ခရိုင် ၂ သည် ဤအမှောင်မြို့တော်တွင် ဘေးအကင်းဆုံးခရိုင်အဖြစ် လူသိများသည်။ စည်ကားသော ကုန်သွယ်မှု၊ စနစ်ကျသော စည်းကမ်းများနှင့် ယဉ်ကျေးသော မြို့သူမြို့သားများ ရှိကြပြီး ကုမ္ပဏီကြီးများစွာကလည်း သူတို့၏ ရုံးချုပ်များကို ဤနေရာတွင် အခြေစိုက်ထားကြသည်။
ဤပေါများကြွယ်ဝမှုသည် ခရိုင် ၂ တွင် နေထိုင်သော ပြည်သူများကြားတွင် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းများနှင့် အနုပညာလိုက်စားမှုများကို ဖြစ်ထွန်းစေပြီး ကရုဏာဖောင်ဒေးရှင်း ဖွံ့ဖြိုးတိုးတက်ရန် အုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ယနေ့တွင်မူ ထိုခိုင်မာသောအုတ်မြစ်မှာ စတင်ပြိုလဲနေပြီ ဖြစ်သည်။ လှပသော စိတ်ကူးယဉ်အိပ်မက်များထဲတွင် နစ်မျောနေသော မြို့သူမြို့သားများသည် ပြင်းထန်သော ပေါက်ကွဲသံကြီးကြောင့် လက်တွေ့ကမ္ဘာထဲသို့ ရောက်ရှိလာကြသည်။
ဘုရားကျောင်း၏ မြေအောက်အနက်ပိုင်းတွင် ကောင်စီဝင်စီမေသည် သူမ၏ ဒေါသများကို ဖောက်ခွဲပစ်ပြီးနောက် သွေးစွန်းကွက်များကို စတင်ဆေးကြောနေလေသည်။ သူမ၏ ရေချိုးကန်သည် များစွာသော နတ်ဘုရားရုပ်တုများကြားတွင် တည်ရှိနေပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် သူမ၏ ခန္ဓာကိုယ်တွင် နတ်ဘုရားအငွေ့အသက်များ ကိန်းအောင်းလာမည်ဟု ထင်မှတ်နေပုံရသည်။
သူမသည် ကိုယ်လုံးတီးဖြင့် ရေချိုးကန်ထဲသို့ ဝင်လိုက်ရာ အလွန်ပင် သန့်ရှင်းမြင့်မြတ်လှသည်ဟု ခံစားရပြီး သူမ၏ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်နေသကဲ့သို့ပင်။
“မြို့တစ်မြို့လုံး ရှုပ်ထွေးနေတာပဲ၊ ခရိုင် ၁၃ ရဲ့ တားမြစ်နယ်မြေကလည်း ထိန်းချုပ်မှု လွတ်သွားပြီ၊ ဒီလိုမျိုး တစ်ခုခုဖြစ်ခဲ့တာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲ၊ ဒီလီဆန်းစီကတော့ ငါ့ကို အံ့သြအောင် လုပ်နိုင်သားပဲ...”
