"အင်း...”
ယင်းအချိန်တွင်ပင် ဘေး၌အိပ်ပျော်နေသော ချန်ဇီယွင်မှာလည်း နောက်ဆုံးတွင် နိုးလာချေသည်။ သူမက ကြယ်ရောင်များသဖွယ် တောက်ပနေသော မျက်လုံးလှလှလေးများကို ဖွင့်လိုက်ရာ ဝိညာဉ်ကိုပင် ညို့ယူဖမ်းစားနိုင်စွမ်းရှိပြီး အဆုံးမဲ့ဆွဲဆောင်မှုများ ကိန်းအောင်းနေသည်။
ယခင်ကထက်စာလျှင် ယခုအခါ သူမထံမှ အဆုံးအစမဲ့သော ဆွဲဆောင်မှုတို့ ပို၍ပင် ဖြာထွက်နေ၏။
ခန္ဓာကိုယ်၏ နေရာတိုင်းသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ပြီးပြည့်စုံနေပုံရသည်။
"တကယ်ကြီး ဖြစ်သွားခဲ့တာပဲ...”
ချန်ဇီယွင်သည် မိမိဘေးတွင် လှဲလျောင်းနေသော အမျိုးသားကို ကြည့်ရင်း ရုတ်တရက် စိတ်အာရုံများ လွင့်မျောသွားရသည်။
ဤကိစ္စသည် အမှန်တကယ်ပင် ယုံကြည်နိုင်စရာမရှိဟု သူမ ခံစားရ၏။
မူလက သူမသည် အထီးကျန်စွာဖြင့်သာ အိုမင်းသေဆုံးရမည်ဖြစ်ပြီး မည်သူကမျှ မိမိနှင့် ထိုက်တန်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော်ငြား မိမိကိုယ်ကို မျက်စိရှေ့မှ ဤအမျိုးသားထံသို့ အပ်နှင်းလိုက်ရမည်ကိုမူ မည်သူက တွေးမိပါမည်နည်း။
သူတို့နှစ်ဦးကြားရှိ အသက်အရွယ်ကွာဟချက်က အနည်းငယ် ကြီးမားနေသည်မှာမူ အမှန်ပင်ဖြစ်သော်လည်း ကျင့်ကြံသူများအတွက် အမှန်တကယ်တမ်း ကိစ္စမရှိလှပေ။
အထူးသဖြင့် ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ အသက်အရွယ်ဆိုသည်မှာ ပြဿနာမဟုတ်တော့ပေ။
အမှန်တိုင်းဆိုရလျှင် သူမသည် မိမိကိုယ်ကို အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့သေး၏။
သို့သော်လည်း ပွင့်ဖတ်လွှာကြားမှ ခပ်သဲ့သဲ့ထွက်ပေါ်လာသော နာကျင်မှုကို ခံစားလိုက်ရချိန်တွင်မူ သူမသည် လက်တွေ့ကမ္ဘာထဲတွင် ရှိနေသေးကြောင်း သိလိုက်ရသည်။
"အမ်... ငါ့ရဲ့ကျင့်ကြံမှုတွေက ဒီလောက်တောင် တိုးတက်သွားခဲ့တာလား...”
