"ကံမကောင်းစွာနဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ ငါ ကျင့်ကြံလို့ မရတာပဲ။ အစကတည်းက ငါ့မှာ အသိစိတ်ရှိလာတော့ ငါက အရမ်းအားနည်းနေခဲ့တယ်။ ဒါပေမဲ့ ငါ့ကိုယ်ငါ ပိုပြီး စွမ်းအားကြီးလာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကိုတော့ ရှာတွေ့ခဲ့တယ်။"
"ကံမကောင်းစွာနဲ့ ငါ ပိုပြီးစွမ်းအားကြီးလာတဲ့ အမြန်နှုန်းက အရမ်းနှေးကွေးလွန်းလို့ လက်ခံဖို့တောင် ခက်ခဲတယ်။ အကယ်၍ အပြင်လောကကသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် ငါက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်။"
"အကယ်၍ သာမန်ကျင့်ကြံသူတွေသာ ငါ့ရဲ့ ဒီနည်းလမ်းနဲ့ ကျင့်ကြံမယ်ဆိုရင် သူတို့ မသေခင် ချီသန့်စင်ခြင်းအဆင့် ပထမအလွှာကိုတောင် ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။"
မသေမျိုးစံအိမ်သခင်သည် သက်ရှိသတ္တဝါအားလုံးကို အထင်အမြင်သေးနေသည့်အလား အလွန်အမင်း ယုံကြည်ချက်ရှိပြီး မောက်မာသော မျက်နှာအမူအရာတစ်ခု ရှိနေခဲ့၏။
သူမက ပြုံးလျက် ပြောလာသည်။ "ဒီနည်းလမ်းကို ဘယ်ရှေးဟောင်းကျမ်းစာတွေဆီကနေမှ ငါ ကိုးကားမထားဘူး။ ဒါက ငါကိုယ်တိုင် ဖန်တီးခဲ့တဲ့လမ်းကြောင်းတစ်ခု၊ လုံးဝအသစ်စက်စက် ကျင့်ကြံခြင်း လမ်းကြောင်းတစ်ခုပဲ"
'အသစ်စက်စက် ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့တယ်ဟုတ်လား။'
ချင်းကျောက်၏ မျက်လုံးများ ပြူးကျယ်သွား၏။
သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
အသစ်စက်စက် ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ဖို့ဆိုတာက ဘယ်လို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်မျိုး ဖြစ်ရမှာလဲ။ ဤသည်မှာ အသစ်စက်စက် ကျင့်ကြံခြင်းစနစ်တစ်ခုနှင့် ညီမျှနေသည် မဟုတ်ပါလား။ ၎င်းသည် ချီသန့်စင်ခြင်း၊ အခြေတည်အဆင့် သို့မဟုတ် ရွှေအမြုတေအဆင့် စသည့်အရာများနှင့် လုံးဝ ကွဲပြားခြားနားသော တည်ရှိမှုတစ်ခု ဖြစ်သည်။
ချင်းကျောက် စိတ်ကူးမယဉ်ဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ သူမသာ ကျင့်ကြံခြင်းစနစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့မည်ဆိုလျှင် မည်သို့သော အောင်မြင်မှု ခေါင်းစဉ်မျိုးကို ဖွင့်လှစ်နိုင်မည်နည်း။
ထိုအောင်မြင်မှုခေါင်းစဉ်က သူမကို မည်သို့သော နောက်ထပ်ဆုလာဘ်မျိုးတွေ ယူဆောင်လာပေးနိုင်မည်နည်း။
သူမကိုယ်သူမ ပါရမီရှင်တစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း မသေမျိုးစံအိမ်သခင်နှင့် နှိုင်းယှဉ်ပါက သူမသည် ဘာမျှမဟုတ်ခဲ့ချေ။
ချင်းကျောက်က သူမကိုယ်သူမ သိပ်ပြီး အထင်ကြီးစရာ မကောင်းလှဘူးဟု ခံစားလိုက်ရ၏။
ဤခေတ်ကြီးထဲတွင် ဘေးဒဏ်များကို ဖြတ်ကျော်ပြီး တက်လှမ်းသွားခဲ့သော မသေမျိုးများသည် ဤမျှလောက်ပင် မိစ္ဆာဆန်နေကြသည်လား။
