ချန်လော့သည် သူ၏ ဘောင်းဘီကို ချွတ်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ရုတ်တရက် ရပ်တန့်သွားကာ သူ၏ နောက်ကျောဘက်ရှိ ကျောက်မန်ကို လှည့်ကြည့်လိုက်သည်။
"မင်း... လှည့်နေ..."
ကျောက်မန်မှာ ခဏတာ မှင်တက်သွားပြီး အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သေးဘဲ ကြောင်ကြည့်နေမိသည်။
"ငါ အတွင်းခံ မဝတ်ထားဘူး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန်သည် ချန်လော့ကို ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ခုနက ရွှေမြုတေ ပေါက်ကွဲတုန်းက ပျက်စီးသွားလို့ပါ..."
ချန်လော့က တည်ကြည်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။
ထိုအခိုက်အတန့်တွင် ကျောက်မန်သည် ထူထပ်သော မီးခိုးများထဲတွင် ဘောင်းဘီ ဝတ်နေသော ချန်လော့၏ ပုံစံကို ရုတ်တရက် မှတ်မိသွားပြီး ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
သူမ လှည့်တော့မည့်ဆဲဆဲတွင် အတိတ်က သူမအပေါ် ချန်လော့ ပြုမူခဲ့သော လုပ်ရပ်များကို တွေးမိလိုက်ရာ၊ သူမ၏ အတွင်းထဲမှ ဒေါသမီးတောက် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒီလောက် ကောင်းတဲ့ အခွင့်အရေးကြီးကို သူမ လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူးလေ…
"ကျွန်မမလှည့်ရင်ရော... ရှင် ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ..."
ကျောက်မန်သည် ချန်လော့ကို မောက်မာသော အမူအရာဖြင့် ကြည့်လိုက်သည်။ လက်ရှိအခြေအနေအရ၊ ချန်လော့သည် သူမ၏ လက်အောက်သို့ ရောက်နေပြီ ဖြစ်ကာ ၊ သူသည် ဒူးထောက်ကာ သူမကို "အဘွားေလး” ဟု ခေါ်ကာ တောင်းဆိုလိမ့်မည်ဟု ယုံကြည်ထားသည်။
သို့သော် ချန်လော့သည် သူမကို အရူးတစ်ယောက်လို ကြည့်နေခဲ့သည်။
"ကြည့်ချင်လည်း ကြည့်... မကြည့်ချင်လည်း နေ... ဘာပဲဖြစ်ဖြစ် ငါက ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး..."
"မင်း ကြည့်ချင်ရင် ကြည့်လေ..."
ထိုသို့ပြောပြီးနောက်၊ သူသည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဘောင်းဘီကို စတင် ချွတ်ချလိုက်တော့သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ကျောက်မန်၏ မျက်နှာမှာ နီရဲသွားသည်။
ချန်လော့ မှ ဘောင်းဘီကို ဆွဲမချွတ်နိုင်မီမှာပင် သူမသည် ရုတ်တရက် လှည့်လိုက်ပြီး၊ သူမ၏ မျက်နှာကို ဖုံးအုပ်လိုက်သည်။
"ဒီကောင် ယုတ်မာတဲ့ လူလိမ်... တိရစ္ဆာန်... အောက်တန်းကျပြီး အရှက်မရှိတဲ့ ကောင်..."
"ချန်လော့... ရှင်က အကြိမ်တစ်ထောင် သေသင့်တယ်... ရှင် သေသွားရင်တောင်မှ လူတွေက နင့်ကို သင်္ချိုင်းထဲကနေ ပြန်တူးပြီး ရှင့်အလောင်းကို ကြာပွတ်နဲ့ ရိုက်ကြလိမ့်မယ်..."
