တစ်ချိန်တည်းမှာပင် ၎င်းသည် သူတို့ဘက်မှ လူအချို့၏ ယုံကြည်မှုကိုလည်း တည်ငြိမ်သွားစေခဲ့သည်။
"အဆင့်ငယ်လေးခုကို ဆက်တိုက် ထိုးဖောက်သွားတာက... ကျင့်ကြံခြင်းလောကမှာ လူသန်းပေါင်းများစွာကို အံ့အားသင့်သွားစေဖို့ လုံလောက်တယ်။ ငါ အဆင့်တက်သွားတာကို သတိထားမိတဲ့လူ အတော်များများ ရှိရမယ်။ ဒီနေရာမှာ ငါ့ရဲ့ ရန်သူတွေ... ရှိနေနိုင်တယ်။"
"သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ငါ အဆင့်ငယ်လေးခုကို တစ်ချက်တည်း ထိုးဖောက်သွားတာကို သူတို့ ဘယ်လိုပဲတွေးတွေး။"
"ငါတို့ သေချာပေါက်သိနိုင်တဲ့ တစ်ခုတည်းသောအရာက ဒီအဆင့်တက်မှုကြောင့် ငါ့အပေါ် သူတို့ရဲ့ အမြင်တွေ လုံးဝ ပြောင်းလဲသွားလိမ့်မယ်ဆိုတာပဲ..."
"ငါ့အပေါ် သူတို့ရဲ့ အမြင်တွေကို လုံးဝ ပြောင်းလဲသွားစေလိမ့်မယ်"
ဖူရွှမ်နီ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွား၏။ "အရင်တုန်းကဆိုရင် အဲဒီလိုလုပ်တာက အာရုံစိုက်မှုအများကြီးကို ဆွဲဆောင်နိုင်ပြီး ပြဿနာများစွာကို အလွယ်တကူ ဖိတ်ခေါ်နိုင်တဲ့အတွက် ငါက အဆင့်လေးခုကို ပေါ်ပေါ်ထင်ထင်ကြီး သေချာပေါက် ထိုးဖောက်ခဲ့မှာ မဟုတ်ဘူး။"
"ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ ဒီတစ်ကြိမ်မှာ အသက်ကယ်လျှို့ဝှက်လက်နက်တွေ အများကြီး ရှိနေတာဆိုတော့ မတူတော့ဘူး။"
သူမ ဤသို့လုပ်ဆောင်ရခြင်းမှာ မှောင်မိုက်ထဲမှ လူအချို့ကို ခြောက်လှန့်နိုင်ရန် အပြင်...
သူမအပေါ် ရန်လိုနေသူများကို သွေးဆောင်ဖြားယောင်းရန်အတွက်လည်း ဖြစ်သည်။
သူတို့အနေဖြင့် တစ်ယောက်ကိုတစ်ယောက် ရေမြောင်းထဲမှ ဆွဲထုတ်နိုင်မည်၊ မဆွဲထုတ်နိုင်မည် ဆိုသည်ကတော့... တစ်ဖက်လူ၏ စိတ်ရှည်သည်းခံနိုင်မှု အပေါ်မှာသာ မူတည်ပေသည်။
"သရုပ်ဖော်မှု အဆုံးသတ်ဆုလာဘ်တွေက ငါထင်ထားတာထက် အများကြီး ပိုကောင်းနေတာပဲ။"
ဖူရွှမ်နီ သက်ပြင်းချလိုက်သည်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲတွင်။
မသေမျိုးစံအိမ်အတွင်း။
မသေမျိုးစံအိမ်တွင် ရှိနေဆဲဖြစ်ပြီး မသေမျိုးစံအိမ်၏ ဘိုးဘေးဆရာသခင် ကျင့်ကြံခဲ့သော ကျင့်ကြံခြင်းပညာရပ်ကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြဆဲဖြစ်သော ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် သူတို့၏သူငယ်ချင်းများထဲမှ တစ်ဦးက သူမကိုယ်သူမ နားလည်သွားပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ဘဝကို အစကနေ ပြန်စရန် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မသိခဲ့ကြချေ။