"စီနီယာက ချင်းကျောက်နဲ့ ကျွန်မက စီနီယာရဲ့ အစားအစာတွေလို့ ပြောခဲ့တယ်။ စီနီယာ ဖွင့်လှစ်ခဲ့တဲ့ ကျင့်ကြံခြင်းလမ်းကြောင်းက ဒါနဲ့ နီးကပ်စွာ ဆက်စပ်နေရမယ် မဟုတ်လား။" ချန်ချန်ရွှယ်က ရုတ်တရက် မေးလိုက်သည်။
"မင်းက တော်တော် ထက်မြက်တာပဲ။ ငါက ထက်မြက်တဲ့ လူတွေကို အံ့ဩစရာကောင်းတဲ့ သတင်းအချက်အလက်တချို့ ပြောပြရတာကို သဘောကျတယ်။" မသေမျိုးစံအိမ်သခင်၏ အပြုံးသည် ပို၍ပင် ကျယ်ပြန့်သွား၏။ "ငါ့ဆီမှာ ကောင်းကင်ဘုံရဲ့ အချစ်တော်တွေရဲ့ ကျင့်ကြံခြင်း ပါရမီတွေသာမက သူတို့ရဲ့ဝိညာဉ်တွေကိုပါ ဝါးမြိုနိုင်တဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တစ်ခုရှိတယ်။"
"ဒီအထူးစွမ်းရည်က ငါဖန်တီးခဲ့တဲ့ ကျင့်ကြံခြင်း လမ်းကြောင်းနဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတာ။"
"မင်းတို့ကို မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ အကျိုးကျေးဇူးတချို့ ရရှိစေခဲ့တာ၊ စာကြည့်တိုက်ထဲမှာ တက်လှမ်းခြင်းနည်းလမ်းကို လေ့လာခွင့်ပေးခဲ့တာက မင်းတို့ရဲ့ ပါရမီနဲ့ ဝိညာဉ်ကို စမ်းသပ်ဖို့ သက်သက်တင်မဟုတ်ဘဲ မင်းတို့ရဲ့ မွေးရာပါ ပါရမီစွမ်းရည်တွေကို ပိုပြီးအားကောင်းလာစေဖို့အတွက်ပဲ။"
"မင်းတို့က ပိုပြီးထူးချွန်ပြောင်မြောက်ဖို့ လိုတယ်။ အဲဒီလိုဆိုရင် မင်းတို့က ငါ့အတွက် ပိုပြီး အရသာရှိလာမှာလေ။"
"ပြီးတော့..."
မသေမျိုးစံအိမ်သခင်သည် သူမ၏အပေါ်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ သူမ၏ သေးငယ်သော ခန္ဓာကိုယ် အရွယ်အစားနှင့် နှိုင်းယှဉ်ပါက ဤအပြုအမူမှာ အလွန် ပုံမှန်မဟုတ်ပေ။ "ငါက ငါ့ရဲ့ ပင်မခန္ဓာကိုယ်ထက် အရမ်းကြီး နိမ့်ကျမနေချင်ဘူး။ အကယ်၍ သူက တာအိုကို နားလည်သဘောပေါက်ပြီး တက်လှမ်းနိုင်တယ်ဆိုရင် ငါကရော ဘာလို့ တာအိုကို နားလည်သဘောပေါက်ပြီး တက်လှမ်းလို့ မရရမှာလဲ။ သူရဲ့ တက်လှမ်းခြင်းနည်းလမ်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိရမယ်။"
"ငါ တစ်ယောက်တည်းနဲ့ အဲဒါကို နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ပြီးတော့ ငါက ဒီနည်းလမ်းကို ကျင့်ကြံလို့လည်း မရဘူး။ ဒီနည်းလမ်းကို ပိုပြီး နားလည်သဘောပေါက်အောင် ကူညီပေးဖို့အတွက် လူတစ်ယောက် လိုအပ်နေတာ။"
"နောက်ဆုံးမှာ ငါက ဒီပညာရပ်ကို ငါကျင့်ကြံလို့ရတဲ့ တည်ရှိမှုတစ်ခုအဖြစ် ကိုယ်ပိုင်အသွင်ပြောင်းလိုက်မယ်... အဲဒီအချိန်ရောက်ရင် ငါ နှစ်သိန်းနဲ့ချီ အချိန်နည်းနည်းလောက်ပဲ လိုအပ်တော့မယ်"
"ငါက ဒီနေရာမှာတင် ဘေးဒဏ်တွေကို ဖြတ်ကျော်ပြီး တက်လှမ်းနိုင်မှာ သေချာတယ်"
တက်လှမ်းခြင်းဟူသော စကားလုံးကို ပြောလိုက်ချိန်တွင် မသေမျိုးစံအိမ်သခင်၏ မျက်လုံးများထဲ၌ စွဲလမ်းရူးသွပ်မှု အရိပ်အယောင်တစ်ခု ရှိနေလေသည်။
သူမ ဤအတွေးကို စွဲလမ်းနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း ရှင်းလင်းနေ၏။
နှစ်ပေါင်းတစ်သန်းကျော် ရှိနေပြီဖြစ်မည်မှာ သေချာလှပေသည်။
