လော့မင်အနေနဲ့ SSS အဆင့် မွန်းစတား သုံးကောင်ကို တစ်ဖက်လူတွေ ရိုသေခန့်ညားသွားလောက်အောင် ထုတ်ပြထားလေသော်လည်း နောက်ထပ်တစ်ကောင်က ပေါ်လာပြန်လေသည်။
"ဒါ ဘာကို ဆိုလိုတာလဲ"
သာမန်လူတစ်ယောက်အတွက် SSS အဆင့် မွန်းစတား တစ်ကောင်ကို ပိုင်ဆိုင်နိုင်ရုံနှင့်ပင် ကြောက်စရာကောင်းလောက်အောင် ကံကောင်းနေပြီဖြစ်သည်။ သူတို့မှာသာ နှစ်ကောင်ဆိုလျှင်တော့ ဘိုးဘေးအုတ်ဂူကပင် မီးထတောက်နေလောက်အောင် မီးခိုးများက ပျံလွင့်နေမှာပဲ။ ဒါပေမဲ့ လော့မင်က လေးကောင်တောင်။
"မင်းက ပညာရှင်အဆင့် SSS အဆင့် မွန်းစတားကို လက်ကားရောင်းတဲ့သူလား။ လက်ကားရောင်းတဲ့သူလား"
အသိစိတ် လွတ်သွားလေပြီ။
"SSS အဆင့် မွန်းစတား လေးကောင်။ ငါ တကယ် သိချင်လို့ပါ လော့မင်။ မင်း ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ။ မင်းမှာ ငါးကောင် ဒါမှမဟုတ် ခြောက်ကောင်များ ပေါ်လာနိုင်သေးတာလား။ ငါတို့ကသာ မင်းကို ဖမ်းသွားလိုက်မယ်ဆိုရင် ငါတို့ရဲ့သခင်တွေတင် မဟုတ်ဘဲ ချင် မိသားစု တစ်ခုလုံးပါ အရမ်းကို စိတ်လှုပ်ရှားသွားမှာ သေချာတယ်"
သူသည် မနှိုင်းယှဉ်နိုင်လောက်အောင် ကြောက်စရာကောင်းသော ရယ်သံမျိုးကို ပေးလေသည်။
"မင်းတို့က ဒါကို သိသွားပြီးတဲ့နောက်မှာ ငါက မင်းတို့ကို ဒီနေရာကနေ ထွက်သွားခွင့်ပေးမယ် ထင်လို့လား"
လော့မင်က လက်ထဲမှ နတ်ငှက်မွေး ကို လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို မီးတောက်များ ထွက်လာပြီးနောက် ကျည်ဆန်အတန်းလိုက်က သူ့ဆီ ဝင်ရောက်သွားသည်။
"ကလေးကစားစရာ အကွက်နဲ့ အရှက်ခွဲဖို့ မကြိုးစားနဲ့"
သူသည် အော်ဟစ်လိုက်စဉ် ခန္ဓာကိုယ်တစ်ခုလုံးက အစိမ်းရင့်ရောင်အလင်းများဖြင့် လွှမ်းခြုံသွားသည်။ အလင်းက ပျောက်ကွယ်သွားသောအခါ လော့မင်အရှေ့တွင် လူသားပုံသဏ္ဌာန် ဖားပြုတ်ကြီးတစ်ကောင် ပေါ်လာသည်။
အေ အဆင့် မွန်းစတား အဆူရာ အဆိပ်စား ဖားကြီး။
အစိမ်းရင့်ရောင် ဖားပြုတ်ကြီးက အင်အားအပြည့်နှင့် ခုန်တက်လိုက်သည်။ ထို့နောက် ပြင်းထန်သောအဆိပ်ငွေ့များက အရှေ့ဘက်သို့ ပျံ့နှံ့လာပြီး လော့မင်ကို လွှမ်းခြုံသည်။ လော့မင်က လက်ကို ယမ်းလိုက်သည်။ မီးတောက်လိုက်ကာတစ်ခုက သူ့လမ်းကြောင်းကို ပိတ်၏။ အဆိပ်ငွေ့များအားလုံးမှာ မီးတောက်နှင့် ထိသည်နှင့် ပျက်သုဉ်းသွားသည်။
