ဘုန်း… ဘုန်း… ဘုန်း…
ခံစစ်မျဉ်းတစ်ခု၏ ရှေ့တွင် ပထမတန်းစား စူပါစစ်သားတစ်ယောက်သည် ရှေ့သို့ ပြေးဝင်သွားပြီး သူ ဝတ်ဆင်ထားသော ထူထဲသည့် သံမဏိ သံချပ်ကာပေါ်တွင် ကျည်ဆန်များမှာ ထိမှန်ပြီး ပြန်ကန်ထွက်နေကြသည်။
သူသည် ၁၄.၅ မီလီမီတာ လေယာဉ်ပစ် စက်သေနတ်ကြီးကို ကိုင်ဆောင်ကာ အင်ဒိုနီးရှား စစ်သားများကို အဆက်မပြတ် ရိတ်သိမ်းနေသည်မှာ ခံစားချက်ကင်းမဲ့သော စစ်ယန္တရားကြီး တစ်ခုနှယ်ပင်။ သူ့ရှေ့ရှိ ပစ်ခတ်မှု စခန်းများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။
ပထမတန်းစား စူပါစစ်သား၏ ဝဲယာ နောက်ကွယ်တွင်မူ ဒုတိယတန်းစားနှင့် တတိယတန်းစား စစ်သားများလည်း ပါဝင်နေကြသည်။ အချို့က စနိုက်ပါ ရိုင်ဖယ်များကို တပ်ဆင်ကာ ခေါင်းပြူထွက်ဝံ့သော အင်ဒိုနီးရှား စစ်သားများကို တိကျစွာ ခေါင်းကို ပစ်ခတ်နေကြသည်။
အချို့မှာမူ မျောက်များကဲ့သို့ သွက်လက်လှပြီး အကြိမ်အနည်းငယ် ခုန်လွှား တိမ်းရှောင်ပြီးနောက် ကတုတ်ကျင်းများ၏ နောက်ကွယ်သို့ ဆင်းသက်လာကြသည်။ သူတို့၏ သေနတ်ပြောင်းများက ကတုတ်ကျင်းများအတွင်းသို့ ဝေ့ယမ်းပစ်ခတ်လိုက်ရာ သူတို့၏ အလွန်မြန်ဆန်သော အာရုံကြော တုံ့ပြန်မှုများနှင့် ပစ်ခတ်မှု အတတ်ပညာများကြောင့် အင်ဒိုနီးရှား စစ်သားများမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ပစ်ချခံလိုက်ရသည်။
စူပါစစ်သားများ၏ နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများမှာ သာမန်စစ်သားများထက် များစွာ သာလွန်လှသည်။ အထူးသဖြင့် ပထမတန်းစား စူပါစစ်သားများမှာမူ ထူထဲသော သံမဏိ သံချပ်ကာများကို ဝတ်ဆင်ထားသဖြင့် ဓားမတိုး ကျည်မဖောက်နိုင်အောင် ဖြစ်နေကြသည်။
သူတို့သည် မရိန်းတပ်ဖွဲ့၏ လှံဦးသဖွယ် ဖြစ်နေကြပြီး တပ်ဖွဲ့ဝင်များ ထိုးဖောက်ရမည့် လမ်းကြောင်းကို လမ်းညွှန်ပေးနေကြသည်။ ခိုင်မာပြီး တိုက်ခိုက်ရန် ခက်ခဲသော ခံစစ်မျဉ်းများမှာမူ စူပါစစ်သားများရှေ့တွင် အလွယ်တကူ ကျဆုံးသွားခဲ့ကြသည်။
ထို့အပြင် တင့်ကားတင်သင်္ဘောများ ကမ်းခြေသို့ ရောက်ရှိလာသည်နှင့်အမျှ မရိန်းတပ်ဖွဲ့သို့ ခွဲဝေပေးထားသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များသည်လည်း ကမ်းပေါ်သို့ စတင် တက်လာကြပြီ ဖြစ်သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် အရေအတွက်မှာ မများပြားလှဘဲ လေးဆယ် ဝန်းကျင်သာ ရှိသော်ငြား ကုန်းမြေစစ်မြေပြင်တွင် ကြောက်မက်ဖွယ် အကောင်းဆုံး