"စိတ်နောက်သွားတာလား"
မုန်ချူကျိီကတော့ လုံးဝ မယုံကြည်နိုင်ပေ။
"ကျန်းအို... မင်း အိပ်ဆေးသောက်ပြီး ကောင်းကောင်း အိပ်လိုက်ပါဦး။ ငါတို့ ဆုတ်ခွာပြီးမှ အနားယူတော့"
"စစ်သေနာပတိချုပ်"
ကျန်းထောင်မင်က စာကို လက်ညှိုးထိုးပြရင်း "ကျွန်တော် လျှောက်နေတာတွေက အမှန်တွေပါ" ဟု အတင်းအကျပ် ပြောဆိုတော့သည်။
"အမှန် ဟုတ်လား"
မုန်ချူကျိီက မိမိပါးကို မိမိ ပြင်းထန်စွာ ရိုက်လိုက်သည်။ "လူသုံးထောင်က တစ်သိန်းကို ရင်ဆိုင်တာလေ။ ချေမှုန်းမခံရတာတင် မကဘူး၊ ရန်သူကိုပါ အပြတ်အသတ် နိုင်ခဲ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်တာ"
"စစ်သေနာပတိချုပ်... ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့"
ကျန်းထောင်မင်က တိုက်ပွဲအစီရင်ခံစာကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ "ရန်သူ နှစ်သောင်းကို သတ်နိုင်ခဲ့တယ်၊ လေးသောင်းကို ဖမ်းမိတယ်။ ယိုကျင့်ကျိီနဲ့ ရန်ကျင်ရွမ် တို့ တိုက်ပွဲမှာ သေဆုံးသွားသလို ဖန်ရှုကျိန်း နဲ့ ဖန်ကျိုရှောင် တို့ကိုလည်း အရှင်ဖမ်းမိထားတာ။ ဖန်ကျိုရှောင် ဆိုရင် နှစ်ကြိမ်တောင် အရှင်ဖမ်းခံရတာဗျ"
"ဒါ... ဒါ တကယ်ပဲလား"
မုန်ချူကျိီသည် စာရွက်ပေါ်က စာလုံးတွေကို စိုက်ကြည့်နေသော်လည်း အတော်ကြာသည်အထိ လက်မခံနိုင်သေးပေ။ "ငါများ အမြင်မှားနေတာလား။
"ဒါမှမဟုတ် ဒါဟာ ငါတို့ကို ဆွဲဆောင်ဖို့ နန်ရွှီ ရဲ့ အကွက်ဆင်မှုလား။"
"ဟူလောင်တောင်ကြားကို သိမ်းပြီးတဲ့နောက် ဟိုင်တုန်ချင်ကို အရှင်ဖမ်းပြီး သတင်းအမှားတွေ ပို့ခိုင်းတာလား။ ငါတို့ ယုံလဲ့ခရိုင်မှာ ဆက်နေအောင် လုပ်ပြီး တစ်ပြိုင်နက်တည်း ဝိုင်းတိုက်ဖို့ ကြံစည်နေတာလား။"
"ဟုတ်တယ်... အဲ့ဒီလိုပဲ ဖြစ်ရမယ်"
"စစ်သေနာပတိချုပ်... အဲ့ဒီလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းထောင်မင်က "တကယ်လို့ ဟိုင်တုန်ချင်သာ အဖမ်းခံရရင် ပြန်ရောက်တဲ့အခါ သတိပေးတဲ့အနေနဲ့ အသံတွေ အသည်းအသန် အော်လိမ့်မှာပေါ့"
"သူတို့က ငှက်ကို ဆေးကျွေးထားတာ ဖြစ်မှာပေါ့"
မုန်ချူကျိီကတော့ ဒီလို မယုံနိုင်စရာ ကိစ္စမျိုးကို လုံးဝ လက်မခံဘဲ ငြင်းဆန်နေဆဲ ဖြစ်သည်။
ဒီလောကမှာ ဒီလောက်အထိ ထူးဆန်းတာမျိုး ရှိနိုင်ပါ့မလား။
အစီရင်ခံစာ ထပ်မံ ရောက်ရှိလာသည်အထိပင်။
"အစီရင်ခံစာ ရောက်ပါပြီ"
"ဗိုလ်ချုပ်ကြီးချန် တို့ အဖွဲ့ ဟူလောင်တောင်ကြားကနေ ထွက်ခွာလာပြီး ကျွန်တော်တို့ကို ကူညီဖို့ ယုံလဲ့ခရိုင်ကို လာနေပါပြီ။ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ"
"ဝုန်း.."
