"လူသစ်နဲ့ တွေ့တိုင်း ငါ့အသက်အကြောင်း ရှင်းပြနေရတာ အကျင့်တောင် ဖြစ်နေပြီ"
ကျိချောင်းယန်က ဘာမှမတတ်နိုင်သလို လက်ကိုဖြန့်ပြရင်း လီဝမ်ရှီး၏ စကားကို ပြန်လည်ပြင်ဆင်ပေးလိုက်၏။
"ငါ့မှာ လုပ်ငန်းခွင် အတွေ့အကြုံတွေ အများကြီး မရှိပါဘူး"
ချီရွှယ်ဖေးသည် ကျိချောင်းယန်၏ မျက်နှာကို ခပ်ကြာကြာလေး စိုက်ကြည့်နေမိ၏။
ဤအရာမှာ အသက်အရွယ်ကို ဖုံးကွယ်ထားနိုင်သည့် ဒဏ္ဍာရီလာ ကလေးမျက်နှာဆိုသည်လား။
ကြည့်ရသည်မှာ အတော်လေးတော့ အားကျစရာ ကောင်းလှပေသည်။
"ကြည့်ရတာ ဟိုဘက်က လူတွေကို မင်း ရှင်းပစ်လိုက်ပြီ ထင်တယ်..."
ကျိချောင်းယန်က သူ့လည်ပင်းကို လက်ဖြင့် လှီးပြသည့် အမူအရာလုပ်ရင်း ရွှီရှင်းအား မေးလိုက်၏။
"အင်း... အဲဒီလူက အကျင့်မကောင်းတဲ့ကောင်၊ သူ့ရဲ့ အပြုအမူတွေက အရမ်းရွံဖို့ကောင်းလွန်းတယ်၊ ငါတို့ စူးစမ်းရှာဖွေသူများ အဖွဲ့က ဘယ်သူ့ကိုမဆို လက်ခံနေမှာ မဟုတ်ဘူးလေ"
ရွှီရှင်းက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ သူက တခြားသူရဲ့ စွမ်းရည်ကို အားကိုးနေရတဲ့ သာမန်ရှင်ကျန်သူတစ်ယောက် ဖြစ်ပြီး၊ အစ်မရွှယ်ဖေးကိုတောင် မတော်တရော် လုပ်ဖို့ ကြိုးစားသေးတာ။ ဒီလိုလူမျိုးကို ငါတို့ဆီ ပေးဝင်လို့ လုံးဝ မဖြစ်ဘူး"
လီဝမ်ရှီးကလည်း ရွှီရှင်း၏ စကားကို အပြည့်အဝ ထောက်ခံနေလေသည်။
"ဒီကိစ္စမှာ နောက်ထပ်လူတစ်ယောက် ပါသေးတယ်၊ အဲဒါကိုတော့ နောက်မှ အသေးစိတ် ပြောကြတာပေါ့"
ရွှီရှင်းက စကားကို ရပ်လိုက်၏။
ဘာပဲဖြစ်ဖြစ် ဘေးနားမှာ နောက်ထပ်လူတစ်ယောက် ရှိနေသေးသည်မဟုတ်ပါလား။
သူသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး တစ်ခွန်းမှ မပြောသေးသည့် အမျိုးသမီးကို လက်ညှိုးညွှန်ပြကာ"ဒါက..." ဟု မေးလိုက်၏။
သစ်မြစ်ဘေးတွင် ထိုင်နေသော ထိုအမျိုးသမီးမှာ ခေါင်းမော့ကာ သူတို့ကို ကြည့်လိုက်၏။
သူမသည် အစိမ်းရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သာမန်ရှင်ကျန်သူတစ်ဦးဖြစ်ကြောင်း သိသာလှ၏။
သူတို့ စကားပြောနေစဉ်အတွင်း သူမသည် ဝင်မပြောဘဲ ခဲခဲလေးကိုသာ စိုက်ကြည့်နေပြီး ကိုင်ကြည့်ရန်ပင် လက်လှမ်းနေသေးသည်။
ခဲခဲကတော့ သူမကို ကျောခိုင်းပြီး ရှောင်တိမ်းနေသော်လည်း သူမကတော့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲ ပင်။
