မီတာငါးဆယ် မြင့်မားသည့် ကျောက်တိုင် ကြီး ခြောက်ဆယ့်လေးတိုင်မှာ လူငါးယောက်ဖက်စာခန့် အချင်းရှိပြီး ထူးဆန်းအံ့သြဖွယ်ကောင်းသော ဧရာမယဇ်ပလ္လင်ကြီးတစ်ခုကို ဝန်းရံဖွဲ့စည်းထားသည်။ ကျောက်တိုင်များပေါ်ရှိ ရှေးဟောင်းအက္ခရာများမှာ မှော်ဆန်လှသော အစိမ်းဖျော့ရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေကြသည်။
“အရှေ့ဘက်က ယဇ်ပူဇော်တဲ့ပလ္လင်၊ အနောက်ဘက်က ညစ်ညမ်းမှုအဖြစ် ပြောင်းလဲပေးတဲ့ပလ္လင်၊ မြောက်ဘက်ကတော့ ကောင်းချီးပေးတဲ့ပလ္လင်... ဟင် တောင်ဘက်ကဟာက... အသစ်အဆန်းပါလား”
ရွှီရန်မှာ အံ့အားသင့်သွားရသည်။
သူသည် အဝေးမှနေ၍ အကဲခတ်ကြည့်ရှုပြီးနောက် မြို့အတွင်း၌ သူ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်မည့် နတ်ဘုရားများ မရှိကြောင်း အတည်ပြုပြီးမှသာ နောက်ချေးပိုးကောင်
မြို့တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ယခင်က အတွေ့အကြုံများ ရှိထားပြီးဖြစ်သဖြင့် ရွှီရန်သည် အရှေ့၊ အနောက်နှင့် မြောက်ဘက်ရှိ ယဇ်ပလ္လင်များကို အလွန်ပင် လျင်မြန်စွာ လေ့လာနိုင်ခဲ့သည်။ သုံးရက်အတွင်းမှာပင် ထိုအရာအားလုံးကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
တောင်ဘက်ရှိ ယဇ်ပလ္လင်အသစ်အတွက်မူ ထိုးထွင်းသိမြင်ရန် အချိန်အတိုင်းအတာတစ်ခု ပေးရမည်မှာ အမှန်ပင်။
“ဒါက နေရာရွှေ့ပြောင်းခြင်း အစီအရင်ပဲ ယဇ်ပလ္လင် မဟုတ်ဘူး”
“အို... ဒီလို စက်ကိရိယာမျိုးအထိ ရှိနေတာလား”
ရွှီရန်မှာ ချက်ချင်းပင် စိတ်ဝင်တစား ရှိသွားခဲ့သည်။ အကယ်၍ ဤအစီအရင်သာ တကယ်ရှိနေမည်ဆိုပါက အချိန်ကျောက်မျက်ကို အိမ်ပြန်သယ်သွားရန်မှာ ထင်သလောက် ခက်ခဲတော့မည် မဟုတ်ပေ။
“ဒါပေမဲ့ ဒီနေရာရွှေ့ပြောင်းခြင်း အစီအရင်က သဘာဝအလျောက် ဖြစ်ပေါ်နေတာပဲ။ ဒါက သလင်းကျောက်သားရဲယဉ်ကျေးမှုရဲ့ တခြားမြို့တွေကို တိုက်ရိုက်ဆက်သွယ်ထားတာ ဒါမှမဟုတ် သူတို့ရဲ့ အဓိကဗဟိုချက်ဆီကို တန်းပြီး ရောက်သွားတာမျိုး ဖြစ်နိုင်တယ်”
ဤသို့တွေးမိသည်နှင့် ရွှီရန်မှာ ရုတ်တရက် သတိကြီးစွာ ထားလိုက်မိသည်။
တကယ်လို့ ဒီနေရာမှာ အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါးပါးသာ ရုတ်တရက် ပေါ်လာရင် ငါ ဘာလုပ်နိုင်မှာလဲ။ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ငါ့ဘဝက ဒီနေရာမှာတင် အဆုံးသတ်သွားမှာ အသေအချာပဲ။
သူသည် နေရာရွှေ့ပြောင်းခြင်း အစီအရင်အနီးတွင် တစ်ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့သော်လည်း မည်သည့်သတ္တဝါမျှ အသုံးပြုခြင်း မရှိသည်ကို တွေ့ရသည်။
ထိုအခါမှသာ ရွှီရန်မှာ အပြည့်အဝ စိတ်အေးသွားတော့သည်။
“ဒီနေရာရွှေ့ပြောင်းခြင်း အစီအရင်ရဲ့ ရှုပ်ထွေးမှုက နတ်ဘုရားအဆင့်အောက်က သတ္တဝါတွေ နားလည်နိုင်တဲ့ အဆင့်မှာ မရှိဘူး။ နတ်ဘုရားအဆင့်နဲ့ အထက်က သတ္တဝါတွေပဲ ဒါကို အသုံးပြုနိုင်မှာ...”
