"သတိထား... လမ်းဖယ်"
မည်သို့ပင်ဆိုစေ မိုးကြိုးသားရဲဘုရင်၏ အင်အားက အနည်းဆုံး ရွှေအဆင့် ၅ တွင် ရှိပြီး၊ သူ၏ ဒေါသတကြီး တိုက်ခိုက်သော အားပြတ်တိုက်ကွက်ကလည်း ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားလှသည်။
ဗုန်း။
ရွှေရောင်မိုးကြိုးတန်းက လူအုပ်ဆီ ရောက်လာသည်။
ဝှစ်။
လူအုပ်က တကွဲတပြားစီ လူစုခွဲကြသည်။
"လုချန်... ဟိုဘက်ကို သွား"
လော့မင်က မြင်း၏ကျောကို ဖျတ်ခနဲ တစ်ချက်ရိုက်သည်။
မိုးပြာရောင် နဂါးမြင်းကလည်း ဟီလိုက်ပြီးနောက် အပြာရောင်မိုးကြိုးတန်းအဖြစ် ပြောင်းလဲကာ အခြားတစ်ဖက်ခြမ်းသို့ ဖျတ်ခနဲ လက်ကာ ဝင်ရောက်သွားသည်။
ခွပ်။
မိုးကြိုးသားရဲဘုရင်က ဖနောင့်ပေါက်လိုက်ကာ သူတို့နှစ်ယောက်ကို ဝင်တိုက်ရန် ကြိုးစားသည်။ ကံကောင်းစွာဖြင့် သူတို့မှာ မြန်ဆန်စွာဖြင့် ရှောင်လိုက်နိုင်သည်။
လော့မင်က လက်ကိုမြှောက်လိုက်သောအခါ မိုးကြိုးသားရဲဘုရင်၏ ခန္ဓာကိုယ်တွင် ဝင်စိုက်နေသော လှံကို ဆွဲနှုတ်လိုက်သည်။ မိုးကြိုးသားရဲဘုရင်က နာကျင်စွာ အော်သည်။
"ဟေး... လောင်ကျောင်း၊ မင်းအလှည့်ပဲ"
လော့မင်က အော်သည်။ ကျောင်းယွီယန်က လေထဲသို့ ခုန်တက်လိုက်ပြီဖြစ်သည်။
"ဓားအရိပ်တစ်ထောင်"
အနက်ရောင်ဓားအရိပ်အလွှာပေါင်းများစွာက ပေါ်လာပြီးနောက် မိုးကြိုးသားရဲဘုရင်၏ မိုးကြိုးဦးချိုကို ခုတ်ပိုင်းသည်။
ချွန်း။
" ဖြတ်လို့ မရဘူး၊ တအား မာတယ်"
"ငါ လုပ်မယ်"
လော့မင်က ကောင်းကင် ဝါးမြိုခြင်း လှံတံကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ပြင်းထန်လှသော အင်အားကိုထုတ်၍ အရှိန်နှုန်းကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အထွတ်အထိပ် တက်သွားစေခဲ့သည်။ ထိုလှံတံသည် ကျောင်းယွီယန်၏ ဓားကို ရိုက်လိုက်ရုံနှင့် ခရတ်ဆိုသည့်အသံ ထွက်လာသည်။ ချွန်း ဆိုသလိုပင် အနက်ရောင်ဓားတစ်လက်လုံးက မိုးကြိုးဦးချိုထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် တစ်စက္ကန့်တွင် မိုးကြိုးဦးချိုက ခုတ်ပိုင်းခံလိုက်ရသည်။
ဝေါ။
မိုးကြိုးသားရဲဘုရင်ကြီးက နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သည်။ သူသည် အလွန်ပင် ဒေါသထွက်သွားပြီး သေလုမတတ် ဖြစ်သွားသည်။ သို့သော် သတိလည်း လစ်ချင်လောက်အောင်ပင် နာကျင်နေ၏။
" ဒီလူသားတွေက အင်အားကြီးတယ်။ သူ မနိုင်ဘူး"
ထိုသို့တွေးမိပြီးသည်နှင့် မိုးကြိုးသားရဲဘုရင်၏ မျက်လုံးထဲမှ ကြမ်းတမ်းသောအလင်းက လက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မိုးကြိုးစွမ်းအားများက တောက်လောင်လာကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့လိုက်ပြီး ဟိုးအတွင်းပိုင်း တွင်းထွက်ကျောက်သွေးကြောထဲမှ သတ္တုအခြေပြု ကျောက်သားများထဲသို့ တိုက်ရိုက်စီးဝင်သည်။