မုန်ချူကျိီသည် အရှိတရားကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူ၏ နားထဲတွင် အသံတွေ မြည်ဟည်းနေပြီး နှလုံးခုန်သံတွေ မြန်လာခဲ့သည်။ အောင်ပွဲကြီး ရလိုက်တာထက် အရေးနိမ့်သွားသလိုမျိုးပင် ခံစားနေရသည်။
အချိန်အတော်ကြာမှ သူသည် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ "မြန်မြန်... ဒီသတင်းကို ယုံလဲ့ခရိုင်ထဲက လူတွေကို သွားပြောလိုက်။ ထွက်ပြီး လက်နက်ချဖို့ ပြော။ တကယ်လို့ မလိုက်နာရင်တော့ မြို့ကို ဝိုင်းထားပြီး ဘာမှ မလုပ်ဘဲ စောင့်နေမယ်။ သူတို့ ရိက္ခာ ဘယ်လောက်အထိ ခံမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ဟူလောင်တောင်ကြားက စိတ်ချရပြီဖြစ်ရာ နောက်ကြောင်းအတွက် ပူစရာ မလိုတော့ပေ။
သူတို့သည် မြို့ကို ဝိုင်းထားပြီး အစာဖြတ်သည့် ဗျူဟာကို ဆက်လက် သုံးစွဲနိုင်ပြီ ဖြစ်သည်။
...
ယုံလဲ့ခရိုင်။
"မယုံနိုင်စရာပဲ"
လီဂုန်းသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
"ငါက အခွင့်အရေးတွေ အများကြီး ပေးထားတာကို ဖန်ရှုကျိန်း တို့က ဘာလို့ အခုထိ လှုပ်ရှားမှု မရှိသေးတာလဲ"
"အချိန်အရဆိုရင် ဖန်ချင်းယွမ် ရဲ့ ခေါင်းဟာ မြို့ရိုးပေါ်မှာ ချိတ်ထားရမှာလေ။"
"အထူးသဖြင့် အဲ့ဒီ တိန့်ဖုန်း။ သူ့ကိုတော့ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်"
"မင်းသား"
"မကောင်းတော့ဘူးဗျ။ မြို့ပြင်က ဒါရှန် တပ်တွေက နန်ရွှီ ရဲ့ လူတစ်သိန်းတပ်မတော်ကြီး ချေမှုန်းခံလိုက်ရပြီလို့ အော်ဟစ်နေကြတယ်။ မြို့ထဲကလူတွေ ထွက်ပြီး လက်နက်မချရင် မြို့သိမ်းတဲ့အခါ တစ်ယောက်မှ အသက်ချမ်းသာပေးမှာ မဟုတ်ဘူးလို့ ပြောနေကြတယ်"
"ဟာသပဲ"
လီဂုန်းက နှာခေါင်းရှုံ့လိုက်သည်။ "မုန်ချူကျိီဆိုတဲ့ အရှက်မရှိတဲ့ လူက ငါ့ကြောင့် စိတ်နောက်သွားပြီ ထင်တယ်။ အခုတော့ အိမ်မက်ယောင်နေတာတွေကို လျှောက်ပြောနေပြီ"
"ကျိ.."
