“အစီအရင်ကို အမြန်ဆုံး ချလိုက်ကြစမ်း” ယင်ယန်မဟာသူတော်စင်က အရေးတကြီး တိုက်တွန်းလိုက်သည်။ စစ်ဘက်ဆိုင်ရာသူတော်စင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အစီအရင်ကို စတင် ခင်းကျင်းတော့သည်။ တစ်ဖက်လူတွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု လီဟောင် မမျှော်လင့်ထားခဲ့ပေ။ ကောင်းကင်ဘုံအသီးသီးမှ သူတော်စင်များတွင် အမှန်တကယ်ပင် လျှို့ဝှက်ချက်အချို့ ရှိနေကြသေးသည်။ သူတော်စင်များအားလုံး၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ စစ်ဘက်ဆိုင်ရ။သူတော်စင်က အစီအရင်ကို ခင်းကျင်းနေစဉ်အတွင်း မိုမျိုးနွယ်စုမှ မဟာသူတော်စင်သည် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အစဉ်လိုက်အတိုင်း သူတော်စင် (၁၀၈) ပါးကို ရွေးချယ်လိုက်သည်။ သူတော်စင်များအားလုံးသည် စစ်ဗျူဟာအစီအရင်၏ နေရာအသီးသီးသို့ ဝင်ရောက်လိုက်သောအခါ ဟင်းလင်းပြင်အတွင်း၌ ရွှေရောင်အလင်းတန်း အစီအရင်တစ်ခု ပေါ်ထွက်လာပြီး အစီအရင်၏ ဗဟိုချက်မှာ လီဟောင်အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူတော်စင် (၁၀၈) ပါး၏ စွမ်းအင်များသည် ရွှေရောင် နတ်ဘုရား သက်တန့်တန်းများသဖွယ် လီဟောင်ထံသို့ စုစည်းရောက်ရှိလာကြသည်။ လီဟောင်သည် သူ၏ သူတော်စင်တာအိုအတွင်းသို့ သူတော်စင်တာအို စွမ်းအင်များ စီးဆင်းဝင်ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ သူတော်စင်များအားလုံး၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာပြီး သူတို့သည်လည်း စစ်ပွဲအစီအရင်၏ နေရာများတွင် ရပ်နေကြကာ သူတို့၏ စွမ်းအင်များကို သက်တန့်များကဲ့သို့ ပေးပို့နေကြပုံရသည်။ ဤစစ်ပွဲအစီအရင်သည် သူတော်စင်များ၏ စွမ်းအင်များကိုသာမက သူတို့၏ သူတော်စင်တာအိုများကိုပါ လီဟောင်ထံသို့ ကူးပြောင်းပေးနေခြင်း ဖြစ်သည်။ လီဟောင်သည် သူ၏ ဝိညာဉ်စွမ်းအင်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ကောင်းကင်နှင့် မြေပြင်ကို အသုံးပြု၍ သူ၏ ဝိညာဉ်ကို (၃၆၀) ကြိမ်အထိ သိပ်သည်းအောင် ပြုလုပ်နိုင်သူ ဖြစ်သည်။ ယခင်က သူသည် ထိုအကန့်အသတ်ကို ချိုးဖျက်ကာ အကန့်အသတ်အဆင့်ကို ကျော်လွန်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အကန့်အသတ်အဆင့်ထက်ပင် ပိုမိုမြန်ဆန်စွာ မြင့်တက်နေသည်။ လီဟောင်သည် စစ်မှန်သောနဂါးကို ဆက်ခံကာ ဘိုးဘေးသူရဲကောင်းဝိညာဉ်များစွာဖြင့် ဝိညာဉ်ကို သိပ်သည်းစေပြီး ယခင်အကန့်အသတ်ကို ထပ်မံချိုးဖျက်နိုင်သော လီမျိုးနွယ်စု၏ ဝိညာဉ်ဖျက်ဆီးခြင်း နည်းစနစ်အကြောင်းကို စဉ်းစားမိလိုက်သည်။ သို့သော်လည်း သူတို့၏ ဝိညာဉ်ဆက်ခံခြင်းမှာ ရပ်တည်မှုလေးခုနယ်ပယ်တွင်သာ ရှိပြီး ဘိုးဘေးဝိညာဉ်ဆက်ခံခြင်းကို အသုံးပြုကာ ဝိညာဉ်ကို