"သူက အရှေ့ဘက် သစ်ပင်အိမ်က ရှင်ကျန်သူ တစ်ယောက်ပါ၊ သာမန် ရှင်ကျန်သူပဲ။ သူမရဲ့ သစ်ပင်အိမ်မှာ မြှားပစ်စက် လည်း မရှိဘူး၊ ချပ်ဝတ်တန်ဆာလည်း မရှိဘူး။ ငါ ပေါက်ကွဲ မြှား အနည်းငယ် သုံးလိုက်တာနဲ့ သူမ အရှုံးပေးလိုက်တာပဲ"
ကျိချောင်းယန်က မြေပြင်တွင် ထိုင်နေသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်၏။
"ငါ သူမနဲ့ စကားပြောကြည့်တော့ သူမက ညီမရွှယ်ဖေးရဲ့ လက်အောက်မှာ နေဖို့ သဘောတူတယ်"
ပြောပြောဆိုဆိုဖြင့် သူသည် ကျောပိုးအိတ်ထဲမှ သစ်ပင်အိမ်မျိုးစေ့နှင့် အမြုတေကို ထုတ်ယူကာ ချီရွှယ်ဖေးအား ကမ်းပေးလိုက်၏။
"ဒါတွေက ညီမအတွက်ပဲ၊ ဒီလူလည်း ညီမအတွက်ပဲနော်"
သူတို့က သူ့အကြောင်း ပြောနေသည်ကို မြင်သောအခါ အမျိုးသမီးသည် မတ်တတ်ရပ်လိုက်ပြီး ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့ကို ကြည့်လိုက်၏။
နောက်ဆုံးတွင်တော့ သူမ၏ မျိုးစေ့နှင့် အမြုတေကို ကိုင်ထားသော ချီရွှယ်ဖေးထံတွင် အကြည့်က ရပ်တန့်သွားကာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရချေသည်။
"ဟို... ကျွန်မ..."
သူမသည် သူမ၏ အင်္ကျီအနားစကို လက်ဖြင့် အသာအယာ ပွတ်နေမိ၏။
"မင်္ဂလာပါ... ကျွန်မ..."
အမျိုးသမီးမှာ အလွန်ပင် တုန်လှုပ်နေသည်ကို မြင်သောအခါ ချီရွှယ်ဖေးသည် ရှေ့သို့ တိုးသွားပြီး သူမကို အသာအယာ ဖက်လိုက်၏။
"ကဲပါ... နင် ဒီကို ရောက်လာပြီဆိုတော့ ငါတို့ရဲ့ အဖော်ပဲပေါ့။ ငါ အရင်ဆုံး နင့်ရဲ့ သစ်ပင်အိမ်ကို စိုက်ပေးမယ်နော်"
ချီရွှယ်ဖေး၏ လုပ်ရပ်ကြောင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ နှစ်ဦးစလုံး မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိကြသည်။
သူမ၏ သစ်ပင်အိမ်မှာ အမြစ်ကနေ နုတ်ယူခြင်း ခံထားရပြီး ဖြစ်ရာ ယခုအခါ တခြားသူကို အားကိုးပြီးမှ ရှင်သန်နိုင်တော့မည် ဖြစ်သည်။
သို့သော်လည်း ချီရွှယ်ဖေးမှာ သတိလက်လွတ် နိုင်လွန်းမနေပေဘူးလား။
တကယ်လို့ ဒီအမျိုးသမီးက မျိုးစေ့နဲ့ အမြုတေကို ခိုးယူသွားရင် ဘယ်လိုလုပ်မလဲ။
သို့သော်လည်း ချီရွှယ်ဖေး၏ လုပ်ရပ်ကြောင့် အမျိုးသမီး၏ မျက်နှာမှာ ကြည်လင်သွားပြီး စိတ်သက်သာရာ ရသွားပုံရ၏။
