ပင်လယ်ရေမျက်နှာပြင်တွင်မူ ဧရာဝတီသည် ရှေ့ဆုံးသို့ တိုးထွက်လာသည်။ ၎င်း၏ ဇီဝရေဒါသည် ရေအောက်ရှိ မိုင်းများ၏ တည်နေရာကို သိရှိနိုင်သဖြင့် ၎င်းတို့ကို ရှောင်ကွင်းခြင်း သို့မဟုတ် ၂၀၃ မီလီမီတာ ရေတပ်အမြောက်များနှင့် ဒုံးပျံ ရေအောက်ဗုံးများဖြင့် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ နောက်မှ လိုက်ပါလာမည့် ကမ်းတက် တပ်ဖွဲ့များအတွက် ဘေးကင်းသော လမ်းကြောင်းကို ရှင်းလင်းပေးခဲ့သည်။ တစ်ဖက်တွင်လည်း ကမ်းခြေ ခံစစ်တပ်ဖွဲ့များ၏ ပစ်ခတ်မှုများကို ဆွဲဆောင်ကာ စမ်းသပ်ခဲ့သည်။
ချဉ်းကပ်လာသော တန်ချိန် ၄၅,၅၀၀ ရှိသည့် မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘောကြီးနှင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို မြင်လိုက်ရသောအခါ အင်ဒိုနီးရှား တပ်ဖွဲ့ဝင်များမှာ သည်းမခံနိုင်တော့ဘဲ သူတို့၏ ဖုံးကွယ်ထားသော ပစ်ခတ်မှု အင်အားများကို ထုတ်ပြလေတော့သည်။
မြေမျက်နှာပြင် အနေအထားကို အသုံးချကာ တူးထားသော ဘန်ကာများထဲမှ ဒုံးကျည် ပစ်လွှတ်စင်များကို တွန်းထုတ်လာကြသလို သံကူကွန်ကရစ် အမြောက်စခန်းများမှလည်း အမြောက်ပြောင်းများ တိတ်တဆိတ် ထွက်ပေါ်လာကာ ဧရာဝတီကို ဦးတည် ချိန်ရွယ်လိုက်ကြသည်။
ဘုန်း… ဘုန်း… ဘုန်း…
သေနတ်သံ၊ အမြောက်သံများနှင့်အတူ အမြောက်ပြောင်းများမှ အမြောက်ကျည်များ ဆက်တိုက် ထွက်ပေါ်လာသလို ဂူအဝင်ဝများမှလည်း ဒုံးကျည်များ ထွက်ပေါ်လာကာ ဧရာဝတီကို နစ်မြုပ်စေရန် ကြိုးပမ်းလျက် ဦးတည် ပျံသန်းသွားကြသည်။
ကျရောက်လာသော ပစ်ခတ်မှုများကို ရင်ဆိုင်ရာတွင် ဧရာဝတီသည် ၎င်း၏ လေကြောင်း ကာကွယ်ရေး စနစ် အားလုံးကို ဖွင့်ချလိုက်သည်။
လေယာဉ်ပစ် ဒုံးကျည်များက ကျရောက်လာသော ဒုံးကျည်များကို ကြားဖြတ် ဖျက်ဆီးကြသလို စစ်သင်္ဘော အောက်ခြေရှိ လက်တံ ၈ ခုသည်လည်း ပင်လယ်ထဲမှ ထွက်ပေါ်လာကြသည်။ အက်ဆစ် အမြောက်များနှင့် ဇီဝ ပင့်ကူအိမ်များကို ပစ်လွှတ်လိုက်ရာ သိပ်သည်းလှသော အက်ဆစ် မြှားများနှင့် ပင့်ကူအိမ်များနှင့် ၁၁-ပြွန်ပါ ၃၀ မီလီမီတာ အနီးကပ် ကာကွယ်ရေး အမြောက် ၈ ခုတို့ ပေါင်းစပ်လိုက်သောအခါ ဧရာဝတီသည် ဖြူကောင်တစ်ကောင်လိုပင် ဖြစ်သွားခဲ့သည်။
သူ့အပေါ်သို့ ကျရောက်လာသော ဒုံးကျည်နှင့် အမြောက်ကျည် အားလုံးနီးပါးမှာ ပေါက်ကွဲသွားခဲ့ကြပြီး ထိုးဖောက်ရန် အလွန် ခက်ခဲလှသည်။
