ချော်ရည်အိုင်မျက်နှာပြင်မှာ ရုတ်တရက် ဆူပွက်လာပြီး အပူလေလှိုင်းတစ်ခုက သူတို့ဆီသို့ ရိုက်ခတ်လာသည်။
လင်းထျန်းလုံသည် ငွေပြာဘုရင်မျက်၀န်းများဖြင့် ရေကန်ဗဟိုချက်ကို စိုက်ကြည့်လိုက်သည်။ ထိုမြေကမ္ဘာအမြုတေ မီးကြာပန်း၏အောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ဖြည်းညင်းစွာ မြင့်တက်လာနေလေသည်။
“သတိထား”
ရိုးရှင်းသော စကားလုံးနှစ်ခွန်းနှင့်အတူ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းထားခါစဖြစ်သည့် ဝံပုလွေအုပ်သည် တိုက်ပွဲဝင်အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားသည်။
မဟာနှင်းအစောင့်အရှောက်များက ဒဏ်ရာရနေသော ခန္ဓာကိုယ်များဖြင့် သူတို့၏ ဖွဲ့စည်းပုံကို ချက်ချင်း ပြန်လည်ဖွဲ့စည်းလိုက်သည်။
ရေပြာကြေးခွံအစောင့်အရှောက်များကလည်း လျင်မြန်စွာ နေရာယူလိုက်ကြပြီး လုပ်ကြံသတ်ဖြတ်သူများ၏ ပုံရိပ်များက ကျောက်နံရံအရိပ်များထဲတွင် တိတ်တဆိတ် ပျော်ဝင်သွားကြသည်။
ရှောင်ယင်းက လင်းထျန်းလုံ၏ အမွေးများကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်မိသည်။ “ဖေဖေ... အောက်မှာ နောက်ထပ် တစ်ခုခု ရှိနေသေးတာလား”
ရှောင်လန်က လေးနက်စွာ ကြည့်လိုက်သည်။ “ဒီလှုပ်ခတ်မှုက... စောစောက နဂါးသားရဲနှစ်ကောင်ထက် ပိုပြီးသိမ်မွေ့နေတယ်”
ရန့်မြဲ့သည် လင်းထျန်းလုံ၏ အရှေ့သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။ သူ၏ အကြွင်းမဲ့ရေခဲဝိညာဉ်မှ အအေးဓာတ်မှာ မြူများဖုံးလွှမ်းနေသော ဂူထဲတွင် အထူးတလည် ထင်ရှားနေလေသည်။ “ဘုရင်မင်းမြတ်... ကျွန်တော်တို့ စမ်းသပ်ကြည့်ဖို့လိုမလား”
“ခဏစောင့်ဦး” လင်းထျန်းလုံက ထက်ရှသောအကြည့်ဖြင့် ပြောလိုက်သည်။ “သူက ငါတို့ကို စောင့်ကြည့်နေတာ”
ဤသို့ အကဲစမ်းနေချိန်တွင် ထျန်းပင်းက ကြေးနီရမြေအောက်မီးနဂါး၏ အလောင်းကို ဆွဲကာ လျှောက်လာသည်။ ချော်ရည်များထံမှ ထွက်ပေါ်လာသော အပူငွေ့များက သူ၏ ရွှေရောင်ရင့်ရင့် အမွေးများပေါ်တွင် ကပ်တွယ်နေဆဲပင်။
“ဘာပဲဖြစ်ဖြစ်... သူ ထွက်လာရဲရင် ငါတို့ အတူတူ ရှင်းပစ်လိုက်မယ်”
သူ၏အသံက ဂူထဲတွင် ပဲ့တင်ထပ်သွားပြီး တစ်ခုခုကို ဆွဲဆောင်လိုက်သကဲ့သို့ပင်။
ဘုန်း…
ချော်ရည်အိုင်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ရေကန်အနှံ့ ဖြန့်ကျက်ထားသော ဆူးတောင်တစ်ခု ရေပြင်ကို ခွဲထွက်လာသည်။ ၎င်း၏ အရွယ်အစားမှာ စောစောက နဂါးသားရဲများထက် များစွာသာလွန်နေလေသည်။
ထိုဆူးတောင်က ချော်ရည်ကို ခွဲထွက်လာသည်နှင့် တစ်ပြိုင်နက် ဂူတစ်ခုလုံး၏ အပူချိန်မှာ တဟုန်ထိုး မြင့်တက်သွားတော့သည်။ အနီရင့်ရောင် ကြေးခွံများက ချော်ရည်များထဲတွင် တလက်လက် တောက်ပနေပြီး ရေပေါ်ပေါ်နေသော အပိုင်းတစ်ခုတည်းကပင် ယခင် ကြေးနီမြေအောက်မီးနဂါးထက် အဆပေါင်းများစွာ ကြီးမားနေသည်။
