လင်းမူ သစ်သားပေရွက်ကို ဖတ်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း သတိပြုမိပြီးနောက် ပိတ်လိုက်သည်။ အိပ်မက်နယ်မြေထဲမှ ထွက်ခွာရန် အချိန်ရောက်လာပြီ ဖြစ်သော်လည်း ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ်နှင့် ပတ်သက်သော သတင်းအချက်အလက် ရှာဖွေမှုမှာ မအောင်မြင်ခဲ့ပုံ ရလေသည်။
သို့တိုင်အောင် လုံးဝ အချည်းနှီးတော့ မဟုတ်ဘဲ အသစ်အဆန်း အချို့ကို သူ သင်ယူနိုင်ခဲ့သည်။ အကြီးမားဆုံး အချက်မှာ ပျောက်ဆုံး အင်မော်တယ်၏ ညံ့ဖျင်းသော ပါရမီနှင့် သူ၏ ဇွဲလုံ့လပင်။ ထိုမျှလောက် စိတ်ပျက်အားငယ်စရာကောင်းပြီး ကံဆိုးမိုးမှောင်ကျမှုများကို ဖြတ်သန်းခဲ့ရသူ တစ်ဦး အနေဖြင့် ထိုမျှ ခိုင်မာသော သန္နိဋ္ဌာန်မျိုး မည်သို့ ရှိနိုင်မှန်း လင်းမူ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
“ဟူး… ငါကတော့ ဒီမှာ တိုးတက်မှု မမြန်လို့ စိတ်မရှည် ဖြစ်နေတာ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
လင်းမူ ဆက်ဖတ်ချင်ပြီး နောက်ဘာဖြစ်မည်မှန်း သိချင်နေသော်လည်း အချိန်ကန့်သတ်ချက်က သူ့ကို တားဆီးနေသည်။ သူ စည်းကမ်းတကျ လိုက်နာနေသော လုပ်ရိုးလုပ်စဉ် တစ်ခုကို တည်ဆောက်ထားပြီး ၎င်းကို မဖျက်ဆီးလိုပေ။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ကတည်းက သူ့ကျင့်ကြံခြင်းလည်း တည်ငြိမ်စွာ တိုးတက်နေပေသည်။
ထို့နောက် လင်းမူ ပျောက်ဆုံး အင်မော်တယ် ပိတ်မိနေသော သတ္တုတွင်းများကို ပြန်လည် တွေးတောမိပြီး နောက်ဆုံးတွင် ဝိညာဥ်စမ်းရေ အကြောင်းသို့ ရောက်ရှိသွား၏။ ထိုဒေသတွင် ထိုကဲ့သို့သော အရာမျိုး ရှိမရှိ သူ တွေးတောနေမိသည်။ သူ ဂူများကို မြင်တွေ့ဖူးပြီး မြောက်ပိုင်းဒေသတွင် ဂူအများအပြား ရှိကြောင်း သိထားပေသည်။
ထိုကဲ့သို့သော ဝိညာဥ်စမ်းရေမျိုး ရရှိပါက မည်သို့သော အကျိုးကျေးဇူးများ ရရှိမည်ကို လင်းမူ တွေးတောနေမိ၏။
"စီနီယာ... မှတ်တမ်းထဲမှာ ပျောက်ဆုံး အင်မော်တယ်ရဲ့ ပါရမီက နိမ့်ကျလို့ တိုးတက်မှု နှေးကွေးတယ်လို့ ပါတယ်... ဒါပေမဲ့ တခြား တစ်ယောက်ယောက်ကသာ ဝိညာဥ်စမ်းရေကို တွေ့ပြီး သုံးခဲ့ရင် ဘယ်လောက်တောင် အကျိုးကျေးဇူး ရနိုင်မလဲ..." လင်းမူ မေးလိုက်၏။
လင်းမူနှင့် အတူရှိနေသော ရွှီခုန်းသည်လည်း မှတ်တမ်းများကို သူနှင့်အတူ ဖတ်ရှုနေခဲ့ပေသည်။ ပိုမို တိကျစွာ ပြောရလျှင် လင်းမူ၏ စိတ်ထဲမှတစ်ဆင့် ဖတ်ရှုနေခဲ့ခြင်း ဖြစ်ပေသည်။ သူလည်း ပျောက်ဆုံး အင်မော်တယ်၏ ဇာတ်လမ်းကို စိတ်ဝင်စားလာပြီး အကြောင်းပြချက် ရှာမရသော ထူးဆန်းသည့် ဆန္ဒတစ်ခုကို ခံစားနေရ၏။
"အင်း... မှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ ဝိညာဥ်စမ်းရေရဲ့ အရွယ်အစားကို ထည့်တွက်ရင် ပျမ်းမျှ ပါရမီရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ကသာ အဲဒါကို စုပ်ယူခဲ့မယ်ဆို အောက်ခြေကနေ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို တိုက်ရိုက် ရောက်သွားနိုင်တယ်..."
