အမှတ် ၁၀၀၂ ၏ ရူးသွပ်သော ဟိန်းဟောက်သံများ နောက်ဘက်မှ ထွက်ပေါ်လာသည်နှင့်အမျှ ချားလ်စ်သည် သူ၏ အရှိန်ကို မြှင့်တင်လိုက်သည်။ အမှတ် ၁၀၀၂ က မည်သူ့ကိုပဲ အမိန့်ပေးသည်ဖြစ်စေ၊ ၎င်းသည် သူ့အတွက် ဘေးဒုက္ခတစ်ခုသာ ဖြစ်လာပေလိမည်။
သူ လာခဲ့သည့် လမ်းကြောင်းဟောင်းအတိုင်း ပြန်ပြေးစဉ် ပတ်ဝန်းကျင် မြင်ကွင်းများမှာ ဝေဝါးနေတော့သည်။ ကျယ်ဝန်းသော ခန်းမကြီးသို့ သူ ရောက်ရှိချိန်တွင် ဆက်စပ်နေသော လျှောက်လမ်းများထဲမှ အရာဝတ္ထုပေါင်းများစွာ စုပြုံထွက်လာကြသည်။
ရွံရှာဖွယ် အင်္ဂါအစိတ်အပိုင်းများမှာ ၎င်းတို့၏ သွေးကြောမျှင်များဖြင့် တွားသွားနေကြပြီး အခြားသော သက်မဲ့ပစ္စည်းများမှာလည်း လှုပ်ခါလျက် ရှိနေကြသည်။ ၎င်းတို့အားလုံး၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာ ဖြစ်သည်။ ချားလ်စ်၏ လမ်းကို ပိတ်ဆို့ရန်ပင် ဖြစ်သည်။
ချားလ်စ် နောက်သို့ ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် နောက်မှ လိုက်လာသော သတ္တဝါများမှာလည်း ခန်းမထဲသို့ ရောက်ရှိလာကြသည်။
“ညီကို၊ ဘယ်ဖက်လက်နဲ့ ၄၈၇ ကို ငါ ထိန်းချုပ်ပေးမယ်” ရစ်ချက်က ဆိုသည်။
ချားလ်စ်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။ အခုချိန်တွင် စကားပြောနေရန် အချိန်မရှိတော့ပေ။ သူသည် ညာဘက်လက်ဖြင့် ဓားနက်ကို ပြောင်းပြန်အနေအထားဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ ကြွက်ကလေးများမှာလည်း သူတို့၏ စူးရှသော သွားများကို ထုတ်ပြလိုက်ကြသည်။
ချားလ်စ်က ထိုအင်္ဂါအစိတ်အပိုင်းများနှင့် အဆုံးအဖြတ် တိုက်ပွဲဝင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဘယ်ဘက်မှ တံခါးတစ်ခု ရုတ်တရက် ပွင့်လာသည်။ ဖြူဖွေးသော လက်တစ်ဖက် ထွက်လာပြီး သူ၏ အင်္ကျီကို ဆွဲကာ အတွင်းသို့ ဆွဲခေါ်သွားတော့သည်။
ထိုလက်၏ ပိုင်ရှင်မှာ အဲလစ်ဇဘက် ဖြစ်နေလိမ့်မည်ဟု ချားလ်စ် လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူမ၏ အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသော ကိုယ်ဟန်က သူ့ကို အပြင်ဘက်သို့ ဆွဲခေါ်ပြေးတော့သည်။
