"အား"
ယိုကျင့်ကျိီ သည် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
သူ၏ ကာကွယ်ရေး ဂန်းချီ များမှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။
နောက်ဆုံးတွင်တော့ ပုလွေသံ၏ တိုက်ခိုက်မှုကို အပြည့်အဝ ပိတ်ဆို့နိုင်ခဲ့ပြီ ဖြစ်သည်။ဂန်းချီများ ဖုံးလွှမ်းနေသည့် သူ၏ သံလက်သည်းမှာ ကြောက်မက်ဖွယ်ကောင်းလှသော သစ်ကိုင်းခြောက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံမှနေ၍ နောက်တစ်ကြိမ် ပြန်လည် ကျဆင်းလာခဲ့သည်။
"ဗုန်း.."
ပုလွေသံ၏အနိမ့်အမြင့်မှာ ပိုမို မြင့်မားလာခဲ့သည်။
မမြင်ရသော စွမ်းအားတစ်ခု ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ထိုအသံသည် နက်နဲပုံရိပ်အဆင့် အခြေခံအဆင့်ရှိ သိုင်းသမားတစ်ဦး၏ အားကုန်သုံး တိုက်ခိုက်မှုကိုပင် လွင့်ထွက်သွားစေခဲ့သည်။
"ငါ မယုံဘူး"
ယိုကျင့်ကျိီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း ဝှီးချဲပေါ်ရှိ အစိမ်းရောင်ဝတ်စုံဝတ် ပညာရှိကို ရူးသွပ်စွာ ဆက်တိုက် တိုက်ခိုက်တော့သည်။
ဗိုလ်ချုပ်တွေ အပြင်းအထန် တိုက်ခိုက်နေကြစဉ်မှာပင်။
နန်ရွှီ ၏ စစ်သည် တစ်သိန်းမှာတော့ အဆုံးမရှိသော ရှုပ်ထွေးမှုထဲသို့ အပြည့်အဝ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
မြူထုကြီး။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထူထပ်လှသည့် မြူထုကြီး။
ဤမြူထုသည် ကမ္ဘာကြီး၏ တစ်ဝက်ခန့်ကို ပိတ်ဆို့ထားသကဲ့သို့ ရှိနေသည်။
နန်ရွှီ စစ်သည်များသည်။
မြူထု ဖုံးလွှမ်းသွားသော နေရာတိုင်းတွင် အလောင်းများ ပြန့်ကျဲကျန်ရစ်ခဲ့သည်ကို သူတို့၏ မျက်စိဖြင့် တပ်အပ် မြင်တွေ့နေရသည်။
သွေးမြူများနှင့် ရောယှက်နေသော မြူဖြူများ၊ သံချပ်ကာချင်း ထိခိုက်သံများနှင့် မြင်းခွာသံများ၊ မြူထဲတွင် ရိပ်ခနဲ မြင်တွေ့နေရသော အနက်ရောင်သံချပ်ကာများသည် သွေးချောင်းစီး တိုက်ပွဲတစ်ခု၏ ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းကို ဖန်တီးနေတော့သည်။ ဤမြင်ကွင်းကို ကြည့်နေရသူများမှာ ဝိညာဉ်များ လွင့်ထွက်မတတ် ထိတ်လန့်တုန်လှုပ်နေကြရသည်။
မြူထဲတွင် ရန်သူ မည်မျှရှိသည်ကို ဘယ်သူမှ မသိကြပေ။
မည်သည့် အဆင့်ရှိသူတွေလဲ ဆိုတာကိုလည်း မသိကြ။
နန်ရွှီ စစ်သည်တွေ သိထားတာကတော့ သူတို့ ရန်သူကို လုံးဝ တားဆီးနိုင်စွမ်း မရှိခြင်းပင်။
ဘယ်လောက်ပင် များပြားလှတဲ့ လူတွေ သွားတားတား၊ မြင်းတပ်ဖြစ်စေ ခြေလျင်တပ်ဖြစ်စေ၊ စစ်ဗျူဟာပြင်ထားသည်ဖြစ်စေ မပြင်ထားသည်ဖြစ်စေ အားလုံးမှာ သနားညှာတာမှုမရှိ ချေမှုန်းခံလိုက်ရပြီး အလောင်းပုံကြီးတွေသာ ကျန်ရစ်ခဲ့သည်။ လူတွေရဲ့ မျက်လုံးထဲမှာတော့ ဒီမြူထုကြီးဟာ အရာအားလုံးကို ဝါးမျိုနေတဲ့ သတ္တဝါကြီးတစ်ကောင်လို ဖြစ်နေတော့သည်။ ဘယ်နေရာကိုပဲ သွားသွား၊ စစ်သည် ဘယ်လောက်ရှိရှိ အားလုံးကို အရှင်လတ်လတ် ဝါးမျိုသွားခဲ့သည်။
ဤသို့သော အခြေအနေမျိုးတွင်။
နန်ရွှီ စစ်သည်တွေရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ကျန်တော့သည်။
ထွက်ပြေးဖို့ပင်။
"တောင့်ခံထားကြ"
"အားလုံး တောင့်ခံထားကြစမ်း"
...
