" ရွှီး ...။ "
ရှည်လျားသန့်ရှင်းစွာ အော်ဟစ်သည့် နတ်ငှက်တစ်ကောင်၏ အသံနှင့်အတူ လော့မင်သည်လည်း သူ၏စိတ်ထဲတွင် မီးပင်လယ်ကြီးတစ်ခု ပေါ်ထွက်လာသလို ခံစားလိုက်ရလေသည်။ အဆုံးမရှိသော မီးတောက်က ကောင်းကင်ကိုပင် ဝါးမြိုလိုက်သည်။ အရာအားလုံးကိုလည်း လွှမ်းခြုံသည်။ ဘာကိုမျှ မချန်ရစ်ထားခဲ့ချေ။ တွေ့ဆုံကြုံကြိုက်သမျှ အရာအားလုံးကို လွှမ်းခြုံပစ်ပြီး ဖျက်ဆီးပစ်လိုက်သည်။ အဆုံးမရှိလောက်အောင် အလျှံတငြီးငြီး တောက်လောင်နေသော မီးတောက်ထဲတွင် နတ်ဖီးနစ်၏ အော်ကျူးသံကသာ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသည်။
လော့မင်၏ မျက်လုံးကလည်း မှေးစင်းသွားသည်။ သူသည် မီးတောက်ထဲမှာ သွေးနီရောင် မီးငှက်ကြီးကို မြင်လိုက်ရသည်။ ထိုမီးငှက်ကြီးက မီးများအကြားမှ အော်ဟစ်ပြီး ကိုးကြိမ် သေဆုံးပြီးနောက် ပြာပုံမှ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသော မသေမျိုးနတ်ငှက်ဖြစ်သည်။
"ဒါက နတ်ဖီးနစ်လား"
ရွှေရောင်ဖီးနစ် မျက်ဝန်းတစ်စုံက ထည်ဝါမှုများ ပြည့်နှက်နေသည်။ အကြည့်ကလည်း နက်ရှိုင်း၏။ လွှမ်းမိုးမှု အပြည့်လည်းရှိသည်။ သက်ရှိများအားလုံးအား ကြောက်ရွံ့ရိုသေမှုကို ခံစားရစေသော သတ္တဝါမျိုးဖြစ်သည်။ သူသည် အားလုံးကို ဖိနှိပ်ပစ်နိုင်သည်။
"ကောင်လေး... မင်း ငါ့ရဲ့ စမ်းသပ်မှုကို လက်ခံချင်လား"
ဖီးနစ်အသံက လော့မင်နားတွင် ဟိန်းထွက်လာသည်။
"ဟီးဟီး... ငါ့မှာ ရွေးစရာရှိသေးလို့လား၊ လက်ခံရမှာပေါ့"
လော့မင်သည်လည်း ခေါင်းငိုက်စိုက်ချ၍ ထိုင်လိုက်သည်။ ချင်စန်းတို့ အားလုံးက ခေါင်းငိုက်စိုက်ထားသော သူ့ကိုမြင်သည်နှင့် သံသယဝင်သွားကြလေသည်။
"ဒီကောင်စုတ် ဘာတွေ ရွတ်နေတာလဲ၊ သူ သေရတော့မယ်ဆိုတာ သိပြီး ရူးသွားတာလား"
"ဟွန်း... ယန်ရှားရဲ့ ဂုဏ်ယူရတဲ့ ဘာဘာ ညာညာတွေ လာပြောလည်း ဘာမှလည်း ထူးခြားမနေဘူး၊ ဟုတ်တယ်မလား၊ သူ့ကို ငါတို့က အသာလေး နိုင်တယ်၊ ငါ ခေါင်းဖြတ်လိုက်မယ်"
လူတစ်ယောက်က လက်နက်ကိုထုတ်၍ အနားသို့ ကပ်သွားပြီး လော့မင်ထံ ဦးတည်သည်။
ဝှစ်။
သူက ဓားရှည်ကို လွှဲရမ်းလိုက်သည်။ ဓားသွားက လော့မင်၏ လည်ပင်းကို ထိတော့မည့် အချိန်တွင် ဝှစ်ခနဲ အသံထွက်လာပြီး လော့မင်က ရုတ်တရက် ခေါင်းမော့လာသည်။ သူ၏ မျက်လုံးက အလျှံတငြီးငြီး တောက်လောင်သော မီးတောက်ကြီးနှင့် ပြည့်နှက်နေသည်။