ချိန် ချိန် ချိန်။
ဂူကြီးက ပြင်းထန်စွာ ပြိုကျသည်။
"တစ်ခုခု မှားနေပြီ။ ဒီကောင် ဒီဂူကို ဖောက်ခွဲဖို့ ကြိုးစားနေတာ။ နောက်ဆုတ်တော့"
လော့မင်ကလည်း အခြေအနေကို အကဲခတ်မိပြီး အားလုံးကို ခေါ်ထုတ်သွားလိုသည်။ သို့ရာတွင် ပြင်းထန်လှသော မိုးကြိုးများက ဒီအရပ်မျက်နှာတိုင်းမှာ မိုးသားများ ဖုံးလွမ်းသကဲ့သို့ ဖုံးအုပ်ထားလေရာ သွားစရာနေရာ မရှိသကဲ့သို့ ဖြစ်နေသည်။
"သေစမ်း"
လော့မင်၏မျက်လုံးက ခက်ထန်သွားသည်။
သူသည် ကောင်းကင် ဝါးမြိုခြင်း လှံတံကို ဆွဲကိုင်၍ မိုးကြိုးသားရဲ ငယ်ထိပ်ကို ချိန်သည်။
"ကောင်းကင် ဝါးမြိုခြင်း ဒုတိယ နတ်လှံ"
ဗုန်း။
သွေးနီရောင်အလင်းတန်းက ထိပ်ဆုံးသို့ ထိုးတက်သည်။ ပေ ၈၀၀ ရှည်သော လှံတံကြီးကို အပေါ်သို့ မြှောက်လိုက်သကဲ့သို့ ခေါင်မိုးတစ်ခုလုံးက ထိုးဖောက်ခံလိုက်ရသည်။
ခရတ်။
သွေးနီရောင်အလင်းတန်းက မြေသားထဲမှာ ထိုးဖောက်သွားချိန်တွင် လော့မင်က ထိုနေရာတွင် အပေါက်ကြီး ဖောက်လိုက်နိုင်သည်။ သို့သော် ထိုသို့ဖြစ်သွားသည်နှင့် ဂူကလည်း ပြိုကျပြီဖြစ်သည်။
"ခဲ"
ရှားချင်းချန်က ရေခဲဖီးနစ်၏ အင်အားကြီးမားသော ရေခဲမုန်တိုင်းစွမ်းအားကို ထုတ်သုံး၍ ပြုတ်ကျလာသော ကျောက်သားများကို ခဲပစ်လိုက်သည်။
"လော့မင်... သွား၊ ငါအကြာကြီး မထိန်းနိုင်ဘူး"
ရှားချင်းချန်၏ မျက်နှာက ခက်ခဲမှုကို ဖော်ပြသည်။ ယခုအခါ လော့မင်က ဂူအထက်၌ အပေါက်ကြီး ဖောက်ထားပြီးသားဖြစ်၍ သူတို့သည် အပြင်သို့ ထွက်လိုက်၍ ရနေလေပြီ။
"မင်းတို့ အရင်သွားပါ။ မြန်မြန်"
"မော့မော့... ခေါ်ထုတ်သွားလိုက်"
လော့မင်က လှမ်းအော်သည်။ ဂူက ပြိုကျတော့မည်ဖြစ်ပြီး မိုးကြိုးသားရဲဘုရင်ကလည်း ဖောက်ခွဲရန် ပြင်ဆင်မှုများ ပြီးဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် အခြေအနေက အလွန်အန္တရာယ်များနေပြီး သူတို့တွင် အချိန်အများကြီး မကျန်တော့ပေ။ လော့မင်က အံကြိတ်လိုက်ပြီး ကောင်းကင် ဝါးမြိုခြင်း လှံတံကို ထပ်မြှောက်သည်။
"သွေး အကျဉ်းထောင်"
သွေးနီရောင်မီးတောက်များဖြင့် တောက်လောင်နေသော ကြီးမားသော အကျဉ်းထောင်ကဲ့သို့ လှောင်အိမ်ကြီးတစ်ခုက ပေါ်ထွက်လာကာ လော့မင်နှင့် မိုးကြိုးသားရဲဘုရင် နှစ်ယောက်ကိုသာ လွှမ်းခြုံသွားသည်။
"လော့မင်... ဘာလုပ်တာလဲ"
သွေးအကျဉ်းထောင် ပေါ်လာသည်နှင့် လော့မင်နှင့် ထိုမိုးကြိုးသားရဲဘုရင်က ပျောက်သွားသည်။
"မင်းတို့ ဒီနေရာက မြန်မြန်ထွက်သွားတော့။ ဒီကောင်... ငါ သူ့ကို ကိုင်တွယ်လိုက်မယ်။ မိုးကြိုးသားရဲဘုရင်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရင် ဝင်ပေါက်တွေအားလုံး ပြိုကျမှာ၊ အားလုံး သေလိမ့်မယ်"
"ငါ အဲဒီလို ဖြစ်ခွင့် မပြုဘူး"
စွပ်။
