"ဟူး..."
ရုတ်တရက် ချန်လော့၏ ပုံရိပ်သည် မီးတောက်များထဲမှ ထွက်ပေါ်လာသည်။
လူတိုင်း၏ အကြည့်များက ချန်လော့ထံသို့ ရောက်ရ်ှိသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်တွင် ချန်လော့၏ ဘယ်ဘက်လက်တွင် အရေပြားနှင့် အသားများ အားလုံးနီးပါး ပျောက်ကွယ်နေပြီး ဖြူလွှလွှ လက်ချောင်းအရိုးများကိုပင် မြင်တွေ့နေရသည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ ရှိနေပြီး ၊ သူ၏ မျက်နှာအများစုမှာ မီးတောက်များကြောင့် လောင်ကျွမ်းသွားကာ အသားနှင့် သွေးများသာ ကျန်ရစ်ခဲ့ပြီး သူ့ခန္ဓာကိုယ် အထက်ပိုင်း၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လောင်ကျွမ်းသွားသည်ဟု ဆိုနိုင်သည်။
ထိုသို့ ဖြစ်နေသည့်တိုင် ချန်လော့သည် သူ၏ ဓားရှည် ကို ကိုင်ဆောင်ကာ သားရဲဘုရင် ဆီသို့ ပြေးဝင်သွားဆဲ ဖြစ်သည်။
"တိမ်လိပ်ဓားသိုင်း..."
ဟိန်းဟောက်သံနှင့်အတူ ချန်လော့သည် သူ၏ ဓားရှည် ကို ဝှေ့ယမ်းလိုက်သည်။
သားရဲဘုရင် မှာ အံ့အားသင့်မှုမှ ပြန်လည် သတိမဝင်လာနိုင်မီ ၊ နောက်တစ်စက္ကန့်တွင် ချန်လော့၏ ဓားရှည် သည် ၎င်း၏ လည်ပင်းကို ဖြတ်တောက်သွားပြီ ဖြစ်သည်။
"ဝှစ်..."
၎င်း၏ လည်ပင်းမှ သွေးများ ရုတ်တရက် ပန်းထွက်လာသည်။
ချန်လော့၏ ခန္ဓာကိုယ်သည် ဖြည်းညင်းစွာ ဆင်းသက်လာပြီး သူ၏ ခြေထောက်များက မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် ၊ သူ၏ ဘွတ်ဖိနပ်များမှာ မီးတောက်များထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ပြီးပြည့်စုံတယ်..."
ထိုအခိုက်အတန့်တွင် ချန်လော့သည် ခက်ခဲသော လုပ်ရိုးလုပ်စဉ် တစ်ခုကို ယခုလေးတင် ပြီးစီးသွားပြီး ပြီးပြည့်စုံစွာ ဆင်းသက်နိုင်ခဲ့သော ကျွမ်းဘားသမား တစ်ဦးနှင့် တူနေကာ ၊ သူ၏ လက်များကို ဆန့်တန်းထားရင်း လူအုပ်ကြီး၏ အကြည့်များကို ခံစားနေသည်။
ချန်လော့၏ ခန္ဓာကိုယ်သည် လုံးဝနီးပါး လောင်ကျွမ်းထားသည်ဟူသော အချက်ကို လျစ်လျူရှုထားမည် ဆိုပါက ၊ ဤမြင်ကွင်းသည် အတော်လေး မိမိုက်ပေသည်။
ချန်လော့သည် လူအုပ်ကြီးထံမှ ဩဘာပေးသံများနှင့် အော်ဟစ်သံများကို မရရှိမီမှာပင် ၊ သူ၏ နောက်ကျောဘက်ရှိ သားရဲဘုရင် က နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။
"ဝေါင်း..."
