ချန်ယွမ်၏ အဋ္ဌမမြောက်သတ္တမအဆင့်ကောင်းကင်ကံကြမ္မာလွှာကို မြင်လိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားခဲ့လေသည်။
ဒီနေ့ မင်း သေရမယ်လို့ သူ ဘာကြောင့် ရဲရဲဝံ့ဝံ့ ပြောရဲတာလဲဆိုတာ မဆန်းတော့ပါဘူး၊ သူက အဋ္ဌမမြောက် သတ္တမအဆင့်ကောင်းကင်ကံကြမ္မာလွှာကို ကျင့်ကြံထားနိုင်ခဲ့တာကိုး။
ကောင်းကင်ကံကြမ္မာလွှာတစ်ခုတိုးလာတိုင်း တိုက်ပွဲစွမ်းရည်မှာအဆမတန် မြင့်တက်လာ လေ့ ရှိလေသည်။
“လူငယ်ဧကရာဇ်ချန်က အဋ္ဌမမြောက်ကောင်းကင်ကံကြမ္မာလွှာကို ကျင့်ကြံနိုင်ခဲ့လိမ့် မယ်လို့ မထင်ထားဘူး၊ အဲဒါကလည်း သတ္တမအဆင့်ကောင်းကင်ကံကြမ္မာလွှာပဲ”
“သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာရှစ်ခု၊ ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် ဒီလိုတိုက်ပွဲစွမ်းရည်နဲ့ပါရမီမျိုးက လူငယ်ဧကရာဇ်ကိုးပါးဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တာပဲ”
“မမေ့ပါနဲ့ဦး၊ လူငယ်ဧကရာဇ်ချန်ရဲ့ဘိုးဘေးက အရှင်ကျောက်ရုန်ပဲ၊ လူငယ်ဧကရာဇ် ချန်က ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်ကိုတောင် ကျင့်ကြံထားနိုင်တာဖြစ်နိုင်တယ်”
ရောက်ရှိနေသူ အားလုံးမှာ စိတ်ဝင်တစားဆွေးနွေးနေကြလေသည်။
ရွှေရောင် နွားသိုးနတ်ဘုရားကျင့်စဉ်အကြောင်းပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် လုံရှန့်တုန်း၏ မျက်လုံးများမှာလည်း ကျဉ်းမြောင်းသွားခဲ့လေသည်။
ရွှေရောင် နွားသိုးနတ်ဘုရားကျင့်စဉ်မှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ အကြီးမြတ်ဆုံးသော ကျင့်စဉ် ဆယ်မျိုးထဲမှတစ်ခု ဖြစ်လေသည်။
၎င်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အစွမ်းထက်ဆုံးသောတိုက်စစ်နှင့် ခံစစ်နတ်ဘုရားကျင့် စဉ်များထဲမှ တစ်ခုလည်းဖြစ်လေသည်။
လူတိုင်း၏ အတွေးများကိုအတည်ပြုပေးလိုက်သလိုပင် ရုတ်တရက်လူငယ်ဧကရာဇ် ချန်၏ အရေပြားတစ်ခုလုံးတွင် ရွှေရောင်အဆင်းများ ပေါ်ထွက်လာခဲ့လေသည်။
ထို့အပြင် လူငယ်ဧကရာဇ်ချန်၏နဖူးပေါ်တွင် ဧရာမ ရွှေရောင် ဦးချိုနှစ်ခုမှာ အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့လေသည်။
လူငယ်ဧကရာဇ် ချန်၏ကိုယ်တွင်းမှပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ဒါ အမှန်တကယ်ပဲ ရွှေရောင် နွားသိုးနတ်ဘုရားကျင့်စဉ်ပါလား”
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အားလုံးမှာအကြီးအကျယ်အံ့အားသင့်သွားကြတော့ သည်။
