် ဒုတိယဟုတ်လား။
ရန်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒဏ္ဍာရီတွေအရတော့ ဘိုးဘေးဟုန်ဖုန်းက ဟိုတုန်းကဂိုဏ်းချုပ်ရာထူးကို ကျောက်ရုန်ကို ပေးဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ဘာအကြောင်းကြောင့်လဲမသိဘဲ ဘိုးဘေးဟုန်ဖုန်းက ထုန်းထျန်းနတ် ဘုရားဂိုဏ်းရဲ့ဂိုဏ်းချုပ်ရာထူးကို ကျောက်ရုန်ကိုမပေးခဲ့ပါဘူး” ဟု လီလဲ့ကပြောလိုက်သည် ။ “ဒါပေမဲ့ ဘိုးဘေးဟုန်ဖုန်းက အဲဒီတုန်းကကျောက်ရုန်ကို ဂိုဏ်းချုပ်ရာထူး မပေးခဲ့တာက မှန်ပါတယ်”
“ဘာလို့ အဲဒီလို ပြောတာလဲ” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည် ။
“ကျောက်ရုန်က ရည်မှန်းချက်အရမ်း ကြီးလွန်းပါတယ်။ သူကယာယီဂိုဏ်းချုပ် ဖြစ်နေတာ လဝက်ပဲရှိသေးပေမဲ့ ဝမ်ကျန့်တိုက်ကြီးတစ်ခုလုံးကို စည်းလုံးဖို့ကြိုးစားရင်း နေရာတိုင်းမှာ ပညာရှင်တွေကိုစုဆောင်းနေပါတယ်။ ဒါတင်မကဘဲ သူရဲ့နည်းလမ်းတွေက ရက်စက်လွန်းတယ်။ သူရဲ့ အမိန့်ကိုမနာခံတဲ့ ဂိုဏ်းတွေနဲ့ မိသားစုတွေကို ညတွင်းချင်းအမြစ်ပြတ် သတ်ပစ်တတ်တယ်”
“ငွေလမင်းဂိုဏ်းလိုပေါ့၊ သူတို့ကအမိန့်ကိုမနာခံလို့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းက အမျိုးသမီးတွေနဲ့ ကလေးတွေကိုတောင်မချန်ဘဲသတ်ဖြတ်ပစ်ခဲ့တာ။ ငွေလမင်းဂိုဏ်းကို ဖျက်ဆီး ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အဆိပ်အရိပ်ဂိုဏ်းကအညံ့မခံတာကို မြင်တော့ ငွေလမင်းဂိုဏ်း ကို ကျွန်တော်တို့ အဆိပ်အရိပ်ဂိုဏ်းက ဖျက်ဆီးခဲ့တာပါဆိုပြီး အပုပ်ချခဲ့တာပဲ”
ရန်ရှောက်ထျန်း၏ မျက်နှာမှာ မှောင်မိုက်သွားသည်။
“ထုန်းထျန်းနတ်ဘုရားဂိုဏ်းက တခြား ပညာရှင်တွေက ဘာမှမလုပ်ကြဘူးလား”
လီလဲ့က ခေါင်းခါပြလိုက်သည်။
“ကျောက်ရုန်က ယာယီဂိုဏ်းချုပ်မဖြစ်ခင်ကတည်းကဂိုဏ်းထဲမှာ အဆင့်အတန်းနဲ့ ဂုဏ်သ တင်းကအရမ်းမြင့်မားနေတာပါ။ ဂိုဏ်းထဲကအစွမ်းထက်သူ အများအပြားကသူ့ကိုထောက်ခံကြ တယ်၊ နေလစိန့်ဘုရင်တောင်မှ သူ့ရဲ့လက်ရုံးတစ်ဆူဖြစ်နေတာ။ အခုသူယာယီဂိုဏ်းချုပ် ဖြစ်လာ တော့ သူပြောသမျှကအတည်ပဲပေါ့၊ ဘယ်သူကကန့်ကွက်ရဲမှာလဲ”
“နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်ကထုန်းထျန်းနတ်ဘုရားဓားကိုရပြီး အောင်နိုင်ခဲ့ရင် တောင်မှ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို တာဝန်ယူဖို့ကတော်တော်ခက်ခဲပါလိမ့်မယ်”