ဟိန်းဟောက်သံနှင့်အတူ သားရဲဘုရင် သည် လည်ပင်းမှ ပန်းထွက်နေသော သွေးများကို ဂရုမစိုက်ဘဲ သွေးနီရောင် ပါးစပ်ကြီးကို ဟကာ ချန်လော့ဆီသို့ပြေးဝင်သွားသည်။
ချက်ချင်းဆိုသလိုပင် ၊ သူ၏ ပါးစပ်ထဲမှ မီးတောက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ချန်လော့ဆီသို့ တိုးဝင်သွားသည်။
ကံကောင်းစွာဖြင့် ချန်လော့သည် ဤအတွက် ပြင်ဆင်ထားပြီး ဖြစ်ရာ သူ၏ ရွေ့လျားမှုသိုင်းကွက်ကို အသုံးပြု၍ ချက်ချင်း ထွက်ပြေးလိုက်သည်။
မကြာမီမှာပင် သူသည် ကျောက်မန်၏ အနားသို့ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
"ရှင် အခုလေးတင် ပြီးပြည့်စုံတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား... ဘာလို့ သားရဲဘုရင် က မသေသေးတာလဲ..."
ကျောက်မန်၏ စကားများကို ကြားသောအခါ ချန်လော့သည် ရှက်ရှက်ဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်သည်။
"ငါ ဆိုလိုတာက... မီးလုံးကို လက်သီးနဲ့ ထိုးလိုက်တဲ့ အချိန်ကနေစပြီး မီးတောက်တွေထဲကနေ ထွက်လာပြီး နောက်ဆုံးမှာ လည်ပင်းကို ဖြတ်ပြီး ဆင်းသက်လိုက်တာအထိ တစ်ခုလုံးရဲ့ လှုပ်ရှားမှုက ချောမွေ့ပြီး အဆင်ပြေနေလို့ ပြီးပြည့်စုံတယ်လို့ ခေါ်တာလေ.."
"သားရဲဘုရင် ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်လို့ ပြီးပြည့်စုံတယ်လို့ ခေါ်တာ မဟုတ်ဘူး..."
" ပြီးတော့ ငါသာ ရွှေမြုတေအဆင့် တစ်ဝက် လောက်ရှိတဲ့ သားရဲဘုရင် ကို တစ်ချက်တည်းနဲ့ ခေါင်းဖြတ်နိုင်ရင် စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲမှာ အရူးတစ်ယောက်လို လျှောက်သွားလို့ ရနေပြီပေါ့..."
ချန်လော့၏ တည်ကြည်လေးနက်သော အမူအရာကို မြင်ပြီး ကျောက်မန်မှာ ဆွံ့အနေမိသည်။
"ကျွန်မ အခု ဝင်ရတော့မလား..."
ချန်လော့သည် သားရဲဘုရင် ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
"မလိုသေးဘူး... ငါ သူနဲ့ နောက်ထပ် အကွက်အနည်းငယ်လောက် ထပ်ဖလှယ်ကြည့်ဦးမယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန်သည် ချန်လော့ကို အထက်အောက် ကြည့်လိုက်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာသည် မသန်မစွမ်း ဖြစ်နေသော်လည်း စိတ်ပိုင်းဖြတ်မှုသည် အတော်လေး ပြင်းထန်သည်ဟုသာ သူမ ပြောနိုင်တော့သည်။
သို့သော် ချန်လော့သည် ကျောက်မန်၏ အကြည့်ကို လျစ်လျူရှုကာ သူ၏ သိုလှောင်အိတ် ထဲမှ သံချပ်ကာအပျော့စား တစ်ထည်ကို ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။
ဤသည်က လောချင်းယွီမှ သူ့ကို အသက်ကယ်ရန် ပေးထားသော လျှို့ဝှက်ဆန်းကြယ် လက်နက် အတု ဖြစ်သည်။
ချန်လော့သည် သံချပ်ကာအပျော့စား ကို ဝတ်ဆင်နေစဉ် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသော သူ၏ အရေပြားကို ကြည့်လိုက်သည်။
"ငါသာ လက်သီးမထိုးခင် အကာအကွယ် ဝင်္ကပါ ကို မတည်ဆောက်ထားခဲ့ရင် အခြေအနေက ဒီထက် အများကြီး ပိုဆိုးသွားလောက်တယ်..."
