လုယွမ်၏ ခန္ဓာကိုယ်က တစ်ချက် တောင့်တင်းသွားသည်။ သို့သော် ထိုအလင်းတန်းက နွေးထွေးသော ရေနွေးပူပူကဲ့သို့ သူ၏ သွေးကြောများနှင့် ဝိညာဉ်သွေးကြောများအတွင်းသို့ စိမ့်ဝင်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ သူ၏ အသက်ရှူသံမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
အားကောင်းသော အလင်းဓာတ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်သွားပြီး ဆဲလ်တိုင်းကို ထိုးဖောက်သွားသည်။ သူ၏ ခန္ဓာကိုယ် နက်ရှိုင်းသော နေရာမှနေ၍ အားမာန်အပြည့်ရှိသော သက်စောင့်အားအင်များ ရုတ်တရက် ပွင့်အံထွက်လာသည်။
မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ မှေးမှိန်ပျောက်ကွယ်သွားကာ ဆံပင်များက ပြန်လည်နက်မှောင်လာပြီး အသားအရေမှာလည်း တင်းရင်းစိုပြည်လာခဲ့သည်။ နှစ်ရှည်လများ စုပုံနေခဲ့သော အဆိပ်အတောက်များမှာ ပျောက်ကွယ်သွားပြီး သွေးကြောများအတွင်းရှိ အနည်အနှစ်များမှာလည်း အလိုအလျောက် ပျော်ဝင်သွားကြသည်။ အရိုးသိပ်သည်းဆများ မြင့်တက်လာကာ အင်္ဂါအစိတ်အပိုင်းအားလုံးမှာ အသက်ဝင်လှုပ်ရှားလာကြသည်။
ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော အဆီများပင် အရည်ပျော်သွားကာ ဖောင်းကားနေသော ဗိုက်ကြီးမှာလည်း တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ကြံ့ခိုင်သန်စွမ်းသော ပုံစံသို့ ပြောင်းလဲသွားလေသည်။ တစ်နာရီခန့် ကြာမြင့်သွားပြီးနောက် အလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
လုယွမ် မူလက အသက်လေးဆယ်ကျော်၊ ဒုက္ခပေါင်းစုံကို ဖြတ်သန်းခဲ့ရသည့် ဗိုက်ရွှဲရွှဲနှင့် အလယ်အလတ်အရွယ် လူကြီးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခု သူထိုင်နေသော နေရာတွင်တော့ ထူးခြားခန့်ညားသော လူငယ်တစ်ဦး ပေါ်ထွက်လာသည်။ သူ၏ ရုပ်ရည်ကို ကြည့်ရသည်မှာ အသက် ၂၃ နှစ်ထက် မပိုနိုင်သည်မှာ အသေအချာပင်။
သူက ငယ်စဉ်ကထက်ပင် ပိုမိုခန့်ညားချောမောနေပြီး ဟိုလိုဂရပ်ဖစ် စခရင်ပေါ်မှ နာမည်ကျော် မင်းသားတစ်ယောက်နှင့်ပင် ဆင်တူနေတော့သည်။ ဆုန့်ယွဲက ဘေးမှရပ်ကြည့်ရင်း အံ့ဩလွန်း၍ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။ သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
လုယွမ်က မျက်လုံးဖွင့်လိုက်သည်။ သူက တစ်နာရီလုံးလုံး နေနတ်မုရား၏ ထွေးပွေ့မှုအောက်တွင် ရောက်ရှိနေသကဲ့သို့ ခံစားခဲ့ရပြီး ခန္ဓာကိုယ်မှာ အရင်ကထက် ပေါ့ပါးသွက်လက်သွားသည်ကို သတိထားမိလိုက်သည်။ သူက မတ်တပ်ထရပ်လိုက်သည့်အခါ ဆုန့်ယွဲ၏ မျက်ဝန်းမှ မျက်ရည်များကို မြင်လိုက်ရသဖြင့် အနားသို့ အမြန်သွားကာ သူမကို ဖက်ထားလိုက်သည်။
“မိန်းမ... ဘာလို့ ငိုနေတာလဲ...”