သူမက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့၊ ဒီနေ့ကစပြီး ကျွန်မ အစ်မနောက်ပဲ လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
"အစ်မ... နာမည်က ဘယ်သူလဲ"
လီဝမ်ရှီးသည်လည်း အနားသို့ တိုးသွားသဖြင့် ရွှီရှင်း၏ မျက်ခုံးများ လှုပ်သွားရပြန်သည်၏။
ဤမိန်းကလေးနှစ်ယောက်မှာ မိန်းကလေး အချင်းချင်းမို့လို့ပဲ သတိလက်လွတ် ဖြစ်နေကြတာလား။
ဤအမျိုးသမီးမှာ အနည်းဆုံးတော့ နယ်မြေ ၁၈၇ က လူတစ်ယောက် ဖြစ်ပေသည်။
နယ်မြေ ၁၈၇ ရဲ့ ခေါင်းဆောင် ကျန်းတောက်ကွမ်ဆီကနေ အသက်ချမ်းသာရာ ရထားတဲ့သူလည်း ဖြစ်နိုင်ချေရှိသည်။
တကယ်လို့ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ...။
ဘယ်လိုဖြစ်လို့ သူမကို ကိုယ့်လူလိုမျိုး ချက်ချင်း လက်ခံနိုင်ကြတာလဲ..။
ပြင်ပနယ်မြေက လူတွေအပေါ် ရွှီရှင်း ထားရှိတဲ့ သဘောထားကတော့ သူတို့ကို အလုပ်လုပ်ခိုင်းဖို့နဲ့ လုပ်အားအပေါ် မူတည်ပြီး အရင်းအမြစ်တွေ ခွဲဝေပေးဖို့ပဲ ဖြစ်၏။
အလုပ်မလုပ်ရင် အရင်းအမြစ် မပေးဘူး။ အနည်းဆုံးတော့ အစပိုင်းမှာ ဒီလိုပဲ ဖြစ်သင့်သည်မဟုတ်ပါလား။
ဘယ်လိုလူလဲဆိုတာကို အချိန်အတိုင်းအတာတစ်ခုအထိ အကဲခတ်ရဦးမည် မဟုတ်ပါလား။
သို့သော်လည်း သူတို့ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်ကို မြင်သဖြင့် သူ ဘာမှ ထပ်မပြောတော့ချေ။
ထားလိုက်ပါတော့လေ...။
သစ်ပင်အိမ်ကို စိုက်လိုက်ပြီဆိုတာနဲ့ ထိုလူတွေရဲ့ အသက်က အဓိက သစ်ပင်အိမ်ပိုင်ရှင်ရဲ့ လက်ထဲမှာ ရှိနေမှာဆိုတော့ ဘာပြဿနာမှတော့ အကြီးအကျယ် ရှာနိုင်မှာ မဟုတ်တော့ပေ။
ပထမဆုံး ဖမ်းဆီးရမိသော အမျိုးသမီးမှာ အတော်လေး ကံကောင်းသည်ဟု ဆိုရပေမည်။
သူမကို စဦးအဆင့် အကျဉ်းသား ဟုပင် ခေါ်နိုင်သည်။
နောက်ကျ ဖမ်းမိတဲ့သူတွေ များလာရင်တော့ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံမှုကို ရကြမှာ မဟုတ်ချေ။
"ကဲ... ငါ အရင်ဆုံး ဒီသစ်ပင်အိမ် မျိုးစေ့နှစ်ခုကို သွားစိုက်လိုက်ဦးမယ်၊ နင်တို့ နှစ်ယောက် အရင်တက်သွားချင်လား"
ချီရွှယ်ဖေးက ရွှီရှင်းနှင့် ကျိချောင်းယန်ဘက်ကို လှည့်ကာမေးလိုက်၏။
"မလိုပါဘူး၊ ကပ်ပါးသစ်ပင်အိမ်တွေက ကြီးတာ အရမ်းမြန်ပါတယ်။ အစ်မ သွားလိုက်ပါ၊ ငါတို့ ဒီမှာပဲ စောင့်နေပါ့မယ်"