ချန်ချန်ရွှယ်၏ အငွေ့အသက် တုန်ခါသွားပြီး သူမ၏ မျက်လုံးများကို ရွှေရောင်အလင်းလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည့်အလား ဖြစ်နေကာ လူများကို မြင့်မြတ်ပြီး ချိုးဖောက်၍မရနိုင်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
ဤထူးဆန်းသော အငွေ့အသက်သည် လျင်မြန်စွာ လာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွား၏။
နောက်တစ်စက္ကန့်တွင် သူမ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သူမကို ဝန်းရံထားသော ရှေးဟောင်းမှော်စာလုံးများအားလုံးသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
ထိုအရာက သူမ၏ အငွေ့အသက်ကို တည်ငြိမ်စွာ မြင့်တက်လာစေခဲ့လေသည်။
"နီးစပ်နေပြီ..." ချန်ချန်ရွှယ် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ငါ ဒီကျင့်ကြံခြင်းပညာရပ်ကို အပြည့်အဝ နားလည်သဘောပေါက်လုနီးပါး ဖြစ်သွားပြီ။ အမြဲတမ်း ကြိုတင်ခံစားချက်တစ်ခုတော့ ရှိနေတယ်... ဒီကျင့်ကြံခြင်းပညာရပ်ကို ငါ နားလည်သဘောပေါက်တာ ပြီးသွားတာနဲ့ ငါ့ရဲ့ ကျင့်ကြံမှုက နောက်တစ်ဆင့် ထပ်တက်သွားလိမ့်မယ်။ ဒီကြိုတင်ခံစားချက်က စိတ်ကူးယဉ်သက်သက်များလား။"
သို့သော် သူမ အနည်းငယ်မျှ အနားမယူခဲ့ချေ။ ၎င်းမှာ သူမ ကျင့်ကြံခြင်း ပညာရပ်ကို နားလည်သဘောပေါက်အောင် မလုပ်ရသေးသောကြောင့် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မသေမျိုးစံအိမ်သခင်၏အပြုံးသည် ချန်ချန်ရွှယ်၏စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သောကြောင့်ပင်။
ထိုအရာက သူမ၏အတွေးများကို အနည်းငယ် လေးလံသွားစေခဲ့၏။ အကြောင်းအမျိုးမျိုးကြောင့် သူမသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရသည်။
မသေမျိုးစံအိမ်ဟုခေါ်သော နေရာတွင် သူမ နေထိုင်နေခြင်း ဟုတ်၊မဟုတ်ကို သူမ မသိခဲ့ချေ။
သူမက သူခိုးဂူတစ်ခုထဲမှာ နေထိုင်နေတာများလား။
သို့သော်ငြားလည်း အရင်က ချင်းကျောက်ပြောခဲ့သလိုပင် မသေမျိုးစံအိမ်က တကယ်ပဲ သူခိုးဂူတစ်ခု ဖြစ်နေမည်ဆိုလျှင်တောင်မှ...