အချိန်အတော်ကြာအောင် စကားတွေများပြီးနောက်တွင် ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ ရင်တွင်းရှိ သံသယအချို့မှာ နောက်ဆုံးတော့ ပြေလည်သွားခဲ့လေပြီ။
သူတို့၏မျက်နှာပေါ်ရှိ ရုတ်တရက် နားလည်သဘောပေါက်သွားသည့် အမူအရာများကို မြင်လိုက်ရပြီးနောက်။
မသေမျိုးစံအိမ်သခင်က ပြုံးလျက် ပြောလေသည်။ "ငါက ပြောတဲ့အတိုင်း လုပ်တယ်။ အကယ်၍ မင်းတို့ သန့်သန့်ရှင်းရှင်း သေရမယ်လို့ ငါပြောခဲ့ရင် မင်းတို့ သန့်သန့်ရှင်းရှင်း သေရမှာပဲ။ ဘယ်လိုလဲ။ မင်းတို့ဆီမှာ သံသယတစ်ခုခု ရှိနေသေးရင်လည်း လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်။"
"မရှိတော့ပါဘူး။" ချန်ချန်ရွှယ်၏ အဖြေမှာ အလွန် ရိုးသားလှပေသည်။ "ဒီသတင်းအချက်အလက်တွေကို ကျွန်မတို့ကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ နောက်ဘဝကျရင် စီနီယာနဲ့ အကွက်အနည်းငယ်လောက် ဖလှယ်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားပြီး ဘယ်သူက ပိုသာလဲဆိုတာ ကြည့်ကြတာပေါ့။"
မသေမျိုးစံအိမ်သခင်က မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်လိုက်၏။ "မင်း တစ်ခုခု အထင်လွဲနေတာများလား။ ငါက မင်းတို့ကို ဝါးမြိုလိုက်တဲ့အခါ မင်းတို့ရဲ့ ဝိညာဉ်တွေတောင် ဖျက်ဆီးခံလိုက်ရမှာ။ မင်းတို့က နောက်ဘဝမှာ တည်ရှိနေတော့မှာ မဟုတ်ဘူး။"
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မသေမျိုးစံအိမ်သခင်၏မျက်လုံးများမှာ ရုတ်တရက် အမည်းရောင်သက်သက်ဖြစ်သွားပြီး သူမမျက်လုံး၏ အဖြူရောင်အပိုင်းပင်လျှင် မည်းမှောင်သွားခဲ့သည်။
သူမ၏ မျက်လုံးများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် တွင်းနက်ကြီး နှစ်ခုနှင့်တူနေခဲ့၏။
၎င်းက ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
သူမ၏ အသံသည် ငရဲမှ တွားသွားထွက်လာသော တစ္ဆေတစ်ကောင်အလားပင်။ "မကြောက်ပါနဲ့၊ နာကျင်မှာ မဟုတ်ဘူး၊ ပြီးတော့ မင်းတို့ ဘာမှခံစားရမှာ မဟုတ်ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာတင် မင်းတို့က ငါနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။"
"ငါ့ကို ရင်ဆိုင်ဖို့ ဘယ်လိုလျှို့ဝှက်လက်နက်ကို သုံးရမလဲဆိုတာ စဉ်းစားနေဖို့ မလိုပါဘူး။ မင်းတို့ကိုယ်ပေါ်က သိုလှောင်အိတ်တွေ ပျောက်သွားပြီဆိုတာကို အခုချိန်ထိ မင်းတို့ သတိမထားမိလောက်သေးဘူး။"
"ငါက ငါ့ရဲ့ လုပ်ရပ်တွေမှာ အရမ်းကို သတိထားတတ်တုန်းပဲ။"
ချန်ချန်ရွှယ် ငုံ့ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးပါဝင်သည့် သူမ၏ သိုလှောင်အိတ် အမှန်တကယ် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်သော်လည်း ၎င်းမှာ သက်ပြင်းချရုံ သက်သက်သာဖြစ်၏။ သူမ သိပ်ပြီး စိတ်ပျက်မနေခဲ့ချေ။
ခုခံရန် သူမ၏တစ်ခုတည်းသော အခွင့်အရေးမှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူမ စိတ်ပျက်မနေခဲ့ချေ။
