ထိုအချိန်မှာပင်။
ပြင်ပရှိ ရှုပ်ထွေးနေသော စစ်သည်များကြားမှ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ငါက နန်ရွှီရဲ့ မင်းသား၁၄ဖန်ကျိုရှောင်ပဲ။ ဘယ်သူက စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်ကို မြည်းစမ်းချင်တာလဲ"
...
သိပ်မကြာခင်မှာပဲ။
ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အနာမကျက်သေးတဲ့ ဖန်ကျိုရှောင်ဟာ အစောင့်အကြပ်တွေနဲ့အတူ ရောက်ရှိလာပြီး ကျန်တဲ့သူတွေနဲ့အတူ မြေပြင်မှာ ဒူးထောက်လိုက်ရတော့သည်။
"အစ်ကိုရှစ်"
"ညီတော်ဆယ့်လေး"
ညီအစ်ကို နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ငိုကြွေးနေကြတော့သည်။
"မင်းတို့ နန်ရွှီကလူတွေက ခွေးနှစ်မှာ မွေးထားကြတာလား။ မျက်နှာပြောင်းတာက စာရွက်တစ်ရွက် လှန်တာထက်တောင် မြန်နေသေးတယ်"
ဝမ်ကျိီက ဆဲဆိုလိုက်သည်။
ဒီလူနှစ်ယောက်ထဲက တစ်ယောက်က ခုနကတင် မကျေမနပ် အော်ဟစ်နေခဲ့သလို နောက်တစ်ယောက်ကလည်း ငွေရောင်ထင်းရှူးတောင်ကုန်းမှာ ဝတ်စုံဖြူရဲ့ ခေါင်းကိုဖြတ်ပြီး ဖီးနစ်ကို အရှင်ဖမ်းမယ်လို့ ကြုံးဝါးနေခဲ့သူ မဟုတ်ပါလား။ ဒါပေမဲ့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဒူးထောက်ပြီး အမြီးနန့်ကာ အသက်ချမ်းသာခွင့် တောင်းနေကြပြီ ဖြစ်သည်။ ဒါတွေဟာ တကယ်ပဲ တစ်ယောက်တည်းလားလို့တောင် သံသယဖြစ်စရာပင်။
"မင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ တကယ်ကို လုပ်နိုင်ကြတာပဲ"
ဝမ်ကျိီသည် ဤလူများကို မသတ်သင့်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။
သူတို့ကို နန်ရွှီသို့ ပြန်ပို့ပေးလိုက်တာက အကောင်းဆုံးပင်။
တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်သာ ဧကရာဇ် ဖြစ်လာခဲ့ရင်။
အနှစ်နှစ်ဆယ် မပြည့်ခင်မှာတင် နန်ရွှီ ပြည်ကြီးဟာ အကြီးအကျယ် ရှုပ်ထွေးသွားမှာ သေချာလှသည်။
"မင်းတို့အသက်ကို ချမ်းသာပေးလို့ ရပါတယ်"
ချန်ဆန်းရှီက ငြင်းဆိုခြင်းမရှိဘဲ တည်ကြည်သော အသံဖြင့် ဆိုသည်။ "ဒါပေမဲ့ နောက်ထပ် ဘာလုပ်ရမလဲဆိုတာကိုတော့ ငါ ကိုယ်တိုင် ရှင်းပြနေဖို့ မလိုတော့ဘူး မဟုတ်လား"
"စိတ်ချပါ ဗိုလ်ချုပ်ကြီးချန်"
ဖန်ရှုကျိန်းက သူ ဘာလုပ်ရမလဲဆိုတာကို သဘောပေါက်သွားသည်။ "ကျွန်တော့်ရဲ့ လက်အောက်ငယ်သားဟောင်းတွေကို ချက်ချင်း ပြန်စုစည်းလိုက်ပါ့မယ်။ ပြန်ခေါ်လို့ရသမျှ လူတိုင်းကို ဒါရှန်ဆီမှာ လက်နက်ချခိုင်းလိုက်ပါ့မယ်"
"ဇိ... ဇိ..."