သူမက တည်ငြိမ်စွာ လက်ခံရုံမှလွဲ၍ အခြားမရှိချေ။
မူလဝိညာဉ်အဆင့်ကျင့်ကြံသူများစွာနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုန်းကွယ်နေသော ကျင့်ကြံသူတစ်ဦး၏မျက်စိအောက်မှ သူမ ထွက်သွားနိုင်ပါမည်လား။ ထိုသို့တွေးခြင်းက စိတ်ကူးယဉ်သက်သက်ထက် မပိုချေ။ အခြားသူများက မျက်မမြင်များဟု သူမ တကယ်ကြီး ထင်နေတာလား။
အချိန်တွေ ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြန်သည်။
တစ်လအကြာ။
ချန်ချန်ရွှယ် မျက်လုံးများကို ထပ်ဖွင့်လိုက်၏။ သူမသည် ဤကျင့်ကြံခြင်းပညာရပ်ကို အတွင်းမှအပြင်သို့ အပြည့်အဝနားလည်သဘောပေါက်သွားပြီဖြစ်သောကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ထပ်မံဖိနှိပ်ထား၍ မရနိုင်တော့ချေ။
သူမသည် ဆေးလုံးအချို့ကို ချက်ချင်း မျိုချလိုက်ပြီး မသေမျိုးစံအိမ်၏ စာကြည့်တိုက်ထဲမှာပင် တိုက်ရိုက် အဆင့်တက်သွားခဲ့သည်။
မသေမျိုးစံအိမ်ထဲရှိ ဝိညာဉ်စွမ်းအင်များမှာ အလွန် ကြွယ်ဝနေသောကြောင့် အဆင့်တက်သည့် လုပ်ငန်းစဉ်မှာ အလွန် ချောမွေ့နေခဲ့သည်။
ကျင့်ကြံသူများအတွက် ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် သူတို့ကို အဆင့်တက်ရန် ကူညီပေးနိုင်ပေသည်။
"ရွှေအမြုတေအဆင့် သတ္တမအလွှာ"
မသေမျိုးစံအိမ်သည် သူခိုးဂူတစ်ခု ဟုတ်ရင်တောင်မှ ၎င်းက ချန်ချန်ရွှယ်ကို အကူအညီဖြစ်စေသည်မှာ ငြင်းမရနိုင်သော အမှန်တရားပင်။
မသေမျိုးလမ်းကြောင်း၊ စာကြည့်တိုက်။
ဤနေရာနှစ်ခုစီတွင် သူမ နှစ်အနည်းငယ်စီ နေထိုင်ခဲ့သည်။
ချန်ချန်ရွှယ်သည် အဆင့်ငယ်အနည်းငယ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ၎င်းသည် ရွှေအမြုတေအဆင့်၏ အဆင့်ငယ်တစ်ခုဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
အခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများဆိုလျှင် နှစ်တစ်ရာအချိန်ယူရနိုင်သော်လည်း သူတို့သည် အဆင့်ငယ်တစ်ခုကိုပင် ထိုးဖောက်နိုင်မည် မဟုတ်ချေ။
သူမကတောပ အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။
"အရမ်း လျှို့ဝှက်ဆန်းကြယ်တဲ့ မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင်က တကယ်ပဲ တာအိုကို နားလည်သဘောပေါက်ပြီး တက်လှမ်းသွားခဲ့တဲ့ မသေမျိုးတစ်ယောက်များ ဖြစ်နေမလား။"
ချန်ချန်ရွှယ်က တီးတိုးရေရွတ်လိုက်သည်။
"ဒါ့အပြင်..."
သူမ ခေတ္တရပ်သွားပြီး ဆက်ပြောလိုက်သည်။ "ချင်းကျောက်ရဲ့ နားလည်သဘောပေါက်တဲ့ လုပ်ငန်းစဉ်ကလည်း ငါနဲ့ လုံးဝ တူညီနေလောက်တယ်။ အဲဒီ ကျင့်ကြံခြင်းပညာရပ်ရဲ့ ၁၂ ဆင့်လုံးကို ငါ နားလည်သဘောပေါက်ပြီးသွားပြီ။ သူမလည်း ပြီးခါနီးလောက်ပြီ မဟုတ်လား။"
ချန်ချန်ရွှယ်၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ချင်းကျောက်သည်လည်း လုံးဝ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ထို့အပြင် ချင်းကျောက်သည်လည်း ချန်ချန်ရွှယ်ကဲ့သို့ပင် ရွှေအမြုတေအဆင့် သတ္တမအလွှာသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ဒီနှစ်မှာ သူတို့ အသက် ၂၀၀ပင် မပြည့်သေးကြောင်း သိထားရမည်ဖြစ်သည်။
အသက် ၂၀၀ပင် မပြည့်သေးသော ရွှေအမြုတေအဆင့် သတ္တမအလွှာ ကျင့်ကြံသူဆိုသည်မှာ...
