[ထပ်ဆောင်းဆုလာဘ် - ပျက်စီးနေသော မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်း (ပြီးပြည့်စုံသော မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်း၏ ထက်ဝက်သာ)]
"မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်လား။" ဖူရွှမ်နီ အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိ၏။
ပျက်စီးနေသော မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်းနှင့် ပတ်သက်၍ သူမ စိမ်းသက်မနေခဲ့ပေ။ မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်းကို သူမ ပို၍ပင် ရင်းနှီးကျွမ်းဝင်နေပြီး သူမ၏ စိတ်ထဲတွင် အလွတ်ကျက်မှတ်ထားသည်မှာ ကြာလှပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရှေးဟောင်း မိစ္ဆာကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ချန်ချန်ရွှယ်တို့နှင့် သူမ နှစ်ကြိမ်ဆက်တိုက် ပူးပေါင်းခဲ့ဖူးသည် မဟုတ်ပါလား။
မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်တည်ဆောက်ရာတွင်လည်း သူမနှစ်ကြိမ်ဆက်တိုက် ပါဝင်ခဲ့ဖူးသည်။ ဖူရွှမ်နီက ၎င်းကို မည်သို့ ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ နေမည်နည်း။
သို့သော် မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်း မည်သို့ပုံစံရှိသည်ကို သိလျှင်တောင်မှ လက်တွေ့တွင် ၎င်းကို တည်ဆောက်ရန် နည်းလမ်းမရှိကြောင်း သူမ ကောင်းကောင်း သိထားပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲမှ အရာတစ်ခု ဖြစ်သောကြောင့်ပင်။ သရုပ်ဖော်စနစ်၏ ဆုလာဘ်သာ မဟုတ်ခဲ့လျှင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲရှိ ဤအရာများကို အသုံးပြု၍ ရနိုင်မည် မဟုတ်ချေ။
၎င်းကို မှတ်မိနေခြင်းကလည်း အချည်းနှီးသာ ဖြစ်ပေမည်။
သို့သော်ငြားလည်း...
ပျက်စီးနေသော မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်ပုံစံကြမ်းသည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထံမှ ဆုလာဘ်တစ်ခုဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူမ ၎င်းကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
"ထက်ဝက်ပဲ ရှိနေတာတော့ နှမြောစရာပဲ။ အကယ်၍ ပြီးပြည့်စုံတဲ့ မိစ္ဆာချိတ်ပိတ်ခြင်း အစီရင်သာဆိုရင် ပိုကောင်းမှာ။" ဖူရွှမ်နီ၏ လေသံတွင် နောင်တရမှု အရိပ်အယောင် အနည်းငယ်ပါဝင်နေသော်လည်း ဤနောင်တရမှုသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
သူမ အရမ်းလောဘကြီးနေကြောင်း သူမ သိထားပေသည်။ အစီရင်၏ ထက်ဝက်ကို ရရှိနိုင်ခြင်းကပင် အလွန် ကောင်းမွန်နေပြီဖြစ်သည်။
[ထပ်ဆောင်းဆုလာဘ် - အခြေတည်အဆင့် ရှစ်လွှာ ဝိညာဉ်စွမ်းအင် အပြည့်အဝ။]
နောက်ဆုံးဆုလာဘ် ထွက်ပေါ်လာခြင်းက ဖူရွှမ်နီ၏ နှလုံးသားကို နောက်တစ်ကြိမ် လှုပ်ခတ်သွားစေခဲ့ပြန်သည်။
'အခြေတည်အဆင့် ရှစ်လွှာ။'
"ရှီးးး"
ဆုလာဘ်များကြောင့် ဒီတစ်ကြိမ်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်နိုင်လောက်သည်ဟု ဖူရွှမ်နီ ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း... ဤထိုးဖောက်ဝင်ရောက်မှုသည် အမှန်တကယ် ဤမျှ ပြင်းထန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