“ရှင် ကြောင်မနေနဲ့၊ ဆက်ပြေးရအောင်။ အဲဒီအရာတွေက ဒီလျှို့ဝှက်လမ်းကိုလည်း သိကြတယ်။ သူတို့ မကြာခင် ရှင့်နောက်ကို လိုက်လာလိမ့်မယ်” အဲလစ်ဇဘက်က ဝင်္ကပါကဲ့သို့သော လှိုဏ်ခေါင်းအတွင်း ကျွမ်းကျင်စွာ ပြေးလွှားရင်း ပြောလိုက်သည်။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ” ချားလ်စ်က ရှေ့မှ ဦးဆောင်ပြေးနေသော သူမကို အော်မေးလိုက်သည်။
“အခုက အဲဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။ ရှင် အခုချက်ချင်း ရှင့်ရဲ့သင်္ဘောဆီ ပြန်ရမယ်။ ရှင့်မှာ အချိန်အများကြီး မရှိဘူး။ ဒီနေရာမှာ ရှင် ကြာကြာနေလေ ရှင့်ရဲ့ခန္ဓာကိုယ်က သူတို့ရဲ့ ဝါးမြိုတာကို ပိုခံရလေပဲ” အဲလစ်ဇဘက်က တည်ကြည်သော မျက်နှာထားဖြင့် ရှင်းပြသည်။
ချားလ်စ် ဆက်မမေးတော့ပေ။ အနည်းဆုံးတော့ ရှေ့က အမျိုးသမီးမှာ ရန်သူမဟုတ်ကြောင်း သူ သေမာသွားသည်။ အသေးစိတ်ကို သင်္ဘောပေါ် ရောက်မှသာ မေးမြန်းတော့မည် ဆုံးဖြတ်လိုက်သည်။
အဲလစ်ဇဘက်သည် ဤနေရာကို အတော်လေး ကျွမ်းကျင်ပုံရသည်။ မည်သည့်ဘက်မှ အရာဝတ္ထုများ ထွက်ပေါ်လာပါစေ၊ သူမသည် လွတ်မြောက်ရာ လမ်းကို အမြဲ ရှာတွေ့နေသည်။
ချားလ်စ် သစ်ပင်ပေါက်ဝဆီသို့ ပြေးနေစဉ် သူ၏ ဘယ်ဘက် အင်္ကျီကော်လာထိပ်မှာ သူ၏ ပါးကို ရိုက်လိုက်ပြီး အောက်ဘက်သို့ ညွှန်ပြသည်။ ချားလ်စ်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။
သူ၏ အဝတ်အစားများပင် အသက်ဝင်လာခြင်း ဖြစ်သည်။ ချားလ်စ်က ဘာမှ မတုံ့ပြန်သဖြင့် အင်္ကျီကော်လာက သူ၏ ပါးကို ထပ်ရိုက်ပြီး အောက်သို့ ထပ်မံ ညွှန်ပြပြန်သည်။
ချားလ်စ် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ လန့်သွားရသည်။ လီလီ ရှိနေသော အိတ်ကပ်မှာ ဖောင်းကြွနေသည်။
သူ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တုန်ရင်နေသော လက်ဖြင့် အိတ်ကပ်ကို ဖွင့်ကြည့်လိုက်သည်။ အဖြူရောင် ကြွက်ကလေး ရှိနေရမည့် နေရာတွင် လှုပ်ရှားနေသော အင်္ဂါအစိတ်အပိုင်းများစွာ အစားထိုး ရောက်ရှိနေသည်။
၎င်းတို့သည် အိတ်ကပ်အတွင်းမှ ထွက်ရန် ကြိုးစားနေကြသည်။ လီလီ၏ တစ်ကိုယ်လုံးမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
