"ဒီဘဝမှာ ငါ့ကိုယ်တိုင်အတွက်ပဲ ရှင်သန်ချင်တယ်"
မီးတောက်များက လောင်ကျွမ်းမှု အရှိန်တငြီးငြီးပင် တောက်လာကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ လော့မင်၏ ရဲရင့်သော နှလုံးသားနှင့်အတူ နောက်ဆုံးတွင် မီးတောက်က ပြန်လည်တည်ငြိမ်သွားသည်။ လော့မင်၏ နှလုံးသားကလည်း ခိုင်မာလာ၏။
"ဒီဘဝမှာ ငါဟာ ငါပဲ။ ငါက အေးအေးဆေးဆေး ဘဝမျိုးမှာပဲ ရှင်သန်နေထိုင်သွားမယ်။ သတ်ရမယ့်သူတွေကို သတ်မယ်၊ အရှက်ခွဲလာတဲ့သူတွေပေါ်လည်း ပြန်အရှက်ခွဲမယ်"
"ငါက ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ အင်အားမျိုး လိုချင်တယ်။ ငါ့ရဲ့ဒီခန္ဓာကိုယ်ကို သုံးပြီး ဒီလောကကို ဖိနှိပ်လိုက်မယ်"
ဗုန်း။
ပြန်လည်မွေးဖွားခြင်း မီးတောက်က အလျှံတငြီးငြီး ကြမ်းတမ်းစွာ တောက်လောင်ချိန်တွင် မီးတောက်ထဲမှ ပုံရိပ်တစ်ခုက တဖြည်းဖြည်း ထွက်လာသည်။ သူ့ကို ယခင်ဘဝက နောင်တများက ချုပ်နှောင်ထားခဲ့ရာမှ အရာအားလုံးက ခန္ဓာကိုယ်ကို ပိတ်လှောင်သည့် တံခါးတစ်ချပ်အဖြစ် ပြောင်းလဲခဲ့သော်လည်းယခုအခါတွင်မူ တံခါးက ကွဲအက်သွားသည်။ မီးတောက်ကလည်း ငြိမ်းသွားပြီး လော့မင်၏ ခန္ဓာကိုယ်က ပြန်ပေါ်လာသည်။ ထိုအချိန်တွင် သူသည် သူကိုယ်တိုင် ဖြစ်သွားပုံပေါ်သည်။
"ငါ တစ်ခုခုကို လုပ်ရမယ်ဆိုရင် ဒီဘဝက ငါ့ရဲ့ဘဝပဲ။ ငါ အနိုင်ရရမယ်"
ခရတ်။
ပတ်ဝန်းကျင် မီးပင်လယ်က တဖြည်းဖြည်း ကွဲအက်လာပြီး ထိုနောက် တစ်စက္ကန့်တွင် ပေါက်ကွဲသည်။
ခရတ်... ခရတ်။
အကန့်အသတ် မရှိလောက်သော မီးတောက်ပင်လယ်ဆိုသော ပုံရိပ်ယောင်က လွင့်ပျောက်သွားပြီးနောက် နတ်ဖီးနစ်၏ အရှိန်အဝါ ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ မျက်လုံးများက တောက်ပသည်။ သူ၏ ခန္ဓာကိုယ်အတွင်း နတ်မီးတောက်က လောင်မြှိုက်ပြီး အတုအယောင်များ အားလုံးကို ကွဲအက်သွားစေသည်။
"လော့မင်... ဒါက ငါ နင့်ကို ပေးတဲ့ ဒုတိယမြောက် စမ်းသပ်မှုပဲ။ နင်က နင့်ရဲ့အတွင်းမိစ္ဆာတွေ အားလုံးကို ဖယ်ရှားလိုက်ပြီ ဆိုတော့၊ ဒီနေ့က စပြီး နင့်မှာ ပြန်လည်မွေးဖွားခြင်း အစစ်အမှန် နှလုံးသားကို ပိုင်ဆိုင်သွားပြီ။ နင့်ကို လှည့်စားတာတွေ၊ အမြင်အာရုံမှား အလုပ်လုပ်တာတွေ၊ ပုံရိပ်ယောင်တွေ စသဖြင့် အားလုံးက နင့်အတွက် အသုံးမဝင်တော့ဘူး"
"လူတွေက သေခါနီး အခြေအနေကနေ ပြန်လည်ရှင်သန်ဖို့ နည်းလမ်းတစ်ခုကို အမြဲတမ်း ရှာနိုင်တတ်တယ်။ နင့်ရဲ့ ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့တဲ့ အချိန်မှာ နင့်ရဲ့ဒီခန္ဓာကိုယ်ကြီး တစ်ခုလုံးက အဝိုင်းခံရတဲ့၊ အပိတ်လှောင်ခံရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေကနေ လွတ်မြောက်အောင်၊ ပြာပုံထဲကနေ ပြန်ထနိုင်အောင် လုပ်ပေးလိမ့်မယ်။ ဂုဏ်ယူပါတယ်... နင် ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ"
"နင်က စမ်းသပ်မှု နှစ်ခု အောင်မြင်သွားပြီ။ တတိယတစ်ခုကတော့..."