နောက်ထပ် ငါးရက် ကုန်ဆုံးသွားခဲ့သည်။
“ဒါဆို နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တစ်ကြိမ်သုံးတိုင်း အသုံးပြုသူရဲ့ သွေးစွမ်းအင်ငါးဆယ်ရာခိုင်နှုန်းလောက် ကုန်ခမ်းသွားတာပေါ့ ရွှေ့ပြောင်းရမယ့် အကွာအဝေး ပိုဝေးလေလေ သွေးစွမ်းအင် ပိုပြီး ကုန်ခမ်းလေလေပဲ”
“ဘယ်သူမှ မသုံးကြတာ မဆန်းပါဘူး”
“ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းများလွန်းတယ်”
ရွှီရန်မှာ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။
“ဒါကို တစ်ကြိမ်သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ အခြေအနေက တစ်ဝက်လောက် ကျဆင်းသွားမှာပဲ။ အဲဒီအချိန်မှာ ရန်သူနဲ့သာ တိုးရင်တော့ အကျိုးဆက်က တော်တော်လေး ဆိုးရွားနိုင်တယ်။ အထူးအခြေအနေမျိုးကလွဲရင် ဘယ်နတ်ဘုရားကမှ ဒါကို သုံးမှာမဟုတ်ဘူး”
ဆိုးကျိုးတွေ အများကြီးရှိနေပေမဲ့ ရွှီရန်ကတော့ ထုံးစံအတိုင်း အသေအလဲ လေ့လာနေဆဲပင်။
တကယ်လို့ ငါ့လက်ထဲမှာ ဒီအစီအရင်ကိုသာ အချောသတ်နိုင်ခဲ့ရင်... အင်အားကုန်ခမ်းသွားမှာကို ငါ ဘာလို့ ပူနေရဦးမှာလဲ။
ဒါပေမဲ့ ဒီအစီအရင်ကသာ အောင်မြင်သွားခဲ့ရင်တော့... ဘာတွေဖြစ်လာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ငါးရက်ကြာပြီးနောက် ရွှီရန်သည် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့ပြီး နောက်ချေးပိုးကောင်မြို့တော်မှ ကျေနပ်စွာ ထွက်ခွာခဲ့သည်။
ယခုအချိန်တွင်မူ သူသည် ကြီးထွားမှုအဆင့်အတွင်း၌ ရက်ပေါင်း ၃,၅၄၅ ရက် ရှိနေပြီဖြစ်သည်။
လေ့ကျင့်ရေးအတွက် အပြင်ထွက်လာခဲ့သည်မှာလည်း ၂၆၂ ရက် ရှိခဲ့ပြီဖြစ်ရာ ကိုးလနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤလေ့ကျင့်မှုမှာ မကြုံစဖူး အချိန်အကြာမြင့်ဆုံးဖြစ်ပြီး သူတစ်ဦးတည်း ကပ်ဘေးအဆင့်၏ အသည်းနှလုံးဆီသို့ အရောက်လှမ်းနိုင်ခဲ့ခြင်းပင်။
အချိန်အတော်အတန် ပေးဆပ်ခဲ့ရသော်လည်း သူ၏စွမ်းအားမှာ သွေးစွမ်းအင် ငါးသိန်းမှ ယနေ့တွင် ၂.၈ သန်း အထိ လည်းကောင်း ဝိညာဉ်စွမ်းအားမှာ ၅၅၀,၀၀၀ အထိ လည်းကောင်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။
အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်သွားသည့်အလား အရှိန်အဟုန် ပြင်းလှသည်။
လေ့ကျင့်ရေး ရည်မှန်းချက် သုံးခုစလုံးကိုလည်း မျှော်လင့်ထားသည်ထက် ပိုမိုကျော်လွန်ကာ အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သည်။
ဒါတွေအားလုံးက ထိပ်တန်းအဆင့် သစ်ပင်ဘုရင်နဲ့ ဒုတိယအဆင့် သစ်ပင်ဘုရင်လေးတို့ဆီကနေ သွေးစွမ်းအင် ၂ သန်းနီးပါးနဲ့ ညီမျှတဲ့ သစ်သားအနှစ်ပေါင်း ၃,၉၆၀ ကို ရရှိခဲ့လို့ပဲ။
“အရမ်းကောင်းပြီ အခုတော့ ငါပြန်ရမယ့်အချိန် ရောက်ပြီ”
ရွှီရန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားခဲ့သည်။
သူသည် ပနောက်ချေးပိုးကောင်မြို့တော်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရှေ့ဆက်ရမည့် ခရီးစဉ်တစ်လျှောက်တွင်မူ သူသည် အိမ်အပြန်လမ်းသို့ အစွမ်းကုန် အရှိန်မြှင့်၍ ပြေးလွှားရပေတော့မည်။