ကျောက်မန်သည် မျက်နှာကို ဖုံးအုပ်ထားပြီး ၊ သူမ၏ ပါးပြင်များက နီရဲကာ ပူထူနေသည်။
ချန်လော့ကို သူမ၏လက်ခုပ်ထဲကရေကဲ့သို့ ထိန်းချုပ်ထားနိုင်ပြီဟု ထင်ခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ ချန်လော့၏ အရှက်မဲ့နိုင်စွမ်းကို သူမ အတော်လေး အထင်သေးခဲ့မိကြောင်း ယခုမှပင် သဘောပေါက်သွားတော့သည်။
ဘောင်းဘီတို အသစ်ကို ဝတ်ဆင်ထားသော ချန်လော့သည် သူ့ကို ကျောပေးထားသော ကျောက်မန်ကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေမိသည်။
"ငါက လူလိမ်လား... ငါက မင်းကို အရင် သတိပေးခဲ့တာလေ... ပြီးတော့ မင်းကိုယ်တိုင်ကပဲ မလှည့်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား... လူလိမ်လို ပြုမူနေတာက မင်းပဲ မဟုတ်ဘူးလား..."
"ငါ့အပေါ် ရမ္မက်စိတ်တွေ ဖြစ်ပြီး ငါ့ရဲ့ ကိုယ်လုံးတီးကို ကြည့်ချင်နေတာက မင်းပဲလေ... ဒါပေမဲ့ ငါ တကယ် ချွတ်ပြတော့ မင်းက ကြည့်ဖို့ ကြောက်သွားပြန်တယ်..."
"ဟူး... မင်းက ဆန္ဒသာ ရှိပြီး သတ္တိ မရှိဘူးပဲ... မင်း ဒီလိုမျိုးနဲ့ ဘယ်တော့မှ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..."
ချန်လော့၏ စကားများကို ကြားပြီး ကျောက်မန်၏ မျက်နှာမှာ ပို၍ပင် ပူထူလာသည်။
သူမသည် ချန်လော့ကို ပြန်လည် ချေပချင်ခဲ့သော်လည်း စကားပြောရန် ခဏတာ ဆွံ့အသွားပြီး ဘယ်ကနေ စပြောရမည်မှန်း မသိအောင် ဖြစ်ခဲ့ရသည်။
ချန်လော့သည် တကယ်ပဲ သူမကို အင်္ကျီချွတ်ပြရဲလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
"ဒုန်း..."
ရေထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ အသံကို ကြားပြီးနောက် ကျောက်မန်သည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ချန်လော့ သည် ရေထဲရောက်နေပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
ထိုသို့ ဖြစ်နေသည့်တိုင် သူမသည် ချန်လော့ကို မကြည့်ရဲသေးဘဲ ခေါင်းငုံ့ကာ သူမ၏ လက်ထဲရှိ မီးတောက်မြိုသားရဲ သေးသေးလေးကိုသာ ကစားနေလိုက်သည်။
ချန်လော့သည် ကျောက်မန်နှင့် ငြင်းခုံရန် ပျင်းလွန်းသည်။ သူသည် မြေအောက်ရေပူစမ်းထဲသို့ ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက်၊ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် လှုံ့ဆော်ပေးနေသည့် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
အထူးသဖြင့် ဒဏ်ရာရှိသော နေရာများက မြေအောက်ရေပူစမ်း၏ အပူရှိန်ကြောင့် စပ်ဖျဉ်းဖျဉ်းနှင့် ပူလောင်မှုကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ ကြေးအရေပြားကျင့်စဉ် အဋ္ဌမအဆင့်ရှိ အတားအဆီးများမှာ ပြေလျော့လာပြီး အဆင့်တက်ရန် နီးကပ်လာကြောင်းကိုလည်း သူသည် ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
“ဒီမြေအောက်ရေပူစမ်းက တကယ့်ကို နာမည်နဲ့လိုက်ဖက်တာပဲ၊ ငါ ဒီထဲရောက်တာ ခဏလေးပဲ ရှိသေးတာတောင် ငါ့ရဲ့ကျင့်ကြံခြင်းအတားအဆီးတွေ ပြေလျော့လာတာကို သိသိသာသာ ခံစားနေရပြီ”
"လက်ရှိ အခြေအနေအရ ဆိုရင် ဆယ်ရက် မပြည့်ခင် ကြေးအရေပြား ကျင်စဉ် ကိုးဆင့်မြောက်ကို ရနိုင်သင့်တယ်..."