ဒု-ဗိုလ်ချုပ်အချို့မှာ အခြေအနေကို ထိန်းကျောင်းရန် ထွက်လာကြသည်။
"မထိတ်လန့်ကြနဲ့"
"အပြင်ဘက်မှာ စစ်ဗျူဟာပြင်ကြ"
"သူတို့ကို ပိတ်ဆို့ထားလိုက်"
"ငါတို့မှာ စစ်သည် တစ်သိန်း ရှိတာပဲ"
သို့သော်လည်း။
ထိုဒု-ဗိုလ်ချုပ်များသည် စစ်သည်များစွာ၏ ကြားထဲမှာပင် လှံရှည်ဖြင့် ထိုးသတ်ခံလိုက်ရခြင်း သို့မဟုတ်။
အခြေအနေကို လုံးဝ မထိန်းကျောင်းနိုင်ခြင်းတို့နှင့်သာ ကြုံတွေ့နေရသည်။
ဘာပဲဖြစ်ဖြစ် ဒု-ဗိုလ်ချုပ်တစ်ဦးသည် အများဆုံး လူအနည်းငယ်ကိုသာ အမိန့်ပေးနိုင်သည် မဟုတ်ပါလား။ ကျန်တဲ့သူတွေကတော့ သူတို့စကားကို နားထောင်ကြမှာ မဟုတ်ပေ။
ချန်ဆန်းရှီ သည် သူ၏ အရှိန်အဝါကြည့်ရှု့ခြင်းကို အသုံးပြုကာ စစ်ဗိုလ်ချုပ်များကိုသာ ရွေးချယ် သတ်ဖြတ်နေသည်။
"မင်းသား ဘယ်မှာလဲ"
"ဗိုလ်ချုပ်တွေကော ဘယ်ရောက်ကုန်ပြီလဲ"
"ငါတို့ အခု ဘာလုပ်ကြမလဲ"
ခေါင်းဆောင် မရှိတော့တဲ့အခါ။
လူတစ်သိန်းရှိတဲ့ တပ်မတော်ကြီးဟာ သဲပုံကြီး ပြိုကျသလို ဖြစ်သွားတော့သည်။
သူတို့တွေ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မသိကြတော့ပေ။
"ငါတို့ ရှုံးပြီ"
"ငါတို့တပ် ရှုံးနိမ့်သွားပြီ"
ကောင်းကင်စစ်သည် စစ်ကြောင်းက ဘေးတိုက် ထိုးစစ်ဆင်လာတဲ့ အခါမှာတော့။
နန်ရွှီ ရဲ့ ရှေ့တန်းတပ်တွေဖြစ်ခဲ့ပြီး အခုတော့ လက်ဝဲဘက်ကို ရွှေ့ထားခံရတဲ့ စစ်သည်တွေဟာ။
ထိုအချိန်မှာပင်။
အိမ်သာသွားရင်တောင် ဒိုင်းလွှားကို ကိုင်ထားခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ အတိတ်ကို ပြန်လည် သတိရသွားကြသည်။
ဟူလောင်တောင်ကြား တိုက်ပွဲ စတင်ကတည်းက ချန်ဆန်းရှီ သည် တစ်ယောက်တည်းဖြစ်စေ၊ အဖော်တစ်ယောက်နှင့်ဖြစ်စေ စစ်ကြောင်းထဲကို အကြိမ်ကြိမ် ဝင်ရောက်ကာ ဗိုလ်ချုပ်တွေကို သတ်ဖြတ်ခဲ့သည်။ ရှေ့တန်းတပ်တွေမှာ တာဝန်ကျခဲ့တဲ့ စစ်သည်တွေဟာ အစကတည်းက ကြောက်လန့်နေခဲ့ကြပြီး မြို့ကို တိုက်ခိုက်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တော့ပေ။
ဒါကြောင့်လည်း စိတ်ဓာတ်တွေ မကျဆင်းအောင်လို့ သူတို့ကို နေရာတွေ ခဏခဏ ပြောင်းရွှေ့ထားခဲ့ရခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုချိန်မှာတော့...