ပြောင်းပြန်အနေဖြင့် ပေါ်ထွက်လာသော ပစ်ခတ်မှု စခန်းများသည် ဧရာဝတီနှင့် မိစ္ဆာငှက် တိုက်လေယာဉ်များ၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံလိုက်ရသည်။ ဧရာဝတီမှ ပစ်လွှတ်လိုက်သော ခရုစ်ဒုံးကျည်များနှင့် မိစ္ဆာငှက် တိုက်လေယာဉ်များမှ ကြဲချလိုက်သော တိကျသည့် လမ်းညွှန်ဗုံးများ၊ ကတုတ်ကျင်းဖျက် ဗုံးများမှာ ဖုံးကွယ်ထားသော ဂူများနှင့် ခိုင်ခံ့သော အမြောက်စင်များအတွင်းသို့ ကျရောက်သွားသည်။
ပေါက်ကွဲသံ အကျယ်ကြီးများနှင့်အတူ ဖုန်တိမ်တိုက်များနှင့် မီးခိုးလုံးကြီးများ လေထဲသို့ မြင့်တက်လာခြင်းက အကြီးစား ပစ်ခတ်မှု စခန်းများ ရှင်းလင်းခံလိုက်ရပြီဖြစ်ကြောင်း ပြသနေသည်။
ပစ်ခတ်မှု စခန်း အများစုကို ရှင်းလင်းပြီးနောက်တွင်ပင် ဧရာဝတီသည် ကမ်းခြေ ခံစစ်တပ်ဖွဲ့များ၏ များပြားလှသော ပစ်ခတ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း အမြောက်ကျည် တစ်လုံးသာ ထိမှန်ခဲ့သည်။
၎င်းမှာ ၁၅၅ မီလီမီတာ အမြောက်ကျည် ဖြစ်သော်လည်း ဧရာဝတီပေါ်သို့ ကျရောက်ချိန်တွင်မူ ယားရုံလေး ခံစားရရုံသာ ရှိသည်။
မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘောကြီးများကို ဇီဝပေါင်းစပ် သံချပ်ကာများဖြင့် ကာကွယ်ထားပြီး ပျမ်းမျှ သံချပ်ကာ အထူမှာ ၃၈၀ မီလီမီတာ ရှိရာ ဒုတိယ ကမ္ဘာစစ်အတွင်းက သံချပ်ကာ ထူထဲလှသော ပင်မစစ်သင်္ဘောကြီးများထက်ပင် ပိုမို ခိုင်ခံ့သော ခံစစ်ရှိသည်။
ထို့ကြောင့် ၁၅၅ မီလီမီတာ အမြောက်ကျဉ်သည် ဧရာဝတီ၏ ကိုယ်ထည်ပေါ်တွင် မည်းနက်နေသော အစက်အပြောက်တစ်ခုသာ ဖြစ်ပေါ်စေခဲ့ပြီး ရေတပ် ဝန်ထမ်းများအကြား မည်သည့် ထိခိုက် ဒဏ်ရာရမှုမျှ မရှိခဲ့ပေ။ ဧရာဝတီသည် ကမ်းနီး ရေပြင်တွင် ၎င်း၏ ပစ်ခတ်မှု အင်အားကို ဆက်လက် ထုတ်ဖော်နေပြီး သင်္ဘောဦးပိုင်းရှိ ရေတပ်အမြောက်များကို အသုံးပြုကာ ရန်သူများကို အနီးကပ် ချေမှုန်းနေသဖြင့် အင်ဒိုနီးရှား ရေတပ်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည်။
အခြားသော ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်စစ်သင်္ဘောများသည်လည်း သူတို့၏ အစ်ကိုကြီးနောက်သို့ လိုက်ကာ ကမ်းခြေသို့ သူတို့၏ အမြောက်များ ၊ ဒုံးကျည်များဖြင့် စိတ်အားထက်သန်စွာ ထုကြတော့သည်။
ထို့အပြင် ပင်လယ်ပြင်တွင် စစ်သင်္ဘောများပေါ်မှ ပျံတက်လာသော ရဟတ်ယာဉ် ဒါဇင်ပေါင်း များစွာသည် အမြင့်သို့ ပျံတက်ကာ ရှေ့တိုးလာသော ကမ်းတက် တပ်ဖွဲ့များအား ပစ်အားဖြင့် ကူညီပေးနေကြသည်။
စစ်သင်္ဘောများ၏ အကာအကွယ်အောက်တွင် သယ်ယူပို့ဆောင်ရေး သင်္ဘောများသည် လေအိတ်ဖောင်း သင်္ဘော အမြောက်အမြားကို ချပေးလိုက်သလို ကုန်းရေနှစ်သွယ်သုံး တင့်ကားများနှင့် သံချပ်ကာယာဉ်များလည်း ကမ်းခြေဆီသို့ စတင် အရှိန်တင်လာကြသည်။