ထိုမီးတောက်ထဲမှာ ရွှေရောင်အလင်းက လှုပ်ခတ်ကာ ပင်လယ်ထဲမှာ ရေလှိုင်းကဲ့သို့မျိုး တွန့်သွားသည်။ ထိုသို့ဖြင့် အရှိန်အဟုန်ကို အပြည့်အဝ သယ်ဆောင်၍ ဂူအမိုးတစ်ခုလုံးပေါ်သို့ မြောက်တက်လာကာ ကောင်းကင်မှ နေမင်းနှင့် လမင်းကြီးအလား ဧကရာဇ်တစ်ပါး၏ ထည်ဝါမှုကို ပြသပြီး အားလုံးကို လွှမ်းမိုးပစ်လိုက်လေသည်။ လက်နက်နှင့်အတူ ရှေ့တက်လာသော လူကလည်း လော့မင်၏ အကြည့်ကြောင့် မှင်သက်သွားပြီး ခြေလှမ်းလှမ်းကာ နောက်ဆုတ်လိုက်ရသည်။
"သေချင်လို့ လှည့်ကွက်တွေ လာဆင်နေတာ၊ ငါမင်းကို သတ်မယ်"
သူက အံခဲလိုက်ပြီး ဓားကိုရမ်းကာ လော့မင်ကို ခေါင်းဖြတ်ရန် အသင့်ပြင်သည်။
"ငါ ပြန်လာပြီ။ နိဗ္ဗာန နတ်မီးတောက်က နင်တို့အားလုံးကို ပြာချပစ်မယ်"
ဝှစ်။
ထို့နောက် တစ်စက္ကန့်တွင် သူ့ကို သွေးနီရောင် ဖီးနစ်မီးတောက်က လွှမ်းခြုံသွားသည်။ အလျှံတငြီးငြီး တောက်လောင်သော မီးတောက်က ထိုလူကို မှင်သက်သွားစေပြီး အလိုအလျောက်ပင် ခြေလှမ်းလှမ်းကာ နောက်ဆုတ်မိစေသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုအချိန်တွင် အချိန်က ရပ်တန့်သွားသည်။
"ပိုင်ရှင်က လေးကောင်မြောက် နတ်ဆိုးသားရဲရဲ့ စမ်းသပ်မှုကို အရမ်းကို အန္တရာယ်များလွန်းတဲ့ အခြေအနေမှာ ကျော်ဖြတ်ဖို့ ကြိုးစားနေတာကို ရှာဖွေတွေ့ရှိလိုက်တယ်။ သားရဲ နတ်ဘုရား ဆယ်ကောင် ဘုရားကျောင်း ရဲ့ ကာကွယ်ခြင်း ယန္တရားတွေကို အသက်သွင်းလိုက်ပြီ။ ပိုင်ရှင် စစ်ဆေးမှု ခံယူလို့ ပြီးမှပဲ အချိန်က ပြန်လည်ပြီး အသက်ဝင်ပါလိမ့်မယ်"
ထိုနေရာက အေးခဲသွားသည်။ လော့မင်က မျက်လုံးကို ဖွင့်လိုက်သောအခါ အကန့်အသတ် မရှိ များပြားလှသော မီးတောက်များက လွှမ်းခြုံနေသည်။ သူ၏ အရှေ့တွင် အလွန်ပင် ကြီးမားပြီး ကောင်းကင်ကိုပင် ဖုံးအုပ်နေသော နတ်ငှက်ကြီးတစ်ကောင်က ရှိနေသည်။ နတ်ငှက်ကြီးက တောင်ပံကို ခတ်လိုက်ချိန်တွင် တစ်ကိုယ်လုံးက မီးတောက်များ တောက်လောင်လာသည်။ တောက်လောင်လွန်းသော မီးတောက်များ ဖြစ်သည်။