"ဒါပေမဲ့ ကြေးအရေပြား ကျင့်စဉ် ကိုးဆင့်မြောက် က ငါ့အတွက် လုံးဝ မလုံလောက်သေးဘူး..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ရုတ်တရက် တွေးလိုက်သည်။
"စနစ်... အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို အသက်သွင်းလိုက်..."
"ဝိညာဉ်ကျောက်တုံး ၁၀၀ ကို သုံးပြီး အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို အသက်သွင်းလိုက်ပါသည်..."
ထို့နောက် ချန်လော့သည် "ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး" တစ်လုံးကို ထုတ်ယူ၍ တစ်ခါတည်း မျိုချလိုက်သည်။
"သင် သည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး တစ်လုံးကို သောက်သုံးလိုက်ပါသည်... အဆတစ်ရာ တိုးပွားခြင်း စနစ် ကြောင့် သင်သည် ခန္ဓာကိုယ်သန်မာစေသော ဆေးလုံး အလုံးတစ်ရာ သောက်သုံးခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."
"သင်သည် ခွင့်ပြုထားသော ဆေးလုံး အရေအတွက် ကန့်သတ်ချက်ထက် ကျော်လွန်၍ သောက်သုံးမိပါသည်... ဆယ်လုံး၏ ဆေးစွမ်းကိုသာ စုပ်ယူနိုင်ပါသည်..."
စနစ်၏ အသံကို ကြားသည်နှင့် ချန်လော့ သည် ပြုံးလိုက်သည်။
"အရင်က မီးတောက်မြိုသားရဲ ဘုရင် နဲ့ တိုက်ပွဲမှာ ငါ ရခဲ့တဲ့ ဒဏ်ရာတွေက ငါ ရနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်မှုပဲ..."
"အခု ခန္ဓာကိုယ်သန်မာစေတဲ့ ဆေးလုံး နဲ့ မြေအောက်ရေပူစမ်း ရဲ့ အကျိုးကျေးဇူးတွေ ထပ်ပေါင်းလိုက်တော့ သံအရိုး အဆင့်ကို တိုက်ရိုက် ပစ်မှတ်ထားဖို့ ကြိုးစားနိုင်ပြီ..."
ချန်လော့၏ ဤတစ်ကြိမ် ရည်မှန်းချက်မှာ ကြေးအရေပြား ကျင့်စဉ် ကိုးဆင့်မြောက် တစ်ခုတည်းပင် မဟုတ်ပေ။
ကြေးအရေပြား ကျင့်စဉ် ကိုးဆင့်မြောက် သည် ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့် နှင့် ညီမျှပြီး ၊ ၎င်းသည် ခန္ဓာကိုယ်ကျင့်ကြံမှု၏ ပထမအဆင့် နောက်ဆုံးပိုင်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းကို နောက်တစ်ဆင့်မြှင့်တင့်ရန်အတွက် ‘သံအရိုးအဆင့်’ ဆိုသည့် နယ်ပယ်သစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် လိုပေသည်။
သံအရိုး အဆင့်သည် ကျင့်ကြံသူများ၏ အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် ညီမျှပြီး ၊ ၎င်းကိုလည်း အဆင့်ကိုးဆင့် ထပ်မံ ခွဲခြားထားသေးသည်။
ချန်လော့သည် သံအရိုး အဆင့်သို့ ဝင်ရောက်သွားသည်နှင့် ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းအားတစ်ခုတည်းကိုသာ အားကိုး၍ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူ နှင့် အပြန်အလှန် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
သူ၏ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်ရှိ စွမ်းရည်များနှင့် ပေါင်းစပ်လိုက်ပါက၊ ထိုစွမ်းရည်နှစ်ရပ်လုံး၏ အစွမ်းမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး ပိုမိုကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
ထိုအဆင့်သို့ ရောက်ရှိသွားပါက အခြေခံတည်ဆောက်ခြင်းနယ်ပယ်၏ အစွမ်းအထက်ဆုံးဖြစ်သော နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ချန်လော့အနေဖြင့် အနည်းငယ်မျှပင် တုန်လှုပ်စရာ အကြောင်းမရှိတော့ပေ။
ချန်လော့သည် အချိန်မဖြုန်းတော့ပေ။ သူသည် မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး ကျင့်စဉ် ကို စတင် လည်ပတ်စေကာ မြေအောက်ရေပူစမ်း ၏ စွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဆွဲယူလိုက်သည်။