ဤအခိုက်အတန့်တွင် ချန်ဇီယွင်တစ်ယောက် ရုတ်တရက် အံ့အားသင့်သွားရချေပြီ။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များသည် အံ့မခန်း တိုးတက်လာခဲ့ပြီး အရင်ကနှင့်ယှဉ်လျှင် အဆများစွာ မြင့်တက်လာကြောင်း သူမ ခံစားလိုက်ရ၏။
နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအရှိန်သည် ဝိညာဉ်သန္ဓေသားအဆင့်ထက်ပင် ပို၍ နှေးကွေးကြောင်း သိထားရမည်ဖြစ်သည်။
အကယ်၍ ဝိညာဉ်သန္ဓေသားကျင့်ကြံသူတစ်ဦးသည် နှစ်ရာပေါင်းများစွာကြာသည်အထိ အဆင့်မတက်နိုင်ဟုဆိုပါက၊ နတ်ဘုရားအသွင်းပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး နှစ်တစ်ထောင်ကြာသည်အထိ အဆင့်မတက်နိုင်ခြင်းမှာလည်း အလွန်ပင် ပုံမှန်ကိစ္စတစ်ရပ် ဖြစ်နေလေသည်။
ဤသည်မှာ လက်ရှိကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုပင် ဖြစ်ချေ၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာရန် ပို၍ပို၍ ခက်ခဲလာခဲ့သည်။
ဤအတိုင်းသာ ဆက်သွားပါက သူတို့မျိုးဆက်သည် နောက်ဆုံးသော နတ်ဘုရားအသွင်ပြောင်းအဆင့်များ ဖြစ်သွားနိုင်ချေရှိပေသည်။
သို့သော်ငြား ယခုအခါ တစ်ညတာ တူနှစ်ကိုယ်ကျင့်ကြံပြီးနောက်တွင်မူ သူမ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအင်များ အံ့မခန်း တိုးတက်လာသည်ကို သူမ တွေ့ရှိလိုက်ရသည်။
ဤသည်မှာ သူမအတွက် နှစ်ရာပေါင်းများစွာ ကြိုးစားကျင့်ကြံရမည့် အချိန်များကို သက်သာသွားစေသည်ဟု ဆိုနိုင်ပေသည်။
ပဉ္စမအဆင့် ဆေးလုံးများစွာကို သောက်သုံးလိုက်ရသည်နှင့်လည်း တူညီလေသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာ သဘာဝကျကျပင် ကျိုးစွေ့နှင့် ကြီးမားသော ပတ်သက်မှု ရှိနေလေသည်။
သူမသည် ကျိုးစွေ့ထံမှ ကြီးမားလှသော သန့်စင်ယန်စွမ်းအားများကို ရရှိခဲ့၏။
ထို့အပြင် 'ချစ်ခြင်းမေတ္တာကူ' နှင့် 'နဂါးဆင်ကူ' တို့ထံမှ စွမ်းအားများကိုပါ ရရှိခဲ့သေးသည်။
ထို့ကြောင့် သူမ၏ခန္ဓာကိုယ်တွင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့ရပြီး၊ ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက်ပင် ကြီးမားသော အခွင့်အရေးတစ်ရပ် ဖြစ်သည်မှာ ထင်ရှားလှသည်။
ပို၍အရေးကြီးသည်မှာ သူမသည် ကျိုးစွေ့ထံမှ တာအိုကျင့်စဉ်နှင့် ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာပေါင်းစုံ၏ နားလည်သဘောပေါက်မှုများကိုပါ ရရှိခဲ့ခြင်းပင်ဖြစ်သည်။
ဤအချက်က သူမအား ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိစေခဲ့သည်။
'တကယ်ကိုပဲ ဒီအမျိုးသားက အရမ်းထူးခြားနေတာကိုး' ဟု သူမ တွေးလိုက်မိတော့သည်။