နာမိုက သေနတ်နဲ့ ဘုရားလောင်းကို ချိန်ရွယ်တယ်ဆိုတာမျိုး ကြားဖူးလား။ ဒီနေ့ခေတ် ဗန်းစကားအတိုင်း အနီးစပ်ဆုံး ဘာသာပြန်ရသော် ရှေးခေတ်တရုတ်သမိုင်းထဲက နီကျားက သေနတ်တစ်လက်ကိုင်ပြီး မိစ္ဆာ နှိမ်နှင်းခြင်း သို့မဟုတ် ဘုန်းတော်ကြီးများက ခေတ်မီ လူသတ်လက်နက်များဖြစ်သော သေနတ်များကဲ့သို့ လက်နက်များကို ကိုင်ကာ မိစ္ဆာ နှိမ်နှင်းခြင်း စသည်တို့ကို ရည်ရွယ်သည်။
ချင်းစန်းက အနည်းငယ် ကြောင်အသွားချိန်တွင် လော့မင်၏လက်ထဲမှ ကြီးမားသော သတ္တုပစ္စည်းတစ်ခုက စတင်ကာ ပုံသဏ္ဌာန်ပြောင်းလဲလာသည်။ အလွန်ကြီးမားသော ပြောင်းဝမှ အလင်းကို လွှတ်ထုတ်နေသည့် ပြောင်းဝကျယ်ပြီး မီးလျှံပင် ဝေနေသော သေနတ်ကြီးတစ်လက် ဖြစ်သွားသည်။ ဘိလပ်မြေများက ချောရေကဲ့သို့ လွှမ်းခြုံထား၏။
"နာမိုက ဘုရားလောင်းကို သေနတ်နဲ့ ချိန်ရွယ်တယ်။ ယူရေနီယံ ကျည်ဆန်တွေကို ပစ်လွှတ်ပေးနိုင်တဲ့ သန့်စင်တဲ့ အမြစ်ခြောက်သွယ်။ ဝင်သက်တစ်ကြိမ်တည်းမှာတင် အပတ်ပေါင်း ၃,၆၀၀ ကျော်ပတ်တယ်။ အဲဒီလိုနဲ့ ကြီးမြတ်သော ကြင်နာမှုကို သုံးပြီး ဗောတိသတ္တကို ကယ်တင်လိုက်နိုင်တယ်"
လော့မင်အသံအဆုံးတွင် ထိုသေနတ်ကြီးက မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် လည်ထွက်သွားသည်။ ထို့နောက် တစ်စက္ကန့်အတွင်း မရေတွက်နိုင်သော ကျည်ဆန်ပေါင်းများစွာ ထွက်လာသည်။ ချင်းစန်းက ထိတ်လန့်သွားပြီး အလျင်စလို ရှောင်ရှားသည်။
စတင်းဂမ်း သေနတ်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်စွဲထားသည့် လော့မင်သည် အရပ်မျက်နှာအနှံ့သို့ ကျည်ဆန်များကို ပစ်လွှတ်နေခဲ့ပြီး မဲမှောင်နေသော ကျည်ဆန်အမြောက်အမြားကလည်း ကြောက်လန့်တကြားနှင့် အပြည့်အဝ ခြံရံထားသည်။
"မင်းရဲ့အကွက်က တော်တော်လေး ကောင်းတာပဲ၊ ဝန်ခံရပါမယ်။ ဒါပေမဲ့ ငါ့ကို ထိတောင် မပစ်နိုင်ဘူးလေ။ မင်းမှာ ကျည်ဆန်တွေ ကျန်သေးလို့လား"
ချင်းစန်း၏ ဖျတ်လတ်လျင်မြန်သော အကွက်စိပ်ရွေ့လျားမှုများက လော့မင်၏ ကျည်ဆန်တိုင်းကို ကွက်တိရှောင်နိုင်လေသည်။ သူသည် လက်တစ်ဖက်က ကျောက်သားမျက်နှာပြင်ကို ကပ်ထားပြီးနောက် လော့မင်ကို လှောင်ပြုံးမှုအပြည့်ဖြင့် ကြည့်သည်။
"ငါကလည်း ဒီနည်းလမ်းကို သုံးပြီး ခင်ဗျားကို အနိုင်ယူဖို့ မစဉ်းစားထားပါဘူး"
စတင်းဂမ်း သေနတ်သည် မီးတောက်များ လွှမ်းခြုံနေသော ဓားမကြီး ဖြစ်သွားပြန်သည်။
" ငါ ဒီနေရာကို ရှင်းလိုက်တာ"