“နောက်ဆုတ်” လင်းထျန်းလုံ အော်လိုက်ပြီး သူ၏ စိတ်စွမ်းအားဖြင့် သမီးငယ်နှစ်ဦးကို ဆွဲယူကာ လျင်မြန်စွာ နောက်ဆုတ်သွားသည်။
တစ်ပြိုင်နက်တည်းလိုလိုပင် ချော်ရည်အိုင်အလယ်တွင် မီးလျှံမိုးများ ပေါက်ကွဲထွက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး အနီရင့်ရောင်ရှိပြီး မျက်လုံးသုံးလုံးပါသော ဧရာမပုတ်သင်ညိုနှင့်တူသည့် သက်ရှိကြီးတစ်ကောင် ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
သူ၏ တတိယမျက်လုံးမှာ နဖူးအလယ်တည့်တည့်တွင် ရှိပြီးဝံပုလွေအုပ်ကို အေးစက်စက် ငုံ့ကြည့်နေသည်။
[စနစ်အသိပေးချက်]။ ။ရှေးဟောင်းအစောင့်အရှောက် · ဧရာမချော်ရည်ပုတ်သင်ညို (အဆင့် ၄၀ ဒုတိယ ဘုရင်အဆင့်) ကို တွေ့ရှိသည်။
ပင်ကိုစွမ်းရည်များ - ချော်ရည်အရှင်သခင် (ရွှေရောင် အဆင့်မြင့်)၊ သုံးမွှာမျက်လုံးအကြည့် (ရွှေရောင် အဆင့်မြင့်)။
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ “အဆင့် ၄၀ ဒုတိယ ဘုရင်အဆင့်... ရှေးဟောင်းအစောင့်အရှောက်...”
ရန့်မြဲ့၏ အသံထဲတွင် မကြုံစဖူး လေးနက်မှုတစ်ခု ပါဝင်နေသည်။ “ဘုရင်မင်းမြတ်... ဒီရန်သူက... ပုံမှန်မဟုတ်ဘူး”
ထျန်းပင်းကမူ အရိုးသဖွယ် ဖြူဖွေးနေသောသွားများကို ဖော်ကာ ပြုံးလိုက်သည်။ “ကောင်းတယ်... စောစောကတိုက်ရတာ အားမရသေးဘူး”
ထိုအချိန်တွင် ဧရာမချော်ရည်ပုတ်သင်ညို၏ တတိယမျက်လုံးက ထူးဆန်းသော အနီရောင်အလင်းများ ရုတ်တရက် တောက်ပလာလေသည်။
ဝံပုလွေအုပ်စု ကမ်းစပ်သို့ ဆွဲလာခဲ့သော နဂါးသားရဲနှစ်ကောင်၏ အလောင်းများမှာ လျင်မြန်စွာ အရည်ပျော်ကျသွားပြီး သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲကာ ရေကန်အလယ်ဆီသို့ စီးဝင်သွားသည်။
“သူက သူ့မျိုးနွယ်တွေရဲ့ စွမ်းအားကို စုပ်ယူနေတာပဲ” ယင်းဖုန်း၏ အသံက အရိပ်များထဲမှ ထွက်ပေါ်လာသည်။
လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် လျှပ်တစ်ပြတ်ပေါ်လာလေသည်။ “သူ စုပ်ယူပြီးသွားအောင် ခွင့်ပြုလို့မဖြစ်ဘူး။ ထျန်းပင်း သူ့ကိုသွားနှောင့်ယှက်လိုက်”
“ကျွန်တော့်ကိုသာ လွှဲထားလိုက်” ရွှေရောင်ရင့်ရင့် ပုံရိပ်က ခုန်ထွက်သွားပြီး ချော်ရည်များ၏ ရောင်ပြန်ဟပ်မှုအောက်တွင် သူ၏ ထာ၀ရဗာဂျရာခန္ဓာမှာ မျက်စိကျိန်းမတတ် တောက်ပနေခဲ့သည်။
သို့သော် ထျန်းပင်း ရေကန်အလယ်သို့ ရောက်ခါနီးတွင် ချော်ရည်ဧရာမပုတ်သင်ညို၏ တတိယမျက်လုံးမှ အနီရောင်အလင်းများက ရုတ်တရက် ပိုမိုတောက်ပလာပြီး…..