ချန်ဇီယွင်သည် ကျိုးစွေ့အား ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူမသည် ကျိုးစွေ့ထံမှ ရနံ့ကို ရှူရှိုက်လိုက်ရချိန်တွင် ရင်ထဲမှလှိုက်၍ လုံခြုံနွေးထွေးမှုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ထိုရနံ့က သူမ၏ တစ်ကိုယ်လုံးကို ထွေးပွေ့ထားသကဲ့သို့ နွေးထွေးကာ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။
သာမန်ကျင့်ကြံခြင်းမျိုးဖြင့် မည်သည့်နေရာတွင်မဆို ဤမျှလောက် ကျင့်ကြံမှုများ တိုးတက်လာနိုင်စရာ အကြောင်းမရှိသည်ကို သူမ သိထားလေသည်။
မျက်စိရှေ့ရှိ ဤအမျိုးသားက အတော်လေး ထူးခြားနေသောကြောင့်သာ မိမိအတွက် ဤမျှကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးခြင်း ဖြစ်ရမည်မှာ သေချာလှသည်။
ထင်သည့်အတိုင်းပင် ဤအမျိုးသားနောက်သို့ လိုက်ပါခြင်းက မှန်ကန်လှပေ၏။
အကယ်၍ သူသာမရှိပါက မိမိအနေဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရမည် မဟုတ်သလို၊ ချန်လန်ပင်လယ်ပြင်၏ နှစ်သောင်းချီကာလအတွင်း ဒုတိယမြောက် နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူ ဖြစ်လာနိုင်မည်မဟုတ်ပေ။
ဤသည်မှာ 'ကောင်းကင်မိစ္ဆာဂိုဏ်း' ၏ ခေတ်အဆက်ဆက်သော ဂိုဏ်းချုပ်တိုင်း အိပ်မက်မက်ခဲ့ရသည့် အဆင့်အတန်းပင် ဖြစ်၏။
သို့သော်လည်း ယခု မိမိမှာမူ မည်သည့်အန္တရာယ်မျှမရှိဘဲ လွယ်ကူစွာပင် ချိုးဖျက်နိုင်ခဲ့ချေပြီ။
အကယ်၍ ခေတ်အဆက်ဆက်သော 'ကောင်းကင်မိစ္ဆာဂိုဏ်း' ၏ ဂိုဏ်းချုပ်များသာ သိရှိသွားပါက မနာလိုလွန်း၍ ရူးသွပ်သွားကြမည်မှာ အသေအချာပင်။
"အင်း… နိုးနေပြီလား...”
ထိုအချိန်တွင် ကျိုးစွေ့သည်လည်း ချန်ဇီယွင်၏ နိုးထလာသော အသက်ရှူသံကို အာရုံခံမိလိုက်သဖြင့် အနည်းငယ် ပြုံးလိုက်လေသည်။
သူ၏လက်က သူမ၏ ချောမွေ့ပျော့ပျောင်းသော ပိတုန်းရောင်ဆံကေသာလေးများကို ပွတ်သပ်ပေးလိုက်၏။
"ရှင် ဒီလောက်တောင် စွမ်းမယ်လို့ မထင်ထားမိဘူး...”
"ယဲ့ဖေးရိုဆိုတဲ့ အဘွားကြီးက ရှင့်ကို ဘာလို့ တမ်းတမ်းစွဲဖြစ်နေလဲဆိုတာ မဆန်းတော့ဘူး...”
"ငါ့ရဲ့တပည့် ချူတျဲယီတောင် ရှင့်ကို ခွဲမသွားရက်တာပဲကြည့်...”
"အခုဆို သူက ရှင့်ရဲ့ရွှမ်ဟွမ်ဂိုဏ်းသားတောင် ဖြစ်နေပြီ… 'ကောင်းကင်မိစ္ဆာဂိုဏ်း' ကို လုံးဝ ပြန်မလာတော့ဘူးလေ...”
ချန်ဇီယွင်က ကျိုးစွေ့အား ဖက်ထားရင်း ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။
ဤကိစ္စကို ကြုံတွေ့ပြီးနောက်တွင် သူမသည် ချက်ချင်းပင် ကြီးပြင်းသွားပြီး လုံးလုံးလျားလျား ရင့်ကျက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
မိန်းမသားဆိုသည်မှာ ဤသို့သောကိစ္စများကို ဖြတ်သန်းပြီးမှသာ ဘဝက ပြည့်စုံမည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက တစ်စုံတစ်ရာ လိုအပ်နေသေးသည်ဟု ခံစားရမည်သာ။
သေချာသည်မှာ သူမအနေဖြင့် ယခုအတွေ့အကြုံအပေါ် အတော်လေး ကျေနပ်မိခြင်းပင် ဖြစ်၏။
"အို... မင်းကရော ကိုယ့်ကို ခွဲသွားရက်လို့လား...”
ကျိုးစွေ့က နောက်ပြောင်လိုက်သည်။
"ဖွီ... လူယုတ်မာ...”
