"ဆွေးနွေးကြမယ်..."
ချန်လော့သည် စကားပြောရင်း ထိုကိစ္စကို ဆွေးနွေးရန် ကျောက်မန်ကို ဆွဲခေါ်သွားသည်။
ချန်လော့သည် တစ်ဖက်သို့ လှည့်လိုက်သောအခါ လူတိုင်း သူ၏ အင်္ကျီနောက်ကျောမှ ရှင်းပြ၍မရအောင် ပျောက်ဆုံးနေသော အပိုင်းနှင့် ပွင့်လင်းမြင်သာသော ကျောပြင်ကို မြင်လိုက်ရသည်။
"ဒါက..."
အတွင်းဂိုဏ်းသား များက ချန်လော့၏ ကျောပြင်ကို ကြည့်ရင်း သူတို့၏ မျက်နှာပေါ်တွင် အနေခက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
"ဖြစ်နိုင်တာက... ရန်ယွီတောင်ကြား ထဲမှာ အရမ်း ပူနေလို့ဖြစ်မယ်.... အစ်ကိုကြီး ချန်လော့ က ဒီလိုဆိုရင် ပိုအေးတယ်လို့ ထင်လို့နေမှာပါ..."
ကျန်းချွမ် က ချန်လော့အတွက် အလျင်အမြန် ရှင်းပြပေးလိုက်သည်။
သို့သော် ချန်လော့သည် သူတို့၏ စကားဝိုင်းကို ဂရုမစိုက်ဘဲ ကျောက်မန်ကို အဝေးသို့ ဆွဲခေါ်သွားသည်။
"ဘာလဲ..."
ကျောက်မန်က ဘုနဲ့ဘောက် မေးလိုက်သည်။
"မင်းဆရာက မင်းကို တခြား ဘာပစ္စည်းကောင်းတွေ ပေးလိုက်သေးလဲ..."
ချန်လော့သည် မျက်နှာလိုမျက်နှာရ အပြုံးဖြင့် မေးလိုက်သော်လည်း သူ၏ မျက်လုံးများထဲရှိ လောဘကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။
"ဒါအကုန်ပဲ..." ကျောက်မန်က မဆိုင်းမတွ ပြောလိုက်သည်။
သေချာသည်မှာ ကျောက်မန် လိမ်နေကြောင်း ချန်လော့ရော ကျောက်မန်ပါ သိကြသည်။
စမ်းသပ်လေ့ကျင့်ရေးကွင်း ခရီးစဉ်အတွင်း သူမ၏ ဆရာသည် သူမကို ပစ္စည်းများစွာ ပေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမသည် ချီသန့်စင်ခြင်း သတ္တမအဆင့် တွင်သာ ရှိသေးပြီး ၊သူမ၏ စွမ်းအားသည် အလွန် နိမ့်ကျလွန်းသည်။ သူမကို အသက်ကယ် မှော်လက်နက် များ မပေးလိုက်ပါက ၊ သူမအနေဖြင့် တစ်လကျော် အသက်ရှင်ကျန်ရစ်ရန် ခက်ခဲလိမ့်မည်။
ထို့အပြင် သူမသည် "အဆိပ်တစ်သောင်းခန္ဓာ" လည်း ဖြစ်ရာ ဆရာဖြစ်သူရော၊ ဂိုဏ်းကပါ အလွန် တန်ဖိုးထားကြသည်။ ထို့ကြောင့် ဆရာဖြစ်သူ ပေးသော မှော်လက်နက် များအပြင် ဂိုဏ်းချုပ် ပေးသော ပစ္စည်းအချို့လည်း သူမတွင် ရှိသေးသည်။
သို့သော် ချန်လော့ ပြုလုပ်ခဲ့သော တိရစ္ဆာန်ဆန်သည့် လုပ်ရပ်များကို ကြည့်၍ သူမ သေရမည် ဆိုရင်တောင် ၊ ဤအရာများကို ချန်လော့ကို ဘယ်သောအခါမှ ပြောပြမည် မဟုတ်ချေ။
ချန်လော့ကလည်း ၎င်းကို သိထားသည်။ သူ့အပေါ် ထားရှိသော ကျောက်မန်၏ လက်ရှိ သဘောထားကို မြင်ပြီးနောက် သူသည် ချက်ချင်း ပြုံးလိုက်ပြီး ကျောက်မန်၏ ပခုံးများကို စတင် နှိပ်နယ်ပေးတော့သည်။
"ဒေါသမထွက်ပါနဲ့... ဒါက အလေးအနက်ထားရမယ့် ကိစ္စပါ... ကျေးဇူးပြုပြီး ကူညီပါဦး..."