"ပိုင်ရှင်က လေးခုမြောက် နတ်ဆိုးသားရဲ ဖီးနစ် စစ်ဆေးမှုကို လက်ခံလိုက်ပြီ။ ပထမဦးဆုံး စစ်ဆေးမှု၊ နိဗ္ဗာနရဲ့ ကိုးကြိမ်မြောက် သေဆုံးခြင်း၊ ကိုးကြိမ်ဆက်တိုက် သေဆုံးခြင်း။ စမ်းသပ်မှု အောင်မြင်သွားပါပြီ။ ပိုင်ရှင် အနေနဲ့ နတ်ဖီးနစ်ရဲ့ ကောင်းကင်ပေါ် အုပ်စိုးခြင်း မီးတောက်ဖြစ်တဲ့ နိဗ္ဗာန နတ်မီးတောက်ကို ရရှိသွားပါပြီ။ ပိုင်ရှင်က နိဗ္ဗာန အခြေအနေထဲကို ဝင်ရောက်သွားတဲ့အခါ ကိုးကြိမ် ရှင်သန်နိုင်ခဲ့ပြီး နိဗ္ဗာနအတွင်း ကိုးကြိမ် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ရင် ပိုင်ရှင်ကို နတ်ဖီးနစ်အဖြစ် အသွင်ပြောင်းလဲပေးသွားမှာပါ။ ဘယ်သောအခါမှ အညံ့မခံနိုင်တဲ့ ဒဏ္ဍာရီ မီးတောက်တွေကို ကိုင်စွဲပြီး ကောင်းကင်ဘုံကိုပါ လောင်ကျွမ်းပြာချလို့ ရပါပြီ"
သားရဲ နတ်ဘုရား ဆယ်ကောင် ဘုရားကျောင်းမှ အကြောင်းကြားသံက ပျောက်ကွယ်သွားသည်နှင့် နတ်ဖီးနစ်က တောင်ပံကို တဖြည်းဖြည်း ခတ်လာသည်။ အဆုံးမရှိသော နိဗ္ဗာန နတ်မီးတောက်က လော့မင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ၏ အကြောအခြင်များက တောင့်တင်းသွားသည်။ အဆုံးမရှိသော နာကျင်မှုက ခြေလက်အရိုးများအနှံ့ ပျံ့နှံ့သည်။
"နင်က နိဗ္ဗာနကို ရောက်ပြီး ရှင်သန်ချင်ရင် သည်းခံနိုင်ရမယ်။ နိဗ္ဗာနရဲ့ နာကျင်မှုက နင့်ရဲ့ နိဗ္ဗာန မီးတောက်နဲ့ လိုက်ဖက်ညီနိုင်စွမ်းရည်ကို အများကြီး မြှင့်ပေးမှာ။ ဒါက ပုံမှန် အဆင့် စမ်းသပ်မှုပဲ ရှိသေးတယ်။ ဖီးနစ် မီးတောက်က ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်းပဲ"
နတ်ဖီးနစ်က တည်ငြိမ်စွာ ပြောသည်။ သို့သော် အသံက မိုး ဘုရင်မတစ်ပါးကဲ့သို့ ထည်ဝါမှုရှိသည်။
"နိဗ္ဗာန၊ အမတ၊ ပြာပုံကနေ ရှင်သန်"။
ဗုန်း။
နတ်မီးတောက်က ပြင်းထန်စွာ တောက်လောင်ချိန်တွင် လော့မင် ခန္ဓာကိုယ် ခြေလက်တိုင်း၊ အရိုးတိုင်း၊ အသားတစ်တုံးချင်းစီတိုင်း၊ ဆဲလ်တစ်ခုချင်းစီတိုင်းက မီးတောက်များဖြင့် လွှမ်းခြုံခံရပြီး မီးမြှိုက်ခံရသည်။ ဒါက ခန္ဓာကိုယ်ကို ထုလုပ်ပြီး အင်အားကြီးမားအောင် လုပ်သည့် ပုံစံမျိုးဆိုသည်ထက် ရိုးရိုးရှင်းရှင်း နှိပ်စက်နေခြင်းသာ ဖြစ်သည်။ ထို နှိပ်စက်မှုကို တောင့်ခံပြီးချိန်တွင် နောက်ထပ် ရှစ်ကြိမ် ကျန်သေးသည်။ ထိုသို့ ကိုးကြိမ် ဆက်တိုက် တောင့်ခံနိုင်မှသာ ပထမအဆင့်ကို အောင်မြင်သည်ဟု သတ်မှတ်သည်။
သူ၏ အဝတ်အစားများက ပြာဖြစ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးက မီးတောက်ကြောင့် မည်းတူးလာသည်။ သွေးများက စီးကျသည်။ သို့သော် ခဏချင်းမှာပင် အငွေ့ပျံသွားသည်။