“မှန်ထဲကို... တစ်ချက်လောက် ကြည့်လိုက်ဦး...” သူမက စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
လုယွမ်က နံရံရှိ မှန်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုခဏတွင်ပင် သူက မှန်ထဲမှ မိမိ၏ ပုံရိပ်ကို ကြည့်ကာ ဆွံ့အသွားရသည်။ မျက်တောင်ပင် မခတ်နိုင်လောက်အောင်ပင်။ မှန်ထဲကလူက သူပင် ဖြစ်သော်လည်း အလွန်ပင် ငုပျိုနေသည်။ သူ အမြဲတမ်း ဖြစ်ချင်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် ပုံစံအတိုင်းပင်။ သူက မိမိ၏ ပါးကို ပြန်ကိုင်ကြည့်လိုက်သည့်အခါ မှန်ထဲမှ ပုံရိပ်ကလည်း လိုက်ပါလုပ်ဆောင်နေသည်။
သူက လှည့်ကြည့်လိုက်သော်လည်း စကားတစ်လုံးမှ မပြောနိုင်ခဲ့ပေ။ ဆုန့်ယွဲက သူ့ကို မျက်ရည်များဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးကြားတွင် စကားလုံးဖြင့် ဖော်ပြ၍မရသော ခံစားချက်များ စီးဆင်းနေသည်။
လုယွမ်၏ မျက်ဝန်းမှ မျက်ရည်များမှာ တားမရ ဆီးမရ ကျဆင်းလာတော့သည်။ သူ၏ ပခုံးများမှာ အနည်းငယ် တုန်ယင်နေ၏။ သူက ကျင့်ကြံခြင်း မပြုနိုင်သူတစ်ဦး ဖြစ်သဖြင့် စစ်သည်တော်များကဲ့သို့ အမြဲတမ်း နုပျိုနေမည် မဟုတ်ကြောင်းကို လက်ခံထားခဲ့ပြီးသူ ဖြစ်သည်။ ဇနီးသည်နှင့်အတူ အိုမင်းသွားကာ သားဖြစ်သူ အောင်မြင်သည်ကို ကြည့်ပြီး ကျေနပ်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ယခုမူ သူက ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိခဲ့သည်။
သူက လုချန်ကို လှည့်ကြည့်ကာ ရင်ခွင်ထဲသို့ ထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ လုချန်ကလည်း ရုန်းကန်ခြင်းမရှိဘဲ ဖခင်၏ ကျောကို ညင်သာစွာ ပုတ်ပေးနေခဲ့သည်။ ထိုအခိုက်အတန့်တွင် အချိန်များပင် ရပ်တန့်သွားသယောင် ရှိတော့သည်။ လုယွမ်က သတိပြန်ဝင်လာကာ လုချန်ကို လွှတ်ပေးလိုက်ပြီးနောက် ဆုန့်ယွဲကို ရှက်ကိုးရှက်ကန်း တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
“လုချန်... မင်းက... အင်း...”
“အဖေ... အဖေ့ကိုပဲ နုပျိုအောင်လုပ်ပေးပြီး အမေ့ကိုတော့ အိုနေအောင် ထားခဲ့လိမ့်မယ်လို့ ထင်နေတာလား...” လုချန်က လက်ပိုက်လျက် နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ “ပြီးတော့ အဖေ... အခုလို နုပျိုသွားပြီဆိုပြီး အပြင်သွားပြီး ကောင်မလေးတွေကို လိုက်စဖို့တော့ စိတ်မကူးနဲ့ဦးနော်...”
ပထမစကားကြောင့် လုယွမ်၏ မျက်လုံးများက တောက်ပသွားသော်လည်း ဒုတိယစကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အေးခဲသွားတော့သည်။ သူက ဆုန့်ယွဲကို ပျာပျာသလဲ ကြည့်လိုက်သည်။
“ဟင်... ဟုတ်လား...”
ဆုန့်ယွဲက မျက်ခုံးပင့်ကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ လုယွမ်ကတော့ ချက်ချင်းပင် လက်မြှောက် အရှုံးပေးလိုက်ရသည်။
“ကျိန်ပြောရဲပါတယ် မိန်းမရယ်... ကိုယ် အဲဒီလိုမျိုး တစ်ချက်လေးတောင် မစဉ်းစားမိပါဘူး... တကယ်ပါ...”