လက်တွေ့ကမ္ဘာတွင် သူမ၏ကျင့်ကြံမှုမှာ အခြေတည်အဆင့်လေးလွှာတွင်သာ ရှိသေးကြောင်း သိထားရမည်ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့်အကြိမ်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ခဲ့စဉ်က သူမရရှိခဲ့သော ဆုလာဘ်များထဲမှ တစ်ခုမှာ မွေးရာပါဝိညာဉ်ခန္ဓာကိုယ် ထက်ဝက် ဖြစ်၏။
ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံခြင်း အချည်အနှောင်များကို လုံးဝ လျစ်လျူရှုထားနိုင်ပေသည်။
တစ်နည်းဆိုရသော် အခြေတည်အဆင့် ရှစ်လွှာ ဝိညာဉ်စွမ်းအင်အပြည့်အဝသည် သူမ၏ကျင့်ကြံမှုကို တစ်ဟုန်ထိုး တိုးတက်သွားစေရန် လုံလောက်နေပေသည်။
၎င်းက အဆင့်ငယ်လေးခုကို တိုက်ရိုက် ထိုးဖောက်သွားစေရန်ပင် လုံလောက်နေ၏။
တစ်ချက်တည်းနှင့် အခြေတည်အဆင့် ရှစ်လွှာသို့ ရောက်ရှိသွားရန်ပင်။
ဖူရွှမ်နီ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ချေ။ သူမသည် ခြေပလ္လင်ခွေထိုင်ချလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာမှိတ်ကာ သူမ၏ သွေးကြောများနှင့် ဒန်ထျန်း(စွမ်းအင်အချက်အချာ)ဆီသို့ ဦးတည်လာမည့် ဝိညာဉ်စွမ်းအင်အမြောက်အမြား၏ နှစ်မြုတ်ခြင်းခံရမှုကို လက်ခံရန် ပြင်ဆင်လိုက်သည်။
နောက်တစ်ခဏတွင် အလွန်သန့်စင်သော ဝိညာဉ်စွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဆူနာမီလှိုင်းလုံးကြီးအလား ရူးသွပ်စွာ စီးဝင်လာခဲ့သည်။
အကယ်၍ ဤဝိညာဉ်စွမ်းအင်များသည် အခြားသော အဆခြတည်အဆင့်လေးလွှာ ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့သာ စီးဝင်သွားခဲ့မည်ဆိုလျှင် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေရန် လုံလောက်ပေသည်။
သို့သော် ဖူရွှမ်နီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် ဤဝိညာဉ်စွမ်းအင်လှိုင်းလုံးများသည် အလွန် သိမ်မွေ့ညင်သာနေခဲ့၏။
ကြမ်းတမ်းသော ခံစားချက်မျိုး အနည်းငယ်မျှ မရှိခဲ့ချေ။
အခြေတည်အဆင့် ထိုးဖောက်ဝင်ရောက်ခြင်းသည် အလွန် ကြီးမားလှသည်။ ချင်းဟယ်ခရိုင်၏ ယာယီ ခရိုင်ရုံးချုပ်ထဲရှိလူတိုင်း ဤအချိန်တွင် ဤဝိညာဉ်စွမ်းအင်လှိုင်းလုံးများကို ခံစားလိုက်ကြရသည်။
ပြည်နယ်အစိုးရမှ အရာရှိများသည် သူတို့၏ ခေါင်းများကို ချက်ချင်းလှည့်ကာ လမ်းကြောင်းတစ်ခုတည်းဆီသို့ ကြည့်လိုက်ကြလေသည်။
"ဒါက... အရှင်မင်းသမီးလား။" ပြည်နယ်အစိုးရ အရာရှိများထဲမှ တစ်ဦး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။ "အရှင်မင်းသမီးက အဆင့်တက်သွားတာလား။ သူမက ဒီလောက် မြန်မြန်ကြီး ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား။"
အခြားပြည်နယ်အစိုးရ အရာရှိတစ်ဦးက တံတွေးကို တိတ်တဆိတ် မြိုချလိုက်သည်။ "အရှင်မင်းသမီးက မင်းသမီးတစ်ပါးဖြစ်သလို တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်လည်း ရှိတယ်။ သူမရဲ့ပါရမီက နည်းနည်းလေး ချဲ့ကားပြောရလောက်အောင် ကောင်းနေတာက တော်တော်လေး ပုံမှန်ပဲ မဟုတ်လား။"
သူတို့နှစ်ဦး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပို၍ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းလုံးတစ်ခုက သူတို့ဆီသို့ နောက်တစ်ကြိမ် ရိုက်ခတ်လာခဲ့ပြန်သည်။
ဤအချိန်တွင် ယာယီခရိုင်ရုံးချုပ်၏ နံရံများပင် အနည်းငယ် တုန်ခါနေခဲ့လေပြီ။