သွေးစွမ်းအင် ၂.၈ သန်း၏ အရှိန်အဟုန်အပြည့်ဖြင့် ခရီးနှင်ခဲ့ရာ ရွှီရန်အနေဖြင့် မှိုမြို့တော်သို့ ရောက်ရှိရန် သုံးရက်သာ အချိန်ပေးလိုက်ရသည်။
“ဟို ဧရာမကင်းမြီးကောက်ကြီး ဒီမှာမရှိဘူးပဲ။ ငါ အချိန်ကျောက်မျက်ကို ယူပြီးတာနဲ့ ဒီကိစ္စ ပြီးပြီ”
ရွှီရန်သည် ခုနစ်ထပ်ရှိသော မှိုမျှော်စင်၏ ထိပ်ဖျားသို့ ဆင်းသက်လိုက်သည်။
သူသည် အချိန်ကျောက်မျက်ပေါ်တွင် ကိုယ်ယောင်ဖျောက် အဆောင်တံဆိပ်နှစ်ခုကို ကပ်
လိုက်ရာ ထိုကျောက်မျက်မှာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စက္ကူစစ်သူကြီးတစ်ဦး ထွက်ပေါ်လာပြီး ကျောက်မျက်ကို ပုခုံးပေါ်ထမ်းကာ ထွက်ပြေးတော့သည်။ သွေးစွမ်းအင် သန်းနှင့်ချီ၍ ရှိကြသော စက္ကူစစ်သူကြီးများအတွက်မူ တန်ချိန် နှစ်တန်၊ သုံးတန်ခန့်ရှိသော ကြိတ်ဆုံကျောက်တုံးအရွယ် ကျောက်မျက်ကို သယ်ဆောင်ရန်မှာ အပန်းမကြီးပေ။
သို့သော်လည်း ကျောက်မျက်ရတနာကြီး ပျောက်ကွယ်သွားမှုမှာ အနည်းငယ်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
မိစ္ဆာသတ္တဝါတစ်ကောင်သည် ကျောက်မျက်ကို သယ်ဆောင်သွားသော စက္ကူရုပ်၏ ဝေဝေဝါးဝါး အရိပ်အယောင်ကို သတိပြုမိသွားခဲ့သည်။ ၎င်းသည် သူမျက်လုံးကိုသူ မယုံကြည်နိုင်ဘဲ ပွတ်သပ်ကာ ကြည့်နေမိ၏။
“အဲဒါ ဘာကြီးလဲ”
“မင်း မြင်လိုက်လား”
ကင်းလှည့်နေသော မိစ္ဆာသည် အပေါ်သို့ မော့ကြည့်လိုက်ရာ ဝေဝေဝါးဝါး ဖြစ်နေသော ကျောက်မျက်ကြီး အရှိန်အဟုန်ဖြင့် ရွေ့လျားသွားသည်ကို မြင်လိုက်ရသည်။
ထို့ပြင် ခုနစ်ထပ်ရှိသော မှိုမျှော်စင်ကြီးမှာလည်း မြေပြင်မှ အမြစ်ကတည်းက ကျွတ်ထွက်သွားခဲ့သည်။
၎င်းသည် အလန့်တကြား အော်ဟစ်လိုက်သည်။
“လူသားတစ်ယောက်က ရတနာကို ခိုးသွားပြီ သတ်ကြ သတ်ကြ”
စက္ကန့်အနည်းငယ် ကြာပြီးနောက် ခုနစ်ထပ် မှိုမျှော်စင်ပေါ်မှ ခရုသင်းသံမှာ ဟိန်းခနဲ ထွက်ပေါ်လာပြီး ထိုအသံမှာ သာယာနာပျော်ဖွယ် ရှိသော်လည်း ကောင်းကင်ယံတစ်ခွင်လုံးကို တုန်ဟည်းသွားစေခဲ့သည်။
သို့သော် ရွှီရန်မှာမူ သဲလွန်စပင် မကျန်တော့လောက်အောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ကိုယ်ယောင်ဖျောက် အဆောင်တံဆိပ်နှစ်ခုနှင့် အရှိန်မြှင့် အဆောင်တံဆိပ်နှစ်ခု၏ အစွမ်းကြောင့် သူ၏ အရှိန်အဟုန်မှာ သာမန်နတ်ဘုရားများထက်ပင် သာလွန်နေခဲ့သည်။
သွေးစွမ်းအင် ၁၅ သန်းရှိသော နတ်ဘုရားအဆင့် သတ္တဝါများပင်လျှင် သူ့ကို အမီလိုက်နိုင်ရန်မှာ မလွယ်ကူပေ။
သူသည် ထိုနေရာမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ရွှီရန်မှာ အားရပါးရ ရယ်မောလိုက်မိ၏။
အကယ်၍ သူ၏ အစွမ်းမှာ ယခုထက် နှစ်ဆခန့် ပိုမိုအားကောင်းနေမည်ဆိုပါက နောက်ချေးပိုးကောင်မြို့တော်နှင့် မှိုမြို့တော်ရှိ မိစ္ဆာအားလုံးကို ယဇ်ပူဇော်ပြီးမှသာ သူ ထွက်ခွာလာမည်မှာ အသေအချာပင်။
နှမြောစရာကောင်းသည်မှာ သူ၏ အစွမ်းမှာ ထိုမျှအထိ မရှိသေးသဖြင့် နောင်တစ်ကြိမ် လေ့ကျင့်ရေးခရီးစဉ်ကျမှသာ ထိုကိစ္စကို ဆောင်ရွက်ရန် သူ ဆုံးဖြတ်လိုက်သည်။
“မြို့တစ်မြို့စာ မိစ္ဆာတွေကို ယဇ်ပူဇော်ရမယ်ဆိုတာ... ဟားဟားဟား...”