ထိုသို့ဖြင့် သူ၏ အရေပြားများမှာ အမည်းကြောင်း အစင်းများကဲ့သို့ အညစ်အကြေးများက ကပ်တွယ်သည်။ လော့မင်က သူ၏ စိတ်ပိုင်းဆိုင်ရာ အကန့်အသတ်သို့ ရောက်ပြီး သတိလည်း လစ်တော့မည့် အချိန်တွင် ဖြစ်သည်။
ဝေါင်း။
နဂါးဟိန်းသံက ထွက်လာသည်။ သူ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများကို လွှတ်ထုတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအား ရွှေနဂါး၏ တက်တူးများက လွှမ်းခြုံသွားသည်။ နဂါးသွေးက အလိုအလျောက် ကာကွယ်ပေးသည်။
"အင်း... ဒါက ဖျက်ဆီးလို့မရတဲ့ နဂါးခန္ဓာကိုယ်လား"
နတ်ဖီးနစ်က အံ့သြသွားသည်။
"သောက်ကျိုးနည်း အမှိုက်ကောင်"
နတ်ဖီးနစ်က အံကိုကြိတ်သည်။ ထိုဖျက်ဆီး၍မရသော နဂါးခန္ဓာကိုယ်က ကာကွယ်ပေးနေသောကြောင့် လော့မင်သည် နိဗ္ဗာန မီးတောက်ထဲမှာ ရှင်သန်ရန် အချိန်တစ်ခုသာ လိုသည်။ ပထမဦးဆုံး စမ်းသပ်မှုက သူ့အတွက် ဘာမှ မဟုတ်တော့ပေ။ လွယ်ကူသွားသည့်အတိုင်းပင်။ လော့မင် ခန္ဓာကိုယ်က နိဗ္ဗာန နတ်မီးတောက် ဒဏ်ကို အကြာကြီး တောင့်ခံရန်မလိုဘဲ တဖြည်းဖြည်း စုပ်ယူနေပြီ ဖြစ်သည်။
ထို့နောက် သူက မျက်လုံးဖွင့်လာသည်။
ရွှေနဂါး စွမ်းအင်များက လေထဲသို့ ထိုးတက်လာသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားချိန်တွင် သွေးနီရောင် မီးတောက်များ အားလုံးက ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲပြီး အတောင်ပံကို ဖြန့်သည်။
"မသေမျိုး နဂါးခန္ဓာကိုယ်နဲ့ နိဗ္ဗာန နတ်မီးတောက်တို့က တုံ့ပြန်ပါပြီ။ ပိုင်ရှင်က နဂါးဖီးနစ် ကာကွယ်မှုကို ရရှိသွားတယ်။ မသေနိုင်တော့တဲ့ မသေမျိုး နဂါးဖီးနစ် ခန္ဓာကိုယ်"
လော့မင်၏ ခန္ဓာကိုယ်တစ်ခြမ်းက ကြမ်းတမ်းသော ရွှေနဂါးဖြင့် အုပ်ကာသွားကာ ကျောပြင်မှ စတင်၍ ပခုံးအထိ ပျံ့နှံ့ပြီး ရင်ဘတ်သို့ တောက်လျှောက် စီးဝင်သည်။ အခြားသော ခန္ဓာကိုယ်တစ်ခြမ်းကမူ နတ်ဖီးနစ်ကြောင့် နတ်ဖီးနစ်၏ ကြိုးကိုင်မှုကို ခံရပြီး ခါးမှ စတင်၍ ရင်ဘတ်၊ ထို့နောက် ဝမ်းဗိုက်အထိ လွှမ်းခြုံသည်။ နဂါးနှင့် ဖီးနစ်တို့က တစ်ယောက်ကိုတစ်ယောက် တသားတည်းဖြစ်စွာနှင့် ခန္ဓာကိုယ်တစ်ခုတည်းတွင် သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်သွားသည်။ သူတို့က တစ်ခြမ်းစီ ယူထားပြီး ကျေနပ်သွားကြသည်။