"ကိုယ့်ကိုယ်ကိုယ် အရမ်းစွမ်းတယ်လို့ ထင်မနေနဲ့… ဟွန့်…. ကျွန်မဆန္ဒရှိရင် ရှင့်ကို အချိန်မရွေး ကန်ထုတ်လို့ရတယ်...”
"ရှင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်တဲ့အချိန်ကျမှ ကျွန်မကို လာကြွားစမ်းပါ...”
ချန်ဇီယွင်က ကျိုးစွေ့အား နှာခေါင်းရှုံ့လိုက်ရာ သူမ၏ မျက်နှာလှလှလေးမှာ နီရဲသွားလေသည်။
ဤလူဆိုးကောင်မှာ မျက်နှာထူလွန်းလှပြီး အခွင့်အရေးရလျှင်ရသလို အမြတ်ထုတ်တတ်သူပင် ဖြစ်သည်။
အနည်းငယ်မြှောက်လိုက်သည်နှင့် ဂွေးတက်အောင်ပင် က တော့သည်။ နှိမ့်ချရကောင်းမှန်းလည်း မသိချေ။
"အဲ့ဒီအချိန်က သိပ်မဝေးတော့ဘူးလို့ ထင်တာပဲ...”
"ခန့်မှန်းခြေအရ နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ကြာရင်တော့ ကိုယ် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်ဖို့ ကြိုးစားလို့ ရလောက်ပြီ...”
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်လေသည်။
"ရှင့်ရဲ့ကျင့်ကြံမှုက ဝိညာဉ်သန္ဓေသားအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီလား...”
"ဒီလိုဆိုမှတော့ တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အမြန်တက်လှမ်းနိုင်တော့မှာပဲ...”
ချန်ဇီယွင်သည်လည်း ကျိုးစွေ့ထံမှ အရှိန်အဝါကို အာရုံခံမိလိုက်သည်။
သူမ၏ ရင်ထဲတွင် အလွန်ပင် ခံစားချက်များ ပြည့်နှက်နေ၏။ ယခင် ဤအမျိုးသားကို သူမ ပထမဆုံးအကြိမ် တွေ့ခဲ့ရစဉ်က သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူမျှသာ ဖြစ်ခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိသွားမည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ယခုဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ပင် တက်လှမ်းတော့မည်ဖြစ်ရာ ကျင့်ကြံခြင်းအရှိန်မှာ အမှန်တကယ်ကို မြန်ဆန်လွန်းလှပေသည်။
သို့သော်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သည် ဤအမျိုးသားအား တားဆီးထားနိုင်မည် မဟုတ်ကြောင်းကိုလည်း သူမ သိထားလေသည်။
"အကယ်လို့ ရှင်သာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ကျွန်မတို့က ဟင်းလင်းပြင်ဆုံမှတ်တစ်ခုကို ရှာပြီး ဝိညာဉ်လောကဆီကို ခိုးဝင်ရလောက်မယ်...”
"ဝိညာဉ်လောကကို တက်လှမ်းနိုင်တာနဲ့ ကျွန်မတို့ရဲ့သက်တမ်းက ချက်ချင်းတိုးလာပြီး နှစ်ခြောက်ထောင်အထိ ရောက်သွားမယ်လို့ ကြားဖူးတယ်...”
"ဒီသက်တမ်းက ကျင့်ကြံခြင်းလောကထက်စာရင် အများကြီး ပိုရှည်လျားလွန်းတယ်လေ...”