ကြည်လင်သော ရေများက သူမ၏ ချို့ယွင်းချက်မဲ့သော အရေပြားကို ဆေးကြောပေးနေ၏။ ကောင်စီဝင်စီမေ လဲလျောင်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အပေါ်ထပ်မှ ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။ မီးဆိုင်းပဒေသာကြီးမှာ တုန်ခါသွားပြီး ရေကန်ထဲသို့ ဖုန်မှုန့်များ ကျဆင်းလာတော့သည်။
မကောင်းသော အငွေ့အသက်တစ်ခုက သူမစိတ်ထဲသို့ ဝင်ရောက်လာသည်။ ကောင်စီဝင်စီမေသည် ရေချိုးကန်ထဲတွင် မတ်တပ်ရပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“ငလျင်လား၊ ဒါမှမဟုတ် မြို့တော်ကောင်စီကလူတွေ ရောက်လာတာလား”
သဘာဝဘေးအန္တရာယ်နှင့် မြို့တော်ကောင်စီမှလွဲ၍ ခရိုင် ၂ ထဲတွင် ပြဿနာရှာရဲမည့်သူကို သူမ စဉ်းစား၍ မရပေ။
ခရိုင် ၂ ၏ အေးချမ်းသာယာမှုသည် မြင့်မားသော ကိုယ်ကျင့်တရားကြောင့် မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အင်အားပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။
လျှို့ဝှက်လမ်း၏ အနက်ရှိုင်းဆုံးနေရာမှ အော်ဟစ်သံများနှင့် သေနတ်သံများ ထွက်ပေါ်လာသည်။ ကောင်စီဝင်စီမေ ခေါင်းလှည့်ကြည့်လိုက်သည်။ အထူးလေ့ကျင့်ထားသော သေနတ်သမား ခုနစ်ယောက်နှင့် ပြုပြင်မွမ်းမံထားသော ဆရာဝန်... သူမ၏ လျှို့ဝှက်ခန်းအတွင်းသို့ ဝင်လာသူမှန်သမျှ ဘယ်သူမှ ပြန်ထွက်မသွားနိုင်ပေ။
ကောင်စီဝင်စီမေသည် သူမ၏ လူများအပေါ် အလွန်ယုံကြည်ချက်ရှိသော်လည်း သေနတ်သံများ ငြိမ်သက်သွားသည်နှင့် ရုတ်တရက် အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူမသည် ရေချိုးကန်ဘေးရှိ အဝတ်အစားများကို လှမ်းယူရင်း မှောင်မိုက်သော လမ်းကြောင်းထဲသို့ စိုက်ကြည့်လိုက်သည်။ ပုံရိပ်တစ်ခုမှာ အမှောင်ထဲတွင် လျင်မြန်စွာ ရွေ့လျားနေပုံရသည်။
သူမ ထိုမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ပြင်းထန်သော ဆိုးယုတ်မှုလှိုင်းတစ်ခုက သူမကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
“ကောင်စီဝင်မေ... မင်းရဲ့ ဝါသနာက တကယ် ထူးခြားတာပဲ၊ မင်းရဲ့ စုဆောင်းမှုတွေကို ကြည့်ဖို့ ငါ့ကိုတောင် ဖိတ်ခေါ်လိုက်သေးတယ်”
အမှောင်ထဲမှ ကောင်းမင်၏ အသံ ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်တွင် အနက်နှင့် အနီရောင် သွေးမြို့တော်သရဲတက်တူးများ ဖုံးလွှမ်းနေလေသည်။ သူ၏မျက်စိသူငယ်အိမ်များမှာ နီရဲနေပြီး သွေးကြောမျှင်များ ယှက်သန်းနေသည်။
“လီဆန်းစီ”
“မင်းက ငါ့ကို အပြင်လူတွေရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲချင်တာ မဟုတ်လား၊ အခုတော့ မင်း ဖြစ်ချင်တာ ဖြစ်သွားပြီလေ”