သူမ၏ စိတ်အခြေအနေမှာ အလွန် တည်ငြိမ်နေခဲ့သည်။
နောက်တစ်ခဏတွင် ချန်ချန်ရွှယ်သည် သူမ၏ရှေ့ရှိ မသေမျိုးစံအိမ်သခင်ကို မြင်လိုက်ရ၏။ သူမ၏ လူသားခန္ဓာကိုယ်တစ်ခုလုံးသည် အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်သွားပြီး စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ထူးဆန်းပြီး တစ်စိတ်တစ်ပိုင်း စေးကပ်နေသည့် အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းသည် သူမနှင့် ချင်းကျောက်တို့ဆီသို့ အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်လာရာ အလွန်မြန်ဆန်လွန်းလှသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
ချန်ချန်ရွှယ်၏ အမြင်အာရုံမှာ ရုတ်တရက် အမှောင်ကျသွားပြီး သူမ၏အသိစိတ်သည် မျက်စိတစ်မှိတ်အတွင်း လုံးဝ အဆုံးသတ်သွားခဲ့သည်။
အခြားတစ်ဖက်ရှိ ချင်းကျောက်လည်း ထိုနည်းတူပင်။
ဤမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုအတွင်း သူတို့နှစ်ဦးစလုံးမှာ နည်းလမ်းတူဖြင့် သေဆုံးသွားခဲ့ကြပြီး သူတို့ သေဆုံးသွားသည့်အချိန်မှာလည်း လုံးဝ တူညီနေခဲ့သည်။
ကွာခြားချက် လုံးဝ မရှိခဲ့ချေ။
သူတို့ သန့်သန့်ရှင်းရှင်း သေဆုံးသွားခဲ့ကြသည်။
[မသေမျိုးစံအိမ်သခင်သည် သူမ၏အမှောင်ဘက်ခြမ်းကို ထုတ်ဖော်ပြသခဲ့သည်။ သူမ၏ ထူးခြားသော ဝါသနာကြောင့်လည်းဖြစ်နိုင်ရာ သူမက အရာအားလုံးကို ပြောပြခဲ့သည်။ ဤမျှ စွမ်းအားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့မှာ ခုခံရန် နည်းလမ်းမရှိခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ရန်သူ၏ တိုက်ခိုက်မှုအောက်သို့ ကျဆင်းသွားခဲ့ကြသည်။]
[ချန်ချန်းရွှယ် သေဆုံးသွားပါပြီ]
[အသက်- ၁၈၆ နှစ်၊ ၀၂ လ၊ ၀၃ ရက်။]
[ချင်းကျောက် သေဆုံးသွားပါပြီ]
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ မသေမျိုးစံအိမ်သခင်၏လက်ချက်ဖြင့် သေဆုံးသွားသည့် အချိန်မှာပင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲရှိ ကမ္ဘာကြီးကို တစ်စုံတစ်ယောက်က ခေတ္တရပ်တန့်ရန် ခလုတ်နှိပ်လိုက်သည့်အလား ဖြစ်သွားခဲ့သည်။ အရာအားလုံးက နေရာမှာတင် အေးခဲသွားပြီး အချိန်တွေ ရပ်တန့်သွားသည့်အလားပင်။
ထို့နောက် တစ်စုံတစ်ယောက်က ပြန်လည်စတင်ရန် ခလုတ်နှိပ်လိုက်သည့်အလား ကမ္ဘာကြီးတစ်ခုလုံးဟာ ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် အပြောင်းအလဲတစ်ခုကို ဖြတ်သန်းသွားခဲ့၏။ အချိန်ဇယားသည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲရှိ ကမ္ဘာကြီး၏ အပြောင်းအလဲများကို မြင်တွေ့ရရန် ကံမပါခဲ့ချေ။
၎င်းကို မြင်တွေ့နိုင်ရန် သူတို့တွင် လုပ်ပိုင်ခွင့် မရှိခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူတို့က ပိုင်ယီမှ မဟုတ်တာပဲ။
လက်တွေ့ကမ္ဘာတွင်။
