"ဗိုလ်ချုပ်ယို"
ရန်ကျင်ရွမ်သည်လည်း ထပ်တူညီသော အခက်အခဲနှင့် ကြုံတွေ့နေရသည်။ "ဖန်ချင်းယွမ် ကို မသတ်နိုင်မှတော့ ချန်ဆန်းရှီ ကိုပဲ သွားသတ်ကြစို့။ သူ သေသွားတာနဲ့ ရန်သူ့တပ်မတော်က အလိုအလျောက် ပြိုလဲသွားလိမ့်မယ်"
သူ မှားသွားခဲ့ပြီ ဖြစ်သည်။
အရင်ကတော့ ဖန်ချင်းယွမ် နှင့်အတူ ဗိုလ်ချုပ် သုံးဦး ရှိနေခြင်းက စိတ်အေးရမည့် အခြေအနေဟု သူ ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တော့ ချန်ဆန်းရှီ သည်သာ တကယ့် အမာခံ ဖြစ်နေခဲ့သည်။ သူက မဟာသွေးကြောအဆင့် မျှသာ ရှိနေခြင်းကပင် ရန်သူတွေကို အငိုက်မိသွားစေခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ"
ယိုကျင့်ကျိီ သည် အစိမ်းရောင်ဝတ်စုံဝတ် ပညာရှိကို သတ်ရန် ကြိုးစားနေခြင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။
သူ ခန့်မှန်းထားသလိုပင်။
သူ ထိုလူကို မသတ်နိုင်ပေ။
သို့သော် ထိုဒုက္ခိတသည်လည်း သူ့ကို မသတ်နိုင်ပါ။ ထိုပုလွေသံမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ ပို၍ ထိရောက်ပြီး အဆင့်နိမ့် သိုင်းသမားများအတွက် အန္တရာယ်ရှိသော်လည်း အဆင့်မြင့် သိုင်းပညာရှင်များအတွက်တော့ အားနည်းချက် အနည်းငယ် ရှိနေသေးသည်။
"တောက်"
ရန်သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ကျိီက စိုးရိမ်တကြီး ပြောလိုက်သည်။ "စတုတ္ထအစ်ကို... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"သူတို့နောက်ကို လိုက်မယ်"
ဖန်ချင်းယွမ်က ဆိုသည်။
...
"မထိတ်လန့်ကြနဲ့"
ယိုကျင့်ကျိီသည် ရှုပ်ထွေးနေသော စစ်သည်များကြားတွင် အခြေအနေကို ပြန်လည် ထိန်းကျောင်းရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ တပ်ဖွဲ့အသီးသီးမှာ ဖရိုဖရဲ ဖြစ်နေကြပြီဖြစ်ရာ စစ်ဗိုလ်ချုပ်များက အမိန့်ပေးလိုလျှင်တောင် စစ်သည်များက လိုက်နာနိုင်စွမ်း မရှိကြတော့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ ပစ်မှတ်ကို သူ တွေ့ရှိသွားခဲ့သည်။
နန်ရွှီ တပ်မတော်ကြီး၏ အလယ်တွင်။
မြင်းဖြူတစ်စီးသည် ရန်သူ့စစ်ကြောင်းထဲသို့ တစ်ဦးတည်း ထိုးဖောက်ဝင်ရောက်နေပြီး လက်တစ်ဖက်တွင် လှံရှည်၊ ကျန်လက်တစ်ဖက်တွင် ဓားကို ကိုင်ဆောင်ကာ မည်သူမျှ ယှဉ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ အတိအကျ ပြောရလျှင် မည်သူမျှ သူ၏ လမ်းကို မပိတ်ဆို့ရဲကြခြင်း ဖြစ်သည်။ အားလုံးက ကြောက်လန့်တကြားဖြင့် လမ်းဖယ်ပေးနေကြပြီး သူ၏ မျက်လုံးကိုပင် တည့်တည့် မကြည့်ရဲကြပေ။
ရလဒ်အနေဖြင့် ရှုပ်ထွေးနေသော စစ်မြေပြင်အလယ်တွင် ကျယ်ပြန့်သော လမ်းကြောင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
"ချန်ဆန်းရှီ... အဲ့ဒီမှာ ရပ်လိုက်စမ်း"
ယိုကျင့်ကျိီသည် သူ၏ မြင်းကို အရှိန်မြှင့်ကာ ထိပ်တိုက် လိုက်လံ ပိတ်ဆို့တော့သည်။
သူ ထင်ထားတာနှင့် ဆန့်ကျင်ဘက်ပင်။
ချန်ဆန်းရှီ သည် ထွက်မပြေးသည့်အပြင် သူရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။ သူ၏ နောက်တွင်တော့ မိုင်ပေါင်းများစွာကို ဖုံးလွှမ်းထားပြီး သူ၏ ပုံရိပ်ကို ကွယ်ပျောက်စေသော မြူထုကြီး ပါရှိနေသည်။
"ဒါ ဘယ်လို မှော်အတတ်လဲ"
ယိုကျင့်ကျိီခေတ္တမျှ ထိတ်လန့်သွားရသည်။
ပထမက ငွေရောင်ထင်းရှူးတောင်ကုန်းက ကောင်းကင်မိုးကြိုး။
အခုတော့ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ထူးဆန်းလှတဲ့ မြူထုကြီး။
တကယ်လို့ ကောင်းကင်ကျမ်းစာရဲ့ စစ်ဗျူဟာတွေက ဒီလောက်တောင် အစွမ်းထက်နေမယ်ဆိုရင် အရင်က မျက်ခုံးနီတပ်မတော် ဘယ်လိုကြောင့် ရှုံးနိမ့်ခဲ့ရသလဲ။