ကျောက်မန်သည် ချန်လော့ကို လှည့်ကြည့်လိုက်ပြီး ချန်လော့၏ မျက်နှာလိုမျက်နှာရ လုပ်နေသည့် သဘောထားကို "ထွက်သွားစမ်း" ဟုသာ သူမ ပြောနိုင်တော့သည်။
အကြောင်းမှာ ရန်ယွီတောင်ကြား မှ ထွက်သွားသည်နှင့် ၊ ချန်လော့သည် သူမကို လိုအပ်တော့မည် မဟုတ်ဘဲ ထိုသကောင့်သား၏ သဘောထားသည် ချက်ချင်း ပြောင်းလဲသွားမည်ကို သူမကောင်းကောင်းကြီး သိထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း နောင်တစ်ချိန်ကြ သူမအတွက် ချန်လော့ကို လိုအပ်လာမည်ကိုလည်း သူမကိုယ်တိုင်လည်း သိထားသည်။
အထူးသဖြင့် အဆိပ်မြူစိမ့်မြေ နှင့် သင်္ချိုင်းမြေ တို့တွင် ချန်လော့၏ အကူအညီ မပါဘဲ ထိုနေရာများသို့ လုံခြုံစွာ သွားရောက်နိုင်ပြီး သူမ လိုအပ်သောအရာများကို ပြန်ယူနိုင်မည်လား ဆိုသည်မှာ အတပ်မပြောနိုင်ပေ။
ထို့ကြောင့် အခြေအနေသည် အရမ်း တင်းမာသွားပါက မကောင်းနိုင်ပေ။
"နည်းနည်းတော့ ကျန်သေးတယ်... အဲဒါတွေကို နင် ဘာလုပ်ချင်လို့လဲ..."
မျှော်လင့်ချက် ရှိသေးကြောင်း ကြားလိုက်ရချိန်တွင် ချန်လော့ သည် ချက်ချင်း ပြုံးလိုက်သည်။
"ငါ အတည်ပြုချင်ရုံလေးပါ... အကယ်၍ ရွှေမြုတေအဆင့် တစ်ဝက် လောက်ရှိတဲ့ သားရဲ ကို ငါတို့ မသတ်နိုင်ဘူးဆိုရင်... သူ့ကို သတ်ဖို့ မင်းမှာ နည်းလမ်း ရှိလား..."
"ဒါမှမဟုတ် ငါ ချက်ချင်း ထွက်ပြေးနိုင်မယ့် နည်းလမ်းကိုရော မင်း စဉ်းစားပေးမှာလား..."