နတ်ဖီးနစ်က ပြောမည်အပြုတွင် ခေါင်းခါလိုက်သည်။
"ထားလိုက်ပါတော့၊ ငါ အဲဒါတွေ သဘောမကျဘူး။ ငါ သူတို့လိုလည်း မဟုတ်ဘူး၊ ဘာမှ ဖုံးကွယ်မနေဘူး။ နင်က ငါ အသိအမှတ်ပြုထားတဲ့သူ ဆိုမှတော့ ငါနင့်ကို အားလုံး ပြောပြမယ်"
ဝှစ်။
သွေးနီရောင် တုတ်တစ်ချောင်းက လေဟာနယ်အတွင်းမှ မြောက်တက်၍ ပေါ်လာသည်။
"ဒါက ငါ့ရဲ့ မွေးရာပါ မွန်းစတား လက်နက်ပဲ။ မွေးဖွားစဉ်ကတည်းက အတူတကွ ပေါ်ပေါက်လာတဲ့ လက်နက်၊ နတ်ငှက်မွေး လို့ ခေါ်တယ်။ ဘယ်လက်နက် ပုံသဏ္ဌာန်မဆို အသွင်ပြောင်းနိုင်တယ်။ ဓားဖြစ်ဖြစ်၊ လှံဖြစ်ဖြစ်၊ ခရင်းခွဖြစ်ဖြစ်၊ ပုဆိန်ဖြစ်ဖြစ်၊ အခု နင်တို့လောကက အသုံးပြုနေတဲ့ အဲဒီသေနတ်တွေ ဘာတွေ၊ အဲဒါတွေပဲဖြစ်ဖြစ်၊ မော်တော်ဆိုင်ကယ်တွေ၊ တင့်ကားတွေ၊ လေယာဉ်ပျံတွေ၊ ကျောက်စိမ်းမှော်တွေ၊ ကျောက် ဖျက်ဆီးခြင်း စစ်ခံတပ်တွေ ဘာမဆို ပြောင်းလို့ရတယ်။ ဒါပေမဲ့ အခု နင့်ရဲ့ အင်အားက တအား အားနည်းနေဦးမယ် ဆိုတော့ သုံးနိုင်စွမ်းက အကန့်အသတ်နဲ့ ဖြစ်နေမှာ။ ဒါပေမဲ့ နင့်အတွက် လုံလောက်ပါတယ်"
"နောက်ဆုံးမှာတော့ ငါ့ရဲ့ မွေးရာပါ မီးတောက်တစ်မျှင်ကို နောက်ဆုံး လမ်းခွဲစကားအဖြစ် ချန်ထားခဲ့ပေးမယ်"
ချက်ချင်းဆိုသလိုပင် နတ်ဖီးနစ်က တောင်ပံများကို တဖြည်းဖြည်း ခတ်လာပြီးနောက် လော့မင်၏ မျက်ခုံးကြားအတွင်း ဝင်ရောက်သွားသည်။
"ဒီဆရာမအိုကြီးက ငါတို့ထက်တောင် ပိုပြီး စိတ်ကူးယဉ် ဆန်နေသေးတယ်"
အမှောင်ထဲမှာ သတ်ဖြတ်ခြင်း ကျားဖြူ ၏ ပုံရိပ်က ထွက်ပေါ်လာသည်။
"လော့မင်... သူပြောသွားတဲ့ စကားတွေကို အထင်မသေးနဲ့ဦး။ မင်း အနာဂတ်မှာ သေချာ နားလည်လာလိမ့်မယ်။ နတ်ငှက်မွေးနဲ့ နှိုင်းယှဉ်ရင် ဒါကမှ သူမရဲ့ တတိယမြောက် အမွေအနှစ်ပဲ"
"ဂုဏ်ယူပါတယ်... ပိုင်ရှင်က ကြမ်းတမ်း နတ်ဖီးနစ်ရဲ့ လေးခုမြောက် စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။ မသေမျိုး နဂါးဖီးနစ် ခန္ဓာကိုယ်ကို လက်ခံရရှိထားပါတယ်။ နိဗ္ဗာန နတ်မီးတောက်ကိုလည်း ရရှိထားပြီး၊ ကိုးကြိမ်ပြန်သေလည်း ကိုးကြိမ်ပြန်ရှင်မယ် ဆိုတဲ့ အခြေအနေကိုလည်း ပိုင်ဆိုင်ထားပါပြီ။ အဆင့်မြင့် ရတနာ နတ်ငှက်မွေးကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်လို့ ပိုင်ရှင်ရဲ့ စမ်းသပ်မှုက အောင်မြင်ပြီးမြောက်သွားပါပြီ။ အချိန်ကလည်း ပြန်လည်၍ လည်ပတ်ပါလိမ့်မယ်"