ရွှေရောင် နွားသိုးနတ်ဘုရားကျင့်စဉ်ကိုကျင့်ကြံရန်အတွက် တစ်စုံတစ်ယောက်မှာ သားရဲမျိုး နွယ်သွေးမျိုးဆက်ရှိရမည်ဖြစ်ပြီး အလွန်တရာအစွမ်းထက်သောသားရဲမျိုးနွယ် သွေးမျိုးဆက် ရှိမှသာ ရနိုင်ခြင်းဖြစ်လေသည်။
ထို့ကြောင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းတွင် ပါရမီရှင်အမြောက်အမြားနှင့် အစွမ်းထက်သူ မရေမတွက်နိုင်အောင်ရှိသော်လည်း ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်ကို အောင်မြင်စွာကျင့်ကြံ နိုင်သူမှာ အလွန်တရာနည်းပါးလှပေသည်။
လူငယ်ဧကရာဇ်ချန်က ၎င်းကိုအောင်မြင်စွာကျင့်ကြံနိုင်ခြင်းမှာ သူ၏သွေးမျိုးဆက်မှာ လည်း အလွန်တရာအစွမ်းထက်ကြောင်း ပြသနေခြင်းဖြစ်လေသည်။
“သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာရှစ်ခု၊ ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်၊ ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်၊ ပြီးတော့အင်မတန်အစွမ်းထက်တဲ့ သားရဲမျိုးနွယ်သွေးမျိုး ဆက်၊ လူငယ်ဧကရာဇ် ချန်ရဲ့ တိုက်ပွဲစွမ်းရည်က လူငယ်ဧကရာဇ်ကိုးပါးထဲမှာ နောက်ဆုံးအဆင့်မှာ မဟုတ်တာ သေချာသွားပြီ”
အားလုံးမှာ ထိတ်လန့်သွားကြတော့သည်။
လူငယ်ဧကရာဇ် ကိုးပါးမှာတစ်ဦးနှင့်တစ်ဦး အစွမ်းချင်းကွာခြားကြလေသည်။
မူလက လူငယ်ဧကရာဇ်ချန်မှာ နောက်ဆုံးအဆင့်တွင် ရှိနေခဲ့ခြင်းဖြစ်လေသည်။
သို့သော် ယခု ချန်ယွမ်ပြသလိုက်သောတိုက်ပွဲစွမ်းရည်အရဆိုလျှင် သူသည် နောက်ဆုံး အဆင့်တွင် မဟုတ်တော့ပေ။
သူသည် သတ္တမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်အထိပင် တိုးတက်သွားနိုင်လေသည်။
“ချန်ယွမ်က ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်ကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့တာပဲ” ကောင်းကင်ပျံ ဖီးနစ်အမျိုးသမီးက မအံ့ဩဘဲမနေနိုင်တော့ပေ။
လုံရှန့်တုန်းက ခေါင်းငြိမ့်ပြလိုက်သည်။ လူငယ်ဧကရာဇ်ချန်က ရွှေရောင်နွားသိုး နတ်ဘုရား ကျင့်စဉ်ကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သဖြင့် ဤတိုက်ပွဲမှာသေချာပေါက် စိတ်လှုပ်ရှားဖွယ် ကောင်း ပေလိမ့်မည်။
လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင် ရုတ်တရက်ချန်ယွမ်မှာလေထဲသို့ခုန်တက်လိုက်ပြီး သူ၏ လက်ထဲမှ မီးတောက်ဓားဖြင့် ရန်ရှောက်ထျန်းဆီသို့ ချက်ချင်းထိုးနှက်လိုက်လေသည်။
“လမင်းကို လိုက်ဖမ်းနေတဲ့ ဥက္ကာခဲ”
ဓားတစ်ချက်တည်းနှင့်ပင် မရေမတွက်နိုင်သောဓားချီစွမ်းအင်များမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ဥက္ကာခဲသန်းပေါင်းများစွာအလား ဖြစ်သွားခဲ့လေသည်။
