မင်ယွဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမ၏လမ်းကို ပိတ်ဆို့ထားသည့် အမျိုးသမီးအား ဦးထုပ်အောက်မှနေ၍ စူးစိုက်ကြည့်လိုက်
သည်။
သူမ၏ မျက်နှာမှာ ဦးထုပ်အောက်ဝယ် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသော်လည်း ထွက်ပေါ်နေသည့် အငွေ့အသက်မှာ လွှမ်းမိုးမှုအပြည့် ရှိနေသည်။
လီယွမ်သည် မူလက မင်ယွဲ့သည် သူမ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ခိုးရိုက်နေသည်ဟု သံသယဝင်ရုံသာ ရှိသော်လည်း ယခုကဲ့သို့ မင်ယွဲ့၏ အထက်စီးဆန်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမ၌ မကောင်းသော ရည်ရွယ်ချက်ရှိသည်ဟု ပို၍ပင် ခိုင်ခိုင်မာမာ ယုံကြည်သွားတော့သည်။
သူမကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် အနုပညာလောကထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိဟု ပြောလျှင် လီယွမ် လုံးဝယုံကြည်မည်မဟုတ်ပေ။
"မစ္စလီ... ဒီအစီအစဉ်က တိုက်ရိုက်ထုတ်လွှင့်နေတာဆိုတာ နင်မေ့သွားပြီလား၊ ခုနက နင်လုပ်သမျှကို ကင်မရာတွေက ရိုက်မထားဘူးလို့ ထင်နေတာလား"
မင်ယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူမသည် ဤကဲ့သို့သော လူမျိုးများအတွက်နှင့် ဒေါသအထွက်မခံနိုင်ပေ။ သို့သော် လီယွမ်၏ နားထဲတွင်မူ ထိုရယ်သံမှာ စော်ကားမှုတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဒေါသကြောင့် အသိတရားကင်းမဲ့သွားကာ အစီအစဉ်မှာ တိုက်ရိုက်လွှင့်နေသည်ကိုပင် မေ့လျော့သွားပုံရသည်။
"ကင်မရာက ရိုက်သည်ဖြစ်စေ၊ မရိုက်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး၊ နင် ခုနက ဖုန်းနဲ့ ဘာလုပ်နေတာလဲ၊ ငါ့ကို ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်နေတာလား၊ နင့်ကို ငါ တရားစွဲမယ်"
လီယွမ်သည် အကျိုးအကြောင်းမရှိ ပြဿနာရှာနေသည့် ရန်တွေ့တတ်သော မိန်းမကြီးတစ်ဦးကဲ့သို့ ပြုမူနေသဖြင့် ဒါရိုက်တာ ဝူလျန်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။
"နင် တော်တော့ ဒီကနေ အမြန်ဆုံး ထွက်သွားတော့"
ဒါရိုက်တာ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
လီယွမ်သည် အံ့အားသင့်သွားပြီး ကင်မရာကို လှမ်းကြည့်လိုက်မိသည်။ ဒါရိုက်တာဝူက သူမကို ကင်မရာရှေ့တွင်ပင် မညှာမတာ မောင်းထုတ်
လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
ဒါရိုက်တာနှင့် မင်ယွဲ့တို့ကြားတွင် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ သေချာသည်ဟု သူမ တွေးမိသွားသည်။ သာမန်ဝန်ထမ်းတစ်ဦးအတွက်နှင့် သူမကဲ့သို့သော မင်းသမီးကို မောင်းထုတ်ရဲမည် မဟုတ်ပေ။
လီယွမ်၏ အကြည့်များသည် ဝူလျန်နှင့် မင်ယွဲ့ကြားတွင် ကူးလူးနေပြီး ဘာမှမပြောသော်လည်း သူမ၏ အမူအရာက အရာအားလုံးကို ဖော်ပြနေသည်။ သူမသည် သူမ၏ သရုပ်ဆောင်အရည်အချင်း အကြွင်းအကျန်များကို ဤနေရာတွင် အကုန်သုံးလိုက်ပုံရသည်။
"ဒါရိုက်တာဝူ... ကိုယ့်ဝန်ထမ်းဘက်ကနေ အရမ်းလိုက်မပါပါနဲ့၊ ကျွန်မက အများပြည်သူ သိတဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် သင့်တင့်တဲ့ သံသယရှိပိုင်ခွင့် ရှိပါတယ်၊ သူမရဲ့ ဖုန်းကို စစ်ဆေးဖို့ ကျွန်မ တောင်းဆိုတယ်"
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်မူ ဆူညံသွားတော့သည်။
— "အဲဒါ မင်ယွဲ့မမ မဟုတ်လား"
— "အိုး... မမ... ခဏလောက် လှည့်ကြည့်ပါဦး"
— "လူအုပ်ထဲမှာ သူ့ကို အကြိမ်ကြိမ် ရှာဖွေခဲ့ပေမဲ့ ရုတ်တရက် လှည့်ကြည့်လိုက်မှ မှေးမှိန်တဲ့ မီးရောင်အောက်မှာ သူ့ကို တွေ့လိုက်ရသလိုပဲ"
— "အပေါ်ကလူ... စကားကို ရှင်းရှင်းပြောပါ၊ ကျွန်တော် မူလတန်းမအောင်လို့ နားမလည်ဘူး"
— "အော်... ရှာနေတာ ကြာပြီ၊ မင်ယွဲ့မမက ဒီအစီအစဉ်မှာ ပါနေတာကိုး"
— "မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်းက ဒီရွာနဲ့ ဘာလို့ ပတ်သက်နေတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်၊ မင်ယွဲ့ကိုယ်တိုင် ဒီမှာ ရှိနေတာပဲ"
— "မင်ယွဲ့က လှပပြီး စိတ်ထားကောင်းတဲ့ နတ်သမီးလေး၊ လီယွမ်ကတော့ စုန်းမပဲ၊ အမိန့်
ချမှတ်ပြီးပြီ"
မင်ယွဲ့၏ ကျောပြင်လေးကို မြင်လိုက်ရရုံနှင့်ပင်
အွန်လိုင်းတွင် ဆွေးနွေးမှုများမှာ အရှိန်မြင့်
တက်သွားသည်။
လီယွမ်၏ ရည်ရွယ်ချက်မှာ မင်ယွဲ့ကို လူအများအာရုံစိုက်လာအောင် ဆွဲခေါ်ရန် ဖြစ်သော်လည်း သူမ၏ လုပ်ရပ်က သူမကိုယ်တိုင်အတွက်သာ အန္တရာယ်ဖြစ်စေမည်ကို မသိရှိရှာပေ။
"ရှင်ပဲ ကိုင်တွယ်လိုက်ပါတော့၊ ကျွန်မ လုပ်စရာရှိသေးလို့"
မင်ယွဲ့က သူမ၏ လက်ကို ခပ်ပေါ့ပေါ့လေး ဝှေ့ယမ်းလိုက်ရာ လီယွမ်မှာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ရသည်။