“သူတို့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၈မှာ ရှိနေသ၍ ရေထဲက စိတ်ဝိညာဥ်ချီကို အာရုံခံစရာ မလိုဘဲ စုပ်ယူနိုင်လိမ့်မယ်... စတင်လိုက်တာနဲ့ သုံးရက်အတွင်း စိတ်ဝိညာဥ်ချီ အားလုံးကို စုပ်ယူနိုင်ပြီး အမြုတေ ဖွဲ့စည်းခြင်း အစောပိုင်း အဆင့်ကို တက်လှမ်းသွားနိုင်တယ်...”
“ကျင့်ကြံသူတွေကို အများအားဖြင့် ကန့်သတ်ထားလေ့ရှိတဲ့ အဓိက အတားအဆီး ဖြစ်တဲ့ စိတ်ဝိညာဥ်ချီ အရည် သန့်စင်ခြင်းကို ဝိညာဥ်စမ်းရေရဲ့ အကူအညီနဲ့ အလွယ်တကူ ဖြေရှင်းနိုင်တယ်... ဘာလို့လဲဆိုတော့ ရေထဲမှာ စိတ်ဝိညာဥ်ချီတွေ ပျော်ဝင်နေပြီးသား မို့လို့ပဲ..." ရွှီခုန်း ဖြေလိုက်၏။
စီနီယာ ရွှီခုန်း၏ စကားများကြောင့် လင်းမူ အလွန်အမင်း အံ့သြသွားပြီး ထိုကဲ့သို့သော ဝိညာဥ်စမ်းရေ သို့မဟုတ် ဝိညာဥ်ကျောက်တုံး မိုင်းတွင်း တစ်ခုကို ရှာတွေ့နိုင်မည့် ကံကောင်းမှုမျိုး သူ့တွင် ရှိမရှိ တွေးတောနေမိ၏။
"တကယ်တော့ ဒီဒေသမှာ ဝိညာဥ်စမ်းရေ ရှိနေသင့်တယ်..." ရွှီခုန်း ပြောလိုက်၏။
"ဟင်... တကယ်လား စီနီယာ..." လင်းမူ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်တယ်... မြောက်ပိုင်းသစ်တောမှာ ဝိညာဥ်စမ်းရေ တစ်ခု ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အခြေအနေ အားလုံး ပြည့်စုံနေတယ်... ဒါပေမဲ့ အဓိက ပြဿနာက ဝိညာဥ်စမ်းရေကို ဂူတွေ ဒါမှမဟုတ် မြေအောက် နက်နက်မှာ တွေ့ရတတ်တာပဲ... ဒီဒေသမှာ ဝိညာဥ်စမ်းရေ ရှိတယ်ဆိုတာ ရာနှုန်းပြည့် သေချာရင်တောင် မင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး...”
“လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ဝိညာဥ်ကျောက်တုံး မိုင်းတွင်းနဲ့ မတူဘဲ ဝိညာဥ်စမ်းရေက ကျောက်တုံးတွေနဲ့ တခြား အရာတွေကြောင့် အလွယ်တကူ ဖုံးကွယ်ခံထားရတယ် ဆိုတာတော့ ထည့်ပြောစရာတောင် မလိုဘူး... ဝိညာဥ်စမ်းရေရဲ့ ချီအမှတ်အသားကလည်း အရမ်း မှေးမှိန်ပြီး အဲဒါကို ရှာဖွေရတာ ကောက်ရိုးပုံထဲ အပ်ရှာရသလို ခက်ခဲပင်ပန်းတဲ့ အလုပ်တစ်ခုပဲ..." ရွှီခုန်း ရှင်းပြလိုက်၏။
သူ့စကားများကို ကြားပြီးနောက် လင်းမူ အနည်းငယ် စိတ်ပျက်သွားပြီး လောလောဆယ် မရှိသေးသော အရာတစ်ခုကို သူ အလွန်အမင်း စွဲလမ်းနေမိကြောင်း သဘောပေါက်သွားသည်။
ဟူး
လင်းမူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အနည်းငယ် ရှုပ်ထွေးနေသော သူ့အတွေးများကို ပြန်လည် စုစည်းလိုက်၏။
'ငါ့ရည်မှန်းချက်ကိုပဲ အာရုံစိုက်သင့်တယ်... ပျောက်ဆုံး အင်မော်တယ်တောင် အဆိုးရွားဆုံး အခြေအနေတွေမှာ လုပ်နိုင်ခဲ့တယ်ဆိုရင် ငါက သူ့ထက် အဆပေါင်းများစွာ ပိုကောင်းတဲ့ အခြေအနေတွေမှာ သေချာပေါက် လုပ်နိုင်ရမယ်...' လင်းမူ ပြတ်သားစွာ တွေးလိုက်သည်။
သူ သစ်သားပေရွက်ကို သိမ်းဆည်းလိုက်ပြီး အိပ်မက်နယ်မြေထဲမှ ပျောက်ကွယ်သွားကာ လက်တွေ့ကမ္ဘာတွင် ပေါ်လာ၏။ ထိုနေရာတွင် မွှေးပွလေး သူ့ဘေးတွင် ကွေးကွေးလေး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ လင်းမူ သာယာသော ညည်းတွားသံများကို နားထောင်ရင်း ၎င်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
ထူးဆန်းသည်မှာ ညည်းတွားသံများက သူ့နှလုံးသားကို တည်ငြိမ်စေပုံ ရပြီး ဆက်သွယ်မှုကို အာရုံခံကြည့်သောအခါ ယခင်ကထက် နှစ်ဆ ပိုမို အားကောင်းလာကြောင်း လင်းမူ တွေ့ရှိလိုက်ရသည်။
"ဒါ ကောင်းတယ်... စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတွေက မွှေးပွလေး အပေါ် အာနိသင် ရှိနေတုန်းပဲ ထင်တယ်..." လင်းမူ ရေရွတ်လိုက်၏။
သူ မွှေးပွလေး ၏ ကျင့်ကြံခြင်း အခြေခံကို အာရုံခံကြည့်ရာ ချီစုဆောင်းခြင်း အလယ်အဆင့်၏ လေးပုံတစ်ပုံခန့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သားရဲလေး နိုးလာမည့်ပုံ မပေါ်သဖြင့် လင်းမူ သူ့ကိုယ်ပိုင် လုပ်ရိုးလုပ်စဉ်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။
"အလုပ်ပြန်စရအောင်..." လင်းမူ ပြောဆိုပြီး အသားများကို ထုတ်ယူကာ စားသောက်ပြီးနောက် အသက်စွမ်းအင်ကို စုပ်ယူလိုက်သည်။
ထို့နောက် အခြေခံ ချီဆေးလုံးများ ပါရှိသော သေတ္တာကို ထုတ်ယူပြီး တစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
လင်းမူ၏ နှုတ်ခမ်းမှ ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး သူ့ကျင့်ကြံခြင်းတွင် နစ်မြောသွားတော့သည်။
လင်းမူ ကျင့်ကြံခြင်းတွင် အာရုံနစ်မြောနေစဉ် ဝူလင်မြို့ မြို့တော်ဝန် ဝူရွှမ် သူ့ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။
သူ့မျက်နှာကို ကြည့်ရုံဖြင့် တစ်ခုခုကို စိတ်အနှောင့်အယှက် ဖြစ်နေပြီး မငြိမ်မသက် ဖြစ်နေကြောင်း သိနိုင်ပေသည်။ သူ ထိုပုံစံအတိုင်း တစ်နာရီနီးပါး နေပြီးနောက် ရုတ်တရက် ရပ်တန့်သွား၏။ သူ့ခါးပတ်မှ ဆက်သွယ်ရေး ကျောက်စိမ်းပေရွက် တစ်ခုကို ထုတ်ယူပြီး လက်ထဲတွင် စက္ကန့်အနည်းငယ်ကြာ ကိုင်ထားလိုက်သည်။
"ဟားဟားဟားဟား..." သူ့နှုတ်ခမ်းမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာပြီး စိတ်အခြေအနေ ချက်ချင်း ကောင်းမွန်သွားတော့သည်။
"ကျိုးတီ... မင်းရဲ့ အဆုံးသတ်က ပိုပိုပြီး နီးကပ်လာပြီ... မကြာခင် မင်းရဲ့ မိသားစု လုပ်ခဲ့တဲ့ အရာတွေအတွက် မင်းရဲ့ ပိုင်နက် တစ်ခုလုံး ပေးဆပ်ရလိမ့်မယ်..."
အခန်း ၂၇၃ ပြီး
***