ချန်ဇီယွင်က သက်ပြင်းချကာ ပြောလိုက်၏။
တကယ်တမ်းတွင် ဤသည်မှာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာ ဝိညာဉ်လောကသို့ အဘယ်ကြောင့် တက်လှမ်းချင်ကြသနည်းဆိုသည့် အကြောင်းရင်းပင် ဖြစ်၏။
ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ရှိသည်ကို အသာထား၊ သက်တမ်းရှည်လျားမှု တစ်ခုတည်းကပင် ကျင့်ကြံခြင်းလောကအနေဖြင့် ယှဉ်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ မိမိကိုယ်ကို အချိန်ပို၍ အသက်ရှည်ရှည် ရှင်သန်ချင်သူချည်းသာ မဟုတ်ပါလော။
"ဝိညာဉ်လောကမှာရှိတဲ့ သက်ရှိတွေရဲ့ သက်တမ်းက ကျုပ်တို့ထက် ဘာကြောင့် ပိုရှည်လျားနေရသလဲဆိုတာကို မင်း သိလား...”
ကျိုးစွေ့က မေးလိုက်၏။
"ဘာကြောင့်လဲ...”
ချန်ဇီယွင်က ကျိုးစွေ့အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ သူမသည် ဝိညာဉ်လောကမှာ အလွန်ထူးခြားကြောင်းကို သိထားသော်လည်း မည်သည့်နေရာတွင် ထူးခြားနေသနည်းဆိုသည်ကိုမူ မသိပေ။
"အဲဒါက ဝိညာဉ်လောကမှာ ကြီးမားတဲ့ ဖန်ဆင်းခြင်းချီစွမ်းအင်တွေနဲ့ ထူးခြားတဲ့ သက်ရှိဒြပ်စင်တွေ ပါဝင်နေလို့ပဲ...”
"ဝိညာဉ်လောကမှာ ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံသူတွေက အဲ့ဒီဖန်ဆင်းခြင်းချီစွမ်းအင်တွေကို စုပ်ယူနိုင်ပြီး ကိုယ့်ရဲ့သက်တမ်းကို တိုးလာစေနိုင်တယ်...”
"ဒါပေမဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်းလောကမှာတော့ ဒီလိုထူးခြားတဲ့ စွမ်းအင်မျိုး မရှိဘူး… အဲဒါကြောင့်မို့လို့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူတွေက သက်တမ်းနှစ်သုံးထောင်ပဲ နေနိုင်ရတာပေါ့...”
ကျိုးစွေ့က ရှင်းပြလိုက်လေသည်။
သူသည် ဟယ်ဟွမ်ဂိုဏ်းစသည့် နေရာများရှိ လျှို့ဝှက်ကျမ်းများမှ ဝိညာဉ်လောကနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်လေသည်။
ရှေးဟောင်းခေတ်ကာလများက ဝိညာဉ်လောကသို့ တက်လှမ်းနိုင်ခဲ့သူများ ရှိခဲ့သေးသည် မဟုတ်ပါလော။
ဝိညာဉ်လောကမှနေ၍ သတင်းစကားများ ပေးပို့ခဲ့သူများပင် ရှိခဲ့လေသည်။
ထို့ကြောင့် ဝိညာဉ်လောကနှင့်ပတ်သက်၍ မှတ်တမ်းတင်ထားသော အချက်အလက်များစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။
သေချာသည်မှာ ယင်းတို့သည် အကြမ်းဖျင်း အချက်အလက်များနှင့် ယေဘုယျ ဖော်ပြချက်များမျှသာဖြစ်ပြီး တိကျသော သတင်းအချက်အလက်များကိုမူ မသိနိုင်ပေ။
"ဒီလိုကိုး...”
ချန်ဇီယွင်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားရသည်။ သူမသည် ဝိညာဉ်လောကက ဤမျှပင် ထူးခြားနေမည်ဟု မသိခဲ့ပေ။ ထို့ကြောင့် ကျင့်ကြံသူများ၏ သက်တမ်းကို တိုးစေပြီး ပိုမိုရှည်လျားစေနိုင်သည်မှာ အံ့သြစရာမဟုတ်တော့ချေ။
"ဒါပေမဲ့ ဝိညာဉ်လောကဆိုတာကလည်း အေးချမ်းတဲ့နေရာမျိုး မဟုတ်ဘူး...”
"ဝိညာဉ်လောကဆိုတဲ့ နာမည်ရဲ့ မူလဇာစ်မြစ်ကလည်း ရိုးရှင်းမနေဘူးဆိုတာ သိထားရမယ်...”