“ဝှစ်”
ရှေ့သို့ ပြေးဝင်နေသော ထျန်းပင်း၏ ပုံရိပ်မှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ချည်နှောင်ခံလိုက်ရသကဲ့သို့ လေထဲတွင် ရုတ်တရက် အေးခဲသွားလေသည်။
“ဦးဦးထျန်းပင်း” ရှောင်ယင်းက အလန့်တကြား အော်လိုက်သည်။
ရှောင်လန်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ “အဲဒီမျက်လုံးက... တစ်ခုခု ထူးဆန်းနေတယ်”
ဧရာမချော်ရည်ပုတ်သင်ညိုသည် သူ၏ ဧရာမမေးရိုးကြီးကို ဟလိုက်ရာ ချော်ရည်များက သူ၏ လည်ချောင်းထဲတွင် ဖျက်ဆီးခြင်း စွမ်းအင်လုံးတစ်ခုအဖြစ် စုစည်းလာသည်။ လေထဲတွင် ချုပ်နှောင်ခံထားရသော ထျန်းပင်းသည် ပုတ်သင်ညို၏ ပြီးပြည့်စုံသော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် ရန့်မြဲ့ လှုပ်ရှားလာလေသည်။
အကြွင်းမဲ့ရေခဲဝိညာဉ်မှာ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ဖြူဖျော့ဖျော့ ရေခဲမီးတောက်များက ချော်ရည်ဧရာမပုတ်သင်ညို၏ တတိယမျက်လုံးဆီသို့ ဒီရေပမာ စီးဆင်းသွားသည်။
အစွန်းရောက်အအေးဓာတ်နှင့် ပြင်းထန်သော အပူဓာတ်တို့ လေထဲတွင် ထိပ်တိုက်တွေ့ဆုံကာ နားကွဲမတတ် တရှဲရှဲအသံများ ထွက်ပေါ်လာသည်။
“ယင်းဖုန်း” ရန့်မြဲ့ အော်လိုက်လေသည်။
အပိုစကားများမလိုချေ။ ထျန်းပင်း၏ အနောက်တွင် တစ္ဆေအရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာပြီးပြီဖြစ်သည်။ တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း၏ စွမ်းအားက ဟင်းလင်းပြင်ချုပ်နှောင်မှုကို အက်ကြောင်းတစ်ခု ဖြစ်သွားစေပြီး ရေခဲခြေရာ၏ အအေးဓာတ်များ ပါဝင်သော ယင်းဖုန်း၏ လက်သည်းများက မမြင်ရသော ချုပ်နှောင်မှုကို ရက်စက်စွာ ခုတ်ပိုင်းလိုက်သည်။
“ဂျလွတ်“
ဟင်းလင်းပြင်ချုပ်နှောင်မှု အက်ကွဲသွားသည်။ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ထျန်းပင်းသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏ ပြောင်းပြန်ကြေးခွံ စွမ်းရည်ကို အသက်သွင်းကာ ရွှေရောင်ရင့်ရင့်အလင်းများ ပေါက်ကွဲထွက်လာပြီး ပုံပေါ်ခါနီး ချော်ရည်စွမ်းအင်လုံးကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
ဘုန်းးးး။
ပေါက်ကွဲမှု၏ ရိုက်ခတ်မှုလှိုင်းက ဂူတစ်ခုလုံးကို တိုက်ခတ်သွားပြီး ချော်ရည်အိုင်မျက်နှာပြင်တွင် ဧရာမလှိုင်းလုံးကြီးတစ်ခု မြင့်တက်လာသည်။
“မဟာနှင်းအစောင့်အရှောက်တွေ” ထျန်းပင်းက ပေါက်ကွဲမှုကြားမှ ဟိန်းဟောက်လိုက်သည်။
ရေခဲပြာရောင်ပုံရိပ်ခြောက်ခုက တစ်ပြိုင်နက် ရှေ့တက်လာလေသည်။
နှင်းခဲအကာအကွယ်၏ အလင်းရောင်များ ပေါင်းစပ်သွားပြီး ထူထဲသော ရေခဲတံတိုင်းကြီးတစ်ခု ချက်ချင်းမြင့်တက်လာကာ ပေါက်ကွဲမှု၏ ရိုက်ခတ်မှုအားလုံးကို ပိတ်ဆို့လိုက်လေသည်။