သူ၏ ကောင်းကင်ကံကြမ္မာလွှာရှစ်ခု၊ ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်နှင့် ရွှေရောင် နွားသိုး နတ်ဘုရားကျင့်စဉ် စွမ်းအားများကြောင့် ဖြစ်လေသည်။
ဓားချီစွမ်းအင်များမှာ ဟိန်းဟောက်နေပြီး ဟင်းလင်းပြင်ရှိချီစွမ်းအင်များကို လှုပ်ခတ် သွားစေခဲ့လေသည်။
ချီစွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့လေသည်။
မြေပြင်ပေါ်ရှိ သဲများနှင့် ကျောက်တုံးများမှာ လွင့်ပျံသွားခဲ့လေသည်။
ကောင်းကင်နှင့် မြေကြီးမှာ မှောင်မိုက်သွားခဲ့လေပြီ။
“ဥက္ကာခဲ ဓားသိုင်း”
ထိုနေရာရှိ တပည့်အများအပြားမှာ ချန်ယွမ်အသုံးပြုနေသည်မှာ ထုန်းထျန်းနတ်ဘုရား ဂိုဏ်း၏ အလွန်တရာအစွမ်းထက်သော ဥက္ကာခဲဓားသိုင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်ရလေသည်။
လူတိုင်းမှာ ရန်ရှောက်ထျန်းကိုကြည့်လိုက်ကြပြီး သူသည် ချန်ယွမ်၏ ဤဓားကွက်ကို မည်သို့ တုံ့ပြန်မည်ကို သိလိုနေကြလေသည်။
ဥက္ကာခဲအလား ကျဆင်းလာသော ဓားချီသန်းပေါင်းများစွာကိုကြည့်ရင်း ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူ၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာခဲ့ပြီး သူသည် နောက်သို့ဆုတ်မသွားဘဲ ရှေ့သို့တိုးသွားကာ သူ၏လက်ထဲမှဓားကိုမြှောက်လိုက် လေသည်။
ရန်ရှောက်ထျန်း သူ၏လက်ထဲမှ ဓားကိုဝှေ့ယမ်းလိုက်သောအခါ ဓားအလင်းတန်းတစ်ခုမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့လေသည်။
၎င်းမှာ ဓားအလင်းတန်းတစ်ခုတည်းသာဖြစ်သော်လည်း ၎င်း၏စွမ်းအားမှာ ချန်ယွမ်၏ ဥက္ကာခဲ ဓားချီသန်းပေါင်းများစွာကို လွှမ်းမိုးသွားခဲ့လေသည်။
ဓားအလင်းတန်းမှာ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ဥက္ကာခဲ ဓားချီ သန်းပေါင်းများစွာကို ဖြတ်တောက်သွားခဲ့လေသည်။
ဓားအလင်းတန်းမှာ ဥက္ကာခဲဓားချီသန်းပေါင်းများစွာကို ထိုးဖောက်သွားသည်နှင့် တစ်ပြိုင် နက် ရန်ရှောက်ထျန်း၏ပုံရိပ်မှာလည်း အလွန်တရာမြန်ဆန်လှသောအရှိန်ဖြင့် ချန်ယွမ်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
လုံရှန့်တုန်းမှာ ရန်ရှောက်ထျန်း၏ဓားချက်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ရန်ရှောက်ထျန်း၏ဓားချက်တွင်လေနှင့်တိမ်တိုက်ဓားသိုင်း၊ စစ်မှန် ခြင်းသို့ပြန်လာခြင်းဓားသိုင်းနှင့် သဲလွန်စမဲ့ဓားသိုင်းကဲ့သို့သော ဓားသိုင်းပေါင်းဆယ်မျိုးကျော်မှ အပြောင်းအလဲများ ပါဝင်နေသောကြောင့် ဖြစ်လေသည်။
ထို့အပြင် ဤဓားသိုင်းဆယ်မျိုးကျော်စလုံးမှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဓားသိုင်းများ ဖြစ်ကြလေသည်။
ဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူက ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ဓားသိုင်းများကို ဘယ်လို လုပ်ပြီး သိနေရတာလဲ။
အဓိကအချက်မှာ သူသည်ဤထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ဓားသိုင်း အပြောင်းအလဲ အားလုံးကို အပြည့်အဝနားလည်သဘောပေါက်နေခြင်းပင် ဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ ဓားမှာအလွန်တရာ မြန်ဆန်လှပေသည်။
လူအတော်များများမှာ ပုံရိပ်ယောင်တစ်ခုနှင့်ဓားအလင်းတန်းတစ်ခုကိုသာမြင်လိုက်ရပြီး ခဏအကြာတွင် ရန်ရှောက်ထျန်းမှာ ချန်ယွမ်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်း၏ဓားမှာ သူ၏အရှိန်အဟုန်ကို ဆက်လက်ထိန်း သိမ်းကာ အပေါ်သို့ဝှေ့ယမ်းလိုက်လေသည်။ ချန်ယွမ်၏ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်မှ ရရှိထားသော အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့် ခံစစ်စွမ်းအားမှာစက္ကူတစ်ချပ်အလား ပျက်စီးသွားခဲ့လေပြီ။
ချန်ယွမ်၏ ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်၏ နတ်ဘုရားအလင်းမှာ ရေမြှုပ်တစ်ခု အလား ကွဲကြေသွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ ဓားမှာ ချန်ယွမ်၏လည်ပင်းပေါ်တွင် တည်ရှိနေခဲ့လေပြီ။
ချန်ယွမ် သတိဝင်လာချိန်တွင် ရန်ရှောက်ထျန်း၏ဓားမှာ သူ၏လည်ပင်းသို့ ဖိထားပြီးဖြစ် ကြောင်း သူ တွေ့ရှိလိုက်ရလေသည်။
အားလုံးမှာ ဆွံ့အသွားကြတော့သည်။
တစ်ကွက်တည်းနဲ့ အနိုင်ယူခံလိုက်ရပြန်ပြီ။
“ရှုံးသွားပြီလား”
သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာရှစ်ခုကိုပိုင်ဆိုင်ထားပြီး ရွှေရောင် နွားသိုး နတ်ဘုရားခန္ဓာကိုယ်ကိုကျင့်ကြံထားနိုင်သူချန်ယွမ်မှာ ဤမျှလောက် အလွယ်တကူဖြင့် အနိုင်ယူခံ လိုက်ရသည်ကို လူအများအပြားမှာ မယုံကြည်နိုင်ဘဲ ရှိနေကြဆဲ ဖြစ်လေသည်။
မူလက လူအများအပြားမှာ ဤတိုက်ပွဲသည်အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြပြီး ချန်ယွမ်ကဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူကို အနိုင်ယူနိုင်လိမ့်မည်ဟုပင် ထင်မှတ်ခဲ့ကြလေသည်။
သို့သော်လည်း သူ ရှုံးနိမ့်ခဲ့ရပြန်လေပြီ။
လွန်ခဲ့သော နှစ်လကအတိုင်းပင် သူသည် တစ်ကွက်တည်းနှင့် အနိုင်ယူခံလိုက်ရခြင်း ဖြစ်လေ သည်။
လုံရှန့်တုန်းနှင့် ကောင်းကင်ပျံ ဖီးနစ်အမျိုးသမီးတို့မှာလည်း မှင်တက်သွားကြတော့သည်။