သူ့ရဲ့နှုတ်ခမ်းတွေမှာ လှောင်ပြုံးတစ်ခု ပေါ်လာသည်။ ချင်းစန်းက တစ်ခုခုမှားယွင်းသွားမှန်း သိလိုက်သည်။ နောက်ဆုံးတွင် မီးခိုးများ ပျက်ပြယ်သွားသောအခါ ချင်းစန်းက ဟိုဒီကြည့်လိုက်သည်။
"ဘုရားရေ"
သူနှင့်အတူ ရောက်လာသော လူတိုင်းမှာ လော့မင်၏ ကျည်ဆန်များအောက် မြုပ်သွားသည်။ ထိုထဲမှ တစ်ယောက်ဆိုလျှင် လည်ပင်းနှင့် ခေါင်းမှာ အရေပြားနှင့် အရိုးသာ ကျန်တော့၏။ သူတို့၏ သေဆုံးမှုမှာ ဒီထက် ပိုပြီး သနားစရာမကောင်းနိုင်တော့ပြီ။
ချင်းစန်း၏ ကျောတစ်လျှောက် အေးသွားသည်။ ထိုကျည်ဆန်များ၏ ဖောက်ထွက်အားမှာ သူ့ကို ချိန်ရွယ်ထားသည်နှင့် တူသော်လည်း ၎င်းက လော့မင်အတွက် အလှဆင်သက်သက်သာ ဖြစ်နေခဲ့သည်။ သူ့ရဲ့ အစစ်အမှန် ပစ်မှတ်က သူခေါ်လာသော လူများဖြစ်နေသည်။
"ကောင်းပြီ... အခု ငါတို့ရဲ့ အင်ပါယာ မြို့တော်က လုပ်ကြံသူလေး။ တစ်ယောက်ချင်း တိုက်မယ်။ အားကိုးကားစရာ လူ မရှိတော့ဘူး။ လာလာလာ... ငါ မင်းကို သတ်ပေးမယ်"
လော့မင်က လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ပြီးနောက် အရှေ့မှ အစိမ်းရင့်ရောင် ဖားပြုတ်မွန်းစတားကြီးထံသို့ ခုန်ဝင်သွားသည်။ သူ့ရဲ့လက်ထဲမှ ဓားကိုလည်း လွှဲရမ်းနေလိုက်သည်။
"မလောက်လေး မလောက်စားနဲ့ ပုရွက်ဆိတ်ကောင်။ မင်းရဲ့ ငွေ အဆင့် အင်အားလောက်နဲ့ ငါ့လို စိန် အဆင့်ကို သတ်နိုင်မယ် ထင်တာလား။ အိမ်မက်မက်နေတာပဲကွ"
ဖားပြုတ်အော်သံနှင့်အတူ သူက တဟားဟားရယ်သည်။
ဒီလောက် လူတွေအများကြီး လာသော်လည်း လော့မင်ကို မဖမ်းနိုင်ဘဲ ၁၁ ယောက်တောင် သတ်သွားသည်။ ဒါပေမဲ့ ဒါ ကိစ္စမရှိသေးဘူး။ အဲဒီ ၁၁ ယောက်မှာ ရွှေအဆင့် လေး ငါးအဆင့်ပဲ ရှိတာ။ ဒါပေမဲ့ သူက မတူဘူး။ သူက စိန်အဆင့်။ သူ့ရဲ့အင်အားက လုံးဝမတူတဲ့ အဆင့်မှာ ရှိတာ။ သူက လော့မင်ကို ကြက်တွေ၊ ခွေးတွေ သတ်သလို သတ်လို့ရတယ်။
ဓား ကိုင်ထားသော လော့မင်၏ ရွှေရောင်ဝတ်စုံက မီးတောက်များနှင့် တောက်လောင်နေသည်။ သူ့ရဲ့အနွေကို မည်သူကမှ မသိနိုင်ပေ။ အမှန်ပင် လော့မင်က ချင်းစန်းကို မယှဉ်နိုင်ပေ။ စိန်အဆင့်နှင့် ငွေအဆင့်ကြား ကွာဟချက်က ကြီးမားလွန်းသဖြင့် တိုင်းတာ၍ မရနိုင်ပေ။
ထို့ကြောင့် သူသည် တစ်ဖက်လူကို အတတ်နိုင်ဆုံး ဆွဲချရန် ကြိုးစားရပေမည်။ ကိုးကြိမ်သေပြီး ကိုးကြိမ်ပြန်ရှင်သည့် တိုင်အောက်တွင် လော့မင်သည် အသက်ဆယ်သက် ရထားသည်။ သူက ကိုးကြိမ်ပင် သေပေးရမည်။ ဆိုလိုသည်မှာ သူသည် ချင်းစန်းနှင့် ကိုးသက်လဲနိုင်သည်။ ဒါက သူ့ရဲ့ဗျူဟာဖြစ်သည်။ သူသည် မနိုင်နိုင်လျှင်ပင် တစ်ဖက်လူကို ဆွဲချနိုင်သည်။