ဘယ်လို သဘောတရားမျိုးလဲ။
မိစ္ဆာဆန်သောဆိုသည့် စကားလုံး တစ်လုံးတည်းကပင် သူတို့၏ ကျင့်ကြံခြင်း ပါရမီစွမ်းရည်ကို အကဲဖြတ်ရန် လုံလောက်မည် မဟုတ်ချေ။
ချန်ချန်ရွှယ် စာကြည့်တိုက်ထဲမှ ထွက်လာခဲ့သည်မှာ လက်ဖက်ရည်တစ်ခွက်သောက်ချိန် တစ်ဝက်ပင် မရှိသေးပေ။
ချင်းကျောက်လည်း ထွက်လာခဲ့သည်။
"ကျက်သရေမရှိလိုက်တာ။ နင်က ငါ့ထက် အရင်ထွက်လာပြန်ပြီလား။" စာကြည့်တိုက်အပြင်ဘက်တွင် ချန်ချန်ရွှယ်ကို မြင်လိုက်ရသောအခါ ချင်းကျောက်၏ မျက်နှာပေါ်ရှိ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏မျက်နှာတွင် မကျေနပ်ချက်များ ပြည့်နှက်သွားခဲ့သည်။ "ဒီတစ်ခါတော့ နင့်ထက် ခြေတစ်လှမ်း စောနိုင်မယ်လို့ ငါထင်ထားခဲ့တာ၊ ဒါပေမဲ့ အဆုံးကျတော့ ငါက နည်းနည်းလေး နှေးနေတုန်းပဲ... ဟေ့၊ နေဦး..."
ချင်းကျောက်၏ လှပသော မျက်လုံးများ ပြူးကျယ်သွား၏။ "နင်လည်း ငါ့လိုပဲ ရွှေအမြုတေအဆင့် သတ္တမအလွှာကို အဆင့်တက်သွားတာလား။ နင်က ငါ့ထက် ခြေတစ်လှမ်းစောပြီး အဆင့်တက်သွားတာလို့တော့ မပြောနဲ့နော်။"
"မမျှော်လင့်ထားတာ ဘာမှမဖြစ်ခဲ့ရင်တော့ ငါက နင့်ထက် ခြေတစ်လှမ်း စောရမှာပေါ့။" ချန်ချန်ရွှယ်က စနောက်သည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
ချင်းကျောက် - "..."
ဤမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုတွင် ချန်ချန်ရွှယ်ကို ကျော်တက်နိုင်ရန် သူမအတွက် မလွယ်ကူခဲ့ပေ။ သို့သော် အချိန်ဘယ်လောက်ကြာသွားပြီလဲ။
သူမက ချန်ချန်ရွှယ်ရဲ့ တစ်ချက်တည်းနဲ့ ပြန်ပြီး ကျော်တက်ခံလိုက်ရတာလား။
ချင်းကျောက်၏ နှလုံးသားမှာ ကြေကွဲသွားခဲ့ရသည်။
ချန်ချန်ရွှယ်က သူမကို တစ်ချက်တည်းနှင့် ကျော်တက်သွားသည်နှင့် တစ်ပြိုင်နက် သူမအနေဖြင့် ချန်ချန်ရွှယ်ကို ထပ်မံကျော်တက်ရန် အခွင့်အရေး အခြေခံအားဖြင့် မရှိတော့ကြောင်း သူမ သိထားပေသည်။
သူမ မည်မျှပင် ဆန္ဒမရှိပါစေ ချန်ချန်ရွှယ်၏ ကျင့်ကြံခြင်းပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းကို သူမ ဝန်ခံရမည်သာဖြစ်သည်။
ချန်ချန်ရွှယ်က သူမထက် အမြဲတမ်း အနည်းငယ် ပို၍ ပါရမီပါနေခဲ့သည် မဟုတ်ပါလား။
မှန်ပေသည်။
အနည်းငယ်လောက် ပိုပြီးပါရမီပါနေရုံပါပဲ......