နာရီဝက်ခန့် အကြာတွင် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကလည်း မြေအောက်ရေပူစမ်း ရှိရာ နေရာသို့ ရောက်ရှိလာကြသည်။
ချန်လော့သည် အထဲတွင် ကျင့်ကြံခြင်း လုပ်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူတို့သည် ဘေးရှိ ကျောက်မန်ကို နှုတ်ဆက်လိုက်ကြပြီးနောက် အင်္ကျီများကို ချွတ်ကာ မြေအောက်ရေပူစမ်း ထဲသို့ ဝင်ရောက်၍ ကျင့်ကြံခြင်း ကို စတင်လိုက်ကြသည်။
သူတို့အားလုံး မြေအောက်ရေပူစမ်းထဲသို့ ဝင်ရောက်လာကြသည့် ခဏမှာပင်၊ ချန်လော့သည် မိမိစုပ်ယူနေသော စွမ်းအင်များသည် သိသိသာသာ လျော့နည်းသွားကြောင်း ခံစားလိုက်ရသည်။ ယခုအခါတွင်မူ မူလပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်။
သို့သော်လည်း မတတ်နိုင်ပေ။အရင်းအမြစ်ဟူသည်မှာ အကန့်အသတ်ရှိစမြဲဖြစ်ရာ၊ လူတိုင်းက ဝေစုခွဲဝေရရှိရန် ကြိုးပမ်းလာသည်နှင့် တစ်ဦးချင်းစီ ရရှိနိုင်မည့် ပမာဏမှာ သဘာဝကျစွာပင် နည်းပါးသွားတော့သည်။
ကျောက်မန်သည် ထိုနေရာတွင် တစ်ယောက်တည်း ထိုင်ကာ မီးတောက်မြိုသားရဲပေါက်လေးများကို ရံဖန်ရံခါ အစာကျွေးနေလေ၏။
ထိုမှတစ်ပါး သူမအနေဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။ စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘဝသည် အနည်းငယ် ပျင်းရိငြီးငွေ့စရာကောင်းပြီး စိတ်ဝင်စားစရာ မရှိတော့သလို သူမ ခံစားလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်လော့သည် ကျင့်ကြံခြင်း၌ အာရုံစိုက်နေပြီး အချိန်သည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
တစ်ရက်တစ်ညသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်။
"သင် သည် တစ်နေ့လုံး ကျင့်ကြံခဲ့ပါသည်... အဆတစ်ရာ တိုးပွားပြီးနောက် သင်သည် ရက်တစ်ရာ ကျင့်ကြံခြင်းနှင့် ညီမျှသော အကျိုးသက်ရောက်မှုကို ရရှိပါသည်..."
"သင်၏ အတွင်းပိုင်းတွင် ကြီးမားသော စွမ်းအင်များကို စုဆောင်းမိနေပါသည်..."
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်း စုစည်းနေသော စွမ်းအားများသည် ရူးသွပ်နေသော သားရဲ တစ်ကောင်ကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
"အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းက ဒီအပေါ်မှာပဲ မူတည်တယ်..."
ချန်လော့သည် သူ၏ ခန္ဓာကိုယ်အတွင်း လှိုင်းထန်နေသော စွမ်းအားများကို ဖိနှိပ်ထားလိုက်သည်။ ၎င်းမှာ ‘သံအရိုးအဆင့်’ သို့ ထိုးဖောက်တက်လှမ်းနိုင်ရန်အတွက် စွမ်းအင်များကို တမင်တကာ စုဆောင်းသိမ်းဆည်းထားခြင်း ဖြစ်သည်။
ခဏအကြာတွင် ချန်လော့သည် ကျင့်စဉ်ကို အသက်သွင်းကာ မိမိ၏ စွမ်းအားများကို တစ်ကိုယ်လုံးရှိ အရေပြား အစိတ်အပိုင်းတိုင်းဆီသို့ စိမ့်ဝင်စီးဆင်းသွားစေခဲ့သည်။
စက္ကန့်အနည်းငယ်အကြာတွင် ချန်လော့ကို ဝိုင်းရံထားသော မြေအောက်ရေပူစမ်းမျက်နှာပြင်ထက်၌ လှိုင်းဂယက်များ ရုတ်ခြည်းထလာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ အားကောင်းသော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာရာ၊ ယင်းက ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသားအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်းလက်ငင်း ဆွဲဆောင်နိုင်ခဲ့သည်။
"ပိုင်ရှင်သည် ကြေးအရေပြား ကျင့်စဉ် ကိုးဆင့်မြောက် သို့ အဆင့်တက် သွားပါသည်..."
