ဒါတောင် မင်း မသေသေးဘူးလား။ ခန္ဓာကိုယ်တစ်ခြမ်းက အရည်ပျော်သွားပြီး ခေါင်းကပင် ပေါက်ကွဲသွားပြီ ဖြစ်သည်။ မည်သူမဆို သေဆုံးသွားမည်မှာ သံသယဝင်စရာ မရှိပေ။
မီးတောက်များနှင့် လောင်ကျွမ်းနေသော ဓားအလင်းက ဖြတ်ပြေးသွားသည်။ ချင်းစန်းက သွေးချောင်းစီးပြီး ခပ်မြန်မြန် နောက်ဆုတ်သွားရသည်။ သူသည် ဝမ်းဗိုက်မှ ဒဏ်ရာကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး လျှံကျနေသော မီးတောက်များ ခြံရံလျက် သူ့ထံသို့ ဓားကို တလက်လက်ကိုင်ကာ တဖြည်းဖြည်းချင်း လျှောက်လာနေသော လော့မင်ကို တုန်ရင်စွာ ကြည့်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုကြောင့် မင်း မသေသေးတာလဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ"
ချင်းစန်း၏ မျက်လုံးက သွေးနီရောင် ပြောင်းလဲနေသည်။ သူသည် အရူးနှင့် တူလာသည်။ သူကသာ လုံလောက်အောင် သတိမကြီးခဲ့လျှင် လော့မင်၏ ခုတ်ချက်က သူ့၏ ဗိုက်ကို ဟက်တက်ကွဲအောင် ခုတ်ပိုင်းပစ်နိုင်သည်။ ထိုသို့တိုင်အောင် ဗိုက်မှ ဒဏ်ရာကြီးမှာ ကြောက်စရာကောင်းနေသည်။ အသား အများစုပင် ပါသွား၏။
ချင်းစန်းသည် သွေးထွက်များလာသောကြောင့် မွန်းစတားတစ်ကောင်ပင် အချိန်ဆွဲမိသည်နှင့် သေသွားနိုင်သည်။
"ငါ မင်းကို ပြောသားပဲ။ ငါက မသေမျိုး။ အမှန်တရားပဲ။ "
လော့မင်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
ချင်းစန်းက ကြောက်ရွံ့ပြီး နောက်ဆုတ်နေမှန်း လော့မင် သိလိုက်သည်။ ကြောက်ရွံ့မှုက အမှားလုပ်မိစေသည်။ အမှားကလည်း သေခြင်းနှင့် ညီမျှသည်။ လော့မင်က ထပ်ပြီး တိုက်ခိုက်သည်။ ချင်းစန်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက ပိုများလာသည်။
"မဖြစ်နိုင်ဘူး။ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ သူ ဘယ်လိုကြောင့် တိုက်လို့ မရတာလဲ။ ဒီလောကမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ မွန်းစတားမျိုး ဘယ်လိုရှိမှာလဲ။ "
ချင်းစန်းက အငမ်းမရ အသက်ရှူနေရသည်။ သူ့၏ မြင်ကွင်းပင် ဝါးလာ၏။ လော့မင်၏ သွေးနီရောင် ခန္ဓာကိုယ်မှာ သူ့၏ မျက်လုံးထဲတွင် ငရဲပုံရိပ်များစွာအဖြစ် ပြောင်းလဲသွားသည်။ တစ်လွှာချင်းစီ ထပ်ပြီး သူ့ကို သိမ်းပိုက်ရန် ကြိုးစားနေကြသည်။
"မဟုတ်ဘူး။ ငါ မနိုင်တော့ဘူး။ သခင်မရယ်... ငါ တောင်းပန်ပါတယ်။ ငါ ဒီရန်သူကို တိုက်လို့ မရဘူး။ သူက သေမှ မသေတာ"
ချင်းစန်းက ပျာယာခတ်အော်ပြီး ခေါင်းကို အုပ်ကိုင်ထားသည်။