မိုးကြိုးသားရဲအကျဉ်းထောင်က လုံးဝ ပိတ်သွားသည်။ သူတို့၏ပုံရိပ်ကလည်း ပျောက်သွားသည်။
"သွားသွား... မြန်မြန် ထွက်။ လော့မင်ရဲ့ ကြိုးစားမှုတွေကို အလကား မဖြစ်စေနဲ့"
ရှားချင်းချန်က ခပ်တိုးတိုး အော်သည်။ ထန်မော့မော့ကလည်း အနက်ရောင်မိုးကြိုးတန်းအသွင် အနက်ရောင်မိုးကြိုး လိပ်ပြာအဖြစ် ပြောင်းလဲ၍ အားလုံးကို ခေါ်ကာ ကြီးမားသော ဂူပေါက်ဆီ သွားသည်။
"ချင်းချန်... နင်လည်း လာလေ"
"ငါ နင်တို့အားလုံး ထွက်ပြီးမှ လိုက်ခဲ့မယ်"
ရှားချင်းချန်က ခေါင်းခါသည်။ သူမသည်လည်း ပြုတ်ကျလာသော ကျောက်သားများအားလုံးကို ခဲထားရန် လိုအပ်သေးသည်။ သို့မဟုတ်ပါက မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထန်မော့မော့က စိုးရိမ်နေသည်။
"ငါ့ကို မစိုးရိမ်ပါနဲ့။ ငါ ရှားချင်းချန်ပါ။ ရှားမိသားစုရဲ့ SSS အဆင့် အဖွဲ့ဝင်၊ ငါ ဘယ်ကြောင့် ဒီမှာ သေရမှာလဲ"
ရေခဲဖီးနစ်၏ မျက်ဝန်းထဲတွင်လည်း စိတ်အေးသော ခံစားချက်ကို မြင်နိုင်သည်။
"ရှားချင်းချန်... နင် သေချာပေါက် ထွက်လာရမယ်နော်။ ငါ နင့်ကို ဒီဘဝမှာ အနိုင်ယူရဦးမယ်"
ချူချင်းနင်ကလည်း လှမ်းအော်သည်။
"မလိုပါဘူး၊ ငါထွက်လာမှာပါ။ ဒါပေမဲ့ ငါ လော့မင်နဲ့ အတူလာမယ်"
အားလုံးကို ပို့ပြီးသည်နှင့် ရှားချင်းချန်၏ မျက်လုံးထဲတွင် ခါတိုင်းသော အပြုံးက ပေါ်လာသည်။
"ဒါပေမဲ့ ငါ အကြာကြီး မထိန်းနိုင်ဘူး"
ရှားချင်းချန်၏ အင်အားက ကုန်ဆုံးတော့မည့် အချိန်တွင် ကျောက်တုံးပေါ်မှ ရေခဲစီးကြောင်းများကလည်း ကွဲအက်လာသည်။
သွေးအကျဉ်းထောင်ထဲမှ သွေးနီရောင်ပုံရိပ်က တဖြည်းဖြည်း ထွက်လာသည်။
"လော့မင်... ကောင်းလိုက်တာ။ နင်... နင်အဲဒီ သားရဲဘုရင်ကို နိုင်သွားပြီလား"
လော့မင်က ခေါင်းညိတ်သည်။
"အင်း၊ ငါ သူ့ကိုသတ်ပြီးပြီ။ သွားရအောင် ချင်းချန်၊ ဒီနေရာကနေ မြန်မြန်သွားရအောင်"
"အင်း... သွားရအောင်"
ရှားချင်းချန်က အပျော်လွန်သွားသည်။ လော့မင်သာ နည်းနည်း နောက်ကျသွားခဲ့ပါက သူမသည် မထိန်းနိုင်လောက်တော့ပေ။ လော့မင်က သူမကို တင်းတင်းဖက်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှီလိုက်သည်။
ထိုအချိန်တွင် ရှားချင်းချန်၏ အမူအရာက ပြောင်းလဲသွားသည်။
"မဟုတ်ဘူး လော့မင်၊ နင် ငါ့ကို လိမ်နေတာ။ တိုက်ပွဲမပြီးသေးဘူး မဟုတ်ဘူးလား။ နင့်ရဲ့ ဝါးမြိုခြင်းလှံက ဘယ်မှာလဲ"
"ဒါ နင့်ရဲ့ ကိုယ်ပွားတစ်ခုပဲ။ ဒါ လော့မင် မဟုတ်ဘူး"
ထောက်ထျန့်၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းက လက်သည်။ ရှားချင်းချန်က သူများထက် ပိုသိနေမည်ဟု သူ မထင်ခဲ့ဘူး။ သို့သော် အချိန်ကျနေလေပြီ။
သူက ရှားချင်းချန်၏ တောင်ပံတစ်ဝိုက်တွင် ခပ်တင်းတင်း ဖက်လိုက်၏။ ရှားချင်းချန်က ထိတ်လန့်သွားသည်။
"လော့မင်... နင် ဘာလုပ်တာလဲ။ လော့မင်... ငါ့ကို လွှတ်"