ကောင်းမင်သည် စကားအပိုပြောရသည်ကို မကြိုက်သဖြင့် သူ့အရှိန်ကို အဆများစွာမြှင့်လိုက်ပြီး ဓားများသဖွယ် သူ့လက်ချောင်းများက ကောင်စီဝင်စီမေ၏ လည်ပင်းကို လှမ်းဆုပ်လိုက်သည်။
“မင်းက ခေါင်းဆောင်ပဲ”
ကောင်စီဝင်စီမေသည် အဝတ်အစားပင် ဝတ်ချိန်မရလိုက်ပေ။ သူမ၏ လည်ပင်းမှ ဆွဲကြိုးသည် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး သွေးအမြှေးပါး အလွှာတစ်ခုက သူမနှင့် ကောင်းမင်ကြားတွင် ပိတ်ဆို့ပေးလိုက်သည်။
ကောင်စီဝင်စီမေသည် အချိန်ဆွဲရန် ကြိုးစားသော်လည်း ကရုဏာဖောင်ဒေးရှင်းက ထုတ်လုပ်ထားသော အကာအကွယ်ပစ္စည်းသည် ကောင်းမင်၏ရှေ့တွင် စက္ကူတစ်ရွက်သာသာ သာ ရှိသည်။
“ငါက အစစ်အမှန်အလင်းရောင်ကို ဆောင်ကြဉ်းပေးမှာပါ၊ မင်းတာဝန်ကတော့ ပြီးဆုံးသွားပြီ”
ကောင်းမင် သူ့လက်သီးကို အားဖြင့် လွှဲလိုက်ရာ သူ့နောက်ကျောမှ ဆိုးယုတ်မှုအလွှာများသည် သားစားကြူးနတ်ဘုရား၏ ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။ ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရသော ထိုနတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“ဖောက်”
သွေးအမြှေးပါးက ကွဲကြေသွားပြီး ကောင်စီဝင်စီမေမှာ ထိတ်လန့်တကြား ထွက်ပြေးရတော့သည်။ သူမ၏ လက်သည်းများက သူမ၏ အသားထဲသို့ စိုက်ဝင်သွားပြီး အရေပြားအောက်တွင် လှုပ်ရှားသွားသည်။ သွေးနံ့နှင့်ရောနေသော ထူးဆန်းသော ရနံ့တစ်ခု ထွက်ပေါ်လာပြီး သန့်ရှင်းမြင့်မြတ်သော မြေအောက် ‘နန်းတော်’ မှာလည်း သွေးများ ယိုစီးကျလာတော့သည်။ နံရံများ အက်ကွဲလာကာ မျက်လုံးများ ပွင့်လာပြီး တစ်ဝက်သေနေသော အလောင်းများ ပြုတ်ကျလာကြသည်။ ပြုပြင်မွမ်းမံထားသော အသွေးအသား အမြောက်အမြားသည် ကောင်းမင်ဆီသို့ ဦးတည် တွားသွားလာကြသည်။
“မင်း ဘုရားကျောင်းမှာပဲ နေဖို့ ရွေးချယ်ခဲ့တာ မအံ့သြတော့ပါဘူး၊ ဒီအမြင့်မြတ်ဆုံးနေရာဆိုတာ ယုံကြည်သူတွေရဲ့ ‘အသွေးအသား’ တွေနဲ့ ထုဆစ်တည်ဆောက်ထားတာကိုး… နှလုံးသားမရှိတဲ့ ရူးနေတဲ့ မိန်းမ… မင်း လူတွေ ဘယ်လောက်တောင် သတ်ခဲ့တာလဲ”
ကရုဏာဖောင်ဒေးရှင်းတွင် ယုံကြည်မှုများ ပေးအပ်မည့် လူသားများမှလွဲ၍ အခြား ဘာမှမလိုအပ်ပေ။ ကောင်စီဝင်စီမေသည် သူတို့အားလုံးကို အဆောက်အဦးအုတ်ခဲများအဖြစ် အသုံးချပြီး မြေအောက်ထဲတွင် သူမ၏ ခမ်းနားထည်ဝါသော နန်းတော်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အသားတောင်များကို ဖြတ်ကျော်၍ သွေးပင်လယ်များကို ဖောက်ထွက်လိုက်သည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့မှာ အဆုံးမဲ့သော ဆိုးယုတ်မှုများ ဖုံးလွှမ်းနေ၏။ သူ့စွမ်းအားသည် ပိုမို အားကောင်းသထက် အားကောင်းလာပြီး ထိန်းချုပ်မရနိုင်တော့ဘဲ မကောင်းဆိုးဝါး အတွေးတိုင်းမှာလည်း အဆမတန် ကြီးထွားလာသည်ကို သူခံစားနေရသည်။