ချင်းကျောက်တစ်ခုခု ပြောရန်ပြင်လိုက်စဉ် အဘွားအိုက သူမကို အသံလှိုင်းဖြင့် ရုတ်တရက် သတိပေးလာခဲ့ရာ ချင်းကျောက် သတိထားမိသွားလေသည်။ "ဒီမှာ ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါ အာရုံခံလို့မရဘူး။ မသေမျိုးစံအိမ်ရဲ့ သခင်ထပ်ဖြစ်နေဖို့ အရမ်းများတယ်။"
"ကောင်မလေး၊ သတိထားပါ။ မသေမျိုးစံအိမ်ရဲ့ သခင်ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ငါ အမြဲခံစားနေရတယ်။ စဉ်းစားကြည့်လေ။ အဲဒါက ဘိုးဘေးဆရာသခင်ရဲ့ ဘိုးဘေးအမွေအနှစ် သင်ကြားချက်တစ်ခု သက်သက်ပဲလေ။ မသေမျိုးစံအိမ်က လူတွေက မင်းတို့အတွက် ဒီလောက် အများကြီး ပေးဆပ်နေဖို့ လိုလို့လား။"
"သူတို့က ကျင့်ကြံခြင်းလောကထဲက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်သားတော်တွေဖြစ်တဲ့ မင်းတို့ကို သူတို့ရဲ့ ဘိုးဘေးတွေလိုမျိုးတောင် ဆက်ဆံနေကြတာ။"
ချင်းကျောက်၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့သည်။
သူမသည် ချန်ချန်ရွှယ်ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ပေးလိုက်ရာ ချန်ချန်ရွှယ် ချက်ချင်း နားလည်သွား၏။ သူတို့နှစ်ဦးကြားရှိ နားလည်မှုသည် စကားလုံးများဖြင့် ညှိနှိုင်းရန် မလိုအပ်ချေ။ အကြည့်တစ်ချက်ကပင် လုံလောက်နေပြီဖြစ်သည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦး အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်၌ ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူတို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ သေးငယ်သော ပုံရိပ်၊ ကြွေရုပ်လေးတစ်ရုပ်နှင့်တူသောမျက်နှာ၊ နှင်းလိုဖြူဖွေးသော ဆံပင်တို့နှင့် လူတစ်ယောက်ပင်။
အကယ်၍ တစ်စုံတစ်ယောက်က သေချာစွာကြည့်မည်ဆိုလျှင် မသေမျိုးစံအိမ်သခင်၏ မျက်တောင်များနှင့် မျက်ခုံးမွှေးများပင်လျှင် အဖြူရောင်ဖြစ်နေကြောင်းကို သတိပြုမိပေလိမ့်မည်။
ချင်းကျောက်၏ အကြည့်များမှာ ထူးဆန်းနေပြီး သူမ၏ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်၏။ 'နှာခေါင်းမွှေးကရော အဖြူရောင်ပဲလား မသိဘူး။'
ဤအချိန်တွင်။
မသေမျိုးစံအိမ်သခင်၏ ကြည်လင်ပြီး အေးစက်သော အသံက ထွက်ပေါ်လာသည်။ "မင်းတို့ရဲ့ ကျင့်ကြံမှုအခြေခံတွေ အဆင့်တက်သွားတာကို ငါ အာရုံခံမိတယ်။ စာကြည့်တိုက်ထဲမှာ မင်းတို့ အဆင့်တက်ဖို့အတွက် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။ မင်းတို့က ဘိုးဘေးကြီးချန်ရစ်ခဲ့တဲ့ တက်လှမ်းခြင်း နည်းလမ်းကို အပြည့်အဝနားလည်သဘောပေါက်သွားပြီ မဟုတ်လား။"