"ပြေးရမယ်။ ဟုတ်တယ်။ ငါ ပြေးရမယ်။ ငါမှ သူ့ကို မနိုင်တာ။ သူက SSS အဆင့် မွန်းစတား လေးကောင်ကို နှိုးထားတဲ့ သတင်းကိုသာ ဖြန့်လိုက်မယ်ဆိုရင် ဗဟိုအစိုးရအထိ ပေါက်ကြားသွားမှာပဲ။ ဒါကြောင့် ငါ မပါရင်တောင်မှ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်အများစုက သူ့ကို လာသတ်ကြမှာ။ အဲဒီဆရာကြီးတွေ ပါပြီဆိုတာနဲ့ သူ သေမှာပဲ"
ချင်းစန်းက အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးရန် ကြိုးစားလေသည်။ လော့မင်က ထိုနေရာမှာပင် ဆက်ရပ်နေပြီး သူ့၏ လက်မောင်းကို ဓားဖြင့် ခုတ်လိုက်သည်။
"အဆုံးသတ်ဖို့ အချိန်ကျပြီ"
ဓားသည် ကြီးမားသော ရိုင်ဖယ်အဖြစ် အသွင်ပြောင်းသွားသည်။ ကြီးမားသော ကျည်ဆန်ကြီးမှာ ကောင်းကင်ကို ထိုးဖောက်နိုင်သော မြားတစ်စင်းနှင့် တူသည်။ သွေးနီရောင် ရိုင်ဖယ်ကြီးက တည်ငြိမ်သော အရှိန်ဖြင့် ကျည်ထုတ်လွှတ်ထားသည်။
"ချင်းစန်း... နှုတ်ဆက်ပါတယ်။ ငါ နိုင်တယ်။ နောက်ကျရင် ငါ ချင် မိသားစု တစ်ခုလုံးကို ကိုယ်တိုင်သွားပြီး ကျေးဇူးတင်ရင်းနဲ့ မင်းနဲ့ အတူ ဆုံတွေ့နေရအောင် လုပ်ပေးမှာပါ"
လော့မင်က ခလုတ်ကို နှိပ်လိုက်သည်။ လက်သီးဆုပ် အရွယ်အစားခန့်အထိ ကြီးမားသော ကျည်ဆန်ကြီးက လေထဲတွင် ကြောက်မက်ဖွယ် အမြီးတန်းကို ချန်ထားလျက် ရှေ့သို့ ပြေးထွက်သွားသည်။ ထို့နောက် တစ်စက္ကန့်တွင် ဗုံးကဲ့သို့ အသံထွက်လာသည်။ ဝေးဝေးသို့ပင် မရောက်သေးသော ချင်းစန်းက ချက်ချင်း ပေါက်ကွဲသွားသည်။
သူ့၏ ခေါင်းက လွင့်ပြီး လော့မင်၏ ခြေရင်းနား ကျလာသည်။
"ဖူး... နောက်ဆုံးတော့ ပြီးသွားပြီ"
သူသည် ခေါင်းကို ကောက်ယူလိုက်ကာ သေခါနီး ရှင်သန်ခြင်း အခြေအနေမျိုးထဲမှ ထွက်လာခဲ့သည်။ ထိုအခါ ပြင်းထန်သော အင်အားကုန်ခမ်းမှုက သူ့ကို လွှမ်းခြုံလာပြီး လော့မင်က ဂယောင်ခြောက်ခြား ယိုင်နဲ့သွားသည်။
နတ်ဖီးနစ်၏ စွမ်းအားက ပျက်ပြယ်သွားသည်နှင့် သွေးနီရောင် ပုံရိပ်မှာ သွေးစိုရွှဲနေသော ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ လော့မင်သည် ထောက်ထျန့် ပုံသဏ္ဌာန်အဖြစ် ထပ်ပြောင်းလိုက်သည်။ သူသည် လက်ထဲတွင် ကောင်းကင် ဝါးမြိုခြင်း လှံတံ ကို ကိုင်ပြီး ပြတ်နေသော ခေါင်းကို အခြားတစ်ဖက်မှ ကိုင်ထားသည်။ သူသည် ဂယောင်ခြောက်ခြား တဖြည်းဖြည်း လျှောက်လာ၏။
ဂူ အပြင်ဘက်တွင် ဖြစ်သည်။ ကောင်းကင် အက်ကွဲခြင်း စွမ်းအားက ကောင်းကင်ဘုံမှ ဆင်းသက်လာချိန်တွင် သူ့၏ ချွန်ထက်သော လက်သည်းများက အဆိပ်ပြာ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ကို ခြေမွပြီး အသားလုံးများအဖြစ်ပင် ရိုက်နှက်ထားသည်။
လီထျန်း မှာ သေလုမတတ် အရိုက်ခံထားရသည်။
"စီနီယာ ယန်ရှီ... လော့မင်ကို ကြည့်လိုက်ပါဦး"