စနစ်၏ အသံ ထွက်ပေါ်လာသော်လည်း ချန်လော့သည် ပျော်ရွှင်မှု သို့မဟုတ် အံ့အားသင့်မှု မရှိပေ။
အကြောင်းမှာ သူ့အတွက် ကြေးအရေပြား ကျင့်စဉ် ကိုးဆင့်မြောက် သို့ အဆင့်တက် ရန်မှာ ကျရှုံးရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
ချန်လော့၏ ကျင့်ကြံမှု အခြေခံအုတ်မြစ်မှာ ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ယခုကဲ့သို့ အဆင့်တက်လှမ်းနိုင်ခြင်းမှာ သဘာဝကျသော အကျိုး ရလဒ်တစ်ခုသာ ဖြစ်သည်။
အမှန်တကယ် စိန်ခေါ်မှုမှာ သံအရိုး အဆင့်သို့ အဆင့်တက်ရန်သာ ဖြစ်၏။
"အစ်ကိုကြီး ချန်က... ခန္ဓာကိုယ်ကျင့်ကြံမှု ရဲ့ ပထမအဆင့် အထွတ်အထိပ် ကို ရောက်သွားပြီလား..."
ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား တစ်ဦးက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အခြေအနေကိုကြည့်ရတာ အဲဒါ မှန်လောက်တယ်..." အခြား အတွင်းဂိုဏ်းသား တစ်ဦးက ပြန်ဖြေလိုက်သည်။
လူတိုင်းက ချန်လော့ကို ကြည့်လိုက်ကြပြီး ၊ သူတို့၏ မျက်လုံးများထဲတွင် မနာလိုမှု အရိပ်အယောင်များ ဖြစ်ပေါ်လျက်ရှိသည်။
ဘေးတွင် ရပ်နေသော ကျန်းချွမ် ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
မည်သို့ပင်ဖြစ်စေ သူ ကိုယ်တိုင်ပင် ပထမအဆင့် အထွတ်အထိပ် သို့ ရောက်ရှိခဲ့သည်မှာ အချိန်တိုလေးသာ ရှိသေးသည် မဟုတ်လော။
သူတို့သည် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များ ဖြစ်ကြသော်လည်း ၊ သို့သော် လူတော်တော်များများသည် ခန္ဓာကိုယ်ကျင့်ကြံမှု ကို သိပ်အာရုံမစိုက်ကြပေ။
လက်တွေ့တွင် သူတို့အားလုံးသည် တာအိုကျင့်ကြံခြင်း ကိုသာ အဓိက အာရုံစိုက်ကြပြီး ၊ ခန္ဓာကိုယ်ကျင့်ကြံမှု သည် ကျင့်ကြံခြင်းကို အထောက်အကူပြုရန် နည်းလမ်း တစ်ခု သက်သက်သာ ဖြစ်သည်။
ဂိုဏ်းအတွင်းရှိ အခြားတောင်ထွတ်များမှ အတွင်းဂိုဏ်းသားများနှင့် နှိုင်းယှဉ်ပါက၊ ခန္ဓာတောင်ထွတ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် လမ်းညွှန်မှုများကို ပိုမိုရရှိနိုင်သဖြင့် ထိပ်တန်းရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ထိုကဲ့သို့ ပြင်းထန်သော ကျင့်ကြံမှု လိုအပ်ချက်များကြောင့် ခန္ဓာတောင်ထွတ်တွင် အတွင်းဂိုဏ်းသားဦးရေ အနည်းငယ်သာ ရှိသည်။