ဧရာမချော်ရည်ပုတ်သင်ညိုက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ တတိယမျက်လုံးက နောက်တစ်ကြိမ် လင်းလက်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လင်းထျန်းလုံက သူ၏ တိုက်ခိုက်မှုပုံစံကို မြင်ပြီးပြီဖြစ်သည်။
“သူ့ရဲ့ မျက်လုံးက တည်ငြိမ်တဲ့ပစ်မှတ် လိုအပ်တယ်” လင်းထျန်းလုံ၏ တည်ငြိမ်သောအသံက နှင်းဝံပုလွေတိုင်း၏ အသိစိတ်ထဲသို့ ရောက်ရှိသွားသည်။ “အလှည့်ကျ အာရုံလွှဲထားကြ၊ သူ့ကို ပစ်မှတ်ချိန်ဖို့ အခွင့်အရေးမပေးနဲ့”
အမဲလိုက်သမားများသည် ကျောက်နံရံများကြားတွင် တစ္ဆေများပမာလှုပ်ရှားကာ သူတို့သည် လျင်မြန်သော လက်သည်းချက်များဖြင့် ဧရာမပုတ်သင်ညို၏ မျက်လုံးများကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်နေသည်။
လုပ်ကြံသတ်ဖြတ်သူများကလည်း အခွင့်ကောင်းယူကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်ကြပြီး သူတို့၏ လေးလံသောလက်သည်းများဖြင့် ချော်ရည်ကန်ပေါ်တွင် ပေါ်နေသော ဧရာမပုတ်သင်ညို၏ ခန္ဓာကိုယ်ကြီးကို အကြိမ်ကြိမ် တိုက်ခိုက်ကြသည်။
“ဖေဖေ... ဟို ကြာပန်းကြီး” ရှောင်ယင်းက ရေကန်ဗဟိုဆီသို့ ရုတ်တရက် လက်ညိုးထိုးပြလိုက်သည်။
ပြင်းထန်သော တိုက်ပွဲကြားတွင် မြေကမ္ဘာအမြုတေ မီးကြာပန်းပတ်လည်၌ ရွှေရောင်ဖျော့ဖျော့ အလင်းအကာအကွယ်တစ်ခု ဘယ်အချိန်ကတည်းက ပေါ်လာမှန်းမသိ ပေါ်လာပြီး တိုက်ပွဲ၏ ရိုက်ခတ်မှုအားလုံးကို လုံးဝ ကာကွယ်ပေးထားလေသည်။
ရှောင်လန် ရုတ်တရက် နားလည်သွားသည်။ “သူက မီးကြာပန်းကို စောင့်နေတာမဟုတ်ဘူး... ကြာပန်းရဲ့ စွမ်းအားကို စုပ်ယူနေတာပဲ”
လင်းထျန်းလုံ၏ အကြည့်များ ထက်ရှသွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင်။ သူ၏ ငွေပြာဘုရင်မျက်၀န်းမှတစ်ဆင့် အလင်းအကာအကွယ်မှ သန့်စင်သော မီးစွမ်းအင်အမျှင်လေးများမှာ ဧရာမချော်ရည်ပုတ်သင်ညိုကြဆီသို့ စီးဝင်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
“ငါတို့ မြန်မြန်အဆုံးသတ်ရမယ်” လင်းထျန်းလုံ ခြေတစ်လှမ်း ရှေ့တက်လိုက်ပြီး သူ၏ ငွေပြာမိုးကြိုးလက်သည်းထဲတွင် စွမ်းအင်များ နောက်တစ်ကြိမ် စုစည်းလာသည်။
“ရန့်မြဲ့၊ ငါနဲ့တွဲပြီး ရေကန်မျက်နှာပြင်ကို အေးခဲလိုက်၊ ထျန်းပင်း၊ အဆုံးသတ်တိုက်ကွက်အတွက် ပြင်ထား”
ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ လင်းထျန်းလုံ၏ အမိန့်ပေးမှုအောက်တွင် နိုင်ဖို့ရာမဖြစ်နိုင်ဘူးဟု ထင်ရသော ဤတိုက်ပွဲက တိတ်တဆိတ် ပြောင်းလဲလာနေသည်။
ရန့်မြဲ့သည် အကြွင်းမဲ့ရေခဲဝိညာဉ်ကို အမြင့်ဆုံးအထိ တွန်းပို့လိုက်ပြီး ဖြူဖျော့ဖျော့ ရေခဲမီးတောက်များက ရေကန်မျက်နှာပြင်ပေါ်သို့ ဒီရေပမာ စီးဆင်းသွားသည်။