ရွှီရန်မှာ အသံထွက်၍ပင် ရယ်မောလိုက်မိတော့သည်။ သူသည် နောင်လာမည့် လေ့ကျင့်ရေးခရီးစဉ်ကိုပင် ယခုကတည်းက မျှော်လင့်နေမိခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ် လေ့ကျင့်မှုတွင်မူ အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေမျိုးနှင့် မတွေ့ဆုံရပါစေရန် သူ မျှော်လင့်နေမိသည်။
ရွှီရန်နှင့် စက္ကူရုပ်စစ်သည်တော်တို့မှာ လေကဲ့သို့ပင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြသည်။
မှိုမြို့တော်မှ လိုက်လံနှိမ်နင်းလာကြသော သွေးစွမ်းအင် ဆယ်သန်းကျော်ရှိသည့် မိစ္ဆာအကောင် ၂၀ ကျော်မှာ ရွှီရန်၏ ခြေရာကိုပင် မမြင်ရတော့ပေ။
ထိုစဉ်အတွင်း ကင်းမြီးကောက်နတ်ဘုရားမှာ အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့သည်။
“အချိန်ကျောက်မျက် ခိုးခံလိုက်ရတာလား လူသားတစ်ယောက်က ခိုးသွားတာလား”
“လူသားတွေက ဒီလောက်တောင် အူကြောင်ကြောင်နိုင်ကြတာလား ထားလိုက်ပါတော့ ထားလိုက်ပါတော့... လိုက်ဖမ်းနေဖို့ မလိုဘူး။ အဲဒီကျောက်မျက်က ကြည့်ကောင်းရုံသက်သက်ပဲ ဘာမှ အသုံးမဝင်ဘူး”
ကင်းမြီးကောက်နတ်ဘုရားမှာ တစ်စုံတစ်ရာသော ကြီးမားသည့် ဘေးအန္တရာယ် ကျရောက်
နေသည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။ သို့သော် အခြေအနေမှာ ဤမျှသာလော
၎င်းသည် ထိုကိစ္စကို လုံးဝ အရေးမစိုက်တော့ပေ။ နောင်တစ်ကြိမ်ကျမှသာ ဘိုးဘွားဂြိုဟ်ဆီကနေ အလှဆင်ဖို့အတွက် နောက်ထပ်တစ်လုံး သွားယူရုံပင်။ ယခုအခါ ၎င်းတွင် ဆောင်ရွက်ရမည့် ပိုမိုအရေးကြီးသော ကိစ္စရပ်များ ရှိနေသေးသည်။ ထို့ကြောင့်ပင် ၎င်းသည် အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။
သုံးရက်ကြာပြီးနောက် ရွှီရန်သည် သစ်ပင်များ ပြောင်သလင်းခါနေသော သစ်တောအကွက်ကို ဖြတ်သန်းခဲ့သည်။
“တောအုပ်တစ်ခုလုံး ခြောက်သွေ့သွားတာလား။ သေမင်းလောက်ကောင်နဲ့ သစ်ပင်ဘုရင်တို့က စုပ်ယူပစ်လိုက်တာ ထင်တယ်။ တကယ်ကို နှမြောစရာကောင်းလိုက်တာ ငါပြန်လာပြီး ထပ်ခုတ်ဖို့အတွက် ချန်ထားခဲ့ရင် ပိုကောင်းဦးမယ်”