"ချန်ချန်ရွှယ် ဖွင့်လှစ်နိုင်ခဲ့တဲ့ အောင်မြင်မှုတချို့က ဖူရွှမ်နီ ဖွင့်လှစ်ခဲ့တဲ့ အောင်မြင်မှုတွေနဲ့ လုံးဝကို ထပ်တူကျနေတာပဲ... အဲဒီ အိမ်ရှေ့မင်းသား သုတ်သင်သူဆိုရင် ဖူရွှမ်နီမှာလည်း အဲဒီအောင်မြင်မှုမျိုး ရှိခဲ့တယ်။"
ပိုင်ယီ မျက်ခုံးပင့်လိုက်၏။ သေချာပေါက် ဤအရာက သူ့ကို တုန်လှုပ်သွားစေရန်တော့ မလုံလောက်ခဲ့ချေ။ သူ အနည်းငယ်သာ အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။
[ဆုလာဘ် ၁ - ရွှေအမြုတေအဆင့် ပဉ္စမအလွှာ ဝိညာဉ်စွမ်းအင်အပြည့်အဝ (အလွန် ကြီးမားပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်)]
[ဆုလာဘ် ၂ - နေမင်းဧကရာဇ် သွေးကြာပန်း ကျင့်စဉ် (မသေမျိုးစံအိမ်သခင်၏ တက်လှမ်းခြင်း နည်းလမ်း)]
[ဆုလာဘ် ၃ - နိုင်ငံတော်ကံကြမ္မာ စွမ်းအားနှစ်စ (လူရိုင်းတောင်တန်းများရှိ မြို့များ တည်ဆောက်ရာတွင် ချန်ချန်ရွှယ်လည်း ပါဝင်ခဲ့သည်)]
ထွက်ပေါ်လာသော ဆုလာဘ်သုံးခုက ပိုင်ယီကို ရွေးချယ်ရန် ခက်ခဲသွားစေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက အားလုံးကို လိုချင်နေသောကြောင့်ပင်။
ကံမကောင်းစွာဖြင့် သူက ဆုလာဘ်သုံးခုထဲမှ တစ်ခုကိုသာ ရွေးချယ်နိုင်ပြီး အားလုံးကို သူ ယူ၍မရနိုင်ချေ။
ထိုအရာက သူ့ကို သက်ပြင်းချသွားစေခဲ့သည်။
ဆုလာဘ် ၁ က အမှန်တကယ်ပင် အလွန်အရေးကြီးလှ၏။ လက်ရှိတွင် သူ၏ကျင့်ကြံမှုမှာ ရွှေအမြုတေအဆင့် ပထမအလွှာတွင်သာ ရှိသေးပေသည်။ အကယ်၍ သူသာ ဆုလာဘ် ၁ကို ရွေးချယ်လိုက်ပါက သူသည် ရွှေအမြုတေအဆင့်ပထမအလွှာမှ စတုတ္ထအလွှာသို့ တစ်ဟုန်ထိုး ထိုးဖောက်ဝင်ရောက်သွားမည် ဖြစ်သည်။
ကျင့်ကြံသူအများအပြားအတွက်မူ ရွှေအမြုတေအဆင့် ပထမအလွှာသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းကပင် ဘဝ၏အထွတ်အထိပ် ဖြစ်နေခဲ့ပြီဖြစ်သည်။ သူတို့၏ ဘဝမျက်နှာကြက်ကို ထိတွေ့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
အကယ်၍ ရှေ့သို့ နောက်တစ်လှမ်း ထပ်လှမ်းချင်သေးမည်ဆိုလျှင် အခွင့်အရေးတစ်ခုခုကို ရရှိရန် ကံကောင်းမှု ရှိနေရမည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက အခြေခံအားဖြင့် အခွင့်အရေး မရှိတော့ချေ။
အကယ်၍ ရွှေအမြုတေအဆင့် ပထမအလွှာမှ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးတစ်ခုခု ရရှိခဲ့မည်ဆိုလျှင်တောင်မှ ဒုတိယအလွှာသို့သာ ထိုးဖောက်နိုင်မည်ဖြစ်သည်။
အလွန်အမင်း ပါရမီပါသော ကျင့်ကြံသူတစ်ဦးဖြစ်နေမည်ဆိုလျှင်တောင်မှ ရွှေအမြုတေအဆင့် ပထမအလွှာမှ တတိယအလွှာသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
သိသာထင်ရှားစွာပင်...