“ဘာလို့လဲဆိုတော့ ကျောက်ရုန်ရဲ့ ဂုဏ်သတင်းက ဂိုဏ်းထဲမှာ အရမ်း မြင့်မားနေလို့ပဲ၊ သူက အကြွင်းမဲ့ အာဏာကိုကိုင်ထားပြီး ထုန်းထျန်းနတ်ဘုရားဂိုဏ်းကလူတိုင်းက သူ့ကိုပဲနာခံနေကြတာ”
ဒါဟာ သူ စိုးရိမ်နေတဲ့ အချက်ပဲ ဖြစ်လေသည်။
အကယ်၍ သူသည်ထုန်းထျန်းနတ်ဘုရားဓားကို ရရှိပြီးအောင်နိုင်ခဲ့လျှင်ပင် ထုန်းထျန်းနတ် ဘုရားဂိုဏ်းကို နှိမ်နင်းပြီး တာဝန်ယူရန်မှာခက်ခဲပေလိမ့်မည်။
ထို့အပြင် ယခုသူသည်ဧကရာဇ်အဆင့်တွင်သာရှိသေးသည်။ အကယ်၍သူသာ ထုန်းထျန်း နတ်ဘုရားဓားကိုထုတ်ပြခဲ့လျှင်ပင် လူအများ၏လေးစားမှုကို ရရှိရန်ခက်ခဲပေလိမ့်မည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာ မရေမတွက်နိုင်သောပညာရှင်များ၊ ဓားနတ်ဘုရား အဆင့်ရှိသူ အများအပြားပင် ရှိနေခြင်းဖြစ်လေသည်။
ဤဓားနတ်ဘုရားအဆင့်ရှိသူများက ဧကရာဇ်အဆင့်ရှိသူတစ်ဦးကို ဘယ်လိုလုပ်ပြီးနာခံကြ မှာလဲ။
အကယ်၍ သူသာထုန်းထျန်းနတ်ဘုရားဓားကိုထုတ်ပြလိုက်မည်ဆိုပါက ကျောက်ရုန်သည် သူ့ကို အရင်ဆုံးတိုက်ခိုက်သတ်ဖြတ်ပြီး ဓားကိုလုယူမည့်ပထမဆုံးလူ ဖြစ်လာပေလိမ့်မည်။
အကယ်၍ ကျောက်ရုန်သာ ဓားအသိ(၁၅)မျိုးအထိကျင့်ကြံထားနိုင်သည်ဆိုပါက သူ၏ အစွမ်းမှာ တွင်းနက်ကြီးအရှင်သခင်ထက်ပင်မနိမ့်ကျလှပေ။
တိုင်အရှင်သခင်ကိုယ်တိုင်တိုက်ခိုက်လျှင်ပင် တစ်ဖက်လူကိုကိုင်တွယ်ရန် ခက်ခဲပေလိမ့် မည်။
ထို့အပြင် ယခု သူ၏လက်ထဲတွင် မိုးကောင်းကင်ကိုးလွှာဘေးဒုက္ခမိုးကြိုးရေ တစ်ရာကျော် မရှိတော့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကငရဲနတ်ဘုရားသားတော်ယန်ဖျင်၊ မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ဧကရာဇ်ယွန်းထျန်းတို့ကိုတိုက်ခိုက်စဉ်က မိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခ မိုးကြိုးရေ အတော်လေးကုန်ဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် ကျောက်ရုန်နှင့်ထုန်းထျန်းနတ်ဘုရားဂိုဏ်းအကြောင်းကို အခြား မေးခွန်းများစွာ ထပ်မံမေးမြန်းခဲ့လေသည်။ သူကြားရလေလေ၊ အခြေအနေမှာ ပို၍ ဆိုးရွားလာ လေလေဖြစ်နေတော့သည်။ မူလကထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာ အင်အားစုသုံးစုကွဲနေခဲ့ခြင်း ဖြစ်လေသည်။ အကြီးမားဆုံးအင်အားစုမှာ ကျောက်ရုန်ဖြစ်ပြီး၊ အခြားတစ်ခုမှာ သူ၏ စီနီယာအစ်ကို ကြာပန်းပြာဓားနတ်ဘုရား ဦးဆောင်သောအုပ်စုဖြစ်ကာ၊ တတိယအင်အားစုမှာ ထုန်းထျန်းနတ် ဘုရားဂိုဏ်း၏ အစောင့်အရှောက်များနှင့် အကြီးအကဲများဖြစ်ကြလေသည်။