အကြိမ် (၈၀) မျှသာ သိပ်သည်းစေနိုင်သည်။ အကြိမ် (၈၀) အကန့်အသတ်ကို ချိုးဖျက်ပြီး တာအိုနားလည်ခြင်းနယ်ပယ် အဆင့်သို့ မြှင့်တင်နိုင်လျှင်တောင် အကြိမ်တစ်ရာကျော်သာ ရှိပေလိမ့်မည်။ ယခုမူ ဤစစ်ဘက်ဆိုင်ရာသူတော်စင်၏ စစစ်ပွဲအစီအရင်မှာ ထိုနည်းလမ်းနှင့် ဆင်တူသော အကျိုးသက်ရောက်မှု ရှိနေသည်မှာ အံ့ဩစရာဖြစ်သည်။ ကွာခြားချက်မှာ သူတော်စင်များ၏ သူတော်စင်တာအို ဝိညာဉ်သိပ်သည်းခြင်းဖြင့် လီဟောင်၏ အကန့်အသတ်များကို ချိုးဖျက်ပေးနေခြင်းပင် ဖြစ်သည်။ စစ်ပွဲအစီအရင်၏ လည်ပတ်မှုနှင့်အတူ လီဟောင်၏ အရှိန်အဝါမှာ ပို၍ ပြင်းထန်လာခဲ့သည်။ တစ်ချိန်တည်းတွင် လီဟောင်သည် ရှေးဟောင်းခန်းမဆီမှ လာသော အရှိန်အဝါမှာ ပိုမိုထင်ရှားလာပြီး သူတို့ထံသို့ အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်ကို အာရုံခံမိလိုက်သည်။ “သတိထားကြ... သူ လာနေပြီ” လီဟောင်သည် လေးနက်သော အမူအရာဖြင့် သတိပေးလိုက်ပြီး တိုက်ပွဲအတွက် အဆင်သင့် ပြင်လိုက်သည်။ လီဟောင်၏ စကားကို ကြားရသောအခါ သူတော်စင်များအားလုံး၏ စိတ်များမှာ တင်းကျပ်သွားကြပြီး ရှေးဟောင်းခန်းမရှိရာ ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ... တစ်ချိန်တည်းတွင် လီဟောင်၏ ကိုယ်ပွားသည် မြင့်မြတ်နယ်မြေသို့ ရောက်ရှိသွားသည်။ “ဟောင်ထျန်း... ဒါက မင်းရဲ့ ကိုယ်ပွားလား” လီဟောင်၏ ကိုယ်ပွား ပြန်ရောက်လာသည်နှင့် မြင့်မြတ်နယ်မြေတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော ဆေးသူတော်စင်နှင့် ဓားဆရာသခင်တို့သည် အမြန်ဆုံး ကြိုဆိုနှုတ်ဆက်ကြသည်။ “ဟုတ်ပါတယ်... အခြေအနေက တကယ် စိုးရိမ်ရတယ်။ အစစ်အမှန်အင်မော်တယ် အဆင့်ရှိတဲ့ ရှေးဟောင်းနတ်ဆိုးက ကျွန်တော် မျှော်လင့်မထားတဲ့ အထူးနည်းလမ်းတွေ သုံးပြီး ကျူးကျော်လာပြီ၊ ကျွန်တော်တို့ ချက်ချင်း ဆုတ်ခွာရမယ်” လီဟောင်၏ ကိုယ်ပွားက အလျင်အမြန် ရှင်းပြလိုက်သည်။ “ကိုးပြည်ထောင် အင်မော်တယ်ကျွန်းကို ချက်ချင်း အကြောင်းကြားလိုက်ပါ၊ သူတို့ကို အခြေအနေတွေ ရှင်းပြပြီး အရေးပေါ် ဆုတ်ခွာခိုင်းလိုက်ပါ။ ပြီးတော့ အားတဲ့သူရှိရင် သေမျိုးလောကကိုသွားပြီး မဟာယုရဲ့ ပြည်နယ်၁၉ခုက လူတွေကို ခေါ်လာပေးကြပါ၊ မြင့်မြတ်နယ်မြေက သူတို့အားလုံးကို မဆံ့နိုင်ရင် ကိုးပြည်ထောင် အင်မော်တယ်ကျွန်းမှာ နေရာရှိမရှိ ကြည့်လိုက်ကြပါဦး” သူသည် အခြေအနေကို လျင်မြန်စွာ ဆက်သွယ်ပြောကြားလိုက်သည်။ လီဟောင်၏ စကားကို ကြားသောအခါ ဆေးသူတော်စင်နှင့် ဓားဆရာသခင်တို့မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အစစ်အမှန်အင်မော်တယ် အဆင့်ရှိသော ရှေးဟောင်းနတ်ဆိုး ရောက်လာသည်လား။ ဤနယ်မြေတွင် အင်မော်တယ်များ မရှိတော့ပေ။ ယခု အစစ်အမှန်အင်မော်တယ် အဆင့်ရှိ ရှေးဟောင်းနတ်ဆိုး