“လီဆန်းစီ၊ ငါ မင်းနဲ့ ပူးပေါင်းနိုင်ပါတယ်၊ ငါကရုဏာဖောင်ဒေးရှင်းကို မင်းကို ပေးပါ့မယ်၊ ငါက အပြင်လူတွေရဲ့ သစ္စာအရှိဆုံး မဟာမိတ် ဖြစ်ပေးပါ့မယ်၊ ငါ ယုံကြည်သူ သိန်းနဲ့ချီ စုစည်းပေးပြီး မင်းနဲ့အတူ မြို့တော်ကောင်စီခန်းမကို တိုက်ခိုက်ပေးပါ့မယ်”
ကောင်စီဝင်စီမေ အမှန်တကယ် ကြောက်ရွံ့နေပြီဖြစ်သည်။ သို့သော်လည်း အရာအားလုံးမှာ နောက်ကျသွားခဲ့ချေပြီ။
“ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်ပဲ၊ ကံမကောင်းတာက မင်းထက် ပိုသင့်တော်တဲ့သူကို ငါ ရှာတွေ့ထားပြီးသားပါ၊ သူက ကရုဏာဖောင်ဒေးရှင်းကို အလင်းရောင်အစစ်ဆီ ဦးဆောင်သွားလိမ့်မယ်”
တားမြစ်နယ်မြေရှုထောင့်ကို အသက်သွင်းထားပြီး လီဆန်းစီနှင့် ဆိုးယုတ်မှုဖြင့် ပေါင်းစပ်ထားသော ကောင်းမင်သည် တောင်ဘုရင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည်။ သူမ ကိုယ်တိုင် ပြုပြင်မွမ်းမံထားသော ဤအသွေးအသား ဘုရားကျောင်းအတွင်းမှာပင် ကောင်စီဝင်စီမေသည် သူ့ကို မယှဉ်နိုင်ပေ။
ဆိုးယုတ်မှုများ စွန်းထင်နေသော လက်ငါးချောင်းက ကောင်စီဝင်စီမေ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ကောင်းမင်သည် သူမအား နတ်ဘုရားရုပ်တုများ၏ အလယ်ဗဟိုသို့ အတင်းအကျပ် ဆွဲခေါ်သွား၏။
“ရပ်လိုက်၊ လီဆန်းစီ၊ ချက်ချင်း ရပ်လိုက်”
တံခါးဝမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကြင်နာတတ်သော ကိုယ်တော်က ရှုပ်ထွေးနေသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
“သူ့ကို မသတ်ပါနဲ့”
“ကျုပ် သူ့ကို မသတ်ရင် ဒီနန်းတော်ထဲမှာ အသုံးချခံထားရတဲ့ အသွေးအသား ဝိညာဉ်တွေက သဘောတူပါ့မလား၊ သူ့လျှို့ဝှက်ခန်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေ အထုတ်ခံထားရတဲ့ အပြစ်မဲ့ ပြည်သူတွေက သဘောတူပါ့မလား၊ သူ့ဒေါသဖြေဖျောက်ဖို့အတွက် သေတဲ့အထိ ရိုက်နှက်ခံလိုက်ရတဲ့ ကလေးတွေက သဘောတူပါ့မလား”
ကောင်းမင် ပြောလိုက်သော စကားလုံးတိုင်းသည် ကောင်စီဝင်စီမေ၏ ပြစ်မှုများကို စွပ်စွဲနေခြင်းပင်။
“ဒါပေမဲ့ သူက... အနည်းဆုံးတော့ သူက ဒီမြို့အတွက် တခြားဘယ်သူမှ မလုပ်ပေးချင်တဲ့ အရာတွေကို အများကြီး လုပ်ပေးခဲ့တာပဲ...”