လူသတ်စက်များ ဖြစ်နေဆဲပင်…။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ပစ်ခတ်မှု အင်အား၊ ၂၀၃ မီလီမီတာ အမြောက်မှ ထွက်ပေါ်လာသော ကျည်တစ်ချက်စီတိုင်းက လူ့အလောင်း အပိုင်းအစများကို နေရာအနှံ့ လွင့်စင်သွားစေသည်။ လှုပ်ရှားနေစဉ်မှာပင် စက်သေနတ်များနှင့် အော်တိုအမြောက်များက သည်းထန်သော မိုးရေစက်များအလား သိပ်သည်းလှသော ကျည်ဆန်များကို ပစ်ခတ်လိုက်ရာ လူများကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင်စက်ရုပ်က ပေးစွမ်းသော စိတ်ပိုင်းဆိုင်ရာ ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။
မူလက စိတ်ဓာတ်ခွန်အား မြင့်တက်နေသော အရန်တပ်ဖွဲ့ဝင်များသည် ပင်မတပ်ဖွဲ့များ ပါဝင်လာပြီး အင်ဒိုနီးရှား စစ်သားများကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် သတ်ဖြတ်နေသည်ကို မြင်သောအခါ သူတို့၏ စိတ်ဓာတ်ခွန်အားမှာ ပိုမို မြင့်တက်လာပြီး သတ္တိများ ဆထက်ထမ်းပိုး တိုးလာကာ သူတို့၏ ထိုးစစ်များမှာလည်း ပိုမို ပြင်းထန်လာတော့သည်။ အချို့ဆိုလျှင် အနီးကပ် တိုက်ခိုက်မှုများကိုပင် ပြုလုပ်လာကြသဖြင့် အင်ဒိုနီးရှား စစ်သားများမှာ အဆက်မပြတ် ဆုတ်ခွာနေရတော့သည်။
ကျဲခယ် အဖွဲ့၏ မရိန်းတပ်ဖွဲ့ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင်မူ အင်ဒိုနီးရှား စစ်တပ်မှာ မျှော်လင့်ထားသည့်အတိုင်း လုံးဝ ပြိုလဲသွားတော့သည်။ အင်ဒိုနီးရှား စစ်သား အမြောက်အမြားမှာ နောက်လှည့် ထွက်ပြေးကြခြင်း သို့မဟုတ် လိမ္မာယဉ်ကျေးစွာဖြင့် လက်နက်ချ အညံ့ခံရန် ရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အင်ဒိုနီးရှား စစ်သား ငါးသောင်း တပ်စွဲထားသော ကမ်းခြေ ခံစစ်သည် နှစ်နာရီပင် တောင့်မခံနိုင်ခဲ့ပေ။ ပို၍ တိတိကျကျ ပြောရလျှင် ကျဲခယ် အဖွဲ့က ၁ နာရီ ၄၇ မိနစ်အတွင်းမှာပင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ်းတက် တိုက်ခိုက်မှု ပြီးဆုံးပြီးနောက်တွင် ကျဲခယ် အဖွဲ့၏ ဧရာမ စစ်တပ်ကြီး၏ အစိတ်အပိုင်း တစ်ခုမှာ နေရာယူထားသော စခန်းများကို ခိုင်မာအောင် လုပ်ဆောင်ရန် ကျန်ရှိနေခဲ့ပြီး အခြား အစိတ်အပိုင်း တစ်ခုမှာမူ ဆီလွန်မြို့၏ မြို့ပြ ဧရိယာဆီသို့ ဆက်လက် ချီတက်သွားကြတော့သည်။
ဆီလုံမြို့…
အင်ဒိုနီးရှားရှိ လူဦးရေ သုံးသန်းနေထိုင်သော အနှီ မြို့ကြီးသည် ယခုအခါ ဖရိုဖရဲ ကမောက်ကမ ဖြစ်နေချေပြီ။ အကြောင်းရင်းမှာ ဆီလုံမြို့ ကမ်းခြေစောင့် ကာကွယ်ရေးတပ်ဖွဲ့ကြီး စိစိညက်ညက် ကျေသွားပြီး ကျဲခယ် အဖွဲ့ ကုန်းပေါ်တက်လာပြီ ဆိုသော သတင်းက မြို့တစ်ခွင် ပျံ့နှံ့သွားသောကြောင့်ပင်။
အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်ဖွဲ့သည် မြန်ဆန်လွန်းစွာ ပြိုလဲသွားခဲ့သဖြင့် မြို့ခံလူထုအတွက် ထွက်ပြေးရန် အချိန်ပင် မရလိုက်ချေ။
အခြေအနေ၏ ဆိုးရွားမှုကို မြို့ခံများ သဘောပေါက်ပြီး အစုလိုက်အပြုံလိုက် အပြင်သို့ ထွက်ပြေးကြချိန်တွင်တော့ မြို့တစ်ခုလုံးသည် မော်တော်ယာဉ်များနှင့် လူအုပ်ကြီးဖြင့် ပိတ်ဆို့နေခဲ့ပြီ ဖြစ်သည်။
အင်ဒိုနီးရှားလူမျိုးများ၏ ငြင်းခုံသံ၊ ငိုယိုသံများကို နေရာတိုင်းတွင် ကြားနေရပြီး မြို့ပြင်ထွက်ရန် နေရာလုရင်း လူအုပ်ကြီးမှာ အချင်းချင်းပင် ရိုက်နှက်တိုက်ခိုက်နေကြတော့သည်။ သူတို့ ဆီလုံမြို့မှ မထွက်ပြေးနိုင်မီမှာပင် ကျဲခယ် အဖွဲ့၏ ကုန်းတက်တပ်ဖွဲ့များက မြို့ထဲသို့ ရောက်ရှိလာခဲ့ပြီး ဆီလုံမြို့၏ အဓိက လမ်းဆုံလမ်းခွ အားလုံးကို သိမ်းပိုက်လိုက်လေပြီ။
ဘုန်း... ဘုန်း... ဘုန်း...
လေးလံသော စက်ယန္တရား ခြေသံကြီးများ ထွက်ပေါ်လာပြီး မြို့ပြင်ထွက်မည့်လမ်းတွင် ကားပိတ်မိနေသော အင်ဒိုနီးရှားလူမျိုးများ ထိတ်လန့်တကြား မော့ကြည့်လိုက်သောအခါ သူတို့၏ မြင်ကွင်းထဲသို့ ဧရာမ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်ကြီးများ ပေါ်လာတော့သည်။
၁၂ မီတာ အမြင့်ရှိသော ကိုယ်ထည်၊ တစ်ကိုယ်လုံးတွင် တပ်ဆင်ထားသော သေနတ်များနှင့် လက်နက်ကြီးများအပြင် ၎င်းတို့ထံမှ ထွက်ပေါ်နေသော အေးစက်စက် သတ်ဖြတ်လိုသည့် အငွေ့အသက်များက ထိုနေရာတွင် စုရုံးနေသော အင်ဒိုနီးရှားလူမျိုးများကို သေးထွက်ကျမတတ် ကြောက်လန့်သွားစေသည်။
“ကျဲခယ် အဖွဲ့ ရောက်လာပြီဟေ့”
“ပြေး... မြန်မြန်ပြေးကြ”
“ငါ့လမ်း လာမပိတ်နဲ့။ ဖယ်စမ်း ငါ့ကို ပေးထွက်”
လူအုပ်ကြီးသည် သဘာဝရန်သူနှင့် ရင်ဆိုင်လိုက်ရသော ငါးသေတ္တာငါးအုပ်စုလိုပင် အထိတ်တလန့်ဖြင့် ဆီလုံမြို့ထဲသို့ နောက်ကြောင်းပြန် လှည့်ပြေးကြတော့သည်။ ထိုနေရာတွင် စည်းကမ်း ထိန်းသိမ်းနေသော ရဲများသည်လည်း ကျဲခယ် အဖွဲ့ ပေါ်လာပြီးနောက် ကြက်ပျောက် ငှက်ပျောက် ပျောက်ကာ ထွက်ပြေးကုန်ကြသည်။
“စစ်ဘက်ဆိုင်ရာ အမိန့် - ဆီလုံမြို့ကို ထိန်းချုပ်ရန်။ ငါတို့ အလုပ်စလုပ်ဖို့ အချိန်တန်ပြီ”