ဆင်းသက်လာခြင်းမှာ သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်လာသကဲ့သို့ပင် ဖြစ်သည်။ “မင်းရဲ့ အဓိကခန္ဓာကကော ဘယ်မှာလဲ” ဖုန်းပိုဖျင်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာပြီး အရေးတကြီး မေးလိုက်သည်။ လီဟောင်၏ ကိုယ်ပွားသည် တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “အရင်းအမြစ် ဘိုးဘေးနဲ့ နတ်ဘုရားဘုရင်တို့ကတော့ စတေးခံသွားကြပြီ။ ကျွန်တော်ရဲ့ မူလခန္ဓာကတော့ အခြားသူတော်စင်တွေနဲ့ ပူးပေါင်းပြီး အဲဒီ အစစ်အမှန်အင်မော်တယ် ရှေးဟောင်းနတ်ဆိုးကို အသက်နဲ့လဲပြီး တိုက်ခိုက်ဖို့ ပြင်နေတယ်။ အကယ်၍ အနိုင်ရရင်တော့ ကောင်းကင်ဘုံအသီးသီးက ဆက်ရှိနေမှာပါ၊ ဒါပေမဲ့ ရှုံးသွားခဲ့ရင်တော့ ဆုတ်ခွာတာက မျှော်လင့်ချက်ကို ထိန်းသိမ်းရာ ရောက်လိမ့်မယ်” ထိုစကားကို ကြားရသောအခါ ထိုနေရာတွင် ရှိနေသူအားလုံး မျက်နှာပျက်သွားကြသည်။ “ဟောင်ထျန်း... အဲဒါက အစစ်အမှန်အင်မော်တယ် အဆင့်ရှိတဲ့ ရှေးဟောင်းနတ်ဆိုးနော်၊ မင်း ယုံကြည်ချက် ရှိရဲ့လား” ကောင်းကင်လှည့်စားသူတော်စင်သည် အပြေးအလွှား ရောက်လာပြီး အရေးတကြီး မေးလိုက်သည်။ “ယုံကြည်ချက် မရှိပါဘူး၊ ကျွန်တော်တို့ တိုက်ခိုက်ရုံပဲ ရှိတယ်။ မဟုတ်ရင် မြင့်မြတ်နယ်မြေက ဒီလောက် ကျယ်ဝန်းနေတာ၊ ကျွန်တော့်ရဲ့ လောကဦးနတ်ဝိညာဉ်က အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ထားပေးနိုင်ပေမဲ့ ဧရိယာက ကျယ်လွန်းတယ်။ ဒုတိယအဆင့် ရှေးဟောင်းနတ်ဆိုးတွေ မတွေ့အောင်တော့ ကျွန်တော် အာမခံနိုင်ပေမဲ့ အစစ်အမှန်အင်မော်တယ် အဆင့် ရှေးဟောင်းနတ်ဆိုး ရောက်လာရင်တော့ ကျွန်တော်လည်း မသေချာဘူး” မြင့်မြတ်နယ်မြေအတွင်းရှိ သူတော်စင်တစ်ပိုင်း အဆင့်များစွာမှာလည်း သူတို့၏ စကားကို ကြားလိုက်ရသဖြင့် အပြေးအလွှား ရောက်ရှိလာကြပြီး ကောင်းကင်သို့ မော့ကြည့်နေကြသည်။ လီဟောင်၏ စကားကို ကြားသောအခါ မိထျန်းသူတော်စင်နှင့် ဆေးသူတော်စင်တို့မှာ တိတ်ဆိတ်သွားကြသည်။ လီဟောင်သည် သူတို့ ဆုတ်ခွာရန် အချိန်ရစေရန်အတွက် သူ၏ အသက်ကို ရင်းနေခြင်းဖြစ်ကြောင်း သူတို့ သိကြသည်။ “မင်း တစ်ယောက်တည်းသာ ပုန်းနေမယ်ဆိုရင် အဲဒီ ရှေးဟောင်းနတ်ဆိုးက မင်းကို ရှာတွေ့မှာ မဟုတ်ဘူး မဟုတ်လား” ဓားဆရာသခင်က လီဟောင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ ယခင်က လီဟောင်သည် အင်မော်တယ်တံခါး အပြင်ဘက်တွင် (၁၂) နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ဖူးသည်။ လီဟောင်အနေဖြင့် အစစ်အမှန်အင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ လိုက်လံမှုကို မရှောင်တိမ်းနိုင်ဟု သူ မယုံကြည်ပေ။ လီဟောင်၏ ကိုယ်ပွားမှာ တိတ်ဆိတ်နေခဲ့သည်။ သူသာ တစ်ကိုယ်တည်းဆိုလျှင် အမှန်တကယ် ပုန်းကွယ်နေနိုင်ပြီး