ပိုင်ယီကတော့ ကွဲပြားခြားနားနေခဲ့သည်။
"ရွှေအမြုတေအဆင့် စတုတ္ထအလွှာကို တစ်ဟုန်ထိုး ထိုးဖောက်ဝင်ရောက်နိုင်မယ့် သွေးဆောင်ဖြားယောင်းမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဆုလာဘ် ၂က တက်လှမ်းခြင်း ကျင့်စဉ်ပဲဖြစ်ဖြစ်၊ ဆုလာဘ် ၃က နိုင်ငံတော်ကံကြမ္မာ စွမ်းအားနှစ်စပဲဖြစ်ဖြစ် လုံလောက်မှု မရှိသလို ခံစားရတယ်။"
တက်လှမ်းခြင်းကျင့်စဉ်အတွက် ပိုင်ယီ၏စိတ်နှလုံးသည် တကယ်တမ်းတွင် ခေတ္တမျှသာ လှုပ်ရှားသွားခဲ့သော်လည်း ထိုသို့ လှုပ်ရှားပြီးနောက်တွင် ပြန်လည် ထုံထိုင်းသွားခဲ့သည်။
တက်လှမ်းခြင်း။
မသေမျိုးတစ်ဦး ဖြစ်လာခြင်း။
ဤသည်ကား ကျင့်ကြံသူအားလုံး၏ တစ်သက်တာ အိပ်မက်ဖြစ်ပြီး ပိုင်ယီသည်လည်း သဘာဝကျကျပင် ချွင်းချက်မဟုတ်ချေ။
ပြဿနာက သူသာ တက်လှမ်းရန် နည်းလမ်းကို ရရှိခဲ့မည်ဆိုလျှင်တောင် ချက်ချင်းကြီး တက်လှမ်းသွားနိုင်မည်လား။
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် သရုပ်ဖော်စနစ်ထဲတွင် မသေမျိုးစံအိမ်၏ ဘိုးဘေးဆရာသခင် တက်လှမ်းခဲ့သည့်နည်းလမ်းကို အတွင်းမှအပြင်သို့ အသေအချာ လေ့လာခဲ့ကြသည်။ သူတို့က ရွှေအမြုတေအဆင့်ကို အလွှာအနည်းငယ်သာ ထိုးဖောက်နိုင်ခဲ့ကြသည် မဟုတ်ပါလား။
ထို့အပြင် ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ်ကဲ့သို့သော ကျင့်ကြံခြင်းနည်းလမ်းက တက်လှမ်းခြင်းနည်းလမ်းဆိုသည်ထက် အများကြီး ပိုကောင်းနေပေသည်။
နိုင်ငံတော်ကံကြမ္မာစွမ်းအား သုံးစဆုလာဘ်နှင့် ပတ်သက်၍မူ ပိုင်ယီစဉ်းစားကြည့်ပြီးနောက် ဆုလာဘ် ၁ကို ရွေးချယ်ခြင်းကသာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
သူသည် ရွေးချယ်မှုပြုလုပ်ရန် အလျင်စလို မဖြစ်နေခဲ့ချေ။ ယင်းအစား သူက ခြံဝင်းထဲမှ အရင် ထွက်လာခဲ့သည်။
ချင်းဟယ်ခရိုင်မှပင် အရင်ထွက်ခွာလာခဲ့၏။
ထို့အပြင် သူ ချင်းဟယ်ခရိုင်မှ မထွက်ခွာမီ ရှုကျီဟွာကိုပင် နှုတ်ဆက်ခဲ့သေးသည်။ "ကျွန်တော် အဆင့်တက်ဖို့ အပြင်ထွက်တော့မလို့။ အဆင့်တက်တဲ့ ဆူပူလှုပ်ရှားမှုက နည်းနည်းကြီးမားနိုင်တယ်ဆိုတော့ ချင်းဟယ်ခရိုင်မှာ အဆင့်တက်ဖို့ မသင့်တော်ဘူးလေ။"
ရှုကျီဟွာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။
ရှုကျီဟွာ တုံ့ပြန်မှုမပေးနိုင်မီမှာပင် ပိုင်ယီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။
ရှုကျီဟွာသည် ခြံဝင်းထဲတွင် အလွန်အမင်း အံ့အားသင့်နေသော မျက်နှာဖြင့် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။
သူမ အသက်ရှူကြိမ်နှစ်ကြိမ်မျှ ကြာပြီးနောက်မှ သတိဝင်လာခဲ့၏။ "ငါ့တပည့်က မကြာသေးခင်ကမှ အဆင့်တက်ထားတာ မဟုတ်ဘူးလား။ ဒီကြားထဲ နှစ်ရက်လောက်ပဲ ကွာသေးတယ်လေ။"
ရှုကျီဟွာ ဆွံ့အသွားခဲ့ရသည်။
"ရှီးးး.. ငါ့တပည့်က လူ့ပြည်ကို ဆင်းသက်လာတဲ့ မသေမျိုးတစ်ယောက်ဆိုတာ တကယ်ပဲများလား။ သူက အဆင့်တက်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့တင် အလွယ်တကူ အဆင့်တက်နိုင်တယ်ပေါ့။ ငါက မသေမျိုးတစ်ယောက်နဲ့ အိပ်ခဲ့မိတာလား။"
"..."