သူတို့၏ သံချပ်ကာတွေကို ဖယ်ရှားပြီးနောက်။
သူတို့၏ လက်ကောက်ဝတ်များကို နက်နဲသံမဏိ ကွင်းဆက်များဖြင့် ချက်ချင်း ချည်နှောင်လိုက်ပြီး မြင်းတစ်စီးပေါ်သို့ တင်လိုက်ကြသည်။ ချန်ဆန်းရှီကတော့ ရှောင်ရှင်း ကို စီးနင်းကာ နောက်ကနေ လိုက်ပါလာခဲ့ပြီး မကြာခင်မှာပင် ထွက်ပြေးနေဆဲဖြစ်တဲ့ နန်ရွှီ ရဲ့ ရှုံးနိမ့်တပ်တွေကို လိုက်မီသွားတော့သည်။
ဖန်ရှုကျိန်းသည် ဒါရှန်တပ်မတော်၏ အလံကို ကိုင်ဆောင်ကာ တပ်ဖွဲ့ဝင်တွေကို ပြန်လည်စုစည်းရန် ဟိန်းဟောက် အမိန့်ပေးတော့သည်။
ဤသို့ဖြင့် ဟူလောင်တောင်ကြား တိုက်ပွဲသည်။
အပြည့်အဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရန်သူ နှစ်သောင်းကို သတ်ဖြတ်နိုင်ခဲ့သည်။
လေးသောင်းကို ဖမ်းဆီးရမိသည်။
ကျန်ရှိနေတဲ့ လေးသောင်းကျော်ကတော့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ကြပြီး အချို့က ချင်နိုင်ငံ နယ်နိမိတ်ထဲကို ဝင်သွားကြသလို အချို့ကတော့ မူလလမ်းအတိုင်း နန်ရွှီသို့ ထွက်ပြေးသွားကြသည်။
ဒါပေမဲ့ မင်းသားရဲ့ စကားကိုပင် နားမထောင်ဘဲ လက်ကျန်မြင်းတပ် အနည်းငယ်ကို ဦးဆောင်ကာ ကွင်းပြင်ထဲမှာ အခွင့်အရေး စောင့်နေတဲ့ ခေါင်းမာတဲ့ ဒု-ဗိုလ်ချုပ်အချို့ ရှိနေသေးသဖြင့် ချန်ဆန်းရှီက ရှာဝမ်လုံကို တပ်ဦးဆောင်စေကာ သွားရောက် ချေမှုန်းခိုင်းလိုက်သည်။
ကျန်တဲ့သူတွေကတော့ စစ်မြေပြင်ကို ရှင်းလင်းရင်း ခေတ္တ အနားယူကြတော့သည်။
"စိတ်လှုပ်ရှားစရာပဲ... တကယ့်ကို စိတ်လှုပ်ရှားစရာပဲ"
တိန့်ဖုန်းက စိတ်လက်ပေါ့ပါးစွာဖြင့် ရေရွတ်နေမိသည်။
"ဒါမှ တကယ့် တိုက်ပွဲပဲ"
"တိုက်ပွဲဆိုတာ ဒီလို တိုက်ရတာမျိုး"
"လူသုံးထောင်က လူတစ်သိန်းကို အနိုင်ယူလိုက်တာ... ရှေးယခင်ကတည်းက တစ်ခါမှ မကြားဖူးဘူး။ တကယ်ကို မကြားဖူးတဲ့ ကိစ္စပဲ"
"ဗိုလ်ချုပ်ကြီးချန်"
"ကျွန်တော် ရှုံးနိမ့်ခဲ့တာကို လုံးဝ ကျေနပ်ပါတယ်"
သူကတော့ အဆက်မပြတ် ချီးကျူးနေတော့သည်။
ဒီတိုက်ပွဲနဲ့ နှိုင်းယှဉ်လိုက်ရင်။
ကျောက်ထုံ ခရိုင်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာက ဘာမှ မဟုတ်တော့ပေ။
အနက်ရောင်သံချပ်ကာစစ်သည်တော်များလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
သူတို့ မြို့တော်ကနေ ထွက်ခွာလာစဉ်က မကျေနပ်ကြတဲ့သူတွေ အများကြီး ရှိခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ ဧကရာဇ်ရဲ့ ယုံကြည်ရတဲ့ လက်ရုံးတပ်ဖွဲ့ဖြစ်ပြီး မြို့တော်အနီးက တပ်မတော်ကြီးမှာ အခြေစိုက်ခဲ့သူတွေ မဟုတ်ပါလား။ ရုတ်တရက် နယ်စပ်ကို စေလွှတ်ခံရတာဟာ "ဟုန်ကျဲမြစ်ကို လေးကြိမ် ဖြတ်ကျော်ခြင်း" ဆိုတဲ့ ကျော်ကြားမှုကြောင့် ဖြစ်ပြီး လူတိုင်းက ဒီလူငယ်ဗိုလ်ချုပ်ဟာ တကယ်ပဲ နာမည်နဲ့ လိုက်ရဲ့လားဆိုတာကို သိချင်နေကြခြင်း ဖြစ်သည်။