လျန်ကျိနျန် ဆိုတဲ့လူကော ဘာလို့ လူတစ်ထောင် နှစ်ထောင်လောက်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသလဲ။
ဘာပဲဖြစ်ဖြစ် သူသည် ဗိုလ်ချုပ်တစ်ဦးနှင့် နယ်စားကြီးတစ်ဦး ဖြစ်ခဲ့ဖူးသလို စစ်ဗျူဟာပိုင်းမှာ သာမန်လောက်သာ ရှိသော်လည်း လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းလာခဲ့သူ ဖြစ်သည်။ သူသည် စိတ်ကို ချက်ချင်း ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။ မြူတွေ ဘယ်လောက် ထူထပ်နေပါစေ ဒါဟာ မြူတွေပဲ ဖြစ်ပြီး မျက်စိလှည့်တဲ့ အတတ်ပညာတစ်ခုသာ ဖြစ်လိမ့်မည်။
တကယ်လို့သာ အမှန်တကယ် အစွမ်းထက်နေမယ်ဆိုရင်။
သူ အခုချိန်မှာ သေနေလောက်ပြီ ဖြစ်သည်။
"ဒုန်း... ဒုန်း..."
ယိုကျင့်ကျီသည် မြင်းခွာသံကို နားထောင်ပြီး ချန်ဆန်းရှီ သည် မြူကို အသုံးချကာ သူ့ကို အလစ်အငိုက် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ အနီးအနားရှိ တခြားစစ်သည်တွေကို အရင် သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ဘာကြောင့်လဲ။
"ဝုန်း.."
သူသည် မြင်းခွာသံကြားရာ အရပ်သို့ သူ၏ သံလက်သည်းကို တိကျစွာ လွှဲယမ်းလိုက်သည်။
လက်နက်ချင်း ထိခိုက်သံ ထွက်ပေါ်လာသည်။
သူ ထိမှန်သွားပြီ ဖြစ်သည်။
ယိုကျင့်ကျိီသည် အသံလာရာဆီသို့ ချက်ချင်း ပြေးသွားသော်လည်း ဘာမှ မရှိတော့ပေ။ သူ၏ ရှေ့တွင် သူ၏ စစ်သည်များ၏ အလောင်းများသာ ရှိနေပြီး မိုင်ပေါင်းများစွာ ဖုံးလွှမ်းနေသော မြူထုထဲတွင်တော့ သေမင်းတမျှ တိတ်ဆိတ်နေတော့သည်။
သူ့အပြင် တခြား အသက်ရှင်သူ မရှိတော့ပေ။
လူရှင်းနေတာလား။
သက်သေ ဖျောက်နေတာလား။
ဒီ ချန် ဆိုတဲ့လူ ဘာတွေ ကြံစည်နေတာလဲ။
သူ့ရှေ့က မြူတွေထဲမှာ ရုတ်တရက် ခရမ်းရောင် အလင်းစက်လေးတစ်ခု ပေါ်လာသည်။ ထိုအလင်းစက်သည် မြူတွေကို ဖြတ်ကျော်ကာ ၎င်း၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ပြသလိုက်သည်။
အဲ့ဒီဓား။
ခရမ်းရောင် အရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ ဓားလေးတစ်စင်း။ လက်ဝါးအရွယ်အစားသာ ရှိသော်လည်း အလွန် လက်ရာမြောက်လှကာ ဓားမျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အလင်းတန်းများ စီးဆင်းနေပြီး ပုရွက်ဆိတ်လေးတွေလို သိပ်သည်းလှတဲ့ နတ်ဘုရား အမှတ်အသားတွေ ဖုံးလွှမ်းနေသည်။
မသေမျိုး အတတ်ပညာ။
မကြာခင်ကတင် ဖန်ချင်းယွမ် ရဲ့ ပုလွေကို သူ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
ယိုကျင့်ကျိီသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားပြီး ဖြစ်ရာ အထူးပင် သတိထားလိုက်သည်။ သူသည် ဂန်းချီများ ပြည့်နှက်နေသော သူ၏ သံလက်သည်းဖြင့် ထိုခရမ်းရောင် ဓားငယ်လေးကို အားကုန် ရိုက်ချလိုက်သည်။
ထိတွေ့လိုက်သည်နှင့်။
ယိုကျင့်ကျိီသည် တားဆီး၍မရသော စွမ်းအားတစ်ခု သူ့ကို လာရောက် ရိုက်ခတ်သည်ကို ခံစားလိုက်ရသည်။
ဓားငယ်လေးမှာ သေးငယ်သော်လည်း တောင်ကြီးတစ်တောင်လုံး၏ အလေးချိန်ကို ဆောင်ထားသကဲ့သို့ ရှိနေသည်။ နက်နဲပုံရိပ်အခြေခံအဆင့်ရှိသော သူသည်ပင် ထိုဒဏ်ကို မခံနိုင်ပေ။
ထိုအခိုက်အတန့်တွင်။
အရာအားလုံးမှာ နှေးကွေးသွားသလို ထင်ရသည်။
ယိုကျင့်ကျိီ၏ သံလက်သည်းမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားပြီး သူ ခေတ္တမျှ ထိန်းချုပ်၍ မရတော့ပေ။ ခဏချင်းအတွင်းမှာပင် ခရမ်းရောင် ဓားငယ်လေးမှာ သူ၏ မျက်နှာရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူ၏ အဝတ်အစားများမှာ လေထဲတွင် လွင့်ပါးနေပြီး သူ၏ ခန္ဓာကိုယ်အနှံ့မှ ကာကွယ်ရေး ဂန်းချီများ ပေါက်ကွဲထွက်ပေါ်လာကာ အစိုင်အခဲတစ်ခုလို ဖောက်ထွင်းမြင်ရတဲ့ အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
"ဒုန်း.."
