"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှာဝမ်လုံသည် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ "သူတို့ကတော့ လွန်လွန်းနေပြီ။ တကယ်လို့ သူတို့ပြောတဲ့အတိုင်းသာ လုပ်ပေးလိုက်ရင် တောင်ဘက်ခံစစ်အတွက် ဖိအားက အရမ်းများသွားလိမ့်မယ်။ ဒါပေမဲ့ ငြင်းလိုက်ပြန်ရင်လည်း ငါတို့ ဒီကနေ ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး"
သူတို့တွေ ရန်သူ့ဝိုင်းရံမှုထဲ ရောက်နေတာ ကြာပြီဆိုတာ သူကောင်းကောင်း သိထားသည်။
"ဒီလိုလုပ်ရင်ကော"
ရှာဝမ်လုံက ဆက်ပြောသည်။ "အခုလောလောဆယ်တော့ သဘောတူသလိုမျိုး ဟန်ဆောင်လိုက်ကြရအောင်။ ပြီးတော့မှ မြို့ကိုပြန်ရောက်ရင် ကတိဖျက်လိုက်တာပေါ့"
"ကောင်းတဲ့ အကြံပဲ"
ဝမ်ကျိီက သဘောတူလိုက်ရင်း "ဒါဆိုရင် ဗိုလ်ချုပ်ရှာ ကိုပဲ ဓားစာခံအဖြစ် ဒီမှာ ချန်ထားခဲ့ကြတာပေါ့" ဟု ဆိုသည်။
"ဟေ"
ရှာဝမ်လုံ ထိတ်လန့်သွားရသည်။
"ဗိုလ်ချုပ်ဖန်... ဗိုလ်ချုပ်တိန့်... ကူညီကြပါဦး"
ဖန်ချင်းယွမ်ကတော့ မျက်စိမှိတ်ပြီး အနားယူနေသည်။
တိန့်ဖုန်းကလည်း သဲပုံမြေပုံကိုပဲ အာရုံစိုက် လေ့လာနေခဲ့သည်။
ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။
...
မသိမသာဖြင့် အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။
မိုးလင်းခါနီး အချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ယုံလဲ့စီရင်စုမှ စေလွှတ်လိုက်သော သိမ်းငှက် မှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
"ကောင်းပြီ"
ဖန်ရှုကျိန်းသည် သိသိသာသာပင် စိတ်လှုပ်ရှားနေသည်။
"စစ်ဗျူဟာမှူး... လီဂုန်း က တကယ်ပဲ သဘောတူလိုက်ပြီ။ ဘယ်လိုလဲ... အခုပဲ စတိုက်ကြမလား"
"မလောပါနဲ့ဦး"
ရန်ကျင်ရွမ်က ဆိုသည်"ဒါရှန် လူတွေကို ထပ်မေးကြည့်ရဦးမယ်။ သူတို့က ဒီထက်ပိုပြီး ဈေးကောင်းပေးနိုင်မလားဆိုတာ သိရအောင်လို့ပါ"
ဟူလောင်တောင်ကြား။
ဒီရေအလား ပျံ့နှံ့နေသော နန်ရွှီ တပ်မတော်ကြီးရှိရာ ကွင်းပြင်ကျယ်ဆီသို့ သူ၏ လှံရှည်ကို ချိန်ရွယ်ရင်း ချန်ဆန်းရှီက မေးလိုက်သည်။
"ရန်သူက တစ်သိန်းရှိတယ်၊ ငါတို့တပ်က သုံးထောင်ပဲ ရှိတယ်။ မင်းတို့ ကြောက်နေသလား"
အားလုံး တိတ်ဆိတ်နေကြသည်။
ကြောက်လို့ မဟုတ်ဘဲ အရေအတွက် ကွာခြားချက်က အရမ်းကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
"မင်းတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေပုံပဲ"