ရှုကျီဟွာ ဘာတွေတွေးနေသည်ကို ပိုင်ယီ မသိခဲ့ချေ။ ရွှေအမြုတေအဆင့် ပထမအလွှာ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ ပျံသန်းမှုအမြန်နှုန်းမှာ အလွန် မြန်ဆန်လှသည်။ သူ ချင်းဟယ်ခရိုင်မှ ထွက်ခွာပြီး လူသူကင်းမဲ့သောနေရာတစ်ခုသို့ ရောက်ရှိရန် အချိန်အကြာကြီး မယူလိုက်ရချေ။
ထို့နောက် သူသည် ရွှေအမြုတေအဆင့် အငွေ့အသက် အနည်းငယ်ကို ထုတ်လွှတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အားနည်းသော မိစ္ဆာသားရဲအချို့ကို ခြောက်လှန့်မောင်းထုတ်လိုက်၏။
ထိုအခါမှသာ သူ လိုချင်သော ဆုလာဘ်ကို လက်ခံရယူလိုက်သည်။
"ဆုလာဘ် ၁"
ချက်ချင်းပင် ဆူနာမီလှိုင်းလုံးကြီးအလား လှိုင်းတံပိုးထနေသော ဝိညာဉ်စွမ်းအင်များသည် ပိုင်ယီ၏ခြေလက်များနှင့် အရိုးများထဲသို့ ရူးသွပ်စွာ စီးဝင်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် ဒန်ထျန်း(စွမ်းအင်အချက်အချာ)ထဲရှိ ရွှေအမြုတေတို့မှ ပြီးပြည့်စုံစွာ စုပ်ယူလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် အပြောင်းအလဲများကို ဖြတ်သန်းနေရပေပြီ။
ကံကောင်းစွာဖြင့် သူ အဆင့်မတက်မီ သူ၏ ပတ်ဝန်းကျင်ရှိ ဉာဏ်ရည်ရှိ သတ္တဝါအားလုံးကို ခြောက်လှန့်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက ရွှေအမြုတေအဆင့်၏ ဤထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းခြုံသွားသည့်အခါ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော မိစ္ဆာသားရဲငယ်လေးတစ်ကောင်၊ သို့မဟုတ် သာမန်တောရိုင်းတိရစ္ဆာန် တစ်ကောင်ကို ကြောက်လန့်သေဆုံးသွားစေရန် လုံလောက်ပေသည်။
ရွှေအမြုတေအဆင့် ဒုတိယအလွှာ....
ရွှေအမြုတေအဆင့် တတိယအလွှာ.....
ရွှေအမြုတေအဆင့် စတုတ္ထအလွှာ.....