အပြင်ဘက်မှာ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်သွားသည်။
"ဟွန်း... လှည့်ကွက် လာထုတ်ချင်နေတယ်။ ငါ တစ်ချက်တည်းနဲ့ သတ်တာ ကြည့်ထား"
ဓားကြီးကို ကိုင်စွဲထားသော ကြီးမားသည့် ဝက်ဝံလူကြီးက လော့မင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လာသည်။
ဝှစ်။
ထိုဓားရှည်ကြီးကလည်း လေထုကို ချက်ချင်း ပိုင်းဖြတ်၍ အောက်ဘက်သို့ ဆင်းကျလာသည်။
လော့မင်က မျက်လုံးကို ဖွင့်၏။
"သေချင်နေတာလား"
သူ၏ အကြည့်က ချက်ချင်း စူးရှသွားသည်။ နိဗ္ဗာန နတ်မီးတောက်က ရှေ့ဘက်သို့ တောက်လောင်လာပြီးနောက်တွင် ကြီးမားသော ဝက်ဝံလူသား ခန္ဓာကိုယ်ကို ချက်ချင်း လောင်မြှိုက်သည်။
"အား..."
သူသည် နာကျင်မှုအပြည့်နှင့် အော်ဟစ်လိုက်ကာ ၃ စက္ကန့်ခန့်အတွင်း ပြာဖြစ်သွားသည်။
အခြားသောသူများက လှုပ်ရှားချိန် မရှိလိုက်ဘဲ ၁၂ ယောက်ထဲတွင် သူသည် ရေအခြေပြု စွမ်းအားကို ထိန်းချုပ်နိုင်သော မွန်းစတားလည်း ပါဝင်သည်။ သို့သော် ကယ်ဆယ်ရန်အတွက် အချိန်က မလုံလောက်ခဲ့ပေ။ အကယ်၍ ကယ်ဆယ်နိုင်ခဲ့လျှင်ပင် နိဗ္ဗာန နတ်မီးတောက်က ငြိမ်းလိမ့်မည် မဟုတ်ပေ။
"ဒါ ဘယ်လို ထူးဆန်းတဲ့ မီးတောက်လဲ"
အားလုံးက မျက်မှောင်ကြုတ်နေ၏။ ထို့နောက် ကြောက်လန့်တကြား ခြေတစ်လှမ်း ဆုတ်သည်။
နောက်ဆုံးအချိန်တွင်မှ လော့မင်က သူ၏ အလားအလာအသစ်ကို ထုတ်ပြလာသည်။
"မင်းတို့က ဘာကို ကြောက်နေကြတာလဲ။ သူက သေခါနီး ဖြစ်နေပြီ။ မသေခင် စွမ်းအားကို ထုတ်လွှတ်နိုင်ရုံပဲ။ မင်းတို့လို ရွှေအဆင့် အဖွဲ့ဝင်တွေက ငွေအဆင့် အကောင်တစ်ကောင်ကို ကြောက်နေတာလား။ ငါ ဒီမှာရှိနေတာ ဘာမှမဖြစ်ဘူး... သွား"
သူက အော်လိုက်သည်နှင့် အခြားသော ၁၀ ယောက်သည် အံကိုကြိတ်ပြီး လော့မင်ဆီ သွားသည်။
"စီနီယာ နတ်ဖီးနစ်... လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"
လော့မင်က လူသား ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲကာ အရှေ့ဆုံးမှ ဝင်လာသည့် မွန်းစတား ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။ မသေမျိုး နဂါးဖီးနစ် ခန္ဓာကိုယ်က သူ့အား ကြောက်စရာကောင်းသော ခွန်အားများကို ပေးသည့်အတွက်၊ ယခုအချိန်တွင် လော့မင်က အစစ်အမှန် လူသားမွန်းစတား ဖြစ်သွားသည်။ ထိုလက်သီးချက်နှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်မှ နဂါးနှင့် ဖီးနစ် တက်တူးများက လှုပ်ခတ်လာကာ အော်ဟစ်သံများကို ထုတ်လွှတ်သည်။