သူ စကားမဆုံးခင်မှာပင်။
လင်းယုန်နက်တစ်ကောင် ပျံသန်းဝင်ရောက်လာသည်။
လျိုဟွမ်ရုံက"ဒါက နန်းတွင်းက လာတဲ့စာပဲ။ ဟူလောင်တောင်ကြားက သတင်း ဖြစ်ရမယ်"
"အင်း"
လီကုန်းသည် တည်ငြိမ်စွာဖြင့် လျှို့ဝှက်စာကို ထုတ်ယူလိုက်သည်။ သို့သော်လည်း မကြာခင်မှာပင် သူ၏ နားထင်က အကြောတွေဟာ အသက်ဝင်လာသလိုမျိုး တဒိတ်ဒိတ် ခုန်လာခဲ့ပြီး စာရွက်ကို ကိုင်ထားတဲ့ လက်တွေဟာလည်း ထိန်းမရအောင် တုန်ရီလာတော့သည်။
"မင်းသား... ကောက်ကျစ်တဲ့ နန်ရွှီ က ဈေးဆစ်နေတုန်းပဲလား"
အခြေအနေ မဟန်တာကို မြင်လိုက်ရသဖြင့် လျိုဟွမ်ရုံက အနားသို့ တိုးသွားလိုက်သည်။
ထို့နောက်တွင်တော့ စာထဲက အကြောင်းအရာတွေကို မြင်လိုက်ရတော့သည်။
နန်ရွှီ တပ်မတော်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပြီ။ မင်းသားရဲ့ သတင်းကလည်း အစအန မရတော့ဘဲ အသက်ရှင်လား၊ သေလားဆိုတာတောင် မသိရတော့ပေ။
"လူတစ်သိန်း"
လီဂုန်းသည် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။ "လူတစ်သိန်း။ အဲ့ဒါ လူတစ်သိန်းတောင် ရှိတာလေ။
"မင်း သိလား"
"လူတစ်သိန်းက နေ့တိုင်း စားဖို့ ရိက္ခာ ဘယ်လောက် လိုလဲဆိုတာ။"
"လူတစ်သိန်းရဲ့ လက်နက်တွေအတွက် သံရည် ဘယ်လောက် လိုလဲဆိုတာ။"
"လူတစ်သိန်းရဲ့ သံချပ်ကာတွေကို လုပ်ဖို့ အချိန် ဘယ်လောက် ပေးခဲ့ရလဲဆိုတာ။"
"ပြီးတော့ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် လေးယောက်။ လေးယောက်တောင် ရှိတာ။"
"သူတို့တွေက ဝက်တွေပဲ ဖြစ်နေဦးတော့၊ အခုချိန်မှာ ဟူလောင်တောင်ကြားကို သိမ်းပိုက်ထားနိုင်ရမှာလေ။ ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ။ အဓိပ္ပာယ် မရှိလိုက်တာ"
"မင်းသား... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
လျိုဟွမ်ရုံသည်လည်း ဘာလုပ်ရမှန်း မသိတော့ပေ။
"နန်ရွှီ ရဲ့ လူတစ်သိန်း ဒီအတိုင်း ပျောက်ကွယ်သွားပြီ။ အစိမ်းရောင်တောင်တန်းက တိုက်ပွဲကလည်း အခုထိ မထိုးဖောက်နိုင်သေးဘူး။ အဆိုးဆုံးကတော့ မြို့ထဲမှာ ရိက္ခာ မကျန်တော့ဘူး။ ဒီအတိုင်း ဆက်သွားရင်တော့ ငါတို့ တကယ်ပဲ အန္တရာယ် ရှိလာလိမ့်မယ်"
"အန္တရာယ် ဟုတ်လား။ မဟုတ်ဘူး၊ ငါ ဒီအတိုင်းပဲ ဆက်ပြီး တောင့်ခံထားမယ်"