ပိုင်ယီ အဆင့်တက်သည့် အမြန်နှုန်းမှာ သာမန်လူများအတွက် နားလည်ရန် ခက်ခဲလှသည်။ လက်ဖက်ရည် တစ်ခွက်သောက်ချိန် တစ်ဝက်မပြည့်မီမှာပင် သူသည် အဆင့်ငယ်သုံးခုကို ဆက်တိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၏ အဟုန်သည်လည်း ဤအချိန်တွင် လျင်မြန်စွာ မြင့်တက်လာခဲ့၏။
သူ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံသဏ္ဍာန်မဲ့သော လေလှိုင်းတစ်ခုသည် အရပ်မျက်နှာ အသီးသီးသို့ တိုက်ခတ်သွားလေသည်။
သူ၏ခြေအောက်ရှိ မြေကြီးမှာ ရုတ်တရက် တုန်ခါသွားပြီး ကျိုးပဲ့နေသော ကျောက်စရစ်ခဲများသည် အပေါ်သို့ မြင့်မားစွာ လွင့်စင်သွားကြ၏။
လေလှိုင်းသည် လေပြင်းတစ်ရပ်အလား ပန်းများ၊ သစ်ပင်များ၊ ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့်များ အားလုံးကို တိုက်စားသွားခဲ့သည်။
ပိုင်ယီကို ဗဟိုပြု၍ မီတာရာပေါင်းများစွာ အချင်းဝက်အတွင်း မြက်တစ်ပင်မျှပင် မရှိတော့ချေ။
မြေကြီးမို့မို့လေး တစ်ခုပင် မကျန်ရစ်တော့ပေ။
"ဟူး... ခွန်အားတွေ တိုးတက်လာတာက တကယ်ကို ပုံကြီးချဲ့လွန်းရာကျနေတာပဲ။" ပိုင်ယီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။ သူက ကူကယ်ရာမဲ့စွာ ပြုံးလျက် ပြောလေသည်။ "အကယ်၍ ငါသာ ချင်းဟယ်ခရိုင်မှာ အဆင့်တက်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒီအဆင့်တက်မှုက ငါ့ရဲ့ အိမ်နီးချင်းတချို့ကို တစ်ချက်တည်းနဲ့ သေချာပေါက် သေစေလောက်တယ်။"
ရွှေအမြုတေအဆင့် ပထမအလွှာနှင့် စတုတ္ထအလွှာကြားရှိ ကွာခြားချက်မှာ စကားလုံးများဖြင့် ဖော်ပြ၍ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
ပိုင်ယီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားများဖြင့် ပြည့်နှက်နေကြောင်းကိုသာ ခံစားနေရသည်။ တိုက်ခိုက်မှု တစ်ချက်တည်းကပင် သူ၏ရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေသည့်အလားပင်။
ကံကောင်းစွာဖြင့် ကျင့်ကြံခြင်းသရုပ်ဖော်စနစ်မှ ထပ်ဆောင်းဆုလာဘ်တစ်ခု ထွက်ပေါ်လာခဲ့ရာ ထိုအရာက ဤကဲ့သို့သော ခံစားချက်မျိုးကို ပြယ်လွင့်သွားစေခဲ့၏။
[ထပ်ဆောင်းဆုလာဘ် - ကောင်းကင်မဲ့လက်ဝါး (သွေးကြာပန်းတာအိုဆရာသည် မဟာဝေ၏ အိမ်ရှေ့မင်းသားကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်)]
"ဒါက..."