ချန်လော့သည် သူ၏ ကိုယ်ပိုင် ကန့်သတ်ချက်များကို ကောင်းစွာ သိထားသည်။ သူ၏ လက်ရှိ စွမ်းအားသည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကို ကိုင်တွယ်ရန် လုံလောက်သော်လည်း ၊ အခြေခံတည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ်အတွက် အနည်းငယ် ခက်ခဲနိုင်သည်။ ရွှေမြုတေအဆင့် တစ်ဝက်သာဆိုလျှင်ဖြင့် ၊ နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူးလို့တော့ လည်း မဆိုနိုင်ပေ။အကယ်၍ ပြိုင်ဘက်သည် လှေကားပေါ်က ပြုတ်ကျပြီး ဒုက္ခိတ ဖြစ်သွားရင် သူ နိုင်ဖို့ အခွင့်အရေး နည်းနည်းတော့ ရှိနိုင်သေးသည်။
ထို့အပြင် ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော သားရဲ သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်လည်း ရှိသေးရာ တိုက်ပွဲသည် လွယ်ကူမည် မဟုတ်ပေ။
ချန်လော့သည် သူ သိပ်ယုံကြည်မှု မရှိသော အရာတစ်ခုကို မစမ်းသပ်ရဲပေ။
ကျောက်မန် ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ရတယ်..."
ကျောက်မန် ခေါင်းညိတ်လိုက်သည်ကို မြင်ပြီးနောက် ချန်လော့ သည် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲ ကို သတ်နိုင်စွမ်း ဖြစ်စေ၊ ချက်ချင်း ထွက်ပြေးနိုင်စွမ်း ဖြစ်စေ၊ သူ၏ ကိုယ်ပိုင် လုံခြုံရေးကို သေချာစေသရွေ့ ချန်လော့အနေဖြင့် ကျေနပ်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချန်လော့သည် နက်နက်ရှိုင်းရှိုင်းတွေးတောနေမိသည်။
“ကျောက်မန်ရော ငါပါ တိုက်ရိုက်တပည့် တွေပဲလေ... ဘာလို့ ကျောက်မန်ကြ ဝင်လာတာနဲ့ ပစ္စည်းကောင်းတွေ ဒီလောက် အများကြီး ရထားတာလဲ…”
“အရင်ကလည်း ပျံသန်းနိုင်တဲ့ မှော်လက်နက်... ဒါတင်မကဘူး ထာဝရစိမ်းလန်းသော ဝတ်ရုံ ကိုလည်း ဝတ်ဆင်ထားနိုင်သေးတယ်... အခု ရွှေမြုတေအဆင့် တစ်ဝက် လောက်ရှိတဲ့ သားရဲ ကိုတောင် သတ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ ပါလာသေးတယ်ပေါ့…”
“ငါ့ကိုယ်ငါ ပြန်ကြည့်လိုက်စမ်း... လောချင်းယွီ မထွက်သွားခင်က ငါ့ကို လျှို့ဝှက်ဆန်းကြယ် လက်နက် အတု သံချပ်ကာအပျော့စား လေး တစ်ထည်ပဲ ပေးခဲ့တာလေ... ပြီးတော့ တခြား ဘာမှ မရှိတော့ဘူး…”
“ငါ့လက်ထဲက အထက်တန်းစား ဝိညာဉ်အဆင့် မှော်လက်နက် ဓားရှည် တောင် ဝင်လာတုန်းက အလောင်းဆီကနေ လုယူထားခဲ့ရတာ…”
“သူတို့ နှစ်ယောက်ကြားက ဆက်ဆံခံရမှု ကွာခြားချက်က သားအရင်းအချာ နဲ့ မွေးစားကလေးလိုပဲ…”
"ငါတို့ နှစ်ယောက်စလုံးက တိုက်ရိုက်တပည့် တွေပဲကို... ဘာလို့ ဒီလောက် ကွာခြားချက် ကြီးမားနေရတာလဲ..."
သူတို့ နှစ်ဦးသည် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များ အနားသို့ ပြန်သွားကြသည်။
ချန်လော့သည် ကျန်းချွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ... ပူးပေါင်းကြတာပေါ့..." ။
ချန်လော့ သဘောတူလိုက်သည်ကို မြင်ပြီး ကျန်းချွမ်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း လင်းလက်သွားသည်။
"ဒါဆို အစ်ကိုကြီး ချန် နဲ့ အစ်မကြီး ကျောက် ကို ဒုက္ခပေးရတော့မှာပဲ..."