ချန်ဆန်းရှီ၏ အသံမှာ ပြတ်သားစွာ ထွက်ပေါ်လာသည်။
"မင်းတို့မျက်လုံးထဲမှာတော့ ရန်သူ့အရေအတွက်က ကြောက်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ရန်သူဟာ အားနည်းချက်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒါကြောင့် ငါတို့တပ်မှာ အားသာချက် ဆယ်ချက်ရှိပြီး ရန်သူ့မှာတော့ ကျရှုံးကြောင်း ဆယ်ချက် ရှိနေတယ်။ ဒီလို အခြေအနေမျိုးမှာ ငါတို့တပ်က မအောင်နိုင်စရာ အကြောင်း ရှိပါ့မလား"
ရှာချုံက "စစ်သေနာပတိ... ကျွန်တော်တို့က ဉာဏ်နည်းပါတယ်။ အဲ့ဒီ အောင်နိုင်ကြောင်း ဆယ်ချက်နဲ့ ရှုံးနိမ့်ကြောင်း ဆယ်ချက်က ဘာတွေလဲဆိုတာ ရှင်းပြပေးပါဦး" ဟု မေးလိုက်သည်။
"ကောင်းပြီ... ငါ ရှင်းပြမယ်"
ချန်ဆန်းရှီက စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။
"နန်ရွှီ က သူခိုးတွေဟာ ဒါရှန် နိုင်ငံ နယ်စပ်မှာ စစ်ဖြစ်နေတုန်း အခွင့်ကောင်းယူပြီး ခိုးဝင်လာတဲ့ မြေခွေးတွေပဲ။ ငါတို့ စစ်သည်တွေကတော့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ရောက်နေကြတာ။ ဒါဟာ ပထမဆုံး အောင်နိုင်ခြင်းပဲ၊ တရားမျှတမှုမှာ အောင်နိုင်ခြင်း ဖြစ်တယ်"
"ငါတို့ အရေအတွက် နည်းတယ်လို့ ထင်ရပေမဲ့ ငါတို့အားလုံးမှာ အနက်ရောင်သံချပ်ကာတွေ ရှိတယ်။ ဒါဟာ ဓားနဲ့ ပုဆိန်တွေ ဒဏ်ကို ခံနိုင်ရည်ရှိသလို ငါတို့စီးတဲ့ မြင်းတွေကလည်း အကောင်းစား မျိုးစိတ်တွေ ဖြစ်တယ်။ ရန်သူ့ဘက်မှာတော့ တစ်ဝက်လောက်က သံချပ်ကာ အဟောင်းတွေ ဝတ်ထားရပြီး အများစုမှာ စစ်မြင်းတောင် မရှိကြဘူး။ ဒါဟာ ဒုတိယ အောင်နိုင်ခြင်းပဲ၊ လက်နက်ကိရိယာမှာ အောင်နိုင်ခြင်း ဖြစ်တယ်"
"ရန်သူက အရေအတွက် များပေမဲ့ တစ်ဝက်လောက်က စစ်ပညာသင်တာ နှစ်နှစ်တောင် မပြည့်သေးဘူး။ ငါတို့ စစ်သည်တွေကတော့ ငယ်စဉ်ကတည်းက သိုင်းပညာ သင်ယူလာခဲ့ကြတာဖြစ်ပြီး တစ်ယောက်တည်းနဲ့ ရန်သူ တစ်ရာကို ယှဉ်နိုင်တယ်။ ဒါဟာ တတိယ အောင်နိုင်ခြင်းပဲ၊ လူအင်အားမှာ အောင်နိုင်ခြင်း ဖြစ်တယ်"
"ရန်သူတွေ လင်ကျိုး ကို ရောက်ကတည်းက တစ်ပွဲတောင်နိုင်ဖူးသေးလို့လား။ ငါတို့တပ်ကကော တစ်ခါလောက်ရှုံးဖူးလို့လား"
အားလုံးက တစ်သံတည်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"တစ်ခါမှ မရှုံးဖူးပါဘူး"
"ဒါဟာ ကိုးခုမြောက် အောင်နိုင်ခြင်းပဲ၊ စိတ်ဓာတ်ခွန်အားမှာ အောင်နိုင်ခြင်း ဖြစ်တယ်"
စစ်သည်များ၏ မျက်နှာတွင် တက်ကြွမှုများ ပြည့်နှက်လာသည်ကို မြင်သောအခါ ချန်ဆန်းရှီက နောက်ဆုံးအချက်ကို ပြောလိုက်သည်။