ကျဲခယ် အဖွဲ့မှ ပထမဆုံး စေလွှတ်လိုက်သော တိုက်ခိုက်ရေး တပ်ဖွဲ့များမှာ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ တပ်ဖွဲ့များ ဖြစ်ပြီး အင်ဒိုနီးရှား ကမ်းခြေ ခံစစ်တပ်ဖွဲ့များ၏ ခုခံမှုကို စမ်းသပ်ရန်အတွက် ဤကဲ့သို့ အရန် ခြေလျင်တပ်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား၏ တန်ပြန် ပစ်ခတ်မှုများ မကြာမီ ရောက်ရှိလာသော်လည်း ၎င်းတို့၏ ပစ်အားမှာ လွန်စွာ ကျဲပါးလေသည်။ ကျဲခယ် အဖွဲ့၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အင်ဒိုနီးရှား၏ အကြီးစား ကမ်းခြေ ခံစစ် ပစ်ခတ်မှု အင်အား အများစုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
အမြောက်ကျည် အချို့မှာမူ ပင်လယ်ထဲသို့ ရံဖန်ရံခါ ကျရောက်လာကာ ရေတိုင်ကြီးများ ဖြစ်ပေါ်စေသည်။ ပင်လယ်ရေများက လေအိတ်ဖောင်း သင်္ဘောပေါ်ရှိ စစ်သားများ၏ ယူနီဖောင်းများကို စိုရွှဲသွားစေသည်။ လေအိတ်ဖောင်း သင်္ဘော အချို့မှာ ရေတိုင်များကြောင့် ထိမှန်ခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သင်္ဘောပေါ်ရှိ ခြေလျင်တပ်စုများမှာ ချက်ချင်း သေဆုံးခြင်း သို့မဟုတ် ရေထဲတွင် ရုန်းကန်နေရခြင်းများ ဖြစ်ခဲ့သည်။
သို့သော် ဤမျှလောက်သော ပစ်ခတ်မှု အင်အားဖြင့်ပင် ကမ်းတက် အရန်တပ်ဖွဲ့ဝင်များမှာ လုံလောက်အောင် ထိတ်လန့်နေကြပြီး သူတို့၏ မျက်နှာများမှာ သိသိသာသာ တင်းမာကာ စိုးရိမ်ပူပန်နေကြသည်။
ရေထဲမှ ဖြတ်သန်းလာသော ကုန်းရေနှစ်သွယ်သုံး ယာဉ်များပင်လျှင် စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ ပစ်ခတ်မှုများမှာ မတိကျတော့ဘဲ အမြောက်ကျည် အများအပြားမှာ လွဲချော်ကုန်သည်။
သို့သော်လည်း ပေါ်ထွက်လာသော အင်ဒိုနီးရှား၏ ပစ်ခတ်မှု စခန်းများမှာမူ ပိုမိုကြီးမားသော ဆုံးရှုံးမှုများကို ခံစားရလေသည်။ မိစ္ဆာငှက် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများ၏ သုံးပွင့်ဆိုင် တိုက်ခိုက်မှုအောက်တွင် အင်ဒိုနီးရှား၏ အကြီးစား ပစ်ခတ်မှု အင်အားများမှာ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။
အကြောင်းမှာ ခံစစ်မျဉ်းကို အလျင်စလို တည်ဆောက်ထားရသောကြောင့် ဘန်ကာများသည် အထက်မှ ကျရောက်လာသော ဒုံးကျည်များနှင့် ဗုံးများ၏ ရိုက်ခတ်မှုကို မတားဆီးနိုင်သောကြောင့်ပင်။
“တက် တက် ရှေ့ကို တက်”
ပထမဆုံး လေအိတ်ဖောင်း သင်္ဘော ကမ်းခြေပေါ်သို့ ရောက်ရှိလာပြီး သင်္ဘောပေါ်မှ အရန်တပ်ဖွဲ့ဝင်များသည် သူတို့၏ သေနတ်များကို ဖက်ကာ ခုန်ဆင်းလာပြီး နေရာယူရန် ရှာဖွေကြတော့သည်။