မင်ယွဲ့သည် ကျွမ်းကျင်သော နည်းစနစ်တစ်ခုကို အသုံးပြုသွားခြင်း ဖြစ်သည်။ ဝူလျန်ကမူ မင်ယွဲ့ မည်သူ့ကို ပြောသွားသည်ကို ကောင်းကောင်း နားလည်သည်။
"မစ္စတာ ပိုင်... ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"
ဝူလျန်၏ စကားကြောင့် ပို၍ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
မင်ယွဲ့ကမူ သူမ၏ မျက်နှာကို ဖုံးကွယ်ထားဆဲဖြစ်ပြီး အေးဆေးစွာပင် ထွက်ခွာသွားခဲ့သည်။
ကျန်ရှိနေသော ဧည့်သည်များမှာလည်း အတွေးကိုယ်စီနှင့် ကျန်ရစ်ခဲ့သည်။ လုဖုန်းသည် ကျေးဇူးရှင်မှာ သူ့ဘေးနားတွင် ရှိနေခဲ့ပါလျက် အခွင့်အရေးကို လက်လွှတ်ခဲ့ရသဖြင့် မင်ယွဲ့၏ ကျောပြင်ကို ကြည့်ရင်း နောင်တရနေမိသည်။
မင်ယွဲ့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုလိုက်သည်။ မြေတူးစက်များ၏ ဆူညံသံနှင့် ဖုန်မှုန့်များကြားတွင် ရွာသားများမှာ တက်ကြွစွာ အလုပ်လုပ်နေကြသည်။ ဖုန်ထူသဖြင့် သူမ ထိုနေရာ၌ ကြာကြာမနေခဲ့ပေ။
ရွာလူကြီး စီစဉ်ပေးထားသော အခန်းသို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် 'ရန်ပုံငွေ သုံးဆပွားကတ်' ကို အသုံးပြုလိုက်သည်။ ဤကတ်ကို သူမကိုယ်တိုင် အသုံးပြုနိုင်သဖြင့် ယွမ်ပေါ့၏ အကူအညီ မလိုပေ။
သူမ၏ ပိုင်ဆိုင်မှု ကိန်းဂဏန်းများမှာ အဆမတန် တိုးပွားလာသည်ကို ကြည့်ရင်း သူမ စိတ်လှုပ်ရှားမိသည်။ အကယ်၍ ငွေကြေးများကို မြင်သာအောင် ပြသနိုင်မည်ဆိုလျှင် မင်ယွဲ့သည် ငွေတောင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
> စနစ်၏ အချက်အလက်များ အဆင့်မြှင့်တင်မှု
> * ဆွဲဆောင်မှု: ၉၁ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】
> * အသက်မွေးဝမ်းကျောင်း: ၇၂ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】
> * ပိုင်ဆိုင်မှု: ၁၈၄,၀၈၆,၄၀၀,၀၀၀ (တစ်
ထောင့်ရှစ်ရာလေးဆယ် ဘီလီယံ၊ ရှစ်
ဆယ်ခြောက်သန်း၊ လေးသိန်း ယွမ်)
> * အိမ်ခြံမြေ: ယုဖူးရှိ အိမ်ရာတစ်ခု၊ ဟိုက်ဖုအဆောက်အဦ၊ ဥယျာဉ်ဗီလာ၊ အာဖရိက သတ္တုတွင်း၊ မြို့လယ်ရှိ ဆိုင်ခန်းနှစ်ခန်း၊ ချန်တုန်း စီးပွားရေးလမ်းမ၊ ချွန်းဟယ် လူနေအိမ်ရာ၊ ကယ်ပီတယ် အဆောက်အဦ၊ လီယာ ခြံဝင်း၊ ဟွမ်ရှင်း အပန်းဖြေဥယျာဉ်၊ အာမန် ဝိုင်စက်ရုံနှင့် ရှီလင် ပင်လယ်ပြင်။
> * ရှယ်ယာများ: ယွဲ့ဟွာ နည်းပညာ (၇၅%)၊ ဆောင်းမို မီဒီယာ (၃၀%)၊ ဝေကွမ် လုပ်ငန်းစု (၅၀%)။