ချင်းဟယ်ခရိုင်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်သည်ကို မြင်တွေ့လိုက်ရသောအခါ နောက်ဆုံးကျန်ရစ်သော ရွေးချယ်ခံနှစ်ယောက် သေဆုံးသွားသည့်အတွက် ပိုင်ယီ အနည်းငယ်မျှ အံ့အားသင့်ခြင်းမရှိခဲ့သလို နောင်တရမှု အနည်းငယ်မျှလည်း မခံစားရချေ။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲတွင် အနည်းငယ်သေဆုံးသွားခြင်းက ပုံမှန်ကိစ္စတစ်ခုပင်။
သရုပ်ဖော်စနစ်ကို အသုံးပြုခွင့်ရှိသူတစ်ဦးအနေဖြင့် သူကိုယ်တိုင်ပင် သရုပ်ဖော်ကမ္ဘာထဲတွင် အကြိမ်ပေါင်း ဒါဇင်ချီ သေဆုံးခဲ့ဖူးပြီး ဖြစ်သည်။
သူ အကြိမ် ၄၀ နီးပါးတောင် သေဆုံးခဲ့ဖူးပြီ ဖြစ်သည်။
သူနှင့် နှိုင်းယှဉ်ပါက...သရုပ်ဖော်စနစ်ထဲရှိ ဤလူများ၏ စုစုပေါင်း သေဆုံးမှုအရေအတွက်မှာ သူ၏ သုံးပုံနှစ်ပုံပင် မပြည့်သေးချေ။
"အဲဒီ မသေမျိုးစံအိမ်ရဲ့သခင်က တကယ်ကို ပြတ်သားတာပဲ။ သူမက ချန်ချန်ရွှယ်နဲ့ ချင်းကျောက်တို့ကို အသက်ရှင်ဖို့ အချိန်ပိုမပေးခဲ့ဘူး။ အကယ်၍ သူမက သူတို့ကို မစားခင် အသက် ၂၀၀ကျော်အထိ အသက်ရှင်ခွင့်ပေးခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူတို့မှာ အောင်မြင်မှု ခံစားချက်လေး ရသွားမှာပေါ့။"
"သရုပ်ဖော်စနစ်ထဲမှာ အနှစ် ၂၀၀တောင် အသက်ရှင်နိုင်ဖို့ဆိုတာ သူတို့အတွက် တကယ်ကို အောင်မြင်မှု ခံစားချက်တစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် အရင်တုန်းကဆိုရင် သူတို့က အသက် ဒါဇင်ချီပဲ ရှိသေးတယ်လေ၊ ပြီးတော့ အသက်တစ်ရာပြည့်တဲ့အခါ ရှင်းပြလို့မရနိုင်လောက်အောင်ကို သေဆုံးသွားတတ်ကြတာ"
ပိုင်ယီသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ သူတစ်ယောက်တည်းသာ ကြားနိုင်သော စကားအချို့ကို တီးတိုးရေရွတ်လိုက်သည်။
မကြာမီမှာပင် ဤအတွေးကို သူ၏ စိတ်ထဲမှ ဖယ်ရှားပစ်လိုက်၏။
ပိုင်ယီ၏မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပြည့်နှက်ခာခဲ့သည်။ ဤရွေးချယ်ခံနှစ်ယောက်ပေးမည့် ဆုလာဘ်များက မည်မျှအထိ ရက်ရောမလဲဆိုသည်ကို သူ မျှော်လင့်နေမိခဲ့သည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်သည် သူတွေးနေသည့်အရာကို သိနေသည့်အလားပင်။ သူ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေချိန်မှာပင် သူ၏ စိတ်ထဲတွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့၏။
[သင် ဖိတ်ကြားထားသော ကိုယ်စားလှယ်လောင်း ချန်ချန်ရွှယ်သည် ဤကျင့်ကြံခြင်းသရုပ်ဖော်မှုတွင် ၁၈၆ နှစ်၊ ၀၂ လ နှင့် ၃ ရက်တိုင်အောင် အသက်ရှင်နေထိုင်ခဲ့သည်။ သူမသည် 'အိမ်ရှေ့မင်းသား သုတ်သင်သူ'၊ 'မဟာဝေ၏အိမ်ရှေ့မင်းသမီး'၊ 'နိုင်ငံတော်ကို စောင့်ရှောက်သူ'၊ 'အိမ်နီးချင်းနိုင်ငံ၏ ရိတ်သိမ်းသူ' နှင့် 'ပြိုင်ဘက်ကင်း ကောင်းကင်ဘုံအချစ်တော်' စသည့် အောင်မြင်မှုများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ သူမသည် ထပ်ဆောင်းဆုလာဘ်ငါးခုကို ရရှိမည်ဖြစ်သည်။]
[သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိမည်ဖြစ်သည် -]
***