အကယ်၍ ချန်လော့သည် သူတို့ကို မကူညီပါက၊ အနည်းဆုံး ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် ကို သူတို့ဘာသာ သတ်နိုင်မည် မဟုတ်ပေ။
ကျန်ရှိနေသော တစ်ခုတည်းသော ရွေးချယ်မှုမှာ မြေအောက်ရေပူစမ်း ကို စွန့်လွှတ်ရန်ပင် ဖြစ်သည်။
သို့သော် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များအတွက်မူ မြေအောက်ရေပူစမ်း က စမ်းသပ်လေ့ကျင့်ရေးကွင်း ရှိ အကြီးမားဆုံး အခွင့်အရေးများထဲမှ တစ်ခု ဖြစ်ပြီး ၊ တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရမည့် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
စွန့်လွှတ်လိုက်ခြင်းက သူတို့အား ဤအခွင့်အရေးကို လုံးဝ လက်လွှတ်လိုက်ရသည်ဟု ဆိုလိုသည်။
နောက်တစ်ကြိမ် ဖွင့်လှစ်မည့် အချိန်သည် နောက်ထပ် ၅ နှစ် ကြာမှ ဖြစ်မည်။ ထိုအချိန်ရောက်လျှင် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေမြုတေအဆင့် သို့ မရောက်သေးလျှင်တောင် အထဲသို့ဝင်ရန် အရည်အချင်း ပြည့်မီတော့မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်ပြီး ၅ နှစ်ကြာမှ ရွှေမြုတေအဆင့် ကို ရောက်ရှိမည့် အတွင်းဂိုဏ်းသားများထက်စာရင် ၊ ဂိုဏ်းသည် အလားအလာ ပိုများသော အတွင်းဂိုဏ်းသားသစ်များကို ပို၍ အလေးထားခြင်းကြောင့် ဖြစ်သည်။
"ဒါဆို သွားကြစို့..."
ကျန်းချွမ် က ဂူထဲသို့ လမ်းပြ ဝင်ရောက်သွားသည်။
မထွက်ခွာမီ ချန်လော့သည် သူ၏ လက်ကို ဝှေ့ယမ်းကာ သေဆုံးသွားသော မီးတောက်မြိုသားရဲ များ၏ အလောင်းများကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။
ဘေးရှိ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များမှာ မှင်တက်သွားကြပြီး ၊ ကျောက်မန်မှာမူ ကြားထဲကနေ အတော်လေး ရှက်နေလေ၏။
သူတို့ နှစ်ဦးသည် ၎င်းတို့ကြားထဲတွင် ညပ်လျက် ဝင်ရောက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့ နှစ်ဦးသည် ရှိနေသူ အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်နေသည် မဟုတ်လော။ အထူးသဖြင့် ကျောက်မန်၏ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံခြင်းက တကယ်ကို သိသာထင်ရှားလွန်းသည်။
သူတို့ ထွက်ခွာလာပြီး မကြာမီမှာပင် သူတို့၏ ရှေ့တွင် မီးတောက်မြိုသားရဲ ငါးကောင်၊ ခြောက်ကောင်ခန့် ထွက်ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
မီးတောက်မြိုသားရဲ များတွင် ခြင်္သေ့နှင့် တူသော ခေါင်းတစ်ခု ရှိပြီး ၊ ၎င်းက ခန္ဓာကိုယ်ပေါ်တွင် အမွှေးများ ရှိသော တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်သည်။ ကွာခြားချက် အချို့မှာ ၎င်း၏ ခေါင်းထိပ်တွင် တောက်ပသော အနီရောင် ဦးချိုငယ် တစ်ခု ရှိနေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် ခြေလက်များက အလွန် သန်မာပြီး ခန္ဓာကိုယ်သည် မည်သည့် အမွှေးအမျှင်မှ မရှိဘဲ ပြောင်ချောနေသည်။ ခန္ဓာကိုယ် အနှံ့အပြားတွင် မီးလောင်ဒဏ်ရာများ ရှိနေပြီး အမြီးက ပါးလျရှည်လျားကာ အဆုံးတွင် အသားဖု တစ်ခု ရှိသည်။
"သတ်..."