အစွမ်းထက်ဆုံးသော ခံစစ်နတ်ဘုရားကျင့်စဉ်များထဲမှ တစ်ခုဟု သတ်မှတ်ခံထားရသည့် ရွှေရောင်နွားသိုးနတ်ဘုရားကျင့်စဉ်မှာ ဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူ၏ ဓားတစ်ချက်တည်းနှင့် ပျက်စီးသွားလိမ့်မည်ဟု သူတို့နှစ်ဦးစလုံး မထင်ထားခဲ့ကြပေ။
ဒါ ရွှေရောင် နွားသိုး နတ်ဘုရားကျင့်စဉ်လေ။
တစ်ဖက်လူက ဘယ်လိုလုပ်လိုက်တာလဲ။
“မင်း ငါတို့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ ဓားသိုင်းတွေကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ”
ချန်ယွမ်က ရန်ရှောက်ထျန်းကို ရက်စက်သောမျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
ရန်ရှောက်ထျန်း၏ ခုနကဓားချက်တွင် သူတို့ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ ဓားသိုင်းပေါင်း ဆယ်မျိုးကျော်မှ အပြောင်းအလဲများပါဝင်နေသည်ကို သူလည်းခုနလေးတင်မှ သတိထားမိလိုက် ခြင်း ဖြစ်လေသည်။
“ငါ ပြောခဲ့တယ်လေ၊ မင်းနောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်ရဲရင် မင်း သေရမယ်လို့”
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ အေးစက်နေတော့သည်။
ရန်ရှောက်ထျန်း သူ၏ဓားဖြင့် ချန်ယွမ်၏လည်ပင်းကိုထိုးဖောက်တော့မည့် ဆဲဆဲတွင် လုံရှန့်တုန်းက ရုတ်တရက်ပြောလိုက်သည်။
“တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်သင့်တာပေါ့၊ ခင်ဗျားလည်းနိုင်သွားပြီဆိုတော့ ဒီမှာ တင် ရပ်လိုက်ပြီး ချန်ယွမ်ကို လွှတ်ပေးလိုက်ပါ”
ရန်ရှောက်ထျန်းမှာ လုံရှန့်တုန်း၏စကားကို ကြားလိုက်ရသော်လည်း သူသည် သူ၏ ဓားကို ရှေ့သို့ ဆက်လက်တွန်းလိုက်ပြီး ချန်ယွမ်၏ လည်ပင်းထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်လေသည်။
ခုနလေးတင် ချန်ယွမ်က သူ့ကို သတ်ချင်နေခဲ့တာလေ။
အခုကျမှ လုံရှန့်တုန်းကသာမန်ကာလျှံကာစကားတစ်ခွန်းနဲ့ သူ့ကိုဒီမှာတင် ရပ်ခိုင်းချင် နေတာလား။
တကယ့်ကို ရယ်စရာကောင်းလှပေသည်။
ချန်ယွမ်သည် ရန်ရှောက်ထျန်း၏ လက်ထဲမှဓားကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်၊ ရန်ရှောက်ထျန်းက သူ့ကို အမှန်တကယ် သတ်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်ဘဲ ရှိနေတော့သည်။
သူက ဘယ်သူလဲ။
သူသည် ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ဘိုးဘေးလျန်ကန်း၏တိုက်ရိုက်တပည့် တစ်ဦး ဖြစ်လေသည်။
သူသည် ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ အရှင်ကျောက်ရုန်၏ မြေးတပည့် လည်း ဖြစ်လေသည်။
ဤဟွန်ချွမ်ဘိုးဘေး ဆက်ခံသူက သူ့ကိုလူပုံအလယ်တွင် အမှန်တကယ်သတ်ရဲသည် တဲ့လား။