ဒီစစ်သည်တွေဟာ နေရာအနှံ့ ပျံ့နှံ့သွားပြီး ကြောက်ရွံ့ခြင်း ကပ်ရောဂါကို ဖြန့်ဝေပေးမယ့် မျိုးစေ့တွေ ဖြစ်လာကြတော့သည်။
ချန်ဆန်းရှီ စီစဉ်ထားတဲ့ အဆင့်တိုင်းဟာ။
တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ကွင်းဆက်တွေလိုပဲ အစွမ်းပြလာခဲ့ပြီ ဖြစ်သည်။
"ချန်ဆန်းရှီ လာနေပြီ"
"ထွက်ပြေးကြတော့"
"ငါတို့ မနိုင်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်တာ"
"ဟိုလူနှစ်ယောက်က ဗိုလ်ချုပ်ဖုန် ကို သတ်ခဲ့တာလေ၊ လူသောင်းချီတောင် သူတို့ကို မဖမ်းနိုင်ခဲ့ဘူး"
"အခု တပ်မတော်ကြီးနဲ့ တိုက်နေတာကို ငါတို့ ဘယ်လိုလုပ် နိုင်မှာလဲ"
ဒါကြောင့်လည်း။
ဒီကျယ်ပြောလှတဲ့ ကွင်းပြင်ကြီးပေါ်မှာ။
မကြုံစဖူး ထွက်ပြေးမှုကြီးကို ဘယ်သူမှ မတားဆီးနိုင်တော့ပေ။ သူတို့တွေဟာ လမ်းကြောင်းတောင် မခွဲခြားနိုင်တော့ဘဲ အရပ်မျက်နှာ အနှံ့အပြားကို ရူးသွပ်စွာ ထွက်ပြေးနေကြတော့သည်။ တောင့်ခံနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်အချို့ပင်လျှင် ရှုပ်ထွေးမှုတွေကြားမှာ ကိုယ့်လူအချင်းချင်း ပြန်လည် သတ်ဖြတ်မိတာမျိုးနဲ့ ကြုံနေရသည်။
တိုက်ပွဲအလယ်မှာ။
ကိုယ့်လက်အောက်မှာရှိတဲ့ စစ်သည်အရေအတွက် များတာဟာ ကောင်းကွက်ရှိသလို ဆိုးကွက်လည်း ရှိသည်။
လူနည်းရင် ပိုပြီး လျင်မြန်ဖြတ်လတ်သော်လည်း။
လူများရင်တော့ ထိန်းကျောင်းရ ခက်ခဲလှသည်။
စစ်သည်အရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်သွားရင်တော့ စစ်သေနာပတိရဲ့ ကွပ်ကဲနိုင်စွမ်းအပေါ်မှာ အများကြီး မူတည်သွားပြီ ဖြစ်သည်။ တကယ်လို့ မွေးရာပါ စစ်ဗျူဟာ ပါရမီရှင်တစ်ယောက် မဟုတ်ရင်တော့ ဒီလောက်များပြားတဲ့ လူတွေကို အမိန့်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင်။
အထူးသဖြင့် ဗိုလ်ချုပ်များစွာအတွက်။
သူတို့ရဲ့ အရည်အချင်းက လူအနည်းငယ် သို့မဟုတ် သောင်းဂဏန်းလောက်ကိုပဲ အမိန့်ပေးနိုင်စွမ်း ရှိကြသည်။
အရေအတွက် များတိုင်း ကောင်းတာ မဟုတ်သလို။
လူတိုင်းကလည်း အများကြီးကို မထိန်းချုပ်နိုင်ကြပေ။
ဒါ့အပြင် နန်ရွှီ တပ်မတော်ထဲမှာ ကျင့်သားမရသေးတဲ့ စစ်သည်သစ်တွေနဲ့ ချင်နိုင်ငံက စစ်သည် နှစ်သောင်းလည်း ပါဝင်နေတာကြောင့် အခြေအနေက ပိုပြီး ရှုပ်ထွေးနေတော့သည်။ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် သုံးဦးလည်း မရှိတော့တဲ့အခါမှာတော့ သူတို့ဟာ စနစ်တကျ မရှိတဲ့ လူအုပ်ကြီးတစ်ခုလိုသာ ဖြစ်နေတော့သည်။
အခုချိန်မှာတော့။
စစ်သေနာပတိချုပ်ကိုသာ သတ်ဖြတ်နိုင်မယ်ဆိုရင်။
လူတစ်သိန်းရှိတဲ့ တပ်မတော်ကြီးဟာ အပြည့်အဝ ရှုံးနိမ့်သွားမှာ ဖြစ်သည်။