" မမျှော်လင့်ထားပဲ အစစ်အမှန် နဂါး ကလန်နဲ့ နတ်ဖီးနစ်ကလန်တို့က တစ်သက်လုံး အိပ်မက်မက်ရတဲ့ ခန္ဓာကိုယ်။ ဒါပေမဲ့ ဘယ်တော့မှ မရနိုင်တဲ့ ခန္ဓာကိုယ်က ဒီလို အချိန်မျိုးမှာ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်၊ ဒါက တကယ့် ကံကြမ္မာပဲ"
နတ်ဖီးနစ်က သက်ပြင်းချရင်း ခပ်တိုးတိုး ရေရွတ်သည်။ မသေမျိုး မသေဆုံးနိုင်တော့သော နဂါးဖီးနစ် ခန္ဓာကိုယ်နှင့်သာ ဆိုလျှင် ဒီနေ့မှ စတင်ပြီး လော့မင်ကို သတ်ရန် အလွန်အလွန် ခက်သွားလေပြီ။ အကယ်၍ သူ့ကို တစ်ချက်တည်းနှင့် ပြာဖြစ်အောင် လုပ်လိုက်မည် ဆိုလျှင်ပင် ပြာပုံထဲက ကုန်းထလာပြီး ရှင်သန်ဦးမည် ဖြစ်သည်။ တစ်ကြိမ် ရှင်သန်ချိန်တိုင်းတွင် သူတို့၏ အင်အားက တိုးပွားသွားမည် ဖြစ်သည်။
လော့မင်က မျက်လုံးကို ဖွင့်သည်။ ထိုအချိန်တွင် သူသည် ကောင်းကင်ဘုံသို့ပင် ကြည့်ကာ ဟိန်းဟောင်ချင်လာသည်။
"ငါ့ကို သတ်နိုင်မယ် ထင်နေတာလား"
သို့သော် နတ်ဖီးနစ်က အေးစက်စွာ ပြောသည်။
"အပျော်မလွန်စမ်းပါနဲ့၊ ဒုတိယတစ်ခု ရှိသေးတယ်။ ဖီးနစ် မီးတောက်က နှလုံးသားကို လောင်မြှိုက်မယ်။ နင့်ရဲ့ နှလုံးသားထဲက အလိုချင်ဆုံး စိတ်ဆန္ဒက ဘာလဲ ကြည့်ရအောင်"
ထိုအချိန်တွင် နတ်ဖီးနစ်၏ မီးတောက်က လော့မင်ကို တစ်ဖန် ပြန်လည်ပြီး လွှမ်းခြုံသည်။ သို့သော် ဒီတစ်ခေါက်တွင်မူ ထိုမီးတောက်က ကြမ်းတမ်းစွာ တောက်လောင်သည်။
"လော့မင်... တာလီကို သွားချင်လား၊ ငါတို့နဲ့ အဖွဲ့လိုက် ခရီးသွားကြမယ်လေ၊ တစ်ယောက်ကို တစ်သောင်းနဲ့"
"ထားပါတော့ ငါမသွားဘူး"
" လော့မင်... ကျောက်စိမ်း နဂါးနှင်းတောင်ကို သွားပြီး လောကက အလှပဆုံး ရှုခင်းကို သွားကြည့်ချင်တယ်"
"စိတ်မရှိပါနဲ့ အချိန်မရှိဘူး"
"မင်းရဲ့ အဖေနဲ့ အမေက ပေကျင်းကို သွားပြီး မဟာတံတိုင်းကို ကြည့်ချင်နေခဲ့တာ တစ်ဘဝလုံးပဲ"
"စိတ်မရှိပါနဲ့ အဖေနဲ့ အမေ၊ ငါ အခု မအားသေးဘူး၊ ပြီးပြီးချင်း အချိန်နည်းနည်း ပေးပါဦး၊ အချိန်နည်းနည်း ပေးပါ၊ ငါ ပိုက်ဆံ ရှာနိုင်တဲ့အထိ"
လော့မင်က မျက်လုံးဖွင့်လာသည်။
"ဘာဖြစ်တာလဲ၊ ဘာလို့ အတိတ်ဘဝကို ပြန်မြင်နေတာလဲ"
"ဆိုတော့ ဒါတွေက နင့်ရဲ့ နောင်တတွေပေါ့"
နားဘေးနားမှာ နတ်ဖီးနစ်က ပြောသည်။