"နောက်ဆုံးအနေနဲ့"
"ငွေရောင်ထင်းရှူးတောင်ကုန်း တိုက်ပွဲကို မှတ်မိကြသေးလား။ ကောင်းကင်ဘုံက နတ်ဘုရားတွေ ငါတို့ကို ကူညီခဲ့တာလေ"
"ရန်သူက တစ်သိန်းရှိပေမဲ့ သာမန်လူတွေ စုထားတာပဲ ရှိတယ်။ ငါတို့ အနက်ရောင်သံချပ်ကာစစ်သည်တွေရဲ့ စစ်ကြောင်းတိုင်းဟာ ကောင်းကင်ဘုံက စစ်ကြောင်းတွေဖြစ်ပြီး စစ်သည်တိုင်းဟာ ကောင်းကင်ဘုံရဲ့ အကူအညီကို ရထားတဲ့သူတွေပဲ။ သူတို့က ငါတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ"
"ဒါဟာ ဒသမမြောက် အောင်နိုင်ခြင်းပဲ"
"အချိန်အခါမှာ အောင်နိုင်ခြင်း ဖြစ်တယ်"
"ဒီအောင်နိုင်ခြင်း ဆယ်ချက်နဲ့ ရှုံးနိမ့်ခြင်း ဆယ်ချက်အရ ရန်သူက အရေအတွက် များပေမဲ့ သူတို့ဟာ ရွှံ့နဲ့ သဲနဲ့ လုပ်ထားတဲ့ ကျားတစ်ကောင်လိုပဲ။ လက်ဖျစ်တစ်ချက် တီးလိုက်ရုံနဲ့ ပြိုလဲသွားလိမ့်မယ်"
တိုက်ပွဲမှာ ကောင်းကင်ဘုံက ကူညီမယ် ဟုတ်လား။
အနက်ရောင်သံချပ်ကာစစ်သည်တွေဟာ သူတို့ နေ့တိုင်း လေ့ကျင့်နေတဲ့ စစ်ဗျူဟာတွေက ကောင်းကင်ဘုံကျမ်းထဲမှာ ပါတဲ့ မသေမျိုး စစ်သည်တွေရဲ့ စစ်ဗျူဟာတွေဆိုတာ သိထားကြသည်။ ငွေရောင်ထင်းရှူးတောင်ကုန်းက မိုးကြိုးပစ်တာဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ သူတို့ ယုံကြည်နေကြသည်။ ဒီနေ့ အဆုံးအဖြတ် တိုက်ပွဲမှာလည်း ငါတို့ကို ကူညီဖို့ မိုးကြိုးတွေ ထပ်ပေါ်လာဦးမှာလား။
သူတို့ရဲ့ အတွေးကို သိနေသလိုမျိုး...
"ဒီနေ့မှာတော့ မိုးကြိုးတင် မဟုတ်ဘူး"
ချန်ဆန်းရှီက ထပ်ပြောသည်။ "နောက်ထပ် နာရီဝက်နေရင် ကောင်းကင်ဘုံက စစ်သည်တွေနဲ့ ဗိုလ်ချုပ်တွေ လောကကို ဆင်းသက်လာပြီး ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ဟာ ကောင်းကင်က ဆင်းသက်လာတဲ့ စစ်သည်တွေ ဖြစ်သွားမှာဖြစ်ပြီး တစ်ခါတည်း ထိုးစစ်ဆင်လိုက်ရုံနဲ့ ရန်သူ တစ်သိန်းဟာ လက်နက်တွေ ချပြီး လေးဘက်လေးတန်ကို ထွက်ပြေးကြရလိမ့်မယ်"
"ကောင်းကင်ဘုံက ဆင်းသက်လာမယ် ဟုတ်လား"
"တကယ်ကြီးလား"
စစ်သည်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
"မှန်သလား မှားသလားဆိုတာ စမ်းသပ်ကြည့်ရင် သိရမှာပေါ့"
နောက်ဆုံးတွင်တော့။
ကောင်းကင်ယံရှိ အရှေ့ဘက်အရပ်မှ အရုဏ်ဦး အလင်းတန်းလေး စတင်ပေါ်ထွက်လာခဲ့သည်။
သို့သော် ဗိုလ်ချုပ်များ၏ အမြင်အာရုံမှာ ပိုပြီး ရှင်းလင်းမလာသလို နန်ရွှီ တပ်မတော်ကြီးကိုလည်း မမြင်ရတော့ပေ။
ဘာကြောင့်လဲဆိုတော့...