"ကောင်းပြီလေ"
ချီရွှယ်ဖေးသည် ထိုအမျိုးသမီးနှင့်အတူ ထွက်သွား၏။
"ညီမလည်း လိုက်မယ်"
လီဝမ်ရှီးလည်း သူတို့နောက်ကနေ အမြန်လိုက်သွားလေသည်။
မိန်းကလေး သုံးယောက်မှာ သစ်ပင်အိမ် စိုက်ရန် ထွက်သွားကြ၏။
ချီရွှယ်ဖေး၏ အကာအကွယ်နယ်မြေ ကို အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းနေသော မြစ်တစ်စင်းက နှစ်ခြမ်း ခွဲထား၏။
သူတို့ မြစ်ကို မကူးဘဲ ဤဘက်အခြမ်းမှာပဲ သင့်တော်တဲ့ နေရာကို လိုက်ရှာနေကြသည်။
ရွှီရှင်းမှာ ချီရွှယ်ဖေးက ထိုအမျိုးသမီး၏ သဘောထားကို မေးမြန်းနေပြီး ဘယ်နေရာမှာ စိုက်ချင်လဲလို့ မေးနေတာကိုတောင် ကြားနေရ၏။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာမှမတတ်နိုင်သလို ခေါင်းခါလိုက်ကြတော့၏။
"အန္တရာယ် တစ်ခုခု ရှိနိုင်မလား"
ရွှီရှင်းက ထိုအမျိုးသမီး ပြဿနာရှာမှာကို အနည်းငယ် စိုးရိမ်သဖြင့် မေးလိုက်သည်။
"မရှိပါဘူး၊ သူမရဲ့ လက်နက်တွေနဲ့ ကိရိယာတွေ အားလုံး ငါ့ဆီမှာ ရှိတယ်"
ကျိချောင်းယန်က သူ၏ ကျောပိုးအိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါ့အပြင် သူမရဲ့ သစ်ပင်အိမ်ကိုလည်း ငါ စစ်ဆေးပြီးပြီ။ သူမက တကယ့် သာမန်ရှင်ကျန်သူ တစ်ယောက်ပါပဲ။ တကယ်လို့ ပြဿနာ ရှိလာရင်တောင် ဟိုနှစ်ယောက်က သူတို့ဘာသာ ကိုင်တွယ်နိုင်ပါတယ်၊ စိုးရိမ်စရာ မလိုပါဘူး"
ရွှီရှင်းက မိန်းကလေး သုံးယောက် ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူတို့ မြေကွက်တစ်ခုကို လက်ညှိုးထိုးပြီး ဆွေးနွေးနေကြသည်ကို မြင်လိုက်ရ၏။
"ဒီလောက်နီးနီးလေးမှာ စိုက်မှာလား"
ရွှီရှင်းက ရေရွတ်လိုက်သည်။
"ကပ်ပါးသစ်ပင်အိမ်ကို ပင်မသစ်ပင်အိမ်နဲ့ နီးနီးနားနား စိုက်ထားတာက စီမံခန့်ခွဲဖို့ ပိုကောင်းပါတယ်"
ကျိချောင်းယန်ကလည်း ထိုဘက်သို့ လှမ်းကြည့်လိုက်၏။
ကပ်ပါးသစ်ပင်အိမ်တွေဟာ အကာအကွယ်နယ်မြေ အတွင်းမှာ ရှိနေသရွေ့ ပင်မအိမ်နဲ့ ဝေးဝေးမှာလည်း စိုက်လို့ ရ၏။
ဥပမာအားဖြင့် အခု ရွှီရှင်းရဲ့ အကာအကွယ်နယ်မြေက ၉ ကီလိုမီတာ ပတ်လည် ရှိတာကြောင့်၊ အဲဒီ ၉ ကီလိုမီတာအတွင်းမှာ စိုက်တဲ့ ကပ်ပါးသစ်ပင်အိမ်မှန်သမျှဟာ သူ့ရဲ့ ပင်မအိမ်မှာ တွယ်ကပ်နေမှာ ဖြစ်ပေသည်။
သို့သော်လည်း...