“ရူးနေတာလား... မင်း ရူးနေတာလား”
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နံပါတ်တစ်ဂိုဏ်း ဖြစ်လေသည်။ သာမန်အမာခံတပည့်တစ်ဦးအသတ်ခံရခြင်းမှာပင် ကြီးမားသောကိစ္စဖြစ်သော်လည်း ချန်ယွမ်ကဲ့ သို့သော အမာခံတပည့်မျိုးဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာအေးစက်နေတော့သည်။ သူ၏လက်ထဲမှ ဓားကို အရှိန်ပြင်းပြင်းဖြင့်လွှဲလိုက်ရာ ဓားမှာတစ်ဖက်လူ၏လည်ပင်းကို အပြည့်အဝဖြတ်ကျော်သွားခဲ့ လေပြီ။
“မင်း သေချင်နေတာပဲ”
လုံရှန့်တုန်းသည် ရန်ရှောက်ထျန်းက သူ့ကိုလျစ်လျူရှုပြီး ချန်ယွမ်ကို အမှန်တကယ် သတ်ပစ်လိုက်သည်ကိုမြင်သောအခါ သူ အကြီးအကျယ်ဒေါသထွက်သွားတော့သည်။ သူသည် ရန်ရှောက်ထျန်း၏ နောက်ကွယ်တွင်ချက်ချင်းပေါ်လာခဲ့ပြီး ရန်ရှောက်ထျန်းကိုသတ်ရန် လက်သီး ဖြင့် ရုတ်တရက် ထိုးနှက်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် လုံရှန့်တုန်း၏ မင်နဂါးသွေးမျိုးဆက်နှင့် ကောင်းကင်ဆင်သွေးမျိုး ဆက်တို့မှာ တစ်ပြိုင်နက်တည်း အသက်ဝင်လာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် နဂါးဟိန်းသံများနှင့် ဧရာမဆင်ကြီးများ၏ ဟိန်းဟောက်သံများမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားတော့သည်။
“အရှင်သခင် နဂါးဆင်လက်သီး”
အရှင်သခင် နဂါးဆင်လက်သီးမှာ လုံရှန့်တုန်းကအရှင်သခင်နဂါးလက်သီးနှင့် နတ်ဘုရား ဆင် လက်သီးတို့ကို ပေါင်းစပ်ပြီး ဖန်တီးထားသောလက်သီးသိုင်းတစ်ခု ဖြစ်လေသည်။
ထိုနတ်ဘုရား လက်သီးနှစ်ခု၏ပေါင်းစပ်မှုက ၎င်းကိုအလွန်တရာပြင်းထန်ပြီး ရက်စက် စေခဲ့လေသည်။
လက်သီးတစ်ချက်တည်းနှင့်ပင် လုံရှန့်တုန်းက တစ်ခါကစိန့်အဆင့်ပထမအလွှာရှိ နတ်ဘုရား သားရဲတစ်ကောင်ကို ပေါက်ကွဲသွားစေခဲ့ဖူးလေသည်။
စိန့်အဆင့်၏ အောက်တွင်ရှိသောသူများမှာ ပုရွက်ဆိတ်များသာ ဖြစ်ကြလေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် စိန့်အဆင့်ပထမအလွှာရှိ ပညာရှင်တစ်ဦးမှာ ဧကရာဇ် အဆင့် ဒသမအလွှာ အထွတ်အထိပ်ရှိ ပညာရှင်တစ်ဦးကို လက်ညှိုးတစ်ချက်တည်းနှင့် အလွယ်တကူ ချေမှုန်းနိုင်လေသည်။ သို့သော်လည်း လုံရှန့်တုန်း၏လက်သီးချက်မှာ စိန့်အဆင့်ပထမအလွှာရှိ နတ်ဘုရားသားရဲတစ်ကောင်ကို ပေါက်ကွဲသွားစေနိုင်ခြင်းမှာ သူ၏ လက်သီးချက် စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းပြသနေခြင်းဖြစ်လေသည်။
လုံရှန့်တုန်း၏ လက်သီးစွမ်းအားမှာ ရန်ရှောက်ထျန်း၏ကျောပြင်ကိုထိမှန်တော့မည့် ဆဲဆဲ တွင် ရန်ရှောက်ထျန်းက ရုတ်တရက်လှည့်ကြည့်လိုက်လေသည်။