ရှားချင်းချန် တို့ အားလုံးက စိုးရိမ်တကြီး ဖြစ်နေကြသည်။ အချိန်က တော်တော်ကြီး ကြာသွားပြီဖြစ်သည်။ လော့မင်တစ်ခုခု ဖြစ်သွားနိုင်ခြေကို တွေးမိရုံနှင့် သူမမှာ သေလောက်အောင် ကြောက်လာသည်။
"ကောင်းပြီ။"
ကောင်းကင်အက်ကွဲခြင်း စွမ်းအားက ခေါင်းငုံ့လိုက်ပြီးနောက် ကိုယ်ထဲသို့ ဝင်ရောက်တော့မည့် အချိန်တွင် ကိုယ်ထဲမှ ခြေလှမ်းသံ ထွက်လာသည်။ အားလုံးက အသက်ရှူအောင့်လိုက်ကြ၏။
ထို ထွက်လာသောသူက လက်ကောက်ဝတ်ကို လှုပ်၍ ခေါင်းတစ်ခေါင်းကို ပစ်လိုက်သည်။ ခေါင်းက လှိမ့်ပြီး ထွက်လာ၏။ အားလုံးက လန့်သွားပြီး ရှားချင်းချန်က ရှေ့သို့ အပြေးသွားသည်။
"မထိတ်လန့်နဲ့။ ဒါ လော့မင်ရဲ့ခေါင်း မဟုတ်ဘူး"
ယန်ရှီက ပြောသည်။ သူ၏ စူးရှသော မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။
"ဟုတ်တယ်။ ငါ့ခေါင်း မဟုတ်ဘူး"
အမှောင်ထုထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်။ ထောက်ထျန့်ဖြစ်သည်။
"ဒီခေါင်းက အင်ပါယာ မြို့တော် ချင် မိသားစုက ချင်းစန်းရဲ့ခေါင်း"
လော့မင်၏ စကားနှင့်အတူ သွေးနီရောင် အလင်းတန်းများက ဒီရေအလား ပျက်ပြယ်သွားသည်။ ကောင်းကင် ဝါးမြိုခြင်း လှံတံက မြေပြင်ကို ထိုးစိုက်၏။ သူသည် လူသားပုံသဏ္ဌာန် ပြန်ပြောင်းလိုက်ပြီး ယိုင်နဲ့သွားကာ အရှေ့ဘက်သို့ ဟပ်ထိုးကျသည်။
"လော့မင်!း။ "
ရှားချင်းချန်က အပြေးသွားပြီး သူ့ကို တွဲပေးသည်။
"ကျေးဇူးတင်ပါတယ်... ရှားချင်းချန်"
နူးညံ့ကာ နွေးထွေးသည့် ရင်ခွင်ထဲသို့ ရောက်သွားသည်နှင့် လော့မင်က တိုးလျစွာ ပြောပြီးနောက် သတိလစ်သွားသည်။
"သူ အိပ်ပျော်သွားတာ။ သူ အရမ်း အင်အားကုန်သွားတာ ဖြစ်မယ်"
ရှားချင်းချန်က လော့မင်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်သည်။
"ဒါပေမဲ့ ချင် မိသားစုက တစ်ယောက်၊ လီမိသားစုက တစ်ယောက်"
သူမ၏ မျက်နှာထားက အေးစက်သွားသည်။
"စီနီယာ ယန်ရှီ... ကျွန်မတို့ကို ကျောင်းကို ပြန်ပို့ပေးလို့ ရမလား။ အဲဒီနောက် ငါ ကိုင်တွယ်ရမှာတွေ ရှိသေးလို့"
ရှားချင်းချန်က ပြောသည်။ ယန်ရှီကလည်း ခေါင်းညိတ်၏။ ထို့နောက် ရှားချင်းချန်သည် မြို့တော်တစ်ခုလုံးကို ဒေါသပုံထစေမည့် မုန်တိုင်းတစ်ခု ဖြစ်စေလောက်သော ဖုန်းခေါ်ဆိုမှုကို ပြုလုပ်လိုက်သည်။
ထိုဖုန်းတစ်ကောကတင် အဖွဲ့အစည်းများအားလုံးကို အလန့်တကြား ဖြစ်သွားစေသည်။ မြို့တော်ရှားမိသားစုမှ ပုဂ္ဂိုလ်ကြီး၊ ယန်ရှား တက္ကသိုလ် ပုဂ္ဂိုလ်ကြီး၊ ရန်ဟွမ် နည်းပညာ နှင့် ထျန်းချီ တော်ဝင်တပ်ဖွဲ့။
ရဲ့ချန်အန်း။
ထိုအချိန်တွင် အားလုံးက လှုပ်ရှားကြသည်။
မြို့တော် ချင် မိသားစုတွင် ဖြစ်သည်။