ခရမ်းရောင် ဓားငယ်လေးသည် ဂန်းချီ အကာအကွယ်နှင့် ထိတွေ့မိသောအခါ ခေတ္တမျှ နှေးသွားသော်လည်း နောက်ဆုံးတွင်တော့ ထိုအကာအကွယ်ကို အလွှာလိုက် ဖြတ်တောက်ကာ တားဆီး၍မရအောင်ပင် ရှေ့သို့ တိုးဝင်လာခဲ့သည်။ ထို့နောက်တွင်တော့ ဘာအတားအဆီးမှ မရှိဘဲ သူ၏ ဦးခေါင်းခွံကို ထိုးဖောက်သွားတော့သည်။
အရာအားလုံးဟာ။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
"အင်..."
ယိုကျင့်ကျိီသည် တောင့်တောင့်ကြီး ရပ်နေမိသည်။ သူ၏ စိတ်ထဲမှာ ဘာမှ မရှိတော့ဘဲ သူ ဘယ်သူလဲ၊ ဘယ်မှာလဲ ဆိုတာကိုပင် မသိတော့ပေ။ သူ၏ မျက်နှာပေါ်တွင် ပင့်ကူအိမ်တစ်ခုလို နွေးထွေးတဲ့ သွေးစက်တွေ ပျံ့နှံ့သွားတော့မှသာ သူသည် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
"နက်နဲပုံရိပ်အဆင့် သိုင်းသမားတစ်ယောက်က တကယ်ပဲ ဇွဲကောင်းတာပဲ"
ချန်ဆန်းရှီ သည် ထူထပ်လှသော မြူထုထဲမှ ထွက်ပေါ်လာသည်။
သူ၏ ဓားချီမန္တန်မှာ နက်နဲပုံရိပ်အဆင့် အခြေခံအဆင့်ရှိ သိုင်းသမားတစ်ဦးကို သတ်ရန်အတွက် လက်လှမ်းမှီရုံမျှသာ ရှိနေသေးသည်။ တကယ်လို့သာ ပြီးပြည့်စုံခြင်းအဆင့်ဆိုလျှင်တော့ အသက်ရှင်နိုင်ခြေ ရှိနေပေလိမ့်မည်။
အရင်က မဟာသွေးကြောအဆင့် သိုင်းသမားတွေကို ဘာဖြစ်မှန်းတောင် မသိလိုက်ဘဲ အရှင်လတ်လတ် သတ်ခဲ့တာမျိုးနဲ့တော့ မတူပေ။
ကြည့်ရတာတော့။
အဆင့်မြင့် သိုင်းပညာရှင်တွေဟာ ထင်ထားသလောက် အားနည်းကြတာ မဟုတ်ပေ။
အနည်းဆုံးတော့ အဆင့်နိမ့် မသေမျိုး အတတ်ပညာတွေကို ပြန်လည် ခုခံနိုင်စွမ်း ရှိကြသည်။
နက်နဲပုံရိပ်အဆင့် က ဒီလောက် တောင့်ခံနိုင်ရင်။
စစ်နတ်ဘုရားအဆင့်တွေဆိုရင်တော့ ပိုပြီး ကြောက်စရာကောင်းမှာ သေချာသည်။
ချန်ဆန်းရှီ သည် သူ၏ လှံရှည်ဖြင့် ဒဏ်ရာကို ဖျက်ဆီးလိုက်ပြီးနောက် ကျန်းယွဲ့ဓား ဖြင့် ခေါင်းကို ဖြတ်လိုက်သည်။ သူသည် ရှောင်ရှင်းကို ခေါ်ကာ အဝေးသို့ မရောက်ခင်မှာပင် စစ်သည် ရာပေါင်းများစွာနှင့် အဆင့်ဆင့်သော စစ်ဗိုလ်ချုပ်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည့် သူ၏ စီနီယာ အစ်ကိုနှစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည်။
***