ယခု ကျောက်ရုန်က ယာယီဂိုဏ်းချုပ်ဖြစ်လာသောအခါ ထုန်းထျန်းနတ်ဘုရားဂိုဏ်း တစ်ခု လုံးရှိ အကြီးအကဲများနှင့်အစောင့်အရှောက်အားလုံးမှာ သူ၏အမိန့်ကိုနာခံနေကြခြင်း ဖြစ်လေ သည်။
သူတို့နှစ်ဦးသည် စကားပြောရင်း လမ်းလျှောက်ခဲ့ကြလေသည်။
မသိလိုက်ပါဘဲနှင့် နေဝင်ချိန်သို့ပင် ရောက်ရှိလာခဲ့လေပြီ။
“မင်းတို့ရဲ့ အဆိပ်အရိပ်ဂိုဏ်းက ဒီကနေဝေးလား” ဟု ရန်ရှောက်ထျန်းကမေးလိုက်သည် ။
လီလဲ့မှာ ခဏမျှမှင်တက်သွားပြီးနောက် ဝမ်းသာအားရပြောလိုက်သည်။
“မဝေးပါဘူး၊ မဝေးပါဘူးဂိုဏ်းချုပ်။ ဒီတောင်ထိပ်ကိုကျော်လိုက်ရုံပါပဲ၊ မဝေးတော့ပါဘူး”
သူက ရှေ့မှ တောင်ထိပ်ကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
ရန်ရှောက်ထျန်းနှင့် လီလဲ့တို့သည် ရှေ့မှ တောင်ထိပ်ကို ဖြတ်ကျော် ပျံသန်းခဲ့ကြသော်လည်း ရောက်ရှိရန်မှာ နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။
ဒါဟာ လီလဲ့ပြောတဲ့ “မဝေးပါဘူး” ဆိုတဲ့ အဓိပ္ပာယ်လား။
လီလဲ့ ပြန်ရောက်လာသောအခါအဆိပ်အရိပ်ဂိုဏ်းမှ တပည့်ပေါင်းသိန်းနဲ့ချီ၍ ကြိုဆိုခဲ့ကြ လေသည်။
အဆိပ်အရိပ်ဂိုဏ်းမှ ပညာရှင်အားလုံးမှာ ရန်ရှောက်ထျန်းကို ဝမ်းသာအားရ ဂါရဝပြုခဲ့ကြပြီး သူ့ကို ဂိုဏ်းချုပ်ဟု လေးစားစွာခေါ်ဆိုခဲ့ကြလေသည်။
ရန်ရှောက်ထျန်းအနေဖြင့် ဤဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ငြင်းဆန်ရန်မဖြစ်နိုင် တော့ပုံရလေသည်။
မူလက ရန်ရှောက်ထျန်းသည် ဝမ်ကျန့်တိုက်ကြီးသို့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို တာဝန်ယူ ရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူ သူသည်ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့လေပြီ။
သို့သော်လည်း ရှေးဟောင်းကာလတွင် ဟွန်ချွမ်မိစ္ဆာဂိုဏ်းဖျက်ဆီးခံခဲ့ရသော်လည်း ၎င်း၏ ကျန်ရှိသောအင်အားမှာ အတော်လေးတောင့်တင်းဆဲဖြစ်လေသည်။ လီလဲ့၏ ပြောကြားချက်အရ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ မိစ္ဆာခေါင်းဆောင်အများအပြားမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ မျိုးဆက်များ ဖြစ်ကြလေသည်။
ဥပမာအားဖြင့် တိုက်တန်ဧရာမမိစ္ဆာ ကဲ့သို့သော သူများ ဖြစ်ကြလေသည်။
ထို့ပြင် ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၉ ရှိသော အရိုးဖြူဓားနတ်ဘုရား လည်းရှိလေသည်။