"နင် ဘာစဉ်းစားနေတာလဲ"
လော့မင်က သူမကို မဖြေပေးဘဲ သူ၏ခန္ဓာကိုယ်က သွေးနီရောင်မီးတောက်ဖြင့် တောက်လောင်သွားသည်။ သို့သော် မီးတောက်က မကြမ်းတမ်းဘဲ ရှားချင်းချန်၏တစ်ကိုယ်လုံးက နွေးထွေးလာသလို ခံစားလိုက်ရသည်။
သူက ဆောင့်ကြောင့်ထိုင်လိုက်၍ ဝပ်တွားသကဲ့သို့ အမူအရာမျိုး လုပ်လိုက်ပြီးသည်နှင့် လျှပ်စီးစွမ်းအား အရှိန်အပြည့်ဖြင့် လေထဲသို့ ခုန်တက်သည်။
"ချင်းချန်... တောင်းပန်ပါတယ်။ ဒါက ငါပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် မင်းကို လိမ်တာ"
သူတို့နှစ်ယောက်က ဂူပေါက်ဆီသို့ ရောက်သွားသော်လည်း လမ်းတစ်ဝက်တွင် လော့မင်၏ ကိုယ်ပွားက သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လွင့်ပျောက်တော့မည်ဖြစ်သည်။ ရှားချင်းချန်က ကျောက်သားများကို မထိန်းထားပေးသည့်အခါ ကျောက်သားများက ပြိုကျပြီး လော့မင်နှင့် မိုးကြိုးသားရဲဘုရင်တို့အား ပိတ်လှောင်ပစ်လိုက်သည်။
"ဟာ... တကယ်ကို ရှင်သန်ဖို့ ရုန်းကန်ရတာပဲ"
"လော့မင်... နင် လူလိမ်၊ နင် လူလိမ်"
ရှားချင်းချန်က စိုးရိမ်တကြီး အော်ငိုသည်။
"ငါ့ကို မစိုးရိမ်နဲ့။ ငါ့ကိုသတ်ဖို့ အဲဒီလောက်ထိ မလွယ်ဘူး"
လော့မင်၏ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်နေသည်။ ရှားချင်းချန်ကလည်း ဂူ အပြင်ဘက်သို့ ရောက်သွားပြီဖြစ်ပြီး လူပုံသဏ္ဌာန် ပြန်ပြောင်းလာသည်။
ဂူအောက်ထဲတွင် လော့မင်က သက်ပြင်းချသည်။
"နောက်ဆုံးတော့ ငါအကုန် ထုတ်သုံးလို့ ရပြီ"
သူသည် ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားသည်အထိ အရိုက်ခံထားရသော မိုးကြိုးသားရဲဘုရင်ကို ကြည့်ကာ မျက်လုံးက ကျဉ်းမြောင်းသွားသည်။
"သတ်ဖြတ်ခြင်း ကျားဖြူ"
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းသော သားရဲအရှိန်အဝါများက လွှမ်းခြုံသွားသည်။ ထို့နောက် ငွေဖြူရောင် ဟာရီကိန်းမုန်တိုင်းက သူ့ကို လွှမ်းခြုံသည်။ ထိုနေရာ ကျဉ်းကျဉ်းလေးထဲတွင် သားရဲအရှိန်အဝါများက သိပ်သည်းစွာ ပေါ်ထွက်လာသည်။
ဟာရီကိန်းက ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်တစ်ခု ထွက်လာသည်။ နှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်နှင့် တစ်ကိုယ်လုံးတွင် အနက်ရောင်အဝိုင်းအစင်းကြားများ ပျံ့နှံ့နေကာ သံမဏိသံချပ်ကာကို ဝတ်ဆင်ထားပြီး အဖြူရောင်ဦးထုပ် ဆောင်းထားသော သူကို မြင်ရသည်။ အဖြူရောင် ခြုံလွှာက လေမတိုက်ဘဲ လွင့်နေသည်။ သူ၏နဖူးတွင်လည်း ဘုရင် ဆိုသော သင်္ကေတ စကားလုံးကို မြင်ရ၏။
သတ်ဖြတ်ခြင်း ကျားဖြူက လက်တစ်ဖက်တွင် ဓားကို ကိုင်စွဲရင်း မိုးကြိုးသားရဲ ဘုရင်ထံသို့ ခုန်ဝင်သည်။
"အကောင်ကြီး... မင်းရဲ့ နှလုံးခုန်သံကို နားထောင်ကြည့်စမ်း"
အပိုင်း ၁၂၂ ပြီး၏။
***