ချန်လော့ သည် မီးလုံးကို လက်သီးတစ်ချက်တည်းဖြင့် မခွဲပစ်မီက ၊ သူ၏ လက်ထဲတွင် ဖန်တီးထားသော ဝင်္ကပါ မှာ အကာအကွယ် ဝင်္ကပါ ဖြစ်သည်။
၎င်းသည် အကာအကွယ် ဝင်္ကပါ ငယ်တစ်ခု ဖြစ်ပြီး ၊ ထို ဝင်္ကပါ တည်ရှိနေခြင်းကြောင့်သာလျှင် မီးလုံး၏ စွမ်းအား အများစု မှာ လမ်းကြောင်းလွဲသွားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ချန်လော့သည် ယခုအချိန်တွင် ခြောက်သွေ့နေသော အလောင်း တစ်လောင်းကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေလောက်ပြီ ဖြစ်သည်။
သူ၏ ကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများက ပြင်းထန်ပုံရသော်လည်း သို့သော် အရေးကြီးသော အင်္ဂါများကို မထိခိုက်စေခဲ့ပေ။
သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းနှင့် ကြေးအရေပြား ကျင့်စဉ် အဋ္ဌမအဆင့် ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ ၊ သူသည် ဒဏ်ရာများမှ ပြန်လည် နာလန်ထူရန်အတွက် ပြဿနာကြီးကြီးမားမား မရှိချေ။
"ငါ သွားပြီး သူနဲ့ နောက်ထပ် အချီသုံးရာလောက် ထပ်တိုက်လိုက်ဦးမယ်..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် သူ၏ ဓားကို ဆုပ်ကိုင်ကာ သားရဲဘုရင် ဆီသို့ ပြေးဝင်သွားသည်။
ဤ ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် သည် အစွမ်းထက်သော်လည်း ချန်လော့သည် ၎င်းကို အနိုင်တိုက်နိုင်မည်ဟု ယုံကြည်ထားသည်။
အနည်းဆုံးတော့ ချန်လော့၏ အမြင်တွင် သားရဲဘုရင် ကို သူ သတ်နိုင်မည်ဟု ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိသည်။
လောချင်းယွီသည် ချန်လော့ကို သံချပ်ကာအပျော့စား ပေးပြီးနောက်တွင်ပင်၊ ချန်လော့သည် ဝင်္ကပါတောင်ထွတ် နှင့် လက်နက်တောင်ထွတ် သို့ သွားရောက်၍ ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။
အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်ပြီး သားရဲဘုရင် ကို သတ်မည် ဆိုပါက ၊ ပြဿနာကြီးကြီးမားမား ဖြစ်လာမည်မဟုတ်ပေ။
သို့သော် ချန်လော့သည် ထိုအတိုင်း မလုပ်ချင်ခဲ့ပေ။ သူသည် နှမြောနေ၍ မဟုတ်ဘဲ မတန်ဘူးဟု ယူဆထားသောကြောင့် ဖြစ်သည်။
သူ သွားရမည့် နေရာအနက် နှစ်နေရာ ကျန်သေးပြီး ၊ ထိုနေရာ နှစ်ခုတွင် သူသည် မည်သည့်အရာနှင့် ကြုံတွေ့ရမည်ကို မည်သူကများ ကြိုသိန်ုငမည်နည်း။