အမြင့်မြတ်ဆုံး မိစ္ဆာခေါင်းဆောင်ယင်ယန်မိစ္ဆာ၏ဘိုးဘေးများပင်လျှင် ဟွန်ချွမ်မိစ္ဆာဂိုဏ်း ဝင်များ ဖြစ်ကြလေသည်။
အကယ်၍ ရန်ရှောက်ထျန်းသာ ဤလူများကိုစုစည်းနိုင်မည်ဆိုပါက ၎င်းသည် အလွန်တရာ အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်လာပေလိမ့်မည်။
ထိုညတွင် ရန်ရှောက်ထျန်းသည် လီလဲ့စီစဉ်ပေးထားသော နန်းတော်အတွင်း၌ ရပ်နေရင်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းအကြောင်းကို စဉ်းစားနေခဲ့လေသည်။
ကျောက်ရုန်၏ ထုန်းထျန်းနတ်ဘုရားဂိုဏ်းအပေါ်ထိန်းချုပ်မှုမှာ သူ့ကိုအကြီးအကျယ် ဖိအားပေးနေခြင်းဖြစ်လေသည်။ သူသည်ပေါင်းစပ်ကောင်းကင်ကံကြမ္မာဆယ့်ငါးခုကို အမြန်ဆုံး စုစည်းပြီး ပေါင်းစပ်ကောင်းကင်ကံကြမ္မာ နတ်ဘုရားခန္ဓာကိုယ်ကို ကျင့်ကြံရမည်ဖြစ်လေသည်။
ထို့ကြောင့် ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်သည့်အခါ သူသည်ကံကြမ္မာနတ်ဘုရား သစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားသီးကို သေချာပေါက်ရှာတွေ့ရမည် ဖြစ်လေသည်။
ထိုအခါမှသာ သူသည်ဧကရာဇ်အဆင့်ဒသမအလွှာအထွတ်အထိပ်သို့ အမြန်ဆုံးတက်လှမ်း နိုင်မည်ဖြစ်ပြီး ပေါင်းစပ်ကောင်းကင်ကံကြမ္မာဆယ့်ငါးခုကိုစုစည်းကာ ကံကြမ္မာနတ်ဘုရားခန္ဓာ ကိုယ်ကို ကျင့်ကြံနိုင်မည်ဖြစ်လေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ မိစ္ဆာခေါင်းဆောင်များကို စုစည်းရန်အတွက်မူ သူ မစဉ်းစားသေးပေ။
အဆိပ်အရိပ်ဂိုဏ်းကအညံ့ခံခြင်းမှာ ထိုမိစ္ဆာခေါင်းဆောင်ကြီးများက သူ့ကိုဟွန်ချွမ်မိစ္ဆာ ဂိုဏ်း ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုကြလိမ့်မည်ဟုမဆိုလိုပေ။
အကယ်၍ ထိုမိစ္ဆာခေါင်းဆောင်ကြီးများသာ သူ၏လက်ထဲတွင် ဟွန်ချွမ်လက်စွပ် ရှိနေသည်ကိုသိသွားခဲ့လျှင် သူတို့သည်သူ့ကိုသတ်ဖြတ်ပြီး ဟွန်ချွမ်လက်စွပ်ကို လုယူရန်ပင်ကြိုးစား ကြပေလိမ့်မည်။
ရန်ရှောက်ထျန်းသည် အတွေးအာရုံအားလုံးကို ဖြတ်တောက်လိုက်ပြီး စိတ်ကိုတည်ငြိမ်စေ ကာ ဧကရာဇ်ဆေးလုံး တစ်လုံးကိုမျိုချလိုက်ပြီး ဆက်လက်ကျင့်ကြံနေခဲ့လေသည်။
နောက်ရက်များတွင် ရန်ရှောက်ထျန်းသည် အဆိပ်အရိပ်ဂိုဏ်း၌ပင်နေထိုင်ခဲ့ပြီး ကမ္ဘာဦး မူလနဂါးကျင့်စဉ်နှင့် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုကျင့်ကြံရင်း အမျိုးမျိုးသောဓားသိုင်းများကို လေ့ကျင့်ကာ ဟွန်ချွမ်ဘိုးဘေး၏မှတ်စုများနှင့် လျှို့ဝှက်ကျမ်းများကိုဖတ်ရှုနေခဲ့လေသည်။