ချားလ်စ်၏ မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာသည်။ သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ညာဘက်နားရွက်မှာ ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားတော့သည်။
ဖြူဖွေးသော လက်တစ်ဖက်က ထိုနားရွက်ကို ဖမ်းယူလိုက်သည်။ အဲလစ်ဇဘက်က ထိုနားရွက်ကို ချားလ်စ်ထံ ပြန်ပေးရင်း ရှင်းပြသည်။
“ချားလ်စ်၊ ရှင် မစိုးရိမ်ပါနဲ့။ အဲဒီ ရတနာရဲ့ ရောင်ခြည်ဖြာထွက်တဲ့ နယ်ပယ်ထဲကနေ ရှင် ထွက်သွားတာနဲ့ အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်ရှင်”
“အင်္ဂါတွေ ပြုတ်ထွက်သွားတာတောင်မှလား”
“ဟုတ်တယ်ရှင်။ အဲဒီ ပြုတ်ထွက်သွားတဲ့ အစိတ်အပိုင်းတွေကို အဝေးကို ရောက်မသွားအောင်ပဲ ရှင် ထိန်းထားပါ”
“ကျေးဇူးပဲ” ချားလ်စ်က ပြေးလွှားရင်း ပြောလိုက်သည်။ သူ၏ စိတ်မှာ အနည်းငယ် သက်သာရာ ရသွားသည်။
သူသည် လှုပ်ရှားနေသော အိတ်ကပ်ကို လက်ဖြင့် ဖိထားလိုက်သည်။ အဲလစ်ဇဘက်၏ စကားသာ မှန်မည်ဆိုလျှင် လီလီအတွက် မျှော်လင့်ချက် ရှိပါသေးသည်။
ချားလ်စ်နှင့်အတူ ပြေးနေသော ကြွက်ကလေးများမှာလည်း ၎င်းတို့၏ အင်္ဂါများ ပြုတ်ထွက်လာသဖြင့် ဒုက္ခရောက်နေကြသည်။
“မင်းတို့ရဲ့ အင်္ဂါတွေကို အတူတူ ယူခဲ့ကြ။ သင်္ဘောပေါ် ရောက်တာနဲ့ အကုန် ပြန်ကောင်းသွားလိမ့်မယ်” ချားလ်စ်က ၎င်းတို့ကို ညွှန်ကြားလိုက်သည်။
ကြွက်ကလေးများမှာ သူ၏ စကားကို နားလည်ပုံရသည်။ အနည်းငယ်သာ ထိခိုက်ရသေးသော ကြွက်များက အင်္ဂါများ ပြုတ်ထွက်နေသည့် ကြွက်များကို ဝိုင်းကူကြသည်။ သို့သော် အချို့မှာမူ ခန္ဓာကိုယ် တစ်ခုလုံး ပြိုကွဲသွားပြီး အင်္ဂါများမှာ နေရာအနှံ့ ပျံ့ကျဲသွားသဖြင့် မကယ်နိုင်တော့ပေ။
ချားလ်စ်သည် အခြားသူများကို ဂရုစိုက်နိုင်သည့် အခြေအနေတွင် မရှိတော့ပေ။ သူ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ထွက်လာချင်နေသလို ယားယံမှုကို ခံစားနေရသည်။ သူသည် ဘာစကားမှ ထပ်မပြောတော့ဘဲ အဲလစ်ဇဘက်နောက်သို့သာ အရှိန်ကုန် လိုက်တော့သည်။
သူတို့နှစ်ဦး လိုဏ်ခေါင်းထဲမှ ထွက်လာသောအခါ အဆောက်အဦး၏ အနီရောင် အလင်းတန်းများမှာ ပျောက်ကွယ်သွားသည်။ သို့သော် ချားလ်စ်သည် သူ၏ သင်္ဘောသားများကို မတွေ့ရပေ။ သူ ပတ်ဝန်းကျင်ကို အမြန် ကြည့်လိုက်သောအခါ ဤနေရာသည် သူ စတင်ဝင်လာခဲ့သည့် သစ်ပင်ပေါက်ဝ မဟုတ်ကြောင်း သိလိုက်ရသည်။