အနီရောင်နှင့် ရောနှောနေသော ရွှေသားက မှင်သက်ဖွယ်ကောင်းသော စွမ်းအားအပြည့်နှင့်အတူ အပြင်ဘက်သို့ ပေါက်ကွဲသည်။ ထိုရွှေအဆင့် ၅ မွန်းစတားကလည်း သူ၏ လက်သီးချက်အောက်တွင် ရင်ဘတ်အရိုး တစ်ခုလုံးက ကွဲအက်သွားပြီးနောက် ကျည်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားသည်။ သူသည် ကျောက်သားနံရံကိုပင် ဝင်တိုက်မိသွားကာ လူသား ပုံသဏ္ဌာန် ပြန်ပြောင်းသွားသည်။ သူက သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရ၏။ ထိုလက်သီးချက်အောက်တွင် သူ၏ ကိုယ်တွင်းကလီစာများ အားလုံးမှာ ကွဲအက်သွားလေပြီ။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ ချင်ရှီချီက သေသွားပြီ"
လူတစ်ယောက်က အလန့်တကြား ပြေးကြည့်ပြီးနောက်တွင် တစ်ဖက်သူမှာ အသက်မရှူတော့ကြောင်း သိလိုက်သည်။ သူတို့အားလုံးက လော့မင်ကို ထိတ်လန့်တကြား ကြည့်ကြသည်။ သူသည် လူသားခန္ဓာကိုယ်နှင့် လက်သီးတစ်ချက်တည်းကို သုံးပြီး ရွှေအဆင့် ၅ မွန်းစတားကို သတ်ပစ်လိုက်သည်။
ဒါ ဘယ်လို မွန်းစတားလဲ။
အားလုံး၏ ဦးနှောက်ခွံက ကျိန်းသွားသည်။ သူတို့သည် လော့မင်ထံမှ ဝေးရာသို့ ပြေးချင်ကြသည်။
"ခေါင်းဆောင်... ခေါင်းဆောင်၊ မင်း သွား။ ငါတို့ သူ့ကို မယှဉ်နိုင်ဘူး။ သူက အရမ်း အင်အားကြီးတယ်"
သူတို့အားလုံးမှာ နောက်ဆုတ်နေချိန်တွင် ချင်စန်းကလည်း အလားတူ အံ့သြနေ၏။ ထို့နောက် ခက်ထန်ရက်စက်သော အမူအရာမျိုး ပေါ်လာသည်။
"အဲဒီတိုက်ပွဲ ပြီးရင်တော့ မင်းက ဆက်ပြီး တိုက်ခိုက်ရဲမယ် မထင်ဘူး၊ အသုံးမကျတာတွေ"
ချင်စန်းက အံကြိတ်သည်။
"အသုံးကျလား မကျလား စမ်းကြည့်သေးတာပေါ့"
ထိုသို့ဖြင့် လော့မင်၏ ခန္ဓာကိုယ်က အလင်းရောင် ဖျတ်ခနဲ လက်ပြီး နံဘေးမှ မွန်းစတားတစ်ကောင်အား ဝင်ပြေးသွားသည်။