အင်ဒိုနီးရှား ကမ်းခြေ ခံစစ်စစ်သားများသည်လည်း သူတို့၏ ဘန်ကာများထဲမှ ခေါင်းပြူထွက်လာကာ စက်သေနတ်များနှင့် ရိုင်ဖယ်များကို ကိုင်လျက် ပြေးဝင်လာသော ခြေလျင်တပ်သားများကို ပစ်ခတ်ကြသည်။ အရန်တပ်ဖွဲ့ဝင် အများအပြားမှာ ပစ်ချခံလိုက်ရသဖြင့် အခြားသော စစ်သားများမှာ ထိတ်လန့်ကာ လည်ပင်းကျုံ့ပြီး ပုန်းကွယ်နေကြတော့သည်။ အချို့ဆိုလျှင် လေအိတ်ဖောင်း သင်္ဘောထဲသို့ ပြန်တွားဝင်ရန် ကြိုးစားနေကြပြီး လေအိတ်ဖောင်း သင်္ဘောကို သယ်ယူပို့ဆောင်ရေး သင်္ဘောဆီသို့ ပြန်မောင်းသွားချင်နေပုံ ပေါက်နေသည်။
ကံမကောင်းစွာဖြင့် လေအိတ်ဖောင်း သင်္ဘောမှာမူ ကမ်းခြေပေါ်သို့ အရှိန်အပြည့်ဖြင့် တက်လာခဲ့ပြီး ဖြစ်ရာ ယခုအခါ ရေပြင်နှင့် မီတာ နှစ်ဆယ်၊ သုံးဆယ်ခန့် ကွာဝေးသော ကုန်းမြေပေါ်သို့ ရောက်နေပြီ ဖြစ်သဖြင့် ပင်လယ်ထဲသို့ ပြန်ဆင်းရန် မဖြစ်နိုင်တော့ပေ။
“ပြန်တိုက်စမ်း”
သို့သော် ဤကဲ့သို့ အခြေအနေမှာ ကုန်းရေနှစ်သွယ်သုံး ယာဉ်များ ကမ်းပေါ်သို့ ရောက်ရှိလာသည်နှင့် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ကမ်းတက် ကုန်းရေနှစ်သွယ်သုံး ယာဉ်များသည် အင်ဒိုနီးရှား၏ အကြီးစား ပစ်ခတ်မှုများကိုသာ ကြောက်သဖြင့် ယခုအခါ သူတို့အတွက် ကမ်းတက်ရန်မှာ ပန်းခင်းလမ်းပေါ် လျှောက်သလိုပင် ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့သည် ကမ်းပေါ်သို့ လျင်မြန်စွာ တက်ရောက်လာပြီး သူတို့၏ သံချပ်ကာများဖြင့် ခြေလျင်စစ်သားများ၏ ထိုးစစ်ကို အကာအကွယ် ပေးခဲ့ကြသည်။
ကုန်းရေနှစ်သွယ်သုံး ယာဉ်များတွင် တင့်ကားများကဲ့သို့ ထူထဲသော သံချပ်ကာ မရှိသော်လည်း ရိုင်ဖယ်နှင့် စက်သေနတ်များကတော့ ကုန်းရေနှစ်သွယ်သုံး ယာဉ်များကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။ သံချပ်ကာယာဉ်များပေါ်ရှိ ၁၀၅ မီလီမီတာ အမြောက်များနှင့် ယာဉ်တင် စက်သေနတ်များက ကျည်ဆန်များ စတင် ထုတ်လွှတ်လိုက်ကာ အင်ဒိုနီးရှား ကမ်းခြေ ခံစစ်တပ်ဖွဲ့များကို ဖိနှိပ်လိုက်တော့သည်။
ကောင်းကင်နှင့် ပင်လယ်ပြင်မှ ပံ့ပိုးပေးနေသော များပြားလှသည့် အကြီးစား ပစ်ခတ်မှု အင်အားများနှင့် မြေပြင်၏ အဆက်မပြတ် ပစ်ခတ်မှုတို့ ပေါင်းစပ်လိုက်သောအခါ အရန်တပ်ဖွဲ့ဝင်များသည် ကုန်းရေနှစ်သွယ်သုံး ယာဉ်များနောက်မှ လိုက်ပါလျက် အင်ဒိုနီးရှား ကမ်းခြေ ခံစစ်မျဉ်းကို နောက်တစ်ကြိမ် ထိုးစစ်ဆင်ကြပြန်သည်။