မူလက ရန်ရှောက်ထျန်းသည် လူငယ်ဧကရာဇ်ချန်က ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင် များကိုခေါ်ဆောင်လာပြီး လက်စားချေလိမ့်မည်ဟုစိုးရိမ်ခဲ့သော်လည်း ရက်ပေါင်းများစွာ ကြာသည် အထိ လူငယ်ဧကရာဇ်ချန်၏ အရိပ်အယောင်မျှမတွေ့ခဲ့ရပေ။
ဒါဟာ ရန်ရှောက်ထျန်းအား အေးအေးဆေးဆေး ကျင့်ကြံနိုင်စေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ရန်ရှောက်ထျန်းက လီလဲ့အားနတ်ဘုရားမီးလျှံမီးတောက်၊ နတ်ဘုရား ဆေးလုံးနှင့် မိုးကောင်းကင်ကိုးလွှာဘေးဒုက္ခမိုးကြိုးရေ တည်ရှိရာနေရာများကို စုံစမ်းခိုင်းထားခဲ့ လေသည်။
လီလဲ့သည် ရန်ရှောက်ထျန်းကသူ့ကိုထိုအရာများကို စုံစမ်းခိုင်းသောအခါ ခဏမျှဆွံ့အသွားခဲ့ လေသည်။
“မင်း အစွမ်းကုန် စုံစမ်းပေးပါ”
ရန်ရှောက်ထျန်းက ပြောလိုက်သည် ။
“ပြီးတော့ ငါ ဒီရက်ပိုင်းအနှောင့်အယှက်မရှိကျင့်ကြံနေဦးမယ်။ ကံကြမ္မာနတ်ဘုရား နန်းတော်မပွင့်ခင် တစ်ရက်အလိုကျရင် မင်း ငါ့ကို လာခေါ်ပါ”
“ဂိုဏ်းချုပ်က ကံကြမ္မာနတ်ဘုရားနန်းတော်ထဲကို ဝင်မှာလား”
လီလဲ့က အံ့အားသင့်စွာမေးလိုက်သည်။
“ကံကြမ္မာနတ်ဘုရားနန်းတော်က အင်မတန်အန္တရာယ်များပါတယ်၊ ပြီးတော့ ကျောက်ရုန်နဲ့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းက တခြားပညာရှင်တွေလည်းသွားကြမှာပါ”
ကျောက်ရုန်လည်း သွားမှာလား။
ရန်ရှောက်ထျန်း ခေါင်းငြိမ့်ပြလိုက်သည်။
“ငါ သိပါတယ်။ မင်း အဲဒီအချိန်ကျရင် လာခေါ်ရုံပါပဲ”
ရန်ရှောက်ထျန်းကို ဖျောင်းဖျ၍မရကြောင်းမြင်သောအခါ လီလဲ့မှာသဘောတူလိုက်ရန်မှ တစ်ပါး အခြားမရှိတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် ကုန်ဆုံးသွားခဲ့လေပြီ။
ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်ရန် တစ်ရက်သာလိုတော့ချိန်တွင် လီလဲ့သည် ရန်ရှောက် ထျန်းအား လာရောက်ခေါ်ဆောင်ခဲ့လေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ကို အတူလိုက်ခွင့်ပြုပါ”
လီလဲ့က စိုးရိမ်တကြီး ပြောနေဆဲ ဖြစ်လေသည်။
“မလိုပါဘူး။ မင်းတို့ဂိုဏ်းမှာပဲ စောင့်နေကြပါ”
ရန်ရှောက်ထျန်း ခေါင်းခါပြလိုက်ပြီး ကောင်းကင်ယံသို့ပျံတက်လိုက်ကာ ကံကြမ္မာနတ် ဘုရားကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့လေတော့သည်။
***