နိဗ္ဗာန နတ်မီးတောက်က ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး လေဟာနယ်အတွင်းမှာ ရှည်လျားသော ဟိန်းသံကို အက်ကွဲထွက်လာစေသည်။ မိုးထိုး မြင့်တက်မတတ် ရှည်လျားမြင့်မားလွန်းသော မီးတောက်ကြီးက လွင့်ပျံသွားသောအခါ လူတိုင်း၏ အရှေ့တွင် သွေးနီရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ကိုးကြိမ်သေပြီး ကိုးကြိမ် ပြန်လည်မွေးဖွား... အသက်သွင်း"
လော့မင် မျက်လုံးထဲမှာ အလျှံငြီးငြီး တောက်လောင်သော မီးတောက်က လောင်ကျွမ်းသည်။
ဒါဟာ နတ်ဖီးနစ် စီနီယာက ပြောသွားသည့် မျှော်လင့်ချက် အလင်းတောက်ဖြစ်သည်။ အလင်းရောင် ဖြစ်သည်။ ကိုးကြိမ်သေခြင်း၊ ကိုးကြိမ် ပြန်လည် ရှင်သန်ခြင်းကို အသက်သွင်းလာပြီးနောက်တွင် လော့မင်မှာ ကိုးကြိမ် သေဆုံးမှုကို တိုက်ရိုက် လျစ်လျူရှုနိုင်၏။ ထိုသို့ တစ်ကြိမ် သေပြီးတိုင်း အချိန်တိုင်းလိုလို သူ၏ တိုက်ပွဲဝင် စွမ်းအားကလည်း အတိုင်းအတာတစ်ခုထိ ထိုးတက်သွားပေလိမ့်မည်။
တစ်ခုတည်းသော ဆိုးကျိုးကမူ ကိုးကြိမ်သေပြီးနောက်တွင် ကိုးကြိမ် ပြန်လည်မွေးဖွားသည့် အချိန်ကို ကြုံတွေ့ရပြီးနောက် သူသည် ၃ ရက်လုံးလုံး သတိလစ်နေမည် ဖြစ်သည်။ ဒါဟာ သေခြင်းရှင်ခြင်း ရုန်းကန်မှုမျိုး ဖြစ်သည်။ သူသည် ဒီအခြေအနေမျိုးတွင် ရန်သူကို အလဲမထိုးနိုင်ခဲ့သော် မလွဲဧကန် သေရပေလိမ့်မည်။ နတ်ငှက်မွေး က လော့မင်၏ လက်ထဲရောက်ပြီး ငှက်မွေး ပုံသဏ္ဌာန်မျိုးရှိသည့် ပစ္စတို ဖြစ်သွားသည်။ သွေးနီရောင် ပုံရိပ်က တစ်ချက်လှည့်လိုက်ပြီး ထိုပစ္စတိုဖြင့် တစ်ဖက်သူ၏ ခေါင်းကို ချိန်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...။
၃ ချက် ဆက်တိုက် ပစ်ပြီး မွန်းစတား၏ ခေါင်းက ဖရဲသီးကဲ့သို့ ပေါက်ကွဲသည်။
" အစစ်အမှန် တိုက်ပွဲက အခုမှ စမှာ။ ငါ့ကို သတ်ချင်တဲ့ကောင်တွေ တစ်ကောင်ချင်းစီ လာ၊ တစ်ယောက်ချင်းစီ ပို့ပေးမယ်"
လော့မင်၏ ခန္ဓာကိုယ်က ပြန်လည်မွေးဖွားခြင်း နတ်မီးတောက်ဖြင့် လွှမ်းခြုံနေပြီး သူသည် ပစ္စတိုကို ကိုင်ထားကာ မီးတောက်ကတစ်ဆင့် နတ်ဖီးနစ်၏ ပြန်လည် မွေးဖွားလာသူ ဖြစ်သွားသည်။
အရှေ့တွင် ရပ်နေသော ပုံရိပ်ကို ကြည့်ရုံနှင့် ချင်စန်း၏ ကိုယ်က တုန်ရင်နေ၏။ သူသည် အံကိုကြိတ်လိုက်ချိန်တွင်ပင် အသံမှာ တုန်နေသေးသည်။
" လေးကောင်မြောက် SSS အဆင့် မွန်းစတားပဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ"
အပိုင်း ၁၂၅ ပြီး၏။
***