လူတိုင်းတွင် အားနည်းချက်ရှိသည်။ အားနည်းချက်ကို အသာစီးယူပြီး သတ်နိုင်သည်။ နိဗ္ဗာနမီးတောက်အတွင်းမှ လော့မင်က ချင်းစန်းထံသို့ ဓားကို လွှဲရမ်းလာသည်။
"ဟားဟား... အားနည်းတယ်။ မင်းရဲ့အင်အားက ဒါပဲလား... အားနည်းလိုက်တာ"
ချင်းစန်းက အော်ဟစ်ပြီး လော့မင်လက်ထဲက ဓားကို လွှဲထုတ်လိုက်သည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် လက်သီးကို ထိုးသည်။ လက်သီးက လော့မင်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
"မိုက်မဲတဲ့ အမှိုက်"
ချင်းစန်းက မျက်ခုံးပင့်ပြီး တံတွေးထွေးထုတ်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အင်အားကြီးပြီ ထင်နေတာ။ ဒီလောက်ပဲလား။ တစ်ချက်တည်းနဲ့ သေသွားတယ်"
"နောက်ဆုံးတော့ ငါ အဲဒီမျိုးစေ့ကို ရှင်းလင်းလိုက်နိုင်ပြီ။ တကယ်ကို ကြောက်စရာကောင်းတဲ့ကောင်ပဲ။ SSS အဆင့် မွန်းစတား လေးကောင်တောင် ပိုင်ဆိုင်တာ။ သူသာ အင်အားကြီးလာရင် ချင် မိသားစုကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့် အဆုံးသတ်မှာပဲ"
ချင်းစန်းက သက်ပြင်းချသည်။ သူသည် တုန်လှုပ်နေသေးသည်။ ကံကောင်းသည်မှာ သခင်မက သူ့ကို လွှတ်လိုက်သည်။ သူမကသာ အခြားသော ရွှေအဆင့် ၁၀ သို့မဟုတ် အဆင့် ရှစ်ဖြစ်သော ချင်ဝူး၊ ချင်လျိုတို့ကို လွှတ်လိုက်လျှင်မူ ထိုလူများကပင် သေသွားရလောက်ပြီ။ ဒါပေမဲ့ သူဆိုရင်တော့ လော့မင်က ဘယ်တော့မှ...။
ရုတ်တရက် တစစ်စစ် တစစ်စစ် အသံများ ထွက်လာသဖြင့် ချင်းစန်း၏ လက်မောင်းက အေးစက်သွားသည်။ သူ့ရဲ့ပါးကို အရည်များ လာစင်သည်။ ချင်းစန်းသည် မှင်သက်သွားရသည်။ ထို့နောက် တစ်ခဏအတွင်း လက်မောင်းမှတစ်ဆင့် ဆိုးဝါးသော နာကျင်မှုက ပျံ့နှံ့လာပြီး အဖြစ်အပျက်ကို နားလည်လိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ သွေးများ အဟုန်ဖြင့် စီးထွက်နေပြီး မြေပြင်ပေါ်တွင် တွန့်လိမ်နေသော ပြုတ်ကျနေသည့် သူ၏လက်မောင်းတစ်ဖက်ကို မြင်လိုက်ရသည်။
ချင်းစန်းက ထိတ်လန့်တကြား ကြည့်လိုက်သည်။ သွေးစိုနေသော ဓားမကြီးကို ကိုင်စွဲထားပြီး အကွာအဝေးတစ်ခု ခြားကာ ရပ်နေသော ပုံရိပ်ကို မယုံကြည်နိုင်စွာ မြင်လိုက်ရသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်းက သေသွားပြီ မဟုတ်ဘူးလား။ ငါ မင်းရဲ့ နှလုံးသားကို တစ်ခါတည်း ဖျစ်ညှစ်ဆွဲခြေပစ်လိုက်တာ... ဘာလို့..."