> * အခြား: ရိုးလ်ရွိုက်စ် ကား၊ ပါတက် ဖိလစ် နာရီ၊ ရှန်းနှင့် ကျိုးခေတ် ကြေးထည်များ၊ ပင်လယ်ကူး သင်္ဘောကြီး... 【အလွန်အမင်း ချမ်းသာကြွယ်ဝသူ】
> * ဂုဏ်သတင်း အမှတ်: ၄၇၀,၀၀၀
ပိုင်ဆိုင်မှု ကိန်းဂဏန်းများကို ကြည့်ရင်း မင်ယွဲ့၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကျန်ဟင်နှင့် ဝမ်ကျန်းတို့ကို ဗီဒီယိုကောလ် ခေါ်ဆိုလိုက်သည်။
"မစ္စက နောက်ဆုံးတော့ ကျွန်မတို့ကို ဆက်သွယ်လာပြီပေါ့"
ဟု ဝမ်ကျန်းက နောက်ပြောင်လိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ"
ဟု မင်ယွဲ့က ခပ်အေးအေး ပြောလိုက်သည်။
"ငါတို့ CEO က ဒီလောက်အလေးအနက်ထားပြီး ဗီဒီယိုကောလ် ခေါ်တယ်ဆိုတော့ ထူးခြားမှာပေါ့၊ ကျန်းကျန်း... နင် ကြားဖြတ်မပြောနဲ့ဦး"
ဟု ကျန်ဟင်က ဆိုသည်။
"ကျန်ဟင်... ပြီးခဲ့တဲ့ အခေါက်က နင်ပြောတဲ့ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအကြောင်း မှတ်မိလား"
"မှတ်မိတာပေါ့၊ ရင်းနှီးမြှုပ်နှံမှုက တော်တော်များတယ်၊ အကယ်၍ ယွဲ့ဟွာ နည်းပညာက အခုရှိနေတဲ့ ရန်ပုံငွေကို ထုတ်သုံးလိုက်ရင် ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်"
ဟု ကျန်ဟင်က အလေးအနက် ပြန်ဖြေသည်။
"ဘယ်လောက် ကုန်ကျမလဲ၊ ပြန်ရနိုင်မယ့် အကျိုးအမြတ်ကိုရော ခန့်မှန်းပြီးပြီလား
ယခုအချိန်တွင် မင်ယွဲ့အတွက် ငွေကြေးမှာ ပြဿနာမဟုတ်ပေ။ အဓိကမှာ ထိုစီမံကိန်းသည် ရင်းနှီးမြှုပ်နှံရန် ထိုက်တန်မှု ရှိ၊ မရှိသာ ဖြစ်သည်။
"ယွမ် သန်း ၁၂၀ လောက် လိုမယ်၊ ဒါက အစိုးရက ဦးဆောင်တဲ့ စီမံကိန်းဆိုတော့ အကျိုးအမြတ်ကတော့ သေချာသလောက်ပဲ၊ ဒါပေမဲ့ ရှင်းယောင် လုပ်ငန်းစုကလည်း ဒီစီမံကိန်းမှာ ပါဝင်နေတယ်လို့ ကြားတယ်"
"အဲဒီစီမံကိန်းအတွက် ငါ သီးသန့် ရင်းနှီးမြှုပ်နှံမယ်၊ ငွေကို နင်တို့ဆီ အခုပဲ လွှဲပေးလိုက်မယ်"
မင်ယွဲ့က လက်တစ်ဖက် ဝှေ့ယမ်းကာ ပြောလိုက်ပုံမှာ ကျန်ဟင်နှင့် ဝမ်ကျန်းတို့အတွက်မူ နေ့စဉ်မြင်နေကျ မြင်ကွင်းတစ်ခုလိုပင် ရိုးအိနေပြီ ဖြစ်သည်။
ဝမ်ကျန်းသည် သူမ၏ရှေ့တွင် မည်သူကပင် လာ၍ ငွေကြေးကြွယ်ဝမှုအကြောင်း ကြွားဝါနေပါစေ စိတ်ထဲမထားတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ သူငယ်ချင်း မင်ယွဲ့ထက် ပို၍ ချမ်းသာသူ၊ ပို၍ ရက်ရောသူ မည်သူမျှ မရှိကြောင်း သူမ ကောင်းကောင်းသိနေသောကြောင့် ဖြစ်တော့သတည်း။
***