"ရှာချုံ၊ ရှောင်ကျိန်း... မင်းတို့နှစ်ယောက် ဆက်ပြီး ထိုးစစ်ဆင်ကြ။ ဒါပေမဲ့ တည့်တည့်ကြီး မသွားနဲ့။ ဘေးတိုက် ဝင်လိုက်၊ ပြီးရင် နောက်တစ်ဖက်ကို ပြန်လှည့်လိုက်နဲ့ လုပ်ကြ"
ချန်ဆန်းရှီ သည် ညွှန်ကြားချက်ပေးပြီးနောက် ဗဟိုစခန်းတဲရှိရာသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
ထိုအချိန်တွင်။
အနက်ရောင်သံချပ်ကာစစ်သည်တော်များဟာ အခြေအနေအရပ်ရပ်ကြောင့် စစ်ပွဲရဲ့ အထွတ်အထိပ် ရူးသွပ်မှုထဲကို ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့မျက်လုံးထဲမှာ ရန်သူကို သတ်ဖြတ်ဖို့ပဲ ရှိတော့သလို ဝိညာဉ်စွမ်းအားနဲ့ ကောင်းကင်ဘုံကျမ်းရဲ့ အကူအညီကြောင့်လည်း ထွက်ပြေးဖို့ပဲ စဉ်းစားနေတဲ့ ရန်သူတွေကို လူသူမရှိတဲ့ နယ်မြေထဲ ဝင်ရောက်သလိုမျိုး အလွယ်တကူ ချေမှုန်းနေကြတော့သည်။
ဗဟိုစခန်းတဲ။
ပုလွေသံရဲ့ အကူအညီကြောင့်။
တိန့်ဖုန်းတို့အဖွဲ့ဟာ ဝိုင်းရံမှုကြားမှာ အခုထိ တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။
ယိုကျင့်ကျိီ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများသည် ဖန်ချင်းယွမ် ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။
ထိုအစား ရှုံးနိမ့်ကြောင်း သတင်းတွေကသာ တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့သည်။
"ဗိုလ်ချုပ်ကြီး"
"အားလုံး ပြီးသွားပါပြီ"
"ရှုပ်ထွေးကုန်ပြီ"
"တကယ်လို့ အရှင် အခုချက်ချင်း ထွက်ပြီး တပ်ကို မထိန်းကျောင်းဘူးဆိုရင်... ကျွန်တော်တို့ရဲ့ လူတစ်သိန်းဟာ ဒီမှာတင် ပြိုလဲသွားပါလိမ့်မယ်"
"အသုံးမကျတဲ့ကောင်တွေ"
တိန့်ဖုန်းနှင့် လက်ရည်တူ တိုက်ခိုက်နေရသော ဖန်ရှုကျိန်းက ဆဲဆိုလိုက်သည်။ "လူတစ်သိန်းရှိတာကို မဟာသွေးကြောအဆင့် တစ်ယောက်တည်းကို မနိုင်ဘူးလား။ ဟူလောင်တောင်ကြားထဲမှာလည်း စစ်သည် တစ်သောင်းကျော်ပဲ ရှိတာလေ။ မင်းတို့အားလုံး သူတို့ကို မတားနိုင်ကြဘူးလား"
"မင်းသား"
"ကောင်းကင်စစ်သည်တွေနဲ့ နတ်ဗိုလ်ချုပ်တွေပါ"
ထိုဒု-ဗိုလ်ချုပ်က ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။ "သူတို့က ကောင်းကင်စစ်သည်တွေရဲ့ ပူးကပ်ခြင်းကို ခံထားရတာပါ"
"သူတို့ ဘယ်လောက်ရှိလဲဆိုတာလည်း မသေချာဘူး။ ဒါပေမဲ့ တစ်သောင်းကျော်ထက်တော့ အများကြီး ပိုပါတယ်"
"ကောင်းကင်စစ်သည်တွေ ဟုတ်လား"
ဖန်ရှုကျိန်း သဘောပေါက်သွားသည်။
ဒါဟာ ကောင်းကင်ဘုံကျမ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။
သူသည် တိုက်ပွဲကို ကိုယ်တိုင် သွားရောက် ထိန်းကျောင်းရန် ဓားကို သိမ်းလိုက်သော်လည်း ထွက်သွားလို့ မရပေ။ ဒဏ်ရာအချို့ ရထားတဲ့ တိန့်ဖုန်းဟာ ဝိုင်းရံမှုထဲကနေ ဖောက်ထွက်လာပြီး သူ့ဆီသို့ ထပ်မံ ထိုးစစ်ဆင်လာပြန်သည်။
***