"ဟုတ်ပါတယ် စီနီယာ။" ချန်ချန်ရွှယ်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရှေ့တွင် လိမ်ပြောလောက်အောင်အထိ မမိုက်မဲသေးပေ။ "အဲဒီ ကျင့်ကြံခြင်းပညာရပ်မှာ အဆင့် ၁၂ ဆင့် ရှိပါတယ်။ ကျွန်မတို့က အဲဒါကို အပြည့်အဝ နားလည်သဘောပေါက်သွားပါပြီ။"
"ကောင်းတယ်" မသေမျိုးစံအိမ်၏ သခင် ပြုံးလိုက်၏။ "မင်းတို့ တော်တော် ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ"
ပြီးခဲ့သောအကြိမ်က သူမ၏အပြုံးသည် ထူးဆန်းလွန်းနေကြောင်း သူမ သိထားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမ၏ အပြုံးသည် အလွန်ချုပ်တည်းထားပုံရလေသည်။
ထို့အပြင် ၎င်းတွင် မျိုးဆက်သစ်များ၏တိုးတက်မှုအတွက် ကျေနပ်ဂုဏ်ယူမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေ၏။
"စီနီယာ၊ ဂျူနီယာမှာ မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်။ စီနီယာက ကျွန်မကို နည်းနည်းပါးပါးလောက် ပြောပြပေးနိုင်မလား။" ချန်ချန်ရွှယ်က ယဉ်ကျေးစွာ မေးလိုက်သည်။
"အော်..." မသေမျိုးစံအိမ်၏ သခင်က ပြန်ဖြေလေသည်။ "မေးလေ"
ချန်ချန်ရွှယ်က မေးလိုက်၏။ "မသေမျိုးစံအိမ်က နှစ်ပေါင်း ၃၀၀မှာ တစ်ကြိမ် ကောင်းကင်ဘုံရဲ့ အချစ်တော်ဆယ်ယောက်ကို မသေမျိုးစံအိမ်ဆီ ဖိတ်ကြားလေ့ရှိတယ်။ ရည်ရွယ်ချက်က မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင် ချန်ရစ်ခဲ့တဲ့ ကျင့်ကြံခြင်းပညာရပမကို ကျွန်မတို့ကို နားလည်သဘောပေါက်ခွင့် ပေးရုံသက်သက်ပဲလား။"
မသေမျိုးစံအိမ်သခင်က ပြုံးလိုက်၏။ "သေချာပေါက် မဟုတ်ဘူး။"
သူမ ခေတ္တရပ်သွားပြီး ဆက်ပြောလိုက်သည်။ "အကယ်၍ အဲဒီလောက်ရိုးရှင်းတယ်ဆိုရင် ငါက အဲဒီ ကျင့်ကြံခြင်းပညာရပ်ကို မိတ္တူနည်းနည်းလောက်ကူးပြီး မင်းတို့ကို ပေးလိုက်ရုံပဲ မဟုတ်ဘူးလား။ မင်းတို့ကို ဒီကို ဖိတ်ကြားဖို့အတွက် လူတွေကို လွှတ်ပြီး ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရဦးမှာလဲ။"
သူမ၏ဘေးတွင် ချင်းကျောက်က နားမလည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ဒါဆို ဘာအတွက်လဲ။"
မသေမျိုးစံအိမ်သခင်၏မျက်နှာပေါ်ရှိ အပြုံးသည် သူမ၏အရိပ်အမြွက်ကို ဖုံးကွယ်မထားနိုင်တော့ချေ။
သူမ၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ မြင့်တက်သွားလေသည်။
"အဲဒါကတော့ ငါတို့က အစားအစာကို ပိုပြီး အရသာရှိအောင် လုပ်ဖို့ လိုအပ်လို့ပဲ...."
***