အစွန်းရောက်အအေးဓာတ်နှင့် အပူဓာတ်တို့၏ ပေါက်ကွဲမှုများကြားတွင် ချော်ရည်အိုင်မျက်နှာပြင်သည် ထူထဲသော ရေခဲလွှာတစ်ခုအဖြစ် စတင်အေးခဲလာတော့သည်။
“ထျန်းပင်း အသင့်ပြင်” လင်းထျန်းလုံ၏ အသံက စစ်မြေပြင်၏ ဟိန်းဟောက်သံများကို ဖောက်ထွင်းသွားသည်။
“စောင့်နေတာကြာပြီ” ထျန်းပင်းက ရေခဲပြင်ပေါ်မှ ခုန်တက်လိုက်ပြီး ထာ၀ရဗာဂျရာခန္ဓာ၏ ရွှေရောင်ရင့်ရင့် အလင်းများက သူ၏လက်သည်းများတွင် စုစည်းနေသော ရေခဲစွမ်းအားကို ရောင်ပြန်ဟပ်နေသည်။
ယင်းဖုန်း၏ ပုံရိပ်က ရေခဲမြူများကြားတွင် လင်းလက်သွားပြီး တစ္ဆေရေခဲ အရိပ်ထွက်ပြေးခြင်းမှ ချန်ရစ်ခဲ့သော ရေခဲခြေရာများက ဧရာမချော်ရည်ပုတ်သင်ညိုပတ်လည်တွင် ထူးဆန်းသော ရေခဲစက်ကွင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ပုတ်သင်ညိုက ချော်ရည်ထဲသို့ ငုပ်ဆင်းရန် ကြိုးစားတိုင်း ရေခဲစက်ကွင်းမှ အရိုးကွဲမတတ် အေးစက်မှုများ ပေါက်ကွဲထွက်လာပြီး သူ၏ လှုပ်ရှားမှုကို အတင်းအကျပ် နှောင့်ယှက်ပစ်သည်။
စစ်သူကြီးသုံးဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်လိုက်ဖက်ညီလှသည်။
ရန့်မြဲ့၏ ပြီးပြည့်စုံသောထိန်းချုပ်မှု၊ ထျန်းပင်း၏ ကြမ်းတမ်းသောတိုက်ခိုက်မှုနှင့် ယင်းဖုန်း၏ မှန်းဆမရသော နှောင့်ယှက်မှု…...
လုံးဝကွဲပြားခြားနားသော တိုက်ခိုက်ရေးပုံစံ သုံးခုက တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနေသည်။
ဧရာမချော်ရည်ပုတ်သင်ညိုက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ တတိယမျက်လုံးက နောက်တစ်ကြိမ် အနီရောင်အလင်းများဖြင့် တောက်ပလာသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ….
“အခုပဲ” ရန့်မြဲ့၏ ရေခဲမီးတောက်က ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ဒေါင်လိုက်သူငယ်အိမ်ဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ယင်းဖုန်းက အရိပ်များထဲမှ ထွက်ပေါ်လာပြီး ကြာရှည်စွာ စုဆောင်းထားသော အအေးဓာတ်များပါဝင်သည့် သူ၏ လက်သည်းများဖြင့် ပုတ်သင်ညို၏ မျက်ခွံကို ခုတ်ချလိုက်သည်။
ထျန်းပင်း၏ ပုံရိပ်က ကြယ်ပျံတစ်စင်းပမာ ကျဆင်းလာပြီး သူ၏ ခွန်အားအားလုံးကို စုစည်းထားသော တိုက်ကွက်တစ်ခုက ဧရာမပုတ်သင်ညို၏ နဖူးကို ပြင်းထန်စွာ ဝင်တိုက်သွားသည်။
ဘန်းးး
ရွှေရောင်ရင့်ရင့် လက်သည်းများက မာကျောသော ဦးခေါင်းခွံနှင့် ဝင်တိုက်မိပြီး နားကွဲမတတ်အသံကြီး ထွက်ပေါ်လာသည်။
ဧရာမချော်ရည်ပုတ်သင်ညိုကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ တတိယမျက်လုံးမှာ ဤတိုက်ခိုက်မှုကြောင့် ပြနိပိတ်သွားလေသည်။
လင်းထျန်းလုံသည် ဤရုတ်တရက်ရလာသော အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။
***