ပိုင်ယီ ဆွံ့အသွားခဲ့ရသည်။ သူ ဤနောက်ထပ် ဆုလာဘ်ကို လက်ခံရရှိလိုက်ချိန်တွင် သတင်းအချက်အလက် အချို့ကိုပါ သိရှိခဲ့ရ၏။ ဤဆုလာဘ်က ကျင့်ကြံခြင်းကျင့်စဉ်တစ်ခု မဟုတ်ချေ။
၎င်းမှာ ဖူရွှမ်နီ ဆုလာဘ်အဖြစ် ရရှိခဲ့သော ကောင်းကင် မိစ္ဆာရုပ်တုနှင့် ဆင်တူနေသည်။ ၎င်းသည် တိုက်ခိုက်မှုတစ်ခုဖြစ်၏။
တစ်နည်းဆိုရသော် ၎င်းသည် တစ်ခါသုံး ကျွမ်းကျင်မှုတစ်ခု ဖြစ်ပေသည်။
၎င်း၏စွမ်းအားမှာ သွေးကြာပန်းတာအိုဆရာ၏ တိုက်ခိုက်မှုနှင့် တူညီနေသည်။
ပိုင်ယီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။
ကောင်းကင်မိစ္ဆာရုပ်တုရော ကောင်းကင်မဲ့လက်ဝါး နှစ်ခုစလုံးသည် သွေးကြာပန်းတာအိုဆရာ၏ တိုက်ခိုက်ရေးကျင့်စဉ်များ ဖြစ်ကြောင်း သူ မှတ်မိနေသည် မဟုတ်ပါလား။ ဤသည်မှာ နောက်ထပ် ဆုလာဘ်တစ်ခုဖြစ်၏။ သူက ချန်ချန်ရွှယ်တို့၏ အကွက်ချမှုကြောင့် သေဆုံးသွားခဲ့ရ၍များလား။
ဤသည်မှာ တစ်ခုတည်းသော အဖြေဖြစ်ပုံရပေသည်။
ဘာပဲဖြစ်ဖြစ် သွေးကြာပန်းတာအိုဆရာသည် သူ၏ရွေးချယ်ခံမှ မဟုတ်တာပဲလေ။
'သောက်ကျိုးနည်းပဲ။'
သွေးကြာပန်းတာအိုဆရာက အတော်လေး သနားစရာကောင်းသည်ဟု ပိုင်ယီ ရုတ်တရက်ခံစားလိုက်ရသည်။ သူသည် ရွေးချယ်ခံများ၏ ခြေဖဝါးအောက်တွင် အကြိမ်ပေါင်းများစွာ နင်းခြေခံခဲ့ရရုံသာမက ဆုလာဘ်တစ်ခုတောင် ဖြစ်လာခဲ့သေးသည် မဟုတ်ပါလား။
ချန်ချန်ရွှယ်တို့နှင့် တွေ့ဆုံခဲ့ရသည်မှာ သူ ကံဆိုးလွန်းလှသည်ဟုသာ ဆိုနိုင်ပေတော့မည်။
"ဒါကလည်း ကောင်းမွန်တဲ့ ဆုလာဘ်တစ်ခုလို့ ယူဆလို့ရပါတယ်။ ကောင်းကင်မိစ္ဆာရုပ်တုလိုပဲ အဲဒါကို အသက်ကယ်လျှို့ဝှက်လက်နက်အနေနဲ့ သုံးလို့ရတာပဲ။"
ပိုင်ယီ တီးတိုးရေရွတ်လိုက်၏။
[ထပ်ဆဆာင်းဆုလာဘ် - စစ်မှန်သော နဂါးချီတစ်စ (နိုင်ငံတစ်ခု၏ဧကရာဇ် သို့မဟုတ် အိမ်ရှေ့မင်းသားများသာ စုစည်းဖန်တီးနိုင်သော အထူးစွမ်းအင်တစ်ခု)]
ဒုတိယမြောက် ဆုလာဘ်ထွက်ပေါ်လာခဲ့သည်။ ပိုင်ယီသည် ဆုလာဘ်ထွက်ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာသော ခပ်သဲ့သဲ့ နဂါးဟောက်သံတစ်သံကို ကြားလိုက်ရသည့်အလားပင်။
သူ၏အရိုးများသည် ထူးဆန်းသော အသံများ ထွက်ပေါ်နေခဲ့သော်လည်း သူ စိုးရိမ်ပူပန်မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မကောင်းသည့်အရာတစ်ခု မဟုတ်ကြောင်း သူ သိထားသောကြောင့်ပင်။
သူ၏အရိုးများ ပြောင်းလဲသွားချိန်တွင် အလွန် သက်သောင့်သက်သာ ဖြစ်သွားကြောင်း ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ကို နူးညံ့သိမ်မွေ့သော လက်ပေါင်း ၁,၀၀၀ခန့်က အထူးပြုစုပေးနေသည့်အလားပင်။
သူ၏ဘဝတစ်လျှောက်လုံး ထိုကဲ့သို့သော ပြုစုပေးမှုမျိုးကို တစ်ခါမှ မကြုံဖူးခဲ့သော်လည်း။
ဤကဲ့သို့ နှိုင်းယှဉ်သုံးနှုန်းခြင်းကသာ သူ၏ ခံစားချက်များကို ဖော်ပြနိုင်မည်ဟု ခံစားလိုက်ရသည်။
[ထပ်ဆောင်းဆုလာဘ်...]
***