ကျန်းချွမ် က စကားပြောရင်း သူ၏ သိုလှောင်အိတ် ထဲမှ မှော်လက်နက် ကို ချက်ချင်း ထုတ်ယူကာ မီးတောက်မြိုသားရဲ များဆီသို့ ပြေးဝင်သွားသည်။
မှော်လက်နက်မှာသံတုတ် တစ်ချောင်း ဖြစ်ပြီး အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်အဆင့် ရှိ မှော်လက်နက် ဖြစ်ပုံရသည်။
သူ၏ ဘေးရှိ အခြား အတွင်းဂိုဏ်းသား များကလည်း သူတို့၏ မှော်လက်နက် များကို ထုတ်ယူကာ သူ့နောက်မှ လိုက်၍ ရှေ့သို့ ပြေးဝင်သွားကြသည်။
ချန်လော့နှင့် ကျောက်မန်တို့က နေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
"ရှင် သွားမကူညီဘူးလား..."
ကျောက်မန်သည် ချန်လော့ကို ကြည့်ကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။
သို့သော် ချန်လော့သည် ပခုံးတွန့်လိုက်သည်။
"သူတို့က ငါ့ကို သားရဲဘုရင် ကို သတ်ခိုင်းထားတာလေ... ဒီငါးမန်းလေးတွေကို သူတို့ဘာသာ သူတို့ ရှင်းပါစေ..."
ကျောက်မန်သည် နောက်ထပ် ဘာမှ ဆက်မပြောတော့ချေ။
သို့သော် ချန်လော့၏ စကားများက လုံးဝ မှားယွင်းနေသည်တော့ မဟုတ်ပေ။ သားရဲဘုရင် နှင့် ရင်ဆိုင်ရမည့် အချိန်အတွက် သူ၏ စွမ်းအားကို လောလောဆယ် ချွေတာထားချင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ထို့အပြင် တိုက်ပွဲတွင် မနိုင်ခဲ့ပါက၊ ထွက်ပြေးရန် စွမ်းအင် အချို့ကို ချွေတာထားချင်သေး၏။
မကြာမီမှာပင် မီးတောက်မြိုသားရဲ များကို အခြေခံအားဖြင့် အပြည့်အဝ ဖြေရှင်းပြီးသွားသည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ချန်လော့ သည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားသည်။
ထိုအခိုက်အတန့်တွင် ကျောက်မန်သည် ချန်လော့၏ ရည်ရွယ်ချက်များကို နားလည်သွားပုံရပြီး ကြိုတင်ကာ ရှက်နေမိသည်။
ထို့နောက် လူတိုင်း၏ ရှေ့တွင် ချန်လော့သည် သူတို့ အခုလေးတင် သတ်ဖြတ်ထားသော နွေးထွေးနေဆဲ ဖြစ်သည့် မီးတောက်မြိုသားရဲ များ၏ အလောင်းများ အားလုံးကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။
ကျန်းချွမ် သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် တွန့်ကွေးသွားသည်။
ဂူထဲရှိ ရတနာများ အားလုံးကို ချန်လော့ပိုင်မည်ဟု သူ ချန်လော့ကို ကတိပေးထားခဲ့သည်မှာ မှန်သော်လည်း…
ချန်လော့သည် တိုက်ပွဲတွင် လုံးဝ မပါဝင်ဘဲ စစ်ပွဲမှ ရရှိသော အကျိုးအမြတ် အားလုံးကို ယူသွားလောက်အောင် ဤမျှအထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူ တကယ် မျှော်လင့်မထားခဲ့ပေ။
***