"နောက်... နောက်ထပ် အဆင့်တက်တာလား။" ပြည်နယ်အစိုးရအရာရှိ၏ မေးရိုးမှာ အံ့အားသင့်လွန်းသဖြင့် ပြုတ်ကျမတတ် ဖြစ်သွားခဲ့ရ၏။
"မကောင်းတော့ဘူး။" အခြားတစ်ယောက်က အချိန်မီ သတိဝင်လာခဲ့သည်။ "အရှင်မင်းသမီးရဲ့ ရုတ်တရက် အဆင့်တက်တာက ယာယီခရိုင်ရုံးချုပ်ကို ဖျက်ဆီးပစ်နိုင်လောက်တယ်။ မြန်မြန်... အရှင်မင်းသမီး အဆင့်တက်တာကို တည်ငြိမ်အောင်လုပ်ဖို့ လှုပ်ရှားကြစို့။"
ကံကောင်းစွာဖြင့် ခရိုင်ရုံးချုပ်ထဲတွင် အခြေတည်အဆင့် အရာရှိ အနည်းငယ် ရှိနေခဲ့သည်။
သူတို့၏ အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများကြောင့် ဤယာယီခရိုင်ရုံးချုပ်သည် ပျက်စီးမည့် ကံကြမ္မာမှ ကင်းလွတ်ခွင့် ရသွားခဲ့၏။
သို့သော် သူတို့ သက်ပြင်းမချနိုင်မီမှာပင် ဖူရွှမ်နီ၏ အငွေ့အသက်သည် နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြန်သည်။ အသက်ရှူကျပ်စေသော အငွေ့အသက်တစ်ခုသည် အရပ်မျက်နှာအသီးသီးသို့ လွှမ်းခြုံသွားခဲ့ရာ ယာယီခရိုင်ရုံးချုပ်ထဲရှိ လူတိုင်းကို ချွေးအေးများ ပျံလာစေပြီး ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ကြရသည်။
"အ... အရှင်မင်းသမီးက... အဆင့်တက်နေတာလား။ ဒါမှမဟုတ် အထူးကျင့်ကြံခြင်းကျမ်းတစ်ခုခုကို ကျင့်ကြံနေတာလား။"
ယုံကြည်နိုင်ဖွယ်မရှိသော ဤအခြေအနေက ပြည်နယ်မြို့တော်မှ အရာရှိများကို အနည်းငယ် မသေမချာ ဖြစ်သွားစေခဲ့သည်။
"တစ်ခါတလေ... ငါတို့ ထင်ထားသလို အဆင့်တက်တာ မဟုတ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်သူကများ တစ်ခါတည်းနဲ့ ဒီလောက်များပြားတဲ့ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်နိုင်မှာလဲ။ မင်းသမီးက အထူး ကျင့်ကြံခြင်းကျမ်းတစ်ခုခုကို သင်ယူခဲ့ပြီး အဲဒါကို နားလည်သဘောပေါက်အောင် ကြိုးစားနေတာ သေချာတယ်။"
"ဒါက..." သူတို့ကို ထုံထိုင်းသွားစေလောက်အောင် အံ့အားသင့်သွားစေသည့်အချက်မှာ ဖူရွှမ်နီ၏ ထိုးဖောက်ဝင်ရောက်မှုက ဤမျှနှင့် ပြီးဆုံးမသွားခြင်းပင် ဖြစ်သည်။
ပို၍ပင် ပုံကြီးချဲ့ထားသော လှုပ်ရှားမှုများနှင့် နောက်ဆုံးလှိုင်းလုံးကြီးတစ်ခု ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေသည်။
ဖူရွှမ်းနီ မျက်လုံးများကို ဖွင့်လိုက်၏။
သူမ အဆင့်တက်ခြင်းက မည်မျှကြီးမားသော ဆူပူလှုပ်ရှားမှုကို ဖြစ်ပေါ်စေမည်ကို သူမ မသိခဲ့သော်လည်း မည်သူကမျှ မခံစားမိနိုင်လောက်သည့် အတိုင်းအတာအထိတော့ မဟုတ်ပေ... ဘာပဲဖြစ်ဖြစ် လူတိုင်းရှေ့တွင် သူမ တမင်သက်သက် ပေါ်ပေါ်ထင်ထင် အဆင့်တက်ခဲ့ခြင်း မဟုတ်ပါလား။
မှန်ပေသည်။
လက်တွေ့ကမ္ဘာတွင် မနေ့ကမှ လုပ်ကြံခံရမှုတစ်ခုနှင့် သူမ ရင်ဆိုင်ခဲ့ရသောကြောင့် ဖူရွှမ်နီသည် ၎င်းကို တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုအရာက ထိုလုပ်ကြံမှုကြောင့် သူမ၏ဂုဏ်သတင်း ဩဇာတိက္ကမသည် ရေခဲမှတ်အထိ ကျဆင်းသွားလောက်ပြီဟု သူမကို ခံစားသွားစေခဲ့၏။
ဤကဲ့သို့သော အချိန်မျိုးတွင် သူမသည် သူမ၏ဂုဏ်သတင်း ဩဇာတိက္ကမကို နောက်တစ်ကြိမ် မြှင့်တင်ရန် လိုအပ်ပေသည်။
မဟာယန်မင်းဆက် တော်ဝင်မိသားစု၏ သွေးမျိုးဆက်ဖြစ်သော သူမသည် အထင်သေးလို့ရသည့် တည်ရှိမှုတစ်ခု မဟုတ်ကြောင်း လူတိုင်းကို သိစေရပေမည်။
***