“ရှင်တို့ရဲ့ သင်္ဘောကို ဘယ်မှာ ထားခဲ့တာလဲ။ ရှင့်ရဲ့ သင်္ဘောပေါ် အရင်ပြန်တက်ပါရှင်” အဲလစ်ဇဘက်က စိုးရိမ်တကြီး တိုက်တွန်းသည်။
“နေဦး၊ ငါ့လူတွေကို အရင် ရှာရမယ်” ချားလ်စ်က လမ်းညွှန်အိမ်မြှောင်ကို ထုတ်ယူကာ အရပ်မျက်နှာကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းကို ဓားဖြင့် အနည်းငယ် လှီးလိုက်ပြီး လင်းနို့မှန်ပေါ်သို့ သွေးသုတ်လိုက်သည်။
လင်းနို့ကြီးတစ်ကောင်မှာ အတောင်ပံများ ဖြန့်ကားလျက် အဲလစ်ဇဘက်နှင့် ကြွက်ကလေးများကို ကျောပေါ်တင်ကာ ဝေဟင်သို့ ပျံတက်သွားတော့သည်။
အမြင့်သို့ ရောက်လာသည်နှင့်အမျှ ချားလ်စ်၏ ခန္ဓာကိုယ် တုန်ရင်မှုများမှာ တဖြည်းဖြည်း လျော့နည်းသွားသည်။ သူသည် အမှတ် ၁၀၀၂ ၏ ရောင်ခြည်ဖြာထွက်မှု နယ်ပယ်အတွင်းမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
လင်းနို့အသွင်ဖြင့် ချားလ်စ်သည် သူ၏ ပါးစပ်ကို ဟကာ လူသားတို့ မကြားနိုင်သော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်းများသည် မြေပြင်သို့ ရိုက်ခတ်ပြီး ပြန်လာသောအခါ သူ၏ လူများရှိရာ နေရာကို သူ အတည်ပြုနိုင်ခဲ့သည်။
သူ အမြန်ပျံသန်းသွားသောအခါ အခြေအနေမှာ မကောင်းကြောင်း တွေ့လိုက်ရသည်။ ပေါက်ကွဲသံများနှင့် သေနတ်သံများကို ဆက်တိုက် ကြားနေရသည်။ သစ်ပင်ပေါက်ဝမှ ထွက်လာသော အရာဝတ္ထုများမှာ သေနတ်ဒဏ်ကို ဂရုမစိုက်ဘဲ လူများထံသို့ ပြေးကပ်နေကြသည်။
ချားလ်စ်သည် မြေပြင်နှင့် နှစ်မီတာခန့် အကွာတွင် လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။ သူသည် အမှတ် ၄၈၇ ကို လှုပ်ရှားနေသော အရာများဆီသို့ ချိန်ရွယ်လိုက်ရာ လျှပ်စစ်တန်းကြီးမှာ မှောင်မိုက်နေသော ကျွန်းပေါ်တွင် လင်းခနဲ ဖြစ်သွားသည်။ လျှပ်စစ်အထိမခံရသော အင်္ဂါများမှာ လိပ်တက်သွားပြီး ငြိမ်သက်သွားကြသည်။
ဘေးထွက်ဆိုးကျိုးကြောင့် တစ်ကိုယ်လုံး ထုံကျင်နေသော်လည်း ချားလ်စ် အားတင်းကာ ရပ်လိုက်သည်။ သူ၏ လူများမှာ သူ့ထံသို့ ဝမ်းသာအားရ ပြေးလာကြသည်။
လူအုပ်၏ ရှေ့ဆုံးမှ ရောက်လာသော စားဖိုမှူး ဖရေးကို မြင်လိုက်ရသောအခါ ချားလ်စ်၏ မျက်လုံးများမှာ နီရဲသွားသည်။ သူသည် ဖရေး၏ ပုခုံးပေါ်သို့ ခုန်တက်ကာ စူးရှသော သွားများဖြင့် လည်ပင်းကို ကိုက်ပြီး သွေးများကို ငတ်မတ်စွာ စုပ်ယူတော့သည်။