ဒီနေ့မှာ ချင်ယွီရွှမ်း ဟု ခေါ်သော ချင် မိသားစု အကြီးဆုံးသမီး၏ အသက် ၄၀ ပြည့် မွေးနေ့ဖြစ်သည်။ သို့သော် ချင်ယွီရွှမ်းက မပျော်နေချေ။ ခြံထဲမှာလည်း အမျိုးမျိုးသော အဖိုးတန်လက်ဆောင်များ ပြည့်နှက်နေသည်။
ချင် မိသားစု ခေါင်းဆောင်ကိုယ်တိုင်ပင် ရှန်းဟိုင် ခံတပ်မှ ပြန်ရောက်လာကာ သမီး၏ မွေးနေ့ပွဲကို ဆင်နွှဲသည်။ ချင် မိသားစုသည် စားပွဲထောင်ကျော် အပြည့်နှင့် ခမ်းနားကြီးကျယ်သော မွေးနေ့ပွဲကြီးကို ကျင်းပသည်။ မြို့တော်မှ အင်အားကြီးမားပြီး အထက်တန်းကျသည့် မိသားစုတိုင်းကို ဖိတ်ကြားထားသည်။ သို့သော် ချင်ယွီရွှမ်းက စိတ်မဝင်စား။
အကြောင်းမူကား သူမ အလိုချင်ဆုံး မွေးနေ့လက်ဆောင်အကြောင်း သတင်းမရသေးသောကြောင့် ဖြစ်သည်။ သားဖြစ်သူကို သတ်သွားသော လော့မင်၏ ခေါင်းက မရောက်လာသေးပေ။ ထို့ကြောင့် သူမသည် အရှေ့မှ အဖိုးတန်ပစ္စည်းများကို စိတ်မဝင်စားပေ။
"ဘာလို့ ချင်းစန်းတို့ ပြန်မလာသေးတာလဲ"
ချင်ယွီရွှမ်းက မျက်မှောင်ကြုတ်သည်။ ရုတ်တရက် စိတ်ရှုပ်လာသည်။
"ယွီရွှမ်း... ဘာဖြစ်တာလဲ။ မိတ်ကပ်လည်း မလိမ်းရသေးဘူး။ ဧည့်သည်တွေ အောက်မှာ ရောက်နေကြပြီ"
ထိုအချိန်တွင် အမျိုးသားတစ်ယောက် အခန်းထဲ ဝင်လာသည်။ ဇနီးဖြစ်သူ၏ အသက်မဲ့နေသည့် ပုံစံကို မြင်လျှင် သူက မျက်မှောင်ကြုတ်သည်။
"ဘာဖြစ်လို့လဲ။ ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ"
ချင်ယွီရွှမ်းက သူ့ကို တစ်ချက်ကြည့်ကာ စကားမပြောပေ။
"မင်းရဲ့ မွေးနေ့လက်ဆောင် သဘောမကျလို့လား"
ကုယွီမော့ က မေး၏။ သူမက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ဘာလိုချင်လဲ။ ငါ့မိန်းမ ဘာကို လိုချင်လိုချင် ငါရအောင် လုပ်ပေးမယ်။ ကောင်းကင်က လမင်းဆိုရင်တောင်"
ကုယွီမော့က လက်ကို ယမ်း၍ ရဲရဲဝံ့ဝံ့ ပြောသည်။
"ဒါဆိုရင် ငါ လော့မင်ရဲ့ခေါင်းကို လိုချင်တယ်"
ချင်ယွီရွှမ်းက အေးစက်စွာ ပြောသည်။
"အဟမ်း... ဒါကတော့ အခုလောလောဆယ် မဖြစ်နိုင်သေးဘူး ယွီရွှမ်း။ ငါတို့ ဒီကိစ္စကို ရေရှည်ဆွေးနွေးရမယ်"
ကုယွီမော့၏ မျက်လုံးများမှာ ဟိုရွေ့ဒီရွေ့ ဖြစ်သွားသည်။ သူသည် တာဝန်မယူရန် ငြင်းဆိုသည်။
ချင်ယွီရွှမ်းမှာ အထင်သေးသလို နှာခေါင်းရှုံ့သည်။ မျက်နှာမှာ လှောင်ပြုံးမှုများ ပြည့်နှက်နေရင်း ပြော၏။
"နင့်သားကို သတ်သွားတဲ့ ရန်သူက နင့်ရှေ့မှာတင် ရှိနေတာကို နင်က ကလဲ့စားမချေရဲဘူး ကုယွီမော့။ နင် ယောက်ျားရော ဟုတ်ရဲ့လား။ အဆုံးသတ်မှာတော့ ငါ ငါ့ကိုယ်ငါပဲ မှီခိုရတာပဲ။ "
ကုယွီမော့၏ အမူအရာ ပြောင်းလဲသွားသည်။
"ယွီရွှမ်း... မင်း ဘာလုပ်ထားတာလဲ။ "
ထိုအချိန်တွင် ချင် မိသားစု ခြံအပြင်ဘက်မှာ အော်ဟစ်သံကြီး ထွက်လာသည်။
"အဆိပ်ပြင်းတဲ့ ကောင်မ... ထွက်လာစမ်း။ "
အပိုင်း ၁၂၇ ပြီး၏။
***