စိတ်ကောင်းရှိသော ကိုယ်တော်သည် ဘုရားကျောင်း၏ မြေအောက်အနက်ပိုင်းသို့ တစ်ခါမှ မဝင်ဖူးခဲ့ပေ။ သူသည် ကောင်စီဝင်စီမေနှင့် ပတ်သက်သော သတင်းများကိုသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ လူတိုင်းတွင် မကောင်းသော အတွေးများ ရှိကြပြီး သူလည်း အပါအဝင်ပင်။ သို့သော် ကောင်စီဝင်စီမေက ထိုမျှအထိ ရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“သူ့ကို အသက်ချမ်းသာပေးတာက လူများစွာရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်၊ ကရုဏာအဖွဲ့က အခုမှ အကြီးအကျယ် တိုးတက်နေတာဆိုတော့ တည်ငြိမ်မှု လိုအပ်တယ်၊ မင်း သူ့ကို မသတ်ဘူးဆိုရင် ကရုဏာအဖွဲ့ကို မင်းထိန်းချုပ်နိုင်ဖို့ ငါ အစွမ်းကုန် ကူညီပေးနိုင်မယ်”
ကြင်နာတတ်သော ကိုယ်တော်သည် ကောင်းမင်၏ အစစ်အမှန် ရည်ရွယ်ချက်မှာ ကရုဏာအဖွဲ့ ဖြစ်သည်ကို သိနေသည်။ သူသည် သူ့ဝတ်ရုံအောက်မှ သော့အချို့ကို ထုတ်ယူလိုက်သည်။
“ဒါတွေက ကရုဏာအဖွဲ့ရဲ့ ဂိုဒေါင်သော့တွေပဲ၊ ကျန်တဲ့ ကိုယ်တော်နှစ်ပါးဆီမှာလည်း ရှိကြတယ်၊ မင်းသာ ကောင်စီဝင်စီမေကို သတ်လိုက်ရင် သူ့ရဲ့ ‘ကရုဏာပုလင်း’ ကွဲသွားလိမ့်မယ်၊ အဲ့ဒီအခါကျရင် ကျန်တဲ့ ကိုယ်တော်တွေက သော့တွေကိုယူပြီး ဂိုဒေါင်ထဲက ရတနာတွေကို ခွဲဝေယူဖို့ ချက်ချင်း ထွက်သွားကြလိမ့်မယ်”
မြေပြင်မှာ ထပ်မံ တုန်ခါသွားပြီး ဘုရားကျောင်းအနီးတွင် ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်လာပြန်သည်။ ကောင်းမင်သည် ကိုယ်တော်၏ စကားကို စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူသည် ကောင်စီဝင်စီမေ၏ ရင်ဘတ်ကို လက်ဖြင့် ထိုးဖောက်ကာ ဆိုးယုတ်မှုများ ရောနှောနေသော သွေးများကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်ပြီး သူမ၏ အတွင်းအင်္ဂါများကို ပိတ်ဆို့ထားလိုက်သည်။
“သူ့ကို လောလောဆယ် ချန်ထားပေးမယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်တယ်”
ကောင်းမင်သည် ဓမ္မဆရာဝတ်ရုံတစ်ခုကို ရှာဖွေကာ ကောင်စီဝင်စီမေကို ပတ်လိုက်ပြီး သူ့ပုခုံးပေါ် ထမ်းတင်လိုက်သည်။ သူသည် တားမြစ်နယ်မြေရှုထောင့်ကို ပိတ်ရန် ပြင်လိုက်သော်လည်း နောက်တစ်မိနစ်တွင် ရှုထောင့်ကို ပြောင်းမရတော့ကြောင်း တွေ့လိုက်ရသည်။
သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် ဆိုးယုတ်မှုချိန်းကြိုးများ တိုးပွားလာပြီး ကောင်းမင်၏ သတ်ဖြတ်လိုစိတ်မှာလည်း ပိုမို ကြီးထွားလာသည်။ သူ ဝေဝေဝါးဝါးဖြင့် ရေကန်၏ မျက်နှာပြင်တွင် သူ့ကို လှောင်ရယ်နေသော လီဆန်းစီ၏ မျက်နှာကို မြင်လိုက်ရသည်။
“ရယ်ချင်သေးတာလား၊ ရှုထောင့် ပြောင်းလို့ မရဘူးလား၊ ဒါဆို ငါတို့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး အားလုံးကန်းသွားအောင် လုပ်ပစ်လိုက်မယ်”
ကောင်းမင်၏ ခြိမ်းခြောက်မှုက အရာမထင်ပေ။ သူသည် သူ့လက်ချောင်းကို မြှောက်၍ သူ့မျက်လုံးများဆီသို့ တည့်တည့် ချိန်လိုက်သည်။
သူ့လက်ချောင်းထိပ်က မျက်လုံးနှင့် ထိလုနီးပါး ဖြစ်သွားသည့်အချိန်မှာပင် တားမြစ်နယ်မြေရှုထောင့်က ရုတ်တရက် ပြောင်းလဲသွားတော့သည်။
***