လိုင်ပြည်နယ်ကို ရောက်လာပြီးတဲ့နောက်။
တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ပြီး ဘယ်သူကများ အပြည့်အဝ မယုံကြည်ဘဲ နေနိုင်ပါတော့မလဲ။
ဒါတင်မကသေးပေ။
အခုရရှိတဲ့ စစ်ရေးအောင်မြင်မှုကြီးက။
လူတိုင်းမှာ ဝေစု ရှိကြသည်။
ဒီလို အောင်မြင်မှု့ကြီးအတွက် ဆုလာဘ်အဖြစ် ပေးသနားမယ့် ရွှေငွေရတနာတွေကော၊ သိုင်းပညာ အရင်းအမြစ်တွေကောကို တွေးကြည့်ရုံနဲ့တင် လူတိုင်းရဲ့ အနာဂတ်ဟာ နောက်ထပ် တစ်ဆင့် တက်လှမ်းနိုင်တော့မှာ အသေအချာပင်။
"ဒါက သာမန်ပါပဲ"
ကျောက်ကန်နှင့် ကျန်တဲ့သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ "ငါတို့က ဒါမျိုး ခဏခဏ လုပ်နေကျမို့လို့ ကျင့်သားရနေပါပြီ" ဟု ဆိုကြသည်။
ပိုယန် က ညီအစ်ကိုဟောင်းတွေကတော့ အမြဲတမ်းလိုပဲ တည်ငြိမ်နေကြသည်။
ဟူလောင်တောင်ကြားကို ရောက်လာကတည်းက သူတို့တွေဟာ ဘယ်လောက်ကြာရင် နိုင်မလဲ၊ ဘယ်လို နိုင်မလဲဆိုတာကို လောင်းကြေး ထပ်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့ရဲ့ အဆိုးဆုံး ခန့်မှန်းချက်ကတောင် သုံးလလောက် တောင့်ခံထားရမယ်လို့ပဲ ရှိသည်။ သူတို့ ရှုံးနိမ့်သွားလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့ကြပေ။
"ဗိုလ်ချုပ်ကြီး"
"ကျွန်တော်တို့ရဲ့ ဂါရဝပြုမှု့ကို လက်ခံပေးပါ"
ရှာချုံ၊ ရှောင်ကျိန်း နဲ့ ယူကျီခယ် တို့က တစ်ပြိုင်နက်တည်း ဒူးထောက်
လိုက်ကြသည်။
"အခုကစပြီး ကျွန်တော်တို့ဟာ အထက်မှာရှိတဲ့ အရှင်မင်းကြီးအပေါ် သစ္စာရှိမှာဖြစ်သလို အောက်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုလည်း နာခံသွားမှာပါ။ ဒါရှန် မင်းဆက်အတွက်ဆိုရင် မီးထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"
"ထကြ"
ချန်ဆန်းရှီက ဘာမှ ထပ်မပြောတော့ဘဲ "စစ်မြေပြင်ကို ရှင်းလင်းကြ၊ လက်နက်ချတဲ့ စစ်သည်တွေကို အမြန်ဆုံး အခြေချပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ရန်သူ့မြင်းတပ်တွေကိုလည်း အပြတ်ရှင်းဖို့ မမေ့နဲ့ဦး။ ဟူလောင်တောင်ကြားကို စောင့်ကြပ်ဖို့ လူငါးရာ ထားခဲ့မယ်၊ ကျန်တဲ့သူတွေကတော့ လိုင်ပြည်နယ်ကို ပြန်ပြီး ယုံလဲ့ခရိုင်ကို တိုက်ခိုက်နေတဲ့ စစ်သေနာပတိချုပ်ကို သွားကူကြမယ်" ဟု ညွှန်ကြားလိုက်သည်။
"နားလည်ပါပြီ"
"ဒါနဲ့ ကောင်းကင်ဘုံကျမ်းက တကယ်ကို အံ့သြဖို့ကောင်းတာပဲနော်"
"မှန်တယ်"
"ဒီတိုက်ပွဲမှာ ကောင်းကင်မိုးကြိုးတွေ၊ ထူထပ်တဲ့ မြူတွေကအစ သဘာဝတရားကြီးက ငါတို့ကို ကူညီပေးနေသလိုပဲ"