"အကာအကွယ်နယ်မြေတွေက တစ်ခုနဲ့တစ်ခု ထပ်နေနိုင်တယ်လေ။ အဲဒီ ထပ်နေတဲ့ နေရာမှာ ကပ်ပါးသစ်ပင်အိမ် စိုက်လိုက်ရင် ဘာဖြစ်မယ် ထင်လဲ"
ရွှီရှင်းက ရုတ်တရက် ဤကိစ္စကို စဉ်းစားမိသွား၏။
ထပ်နေတဲ့ နေရာဆိုတာ သစ်ပင်အိမ် နှစ်လုံးရဲ့ အမြစ်တွေ ရောယှက်နေတဲ့ နေရာလို့ သတ်မှတ်နိုင်၏။
ဒါဆိုရင် အဲဒီ ကပ်ပါးအိမ်က ဘယ်အိမ်ရဲ့ အမြစ်မှာ သွားပြီး တွယ်ကပ်မလဲဆိုတာကတော့ အမှန်တကယ်ပင် မသေချာလှချေ။
"ဒါကတော့..."
ကျိချောင်းယန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။
"တကယ်ကို မသေချာဘူးပဲ။ ငါလည်း ဒါကို စဉ်းစားဖူးတယ်၊ ဖြစ်နိုင်တာက ဘယ်သစ်ပင်အိမ်က ပိုသန်မာလဲပေါ်မူတည်ပြီး အဲဒီအိမ်မှာ သွားပြီး တွယ်ကပ်တာမျိုး ဖြစ်နိုင်မလား။ ဒါပေမဲ့ ဘယ်သူကမှ ကပ်ပါးသစ်ပင်အိမ်ကို ဒီလောက်အဝေးကြီးမှာ သွားမစိုက်လောက်ပါဘူး၊ ဟုတ်တယ်မလား"
အခုအချိန်မှာတော့ အကာအကွယ်နယ်မြေတွေ ထပ်နေတဲ့ နေရာက ပင်မအိမ်ကနေ ၅ ကီလိုမီတာ ဒါမှမဟုတ် ၆ ကီလိုမီတာလောက် ဝေးတဲ့ နေရာမှာ ရှိနေတာဖြစ်ရာ၊ အခုလောလောဆယ် ရှင်ကျန်သူတွေအတွက်တော့ ဒါက အတော်လေး ဝေးတဲ့ အကွာအဝေး ဖြစ်ပေသည်။
နောင်ကျရင် အကာအကွယ်နယ်မြေတွေ ထပ်ပြီး ကျယ်ပြန့်လာတဲ့အခါ ဒါက အနာဂတ်ရဲ့ ပြဿနာ ဖြစ်လာနိုင်ချေရှိသည်။
ရွှီရှင်းက ခေါင်းခါလိုက်ပြီး ထိုအတွေးကို ခေတ္တ ဘေးဖယ်ထားလိုက်၏။
သူတို့ ပြန်မလာသေးခင်မှာပဲ သူနဲ့ လီဝမ်ရှီးတို့ ကြုံတွေ့ခဲ့ရတာတွေကို ကျိချောင်းယန်အား ပြန်ပြောပြလိုက်၏။
မာဟုန်ယွီရဲ့ ကိစ္စကို ပြောပြတဲ့အခါ ကျိချောင်းယန်က အစပိုင်းမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း၊ နောက်ပိုင်းမှာတော့ အံ့သြတကြီး အမူအရာ ပေါ်လာ၏။
မာဟုန်ဝေအကြောင်း ပြောတဲ့အခါမှာတော့ သူ၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားပြီး ရွှီရှင်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"မင်း ပြောတာက... အဲဒီ မာဟုန်ဝေမှာ သစ်ပင်အိမ်ရဲ့ ပြင်ပလက်နက် အားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရှိတယ်လို့ ဆိုလိုတာလား"
---
အခန်း ၂၆၀ ပြီး။