ချင်းစန်း၏ အကြည့်က လော့မင်၏ ရင်ဘတ်ဆီ ရောက်သွားသည်။ ထိုနေရာမှာ အကောင်းအတိုင်း ရှိနေသည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ပုံရိပ်ယောင်လား။ မဟုတ်ဘူး... ပုံရိပ်ယောင်မှ မဟုတ်တာ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်ပြီး ပုံရိပ်ယောင် ဖြစ်ရမှာလဲ"
လော့မင်၏ အကြည့်က တည်ငြိမ်သည်။ သူသည် ချင်းစန်း၏ လက်မောင်းကို ရုတ်တရက် အငိုက်တိုက်ခိုက်ခြင်းအားဖြင့် ခုတ်ဖြတ်နိုင်ခဲ့သည်။ တစ်ဖက်လူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ၃၀ ရာခိုင်နှုန်းအထိ ကျသွားသည်။
"အသက်တစ်သက်နဲ့ လက်မောင်းတစ်ဖက်ကတော့... အင်း၊ ဆိုးတော့ မဆိုးပါဘူး။ စိတ်မရှိပါနဲ့... ငါက မသေမျိုး"
လော့မင်က နှာခေါင်းရှုံ့သည်။ သူ့ရဲ့ ဓားမကြီးက ဓားကျိုးနှစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ လော့မင်သည် ရှေ့သို့ တစ်ဖန် ထပ်ပြီး ခုန်တက်သည်။ ထိုဓားကျိုးနှစ်ချောင်းက ချင်းစန်း၏ အရေးကြီးသော နေရာများကို ခုတ်ချသည်။
"လှည့်ကွက်တွေ သုံးမနေနဲ့။ မသေမျိုးဆိုတာ မရှိဘူး။ မွန်းစတား အရေအတွက် ဘယ်လောက်များများ ငါ သတ်နိုင်သေးတာ။ မင်းလိုကောင်မျိုးနဲ့ အေးဆေးပဲ။ ပေါက်ကရတွေကို ငါ ယုံမနေဘူး"
ချင်းစန်းက လက်တစ်ဖက်တည်းနှင့် တားလိုက်ပြီးနောက် သွေးသံရဲရဲ မေးရိုးပါးစပ်ကြီးကို ဟလိုက်ချိန်တွင် နံဟောင်နေသော ရနံ့များ ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားသည်။
"အဆိပ်နဂါး"
ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသော အဆိပ်ရည်များက ချွန်ထက်သော မျှားများကဲ့သို့ တိုးဝှက်ဝင်ရောက်လာပြီး လော့မင်၏ ခန္ဓာကိုယ်တစ်ခြမ်းကို ပျက်စီးသွားစေသည်။
"ဟွန်း... မင်း အသက်ရှင်နိုင်ဦးမယ်လို့ ငါ မယုံဘူး"
ချင်းစန်းက အသာစီးရနေသည့် ဤအချိန်ကို အခွင့်ကောင်းယူပြီး လော့မင်၏ခေါင်းကို လက်သီးတစ်ဖက်တည်းနှင့် ထိုးပစ်လိုက်သည်။
အပိုင်း ၁၂၆ ပြီး၏။
***