ယခုအခါတွင်မူ အင်ဒိုနီးရှား စစ်သားများမှာ ထိတ်လန့်သွားကြပြီ ဖြစ်သည်။ ကြီးမားလှသော သေဆုံး ဒဏ်ရာရမှုများက သူတို့၏ စိတ်ဓာတ်ခွန်အားကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့ပြီး လူအများအပြားမှာ နောက်လှည့်ကာ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။
“သူတို့ ပြေးနေပြီဟေ့”
“မြန်မြန် လိုက်ကြ၊ ဒါတွေက စစ်မှုထမ်း အောင်မြင်မှုတွေပဲ”
“ဟားဟား... သူတို့က သတ္တိကြောင်တွေပဲ၊ ငါနဲ့အတူ လိုက်ခဲ့ကြ”
အရန်တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ခွန်အားမှာ မြင့်တက်လာသည်။ တူညီသော အရှေ့တောင်အာရှ ဒေသမှ ဖြစ်သောကြောင့် သူတို့သည် တစ်ယောက်၏ အင်အားကို တစ်ယောက် ကောင်းကောင်း သိကြပြီး ဘယ်သူကမှ တစ်ဖက်လူထက် သာလွန်သည်ဟု မယူဆကြပေ။ သူတို့တွင် အင်ဒိုနီးရှား စစ်တပ်အပေါ် မွေးရာပါ အကြောက်တရား မရှိချေ။
ယခုအခါ အင်ဒိုနီးရှား စစ်တပ် အမြောက်အမြား ထွက်ပြေးနေသည်ကို မြင်သောအခါ အရန် တပ်ဖွဲ့ဝင်များသည် တောင်ပေါ်မှ ဆင်းလာသော ကျားရဲများပမာ ပိုမို အင်အားတက်ကြွလာပြီး အင်ဒိုနီးရှား စစ်တပ်နောက်သို့ လိုက်လံ တိုက်ခိုက်ကြတော့သည်။
အနှီ ရလဒ်က ကျဲခယ် အဖွဲ့၏ ကမ်းတက် ရေတပ်စု တပ်မှူးကိုပင် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။ အင်ဒိုနီးရှားအနေဖြင့် အချိန်အတော်ကြာ တောင့်ခံနိုင်မည်ဟု သူ မူလက မျှော်လင့်ခဲ့သော်လည်း အရန်တပ်ဖွဲ့ဝင်များ သက်သက်ဖြင့်ပင် သူတို့ကို ပြိုလဲလုနီးပါး ဖြစ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် စဉ်းစားကြည့်လျှင်တော့ ၎င်းမှာ သဘာဝကျလှသည်။ အင်ဒိုနီးရှား စစ်သားများသည် လက်ရွေးစင် သို့မဟုတ် သံမဏိစစ်တပ် မဟုတ်ကြပေ။ သူတို့၏ အရည်အသွေးမှာ အရန် တပ်ဖွဲ့ဝင်များနှင့် အဆင့်တူသာ ဖြစ်သည်။ အကယ်၍ အရန်တပ်ဖွဲ့ဝင်များက ဤမျှ အသာစီးရနေသည့် တိုင်အောင် မနိုင်ခဲ့လျှင်တော့ သူတို့မှာ အလွန် အသုံးမကျလွန်းရာ ရောက်ပေလိမ့်မည်။
“ငါတို့ မရိန်းတပ်ဖွဲ့ကိုလည်း တက်ခိုင်းလိုက်တော့၊ ဒီလို စစ်မှန်တဲ့ တိုက်ပွဲ အတွေ့အကြုံ ရမယ့် အခွင့်အရေးကို တန်ဖိုးထားကြပါစေ”
ကမ်းတက် တပ်ဖွဲ့ တပ်မှူးက လက်ဝှေ့ယမ်းလိုက်ရာ ကျဲခယ် အဖွဲ့မှ မရိန်းတပ်မဟာ နှစ်ခုသည်လည်း ကမ်းခြေဆီသို့ စတင် ထိုးစစ်ဆင်ကြတော့သည်။
အရန်တပ်ဖွဲ့ဝင်များ၏ ကမ်းတက် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ကျဲခယ် အဖွဲ့ မရိန်းတပ်ဖွဲ့၏ အကြီးမားဆုံးသော ခြားနားချက်မှာ သူတို့အကြားတွင် စူပါစစ်သား များစွာ ရောနှော ပါဝင်နေခြင်းပင် ဖြစ်လေသည်။
***