ငါက ကျောက်မန် နဲ့ အတူ နေရာ နှစ်နေရာကို လိုက်သွားရဦးမှာလေ... အကယ်၍ ရွှေမြုတေအဆင့် က သားရဲ နဲ့ ထပ်ကြုံတွေ့ရရင်ရော ဘယ်လိုလုပ်မလဲ…
ကျန်းချွမ် နှင့် အခြားသူများ၏ အကူအညီဖြင့် ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် ကို သတ်နိုင်မည် ဆိုပါက၊ ၎င်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ချန်လော့သည် ကျောက်မန်ကို မှော်လက်နက် အသုံးမပြုစေချင်သည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
သူသည် ဤရွှေမြုတေအဆင့် တစ်ဝက် သားရဲဘုရင် ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သည့် အပြင် နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းအချို့ကိုလည်း ချန်ထားချင်သေးသည်။
နောက်ထပ် အန္တရာယ် တစ်စုံတစ်ရာနဲ့ ထပ်မကြုံတွေ့ရဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ…
ချန်လော့သည် နောက်တစ်ကြိမ် ရှေ့သို့ ပြေးဝင်သွားသော်လည်း ဤတစ်ကြိမ်တွင် သားရဲဘုရင်သည် ချန်လော့ကို ခိုးဝင်တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။
ချန်လော့ထက် ကျင့်ကြံခြင်းအဆင့် များစွာ ပိုမြင့်သော ကျန်းချွမ် နှင့် နှိုင်းယှဉ်ပါက၊ သားရဲဘုရင် သည် ချန်လော့ကို ပို၍ သတိထားနေသည်မှာ ထင်ရှားသည်။
ချန်လော့၏ ချီစွမ်းအင်များ နီးကပ်လာသည်ကို ခံစားရသည့် အခိုက်အတန့်တွင် ၊ သားရဲဘုရင်သည် ချန်လော့ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။
ချန်လော့သည် သူ့ဆီသို့ ပြေးဝင်လာသော သားရဲဘုရင်ကို ကြည့်ရင်း၊ သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ဖြစ်ပေါ်လာခဲ့သည်။
"ငါတို့ စောင့်ကြည့်ခံနေရပြီ..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် လှည့်၍ ထွက်ပြေးလေတော့သည်။
သူ့ကိုယ်သူ အသက်ရှည်လိုပါက ၊ ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် နှင့် ထိပ်တိုက် ရင်မဆိုင်ခြင်းက ပိုကောင်းမည် ။
ထိုအခိုက်အတန့်တွင် သားရဲဘုရင် သည် ကျောပေးထားသည်ကိုမြင်ပြီး ၊ ကျန်းချွမ် သည် သူ၏ ရွေ့လျားမှုသိုင်းကွက်ကို ချက်ချင်း အသုံးပြုကာ ပြေးဝင်လာသည်။
သူသည် သားရဲဘုရင်၏ နောက်သို့ ပြေးလိုက်သွားပြီး သူ၏ လက်ထဲရှိ သံတုတ်ဖြင့် ရိုက်ချလိုက်သည်။
"တိမ်ရိုက်တုတ်သိုင်း..."
သံတုတ်သည် သားရဲဘုရင်၏ ဘယ်ဘက် နောက်ခြေထောက်ပေါ်သို့ ကြီးမားသော ခွန်အားဖြင့် ကျရောက်သွားးသည်။
"ဂျွတ်..."