လီဂုန်းသည် စာရွက်ကို လက်ထဲမှာ ခြေမွပစ်လိုက်ပြီး သူ၏ အသံမှာလည်း ဒီရေတက်သလို ကျယ်လောင်နေတော့သည်။ "ချန်ဆန်းရှီ ရဲ့ မြင်းတပ် သုံးထောင်က နန်ရွှီ ရဲ့ လူတစ်သိန်းကို ဖြိုခွင်းနိုင်ရင်၊ ငါ့ရဲ့ အထူးတပ်ဖွဲ့ လေးသောင်းက လူတစ်သိန်းကို ခုခံပြီး မြို့ကို မကာကွယ်နိုင်ရမှာလား။"
"ဆက်ပြီး ခုခံဖို့ အမိန့်ပေးလိုက်။"
"ရိက္ခာ ကုန်ရင် မြင်းတွေကို စားမယ်။ မြို့ရိုးအတွက် ကျောက်တုံးနဲ့ သစ်သား ကုန်ရင် အိမ်တွေကို ဖျက်ပြီး သုံးမယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ခုခံနေရမယ်"
သူ၏ စိတ်ထဲတွင်တော့ ဒေါသတွေကို မထိန်းချုပ်နိုင်တော့ပေ။
ယုံလဲ့ခရိုင် မြို့။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"မကောင်းတော့ဘူးဗျ"
"အခု ဘာဖြစ်ပြန်တာလဲ"
"ချန်ဆန်းရှီ ရဲ့ တပ်တွေ ရောက်လာပါပြီ"
"မကြောက်နဲ့"
လီဂုန်းသည် နေ့တိုင်း ဆဲဆိုနေရသဖြင့် မင်းသားတစ်ပါး၏ အရှိန်အဝါတွေလည်း မရှိတော့ပေ။ "သူ့ရဲ့ လူသုံးထောင် ရောက်လာတာပဲ၊ ဘာလုပ်နိုင်မှာလဲ"
"မင်းသား... လူသုံးထောင် မဟုတ်ဘူးဗျ"
လျိုဟွမ်ရုံက တည်ကြည်စွာ ပြောလိုက်သည်။ "ချန်ဆန်းရှီ က စစ်သည် လေးသောင်း ခေါ်လာတာ"
"လေးသောင်း ဟုတ်လား။ အဓိပ္ပာယ် မရှိတာ"
လီကုန်းက ဆဲလိုက်သည်။ "သူက လေးသောင်းကို ဘယ်က ရမှာလဲ"
"နန်ရွှီ ကလူတွေပဲ။ အကုန်လုံး နန်ရွှီ ကလူတွေ"
လျိုဟွမ်ရုံသည်လည်း ဒေါသထွက်နေမိသည်။ "အရှက်မရှိတဲ့ ဖန်ရှုကျိန်း က သူ့အသက်ရှင်ဖို့အတွက် အိမ်ရှေ့စံ တစ်ယောက် ဖြစ်နေတာတောင် ဒါရှန် ဆီမှာ လက်နက်ချလိုက်တယ်။ ပြီးတော့ ကျန်နေတဲ့ လူသောင်းချီကို ဒါရှန် စစ်သည်တွေအတွက် အကာအကွယ်အဖြစ် သုံးဖို့ ခေါ်လာတာ။ အခု မြို့ပြင်မှာ အင်အား တစ်သိန်းခွဲလောက် ရှိနေပြီ မင်းသား။"
"မင်းသား။"
"ကျွန်တော်တို့ တကယ်ပဲ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး။"
"ကျွန်တော်တို့မှာ နှစ်ရက်စာ ရိက္ခာပဲ ကျန်တော့တယ်။"
"ပြီးတော့ ဧကရီဆီကလည်း ဘာသတင်းမှ မလာသေးဘူး"
"သူတို့တွေ အကုန် သေသင့်တယ်၊ အကုန်လုံး သေကုန်သင့်တာ"
လီဂုန်းမှာတော့ အကူအညီမဲ့စွာဖြင့် အော်ဟစ်နေရုံမှတစ်ပါး ဘာမှ မလုပ်နိုင်တော့ပေ။
***