"တစ်ချိန်က နင် တောင့်တခဲ့တဲ့ လောက၊ တစ်ချိန်က နင် တောင့်တခဲ့တဲ့ အစစ်အမှန် ချစ်ခြင်းနဲ့ လွတ်လပ်မှုတွေ အားလုံးက အစစ်အမှန်မှာတော့ ဒီလို နယ်မြေ ကျဉ်းကျဉ်းလေးဆီမှာ အချုပ်ခံထားရတယ်။ နင်က နင့်ရဲ့ ယုံကြည်သက်ဝင်မှု၊ နင့်ရဲ့ အသက်နဲ့ ကောင်းကင်ပေါ်က လကိုသာ ရောင်းချပြီး မြေပြင်က ဘာမှမဟုတ်တဲ့ အမှိုက်ကို ကောက်ယူခဲ့ရတယ်။ နင် ဒါကို ဖုံးကွယ်ထားပေမဲ့လည်း နိဗ္ဗာန မီးတောက်က နင့်နှလုံးသားထဲက အစစ်အမှန်ဆုံး ခံစားချက်ကို ထုတ်ပြတာ။ ဆိုတော့ လော့မင်... နင် အမြဲတမ်း တောင့်တနေတာ ဘာလဲ၊ အဲဒီ တောင့်တနေတဲ့ အရာက ဒီမှာမှ မရှိတာ"
"နင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်၊ အစစ်အမှန်ကို ဘေးဖယ်ထားလိုက်၊ နင် အလိုချင်ဆုံးက ဘာလဲ"
လော့မင်၏ အကြည့်က အာရုံစူးစိုက်မှု ကင်းလွတ်လာသည်။
"တက္ကသိုလ် တက်နေစဉ် အချိန်အတွင်းမှာ ငါ တာလီကို သွားချင်ခဲ့တာ၊ အဲဒီက စိတ်ကူးယဉ် ဆန်တဲ့ ရှုခင်းကို သွားကြည့်ချင်တယ်၊ ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး။ အလုပ် လုပ်ပြီးတဲ့ နောက်မှာလည်း ငါ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့အတူ မော်တော်ဆိုင်ကယ် စီးမယ်၊ လက်ထဲမှာ ဂစ်တာကိုင်ပြီး LS ကို သွားလို့ တောင်တန်းပေါ်က ရွှေရောင် နေဝင်ချိန်ကို သွားကြည့်ချင်ခဲ့တာ၊ ဒါပေမဲ့ ငါ အလုပ်လုပ်ရတယ်။ နောက်တော့ ငါ့ရဲ့ မိဘတွေက အသက်ကြီးလာတယ်၊ သူတို့ တစ်ဘဝလုံး တောင့်တတာက တာမြေမြို့ကို သွားပြီး ပေကျင်းက မဟာတံတိုင်းကို ကြည့်ချင်တာ၊ ဒါပေမဲ့ ငါ အလုပ်ကနေ ထွက်လို့မရဘူး။ ငါ သူတို့ကို ပြန်မြင်တဲ့ အချိန်မှာ သူတို့က ပြာဖြစ်သွားပြီ။ ငါ့ရဲ့ အရင်ဘဝမှာ နောင်တတွေ အများကြီးပဲ၊ များလွန်းလို့ ပြောင်းလဲနိုင်စွမ်းလည်း မရှိခဲ့ဘူး၊ ငါ့ရဲ့ ဘဝက အဓိပ္ပာယ် မရှိသလို ခံစားရတယ်"
နတ်ဖီးနစ်က ခေါင်းညိတ်သည်။
"အတိတ်က ပြီးသွားပြီ၊ ပြောင်းလဲလို့ မရတော့ဘူး၊ ဒါပေမဲ့ နင် အစကနေ ပြန်စဖို့ အခွင့်အရေး ရလာပြီ။ နောက်ပြီး ဒီဘဝမှာရော၊ နင် ဒီဘဝမှာ ဘာလိုချင်လဲ"
"ဒီဘဝမှာလား"
လော့မင်၏ မှေးစင်းနေသော မျက်ဝန်းထဲတွင် ကျန်ရစ်သော မီးတောက်က တဖြည်းဖြည်း တောက်လောင်သည်။ စိတ်ပျက်အားငယ်မှု အတွင်းမှ မွေးဖွားလာသည့် အမှောင်ထုနှင့် တူသည်။
"ဒီဘဝမှာ ငါ့ဘာသာ ငါ့အတွက် ငါပဲ ရှင်သန်ချင်တယ်"
အပိုင်း ၁၂၄ ပြီး၏။
***