ကွင်းပြင်ထဲမှာ ကျန်ရှိနေတဲ့ ရန်သူ နှစ်ရာကို လိုက်လံ ချေမှုန်းနေတဲ့ အနက်ရောင်သံချပ်ကာ စစ်သည်တော်အချို့ဟာ မြင်းစီးရင်း တိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။
"ပြီးတော့ မသေမျိုး အတတ်ပညာတွေလည်း ပါသေးတယ်"
"မင်း မကြားမိဘူးလား"
"ဗဟိုစခန်းတဲမှာ ဗိုလ်ချုပ်ဖန်က လူသောင်းချီကြားထဲမှာ ပုလွေတစ်
ချောင်းတည်းနဲ့ အသက်ရှင်ခဲ့တာလေ"
"ဒါတင်မကသေးဘူး"
"လူတွေ အများကြီး သေကုန်တာ"
"ချင်းဟယ် မြို့စားကြီးတောင် ဗိုလ်ချုပ်ဖန်ရဲ့ မသေမျိုး အတတ်ပညာအောက်မှာ သေသွားတာလို့ ကြားတယ်"
'ဖန်ချင်းယွမ် ဟုတ်လား... မဟုတ်လောက်ဘူး'
ရှာဝမ်လုံကတော့ သူ့စိတ်ထဲမှာပဲ တွေးတောနေမိသည်။
သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည် မဟုတ်ပါလား။
ယိုကျင့်ကျိီထွက်သွားခဲ့သည်။
ချန်ဆန်းရှီ ကို သွားရှာဖို့။
သူ ပြန်ရောက်လာတဲ့ အခါမှာတော့ သူ့ရဲ့ ခေါင်းပဲ ကျန်တော့သည်။
ဖန်ချင်းယွမ် နဲ့ နှိုင်းယှဉ်ရင် ချန်ဆန်းရှီ က သတ်လိုက်တာ ဖြစ်ဖို့ ပိုများသည်။
ဒါပေမဲ့ မဟာသွေးကြောအဆင့် ရှိတဲ့သူက နက်နဲပုံရိပ်အဆင့် ရှိတဲ့သူကို ဘယ်လို သတ်နိုင်မှာလဲ။
အဖြေက တစ်ခုပဲ ရှိသည်။
မသေမျိုး အတတ်ပညာ။
ချန်ဆန်းရှီ သည်လည်း မသေမျိုး အတတ်ပညာကို သင်ယူထားခြင်း ဖြစ်ရမည်။
ဆွန်ဒူရှန် က သူ့ကို ဒီလောက် မြန်မြန် သင်ပေးလိုက်တာလား။
ဒီကောင်က နန်းတွင်းကိုတောင် သတင်းမပို့ခဲ့ဘူးပဲ။
ပြီးတော့...
ရှာဝမ်လုံသည် လျန်ကျိုး မြို့ရိုးအပြင်ဘက်မှာ သေဆုံးခဲ့တဲ့ ယင်ဟန်ဝမ် တို့အဖွဲ့ကို ရုတ်တရက် သတိရသွားသည်။ အဲ့ဒီတုန်းက ချန်ဆန်းရှီ ကို ပထမဆုံး သံသယရှိခဲ့ကြသော်လည်း သူက အတွင်းအားသန့်စင်ခြင်းအဆင့်သာ ရှိသေးသဖြင့် ဘယ်သူမှ အလေးအနက် မထားခဲ့ကြပေ။
အခုကြည့်ရတာတော့...
သူက မသေမျိုး အတတ်ပညာကို သုံးပြီး သူတို့ကို သတ်ခဲ့တာ ဖြစ်ဖို့ များလှသည်။
ပြီးတော့မှ မိစ္စာဂိုဏ်းကို အပြစ်ပုံချလိုက်တာ ဖြစ်ရမယ်။
ဒါဆိုရင်တော့ အားလုံးက အံဝင်ခွင်ကျ ဖြစ်သွားပြီ။
ဒီကောင်လေး။
သူကတော့ သေလူပဲ။
ရှာဝမ်လုံက သူ၏ အတွေးတွေကို ဖုံးကွယ်ထားရင်း "မင်းတို့တွေ အရှေ့ဘက်မှာ သွားရှာကြ။ ငါကတော့ အနောက်ဘက်ကို သွားကြည့်မယ်၊ နာရီဝက်နေရင် ဒီမှာ ပြန်ဆုံကြမယ်... "
အစီအစဉ်တွေ လုပ်ပြီးနောက်မှာတော့ ရှာဝမ်လုံဟာ အဖွဲ့ထဲကနေ တစ်ယောက်တည်း ထွက်ခွာလာခဲ့သည်။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အရေးကြီးတဲ့ နေရာတွေမှာ ဒဏ်ရာရထားခြင်း ဖြစ်သည်။ အခုချိန်မှာဆိုရင် သူက မဟာသွေးကြောအဆင့် ရှိတဲ့သူကိုတောင် ယှဉ်နိုင်မှာ မဟုတ်ပေ၊ အထူးသဖြင့် သူက နက်နဲပုံရိပ်အဆင့် အခြေခံအဆင့်သာ ရှိသူ မဟုတ်ပါလား။
***