ပြတ်သားသော အသံတစ်သံသည် ဂူတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီးနောက် ၊ ထို့နောက်တွင် သားရဲဘုရင်၏ ရင်ကွဲမတတ် ဟိန်းဟောက်သံကို ကြားလိုက်ရသည်။
ကျန်းချွမ်၏ ထိုရိုက်ချက်တွင် သူ၏ စွမ်းအား အားလုံးကို အသုံးပြုခဲ့သည်မှာ ထင်ရှားသည်။ သူ၏ သံတုတ်ဖြင့် ရိုက်ချလိုက်စဉ်က ၊ ဖြစ်ပေါ်လာသော သူ၏ နဖူးပေါ်မှ ဖောင်းကြွလာသော သွေးကြောများက အကောင်းဆုံး သက်သေပင် ဖြစ်သည်။
သို့သော် ဤတိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် ကျန်းချွမ်အနေဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်မီ သားရဲဘုရင် သည် သူ့ အမြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
သားရဲဘုရင်၏ အမြီးအဆုံးရှိ အသားဖုသည် မိုးပျံသံမဏိဘောလုံး တစ်ခုကဲ့သို့ ကျန်းချွမ် ၏ ဦးခေါင်းကို ရိုက်ခတ်သွားသည်။
ထိုအခိုက်အတန့်တွင် ကျန်းချွမ်သည် သူ့ ရှေ့ကမြင်ကွင်းများမှာ အစစ်အမှန်မဟုတ်သလို ခံစားလိုက်ရပြီး မျက်စိထဲမှာလည်း အရာအားလုံးက လည်ပတ်နေသည် ။ သူ့ခန္ဓာကိုယ်ကြီးသည် အောက်သို့ အရှိန်ပြင်းပြင်း ကျဆင်းသွားပြီးနောက်မှသာလျှင် ပတ်ဝန်းကျင်သည် မူလအတိုင်း ပြန်ငြိမ်သွားပါတော့သည်။
"အစ်ကိုကြီး ကျန်း..."
အနီးအနားရှိ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ထိုအရာကို မြင်လိုက်ရချိန်တွင် လန့်သွားကြပြီး သွားကူညီချင်ကြသည်။
သို့သော်လည်း ဤအချိန်တွင် သူတို့သည် ဤမီးတောက်မြိုသားရဲ များနှင့်ပင် လုံလောက်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီ ဖြစ်ရာ ၊ အခြားသူကို သွားကူညီနိုင်စွမ်း မရှိတော့ချေ။
ထိုအရာကို မြင်လိုက်ရချိန်တွင် ကျောက်မန်သည် စိုးရိမ်သွားပြီး သူမ၏ သိုလှောင်အိတ် ထဲမှ ဓားမြှောင် တစ်လက်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ဤ ဓားမြှောင် သည် သူမ မထွက်ခွာမီက ဆရာဖြစ်သူ ပေးခဲ့သော အသက်ကယ် မှော်လက်နက် များစွာထဲမှ တစ်ခု ဖြစ်သည်။ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းခြင်းဖြင့် အသက်သွင်းနိုင်ပြီး ၊ ၎င်း၏စွမ်းအားသည် ရွှေမြုတေအဆင့် အောက်ရှိ မည်သည့် သားရဲ ကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်။
ကျောက်မန်သည် ဓားမြှောင် ကို အသက်သွင်းတော့မည့်ဆဲဆဲတွင် ချန်လော့သည် သားရဲဘုရင် ဆီသို့ ပြေးဝင်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သားရဲဘုရင် သည် ကျန်းချွမ် ဆီသို့ ထော့နင်းထော့နင်း သွားနေသည်။ အမျက်ဒေါသက ၎င်း၏ ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားခဲ့ပြီး ဖြစ်ရာ၊ ၎င်း၏ ခြေထောက်ကို တစ်ချက်တည်းဖြင့် ချိုးပစ်ခဲ့သော ထိုလူသားကိုသာ သတ်ပစ်ချင်နေသည်။
ထိုစဉ် ၊ သားရဲဘုရင်သည် ချန်လော့၏ တည်ရှိမှုကို နောက်တစ်ကြိမ် အာရုံခံမိသွားပြီး ကြောက်ရွံ့မှုက ၎င်းကို အမျက်ဒေါသထဲမှ ပြန်လည် ဆွဲထုတ်ခဲ့သည်။
သားရဲဘုရင်သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ၊ အဖြူရောင် အလင်းတန်း တစ်ခု လင်းလက်သွားသည်ကို မြင်လိုက်ရပြီး ချန်လော့၏ ဓားရှည် သည် ၎င်း၏ လည်ပင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
***