လုချန်နှင့် ဆုန့်ယွဲတို့က သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
“ကဲ... အမေ့အလှည့်...” လုချန်က ဆိုဖာကို ညွှန်ပြလိုက်သည်။
ဆုန့်ယွဲက မျက်ရည်များကို သုတ်ကာ ထိုင်လိုက်သည်။ ခဏအကြာတွင် ငွေရောင်အလင်းတန်းများက သူမကို အကာအကွယ်အိမ်ကဲ့သို့ ဖုံးလွှမ်းသွားခဲ့သည်။ တစ်နာရီခန့်အကြာ အလင်းများ ပျောက်ကွယ်သွားသည့်အခါ ရင်သပ်ရှုမောဖွယ်ကောင်းသော အမျိုးသမီးငယ်တစ်ဦး ပေါ်ထွက်လာသည်။ သူမက အသက် ၂၃ နှစ်ခန့်သာ ရှိပုံရပြီး ရုပ်ရည်မှာ လှပတောက်ပလွန်းလှသဖြင့် လမ်းမပေါ်တွင် လျှောက်သွားလျှင်ပင် အမျိုးသားတိုင်း လှည့်ကြည့်ရမည့် အလှမျိုး ဖြစ်ပေသည်။ လုယွမ်မှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
“မိန်းမ... ဒါ... မင်းပဲလား။”
ဆုန့်ယွဲ၏ ပါးပြင်လေးများမှာ လုယွမ်၏ စူးစိုက်ကြည့်မှုကြောင့် နီရဲသွားသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ရှင်ကြီး... ကျွန်မကို အဲဒီလိုကြီး လိုက်မကြည့်နေနဲ့။”
လုယွမ်ကတော့ တဟားဟား ရယ်မောတော့သည်။
“ဟားဟား... ငါတော့ ထီပေါက်တာပဲဟေ့။”
ဆုန့်ယွဲက သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ လုချန်က သူတို့နှစ်ဦးကို ကြည့်ရင်း အလွန်ပင် ကျေနပ်မိသည်။ သူက မိဘနှစ်ပါးကို သူနှင့်အတူ အမြဲ ရှိနေစေချင်သည်။ ယခု သူ၏ ကုသခြင်းစွမ်းရည်က သူတို့၏ သက်တမ်းကို မမြှင့်တင်နိုင်သေးသော်လည်း နုပျိုအောင်တော့ လုပ်ပေးနိုင်သည်။
နောင်တစ်ချိန် သူကစွန့်ပစ်နယ်မြေမှ ထွက်ခွာနိုင်လောက်အောင် အစွမ်းထက်လာသည့်အခါ သာမန်လူများကို ကျင့်ကြံနိုင်စွမ်း ရှိလာအောင် လုပ်ပေးနိုင်မည့် နည်းလမ်းကို ရှာဖွေပြီး မိဘများကို သူနှင့်အတူ ကျင့်ကြံစေမည်ဟု ဆုံးဖြတ်ထားသည်။
သူက လော့နျန်ဝေ၏ မိခင် ရှန်စီ ကိုလည်း သတိရသွားသည်။ သူမကိုလည်း နုပျိုအောင် လုပ်ပေးနိုင်ကောင်း လုပ်ပေးနိုင်လိမ့်မည်။ ထို့အပြင် အကယ်၍ သူသာ လုံလောက်အောင် အစွမ်းထက်လာခဲ့လျှင် တစ်နေ့တွင် အချိန်ကို နောက်ပြန်လှည့်ပြီး လော့နျန်ဝေ၏ ကွယ်လွန်သွားသော ဖခင်ကိုပင် ပြန်ခေါ်လာနိုင်ကောင်း ခေါ်လာနိုင်လိမ့်မည်။ မိဘနှစ်ပါး စိတ်တည်ငြိမ်သွားသည့်အခါ လုချန်က ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။
“အဖေနဲ့ အမေ... ကျွန်တော် ပြောစရာရှိတယ်။”
သူတို့နှစ်ဦးက မျှော်လင့်တကြီး ကြည့်လာကြသည်။
“ကျွန်တော် လော့နျန်ဝေ ဆိုတဲ့ ကောင်မလေးကို သဘောကျနေတယ်...” သူက ညင်သာစွာ ပြောလိုက်သည်။ “ဒါကြောင့် ဒီညမှာပဲ အဖေတို့ အမေတို့ ကျွန်တော်နဲ့အတူ သူမတို့အိမ်ကို လိုက်ခဲ့ပေးပါ.... ကျွန်တော် တရားဝင် တောင်းဆိုချင်လို့ ပြီးတော့ မနက်ဖြန် ဂုဏ်ပြုဧည့်ခံပွဲမှာလည်း အဲဒီအကြောင်းကို လူသိရှင်ကြား ကြေညာမှာပါ....”
***