မိုးမြေဟင်းလင်းပြင် ကို အသုံးပြု၍ လူအချို့ကို ခေါ်ဆောင်သွားနိုင်သည်။ သို့သော် ထိုဟင်းလင်းပြင်မှာ မြင့်မြတ်နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သဖြင့် လူအနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်လောက်သည်။ ဖုန်းပိုဖျင်သည်လည်း နှုတ်ဆိတ်နေခဲ့သည်။ လီဟောင်သည် သူ၏ မိတ်ဆွေများကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ကြောင်း သူ သိသည်။ “ငါ မင်းနဲ့အတူ သေမျိုးလောကမှာ ရှိနေခဲ့တယ်၊ အခုလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်” ဖုန်းပိုဖျင်က လီဟောင်၏ ကိုယ်ပွားကို ပြောလိုက်ပြီး အတူတူလိုက်ရန် ပြင်လိုက်သည်။ လီဟောင်၏ ကိုယ်ပွားသည် သူ၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ “အဘိုးကြီးဖုန်း... ဒီတိုက်ပွဲမှာ ကျွန်တော် ဘာမှ မသေချာဘူး၊ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို ကျွန်တော့်ကိုယ်စား စောင့်ရှောက်ပေးပါ” လူအုပ်ကြီးထဲမှ ဂျိဆန်းကြယ်နတ်ဘုရား နှင့် အခြားသူများလည်း ပြေးထွက်လာကြသည်။ ယခင်က လီဟောင် ထွက်ခွာသွားသည့် သတင်းကြောင့် မြင့်မြတ်နယ်မြေအတွင်း၌ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယခု လီဟောင်၏ စကားများကို ကြားရသောအခါ သူတို့၏ မျက်လုံးများမှာ ဝိုင်းစက်သွားကြပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလာကြသည်။ သူတို့နှင့် လီဟောင်မှာ မျိုးဆက်တစ်ခုတည်းဖြစ်ပြီး သူတို့က လီဟောင်ထက်ပင် အသက်ကြီးကြသေးသည်။ ယခုအခါတွင်မူ သူတို့၏ အသက်ရှင်သန်ခွင့် အခွင့်အရေးအတွက် သူတို့၏ ပြိုင်ဘက်ဟောင်း၊ ယခု သူငယ်ချင်းဖြစ်သူက ရှေ့ဆုံးမှ ရင်ဆိုင်တိုက်ခိုက်နေသည်ကို ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။ “မသေချာဘူးဆိုရင်လည်း ငါက ပိုပြီး လိုက်ချင်သေးတယ်” ဖုန်းပိုဖျင်က လွတ်မြောက်ရန် ကြိုးစားသော်လည်း လီဟောင်၏ ကိုယ်ပွားမှာ အလွန် အင်အားကြီးမားနေသည်ကို တွေ့ရသဖြင့် သူ ထိတ်လန့်သွားသည်။ “ဒီမှာပဲနေပြီး အဘိုးလေး၂ကို အဖော်ပြုပေးလိုက်ပါ။ ကျွန်တော်ကတော့ ခင်ဗျားရဲ့ ငါးဖမ်းဖော်အဖြစ်ကနေ ပျောက်ကွယ်သွားရတော့မှာမို့လို့... အခြားတစ်ယောက်ကိုတော့ ထပ်ပြီး ပျောက်ဆုံးမခံပါနဲ့တော့” လီဟောင်၏ ကိုယ်ပွား၏ အကြည့်မှာ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး စိုးရိမ်ထိတ်လန့်နေသော လီမူရှို့ကို မြင်တွေ့လိုက်ရသည်။ လီမူရှို့မှာ ယခုအခါ တာအိုနားလည်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လီဟောင်၏ အသံမှာ တိုးညင်းသော်လည်း သူ ကြားလိုက်ရပြီး သူ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာကာ ပူနွေးသော မျက်ရည်များ စီးကျလာခဲ့သည်။
***