မတ်လ ၂၅ ရက်နေ့မှာတော့ ထူထပ်လှတဲ့ မြူနှင်းတွေ ကျဆင်းလာလို့ပဲ ဖြစ်သည်။
မိုင်ပေါင်း ရာနဲ့ချီတဲ့ ကွင်းပြင်ကျယ်ကြီးကို ဖုံးလွှမ်းသွားတဲ့ မြူထုကြီးဟာ မသေမျိုး နယ်ပယ်တစ်ခုလို မှုန်မှိုင်းနေတော့သည်။ ဒါဟာ ကောင်းကင်ဘုံက လောကကို ဆင်းသက်လာတာမျိုး မဟုတ်ပါလား။
"အချိန်အခါ ကောင်း ရောက်ပြီ"
"စစ်ဗျူဟာ ပြင်ကြ"
"ကောင်းကင်စစ်သည် စစ်ဗျူဟာ"
"စစ်ဗျူဟာ ပြင်ပြီးတာနဲ့ ငါတို့ဟာ လူသားထက် သာလွန်တဲ့ ကောင်းကင်စစ်သည်တွေ ဖြစ်သွားပြီ"
ချန်ဆန်းရှီသည် သူ၏ လှံရှည်ကို မြှောက်လိုက်ပြီး မြင်းဖြူကြီးမှာလည်း ရှေ့ခြေနှစ်ဖက်ကို ထောင်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ရင်ခွင်ထဲရှိ ဝိညာဉ်ပုတီးစေ့ ထဲတွင် စုဆောင်းထားသော အဖြူရောင်ချီများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး နဂါးတစ်ကောင်အသွင် ပြောင်းလဲကာ အတက်ရောင်သံချပ်ကာစစ်သည် သုံးထောင်၏ အထက်တွင် ဝဲပျံနေတော့သည်။
"ဝုန်း.."
အကြိမ်ကြိမ် လေ့ကျင့်ထားသော အနက်ရောင်သံချပ်ကာစစ်သည်များသည် အချိန်တိုအတွင်းမှာပဲ စစ်ဗျူဟာကို ပုံဖော်လိုက်ကြသည်။
ထိုအချိန်မှာပင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။
စစ်ဗျူဟာပြင်ပြီးနောက်တွင်တော့ အနက်ရောင်သံချပ်ကာစစ်သည်များမှာ ကောင်းကင်နှင့် မြေကြီးအကြား ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ မြူထုအားလုံးကို စုပ်ယူလိုက်ကာ စစ်သည် သုံးထောင်လုံးကို မြူတွေထဲမှာ ဖုံးကွယ်ထားလိုက်တော့သည်။ တခြားနေရာတွေမှာ မြူတွေ ရှင်းလင်းသွားသော်လည်း အနက်ရောင်သံချပ်ကာစစ်သည်တွေ ရှိရာနေရာမှာတော့ ဖြူဖွေးနေတဲ့ မြူထုကြီးပဲ မြင်နေရပြီး စစ်သည်တွေကိုတော့ လုံးဝ မမြင်ရတော့ပေ။
ဤကဲ့သို့ ထူးခြားဆန်းပြားသော နိမိတ်များအောက်တွင် အနက်ရောင်သံချပ်ကာစစ်သည်များ၏ စိတ်ဓာတ်မှာ အထူးပင် တက်ကြွနေတော့သည်။ ဤအခိုက်အတန့်တွင် သူတို့ အပြည့်အဝ ယုံကြည်သွားကြပြီ ဖြစ်သည်။
ဒီတိုက်ပွဲ။
ငွေရောင်ထင်းရှူးတောင်ကုန်းက မိုးကြိုးတွေလိုပဲ ကောင်းကင်စစ်သည်တွေ ဆင်းသက်လာပြီး ငါတို့ကို ကူညီတိုက်ခိုက်ပေးလိမ့်မယ်။
***