သင်္ဘောသားများမှာ ရုတ်တရက် ဖြစ်ရပ်ကြောင့် ကြောင်အသွားကြသည်။
“ဟေ့။ ရှင် ဘာလုပ်နေတာလဲ။ ရှင့်ရဲ့လူကို လွှတ်လိုက်စမ်းပါရှင်” အဲလစ်ဇဘက်က အမြန် ပြေးလာပြီး ချားလ်စ်ကို ဆွဲခွာလိုက်သည်။
ချားလ်စ်၏ မျက်လုံးများထဲတွင် သတိပြန်ဝင်လာပြီး သူသည် ထိတ်လန့်တကြားဖြင့် ဖရေးကို လွှတ်ပေးလိုက်သည်။ သူသည် ကြောက်ရွံ့နေသော အဲလစ်ဇဘက်ကို တစ်ချက်ကြည့်ကာ သင်္ဘောသားများဘက်သို့ လှည့်လိုက်သည်။ ဘာမှ ရှင်းမပြတော့ဘဲ သူ အမိန့်ပေးလိုက်သည်။
“သင်္ဘောပေါ် ပြန်တက်ကြ။ မြန်မြန်လုပ်”
စကားဆုံးသည်နှင့် ချားလ်စ်သည် အားနည်းနေသော ဖရေးကို တွဲကူကာ အပျက်အစီးများကြားမှ ပြေးထွက်ခဲ့သည်။ ကျန်ရှိသော သူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ နောက်မှ အမြန် လိုက်လာကြတော့သည်။
“ကပ္ပတိန်၊ ဒီအမျိုးသမီးက ဘယ်သူလဲ” ဒုတိယအရာရှိ ကိုးနားက ပြေးရင်း လှမ်းမေးသည်။
“စကားမများနဲ့၊ ပြေးဖို့ပဲ လုပ်” ချားလ်စ်၏ ပြတ်သားသော အသံကြောင့် ကိုးနား ဆက်မမေးရဲတော့ပေ။
ချားလ်စ်သည် မျက်ခုံးများကို တင်းတင်းကြုတ်ထားမိသည်။ သူ ဘာကြောင့် ဖရေးကို ကိုက်မိသည်ကို သူ မသိပေ။ ၎င်းမှာ သူ၏ အလိုအလျောက် တုံ့ပြန်မှုတစ်ခုကဲ့သို့ ဖြစ်နေသည်။
‘ညီကို၊ ငါတို့ ဒီမှန်ကို ခဏခဏ မသုံးသင့်ဘူး ထင်တယ်။ အကယ်၍ ငါတို့သာ လုံးဝ လင်းနို့မျိုးနွယ် ဖြစ်သွားရင် အပေါ်ယံကမ္ဘာကို ဘယ်တော့မှ ပြန်လို့ ရမှာ မဟုတ်ဘူး’ ရစ်ချက်က သတိပေးသည်။
ချားလ်စ်သည် တိတ်တိတ်ဆိတ်ဆိတ် ခေါင်းငြိမ့်လိုက်သည်။ သူသည် ဝေဝေဝါးဝါး ဖြစ်နေသော ဖရေးကို တောင်းပန်ရန် ပြင်လိုက်စဉ် သူ၏ ခန္ဓာကိုယ်အတွင်း တုန်ရင်မှုများ ပြန်လည် ခံစားလိုက်ရသည်။ အမှတ် ၁၀၀၂ သည် ရေကန်ထဲမှာတင် ရှိနေရမည်ဟု သတ်မှတ်ချက် မရှိကြောင်း သူ သဘောပေါက်လိုက်သည်။
“ကြည့်ဦး။ အဲဒီအရာတွေ နောက်ကို လိုက်လာပြီ”
ဒစ်ပ်၏ အော်သံကြောင့် အားလုံး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ လှုပ်ရှားနေသော အရာဝတ္ထုများမှာ သစ်ပင်ပေါက်ဝမှနေ၍ ရေတံခါး ပွင့်သွားသကဲ့သို့ အလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။
***