"အဲဒီနေရာရဲ့ အမည်အပြည့်အစုံက စစ်မှန်သောဝိညာဉ်ကမ္ဘာလို့ ခေါ်တာ...”
"နောက်ပိုင်းကျမှ ကျင့်ကြံသူတွေက နာမည်ကို အတိုကောက်ခေါ်ပြီး ဝိညာဉ်လောကလို့ သတ်မှတ်လိုက်ကြတာလေ...”
ကျိုးစွေ့က လေးနက်သောလေသံဖြင့် ပြောလိုက်၏။
"ဘာလို့ စစ်မှန်သောဝိညာဉ်ကမ္ဘာလို့ ခေါ်ရတာလဲ...”
ချန်ဇီယွင်က မျက်နှာပေါ်တွင် နားမလည်နိုင်မှုများဖြင့် မေးလိုက်၏။
"အဲဒါက ဒီကမ္ဘာကြီးရဲ့ အသန်မာဆုံးသူတွေက အစစ်အမှန်ဝိညာဉ်တွေ ဖြစ်နေလို့ပဲ...”
"သူတို့ကမှ ဝိညာဉ်လောကရဲ့ အမြင့်ဆုံး အုပ်ချုပ်သူတွေဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်...”
"လူသားမျိုးနွယ်တွေက ဝိညာဉ်လောကမှာ သာမန်မျိုးနွယ်စုလောက်ပဲ ရှိပုံပေါ်တယ်...”
"ဒါကြောင့် တကယ်လို့ ဝိညာဉ်လောကကို တက်လှမ်းနိုင်ခဲ့ရင်တောင် ငါတို့အတွက် ကောင်းကောင်းနေရဖို့ မသေချာဘူး...”
ကျိုးစွေ့က ရှင်းပြလိုက်သည်။
"ဒီလိုသာဆိုရင် ဝိညာဉ်လောကကို မတက်လှမ်းသင့်ဘူး မဟုတ်လား...”
ချန်ဇီယွင်က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်လေသည်။
"ဒီလိုမျိုးလည်း ပြောလို့မရဘူးလေ… ဘာပဲဖြစ်ဖြစ် ဝိညာဉ်လောကကို တက်လှမ်းတာက ကြီးမားတဲ့ အကျိုးကျေးဇူးတွေတော့ ရနိုင်သေးတာပဲ...”
"စိတ်ကူးထားသလောက် သိပ်မကောင်းတာလေးပဲ ရှိတာပါ...”
"နောက်တစ်ဆင့်ကို ထပ်တက်ချင်တယ်ဆိုရင်တော့ ဝိညာဉ်လောကကို မဖြစ်မနေ တက်လှမ်းဖို့ လိုအပ်တယ်...”
"ဘာလို့လဲဆိုတော့ ဝိညာဉ်လောကမှာမှ ငါတို့ အဆင့်ဆက်တက်နိုင်အောင် ကူညီပေးမယ့် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုပြီးရှိနေလို့ပဲ...”
သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလျှင်တောင်မှ ဝိညာဉ်လောကသို့ တက်လှမ်းရန် အလျင်လိုမည်မဟုတ်ဘဲ အလုံးစုံ ပြင်ဆင်ပြီးမှသာ တက်လှမ်းရန် ရွေးချယ်မည်ဖြစ်သည်။
ဝိညာဉ်လောကသို့ တက်လှမ်းရမည့် ဟင်းလင်းပြင်ဆုံမှတ်နှင့် ပတ်သက်၍မူ 'ပစ္စည်းရှာကူ'၏ စွမ်းအားကို အားကိုးခြင်းဖြင့် အလွယ်တကူ ရှာဖွေနိုင်မည်မှာ အသေအချာပင်။
ထို့ကြောင့် သူသည် ထိုအချက်ကို လုံးဝ စိုးရိမ်မနေခြင်း ဖြစ်လေတော့သည်။
***