ပင့်ကူ စက်ရုပ်တစ်ခုထဲတွင် စက်ရုပ်မောင်းသူက စစ်ဆင်ရေး အကျဉ်းချုပ်ကို ကြည့်လိုက်သည်။ ဤအရာသည် အခြားမြို့များတွင် မပေါ်ပေါက်ခဲ့ဖူးသော အမိန့်ဖြစ်သည်။ ကျဲခယ် အဖွဲ့သည် မြို့များစွာကို သိမ်းပိုက်ခဲ့သော်လည်း ဆီလုံမြို့တစ်ခုတည်းကသာ ဤမျှ တင်းကျပ်သော ထိန်းချုပ်မှု အမိန့်ကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
“နားလည်ပါပြီ တပ်စုမှူး”
“ဒီလမ်းကို ကျွန်တော် စောင့်ကြည့်ထားလိုက်မယ်။ မရိန်းတပ်ဖွဲ့က ခြေလျင်တပ်သား ညီအစ်ကိုတွေ မကြာခင် ရောက်လာလိမ့်မယ်”
ဤစက်ရုပ်တပ်စုမှ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်သုံးခုသည် လူစုခွဲလိုက်ပြီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် ကင်းလှည့်ကာ မည်သူ့ကိုမျှ မြို့ပြင်ထွက်ခွင့် မပြုတော့ချေ။
လူအများစုမှာ နောက်လှည့်ပြေးနေကြသော်လည်း ကပ်ပါးလို အချောင်ခိုချင်သော အချို့သူများကမူ ပရမ်းပတာ အခြေအနေကြားမှ မြို့ပြင်သို့ ခိုးထွက်ရန် ကြိုးစားနေကြဆဲပင်။
ဖောက်... ဖောက်... ဖောက်... ဖောက်... ဖောက်...
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်ပေါ်ရှိ စက်သေနတ်ကြီးတစ်လက်မှ မီးပွင့်သွားပြီး မြို့ပြင်သို့ အရှိန်တင် မောင်းနှင်လာသော ကားတစ်စီးအား ပျားလပို့သဖွယ် အပေါက်တွေ ဗရပွ ဖြစ်သွားစေသည်။ ပါးလွှာသော ကားလေးသည် ၁၂ ဒသမ ၇ မီလီမီတာ ကျည်ဆန်များ၏ အကြမ်းပတမ်း ဝင်တိုက်မှုကို မခံနိုင်ဘဲ အထဲရှိလူများလည်း သွေးသံရဲရဲဖြင့် အပေါက်များဖြစ်ကာ သေဆုံးသွားကြသည်။ နောက်ဆုံးတွင် ထိုကားလေးသည် လမ်းပေါ်တွင် အင်ဂျင်ရပ်ကာ တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။
“အခုချိန်ကစပြီး ဘယ်သူမှ မြို့ပြင်ထွက်ခွင့် မရှိဘူး။ ဆီလုံမြို့ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ။ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်ကြ။ မဟုတ်ရင် သတ်ပစ်မယ်”
ပင့်ကူ စက်ရုပ်ကြီးက လူအုပ်ကြီးကို အော်ဟစ် သတိပေးလိုက်သည်။ ယခုလေးတင် မျက်စိရှေ့တွင် ဖြစ်သွားသော သွေးထွက်သံယို နမူနာကြောင့် ထိုနေရာရှိ အင်ဒိုနီးရှားလူမျိုးများအားလုံး ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားကြသည်။ ကျဲခယ် အဖွဲ့သည် တကယ်ပင် လူသတ်ရန် ဝန်လေးနေမည် မဟုတ်ချေ။
ကံစမ်းပြီး မြို့ပြင်ခိုးထွက်လိုသော အင်ဒိုနီးရှားလူမျိုးများလည်း ပင့်ကူ စက်ရုပ်ကြီး၏ ပစ်မှတ်ထားခံရမည်ကို ကြောက်ရွံ့ကာ နောက်ကြောင်းပြန်လှည့် သွားကြတော့သည်။
လမ်းများကို ထိန်းချုပ် ပိတ်ဆို့လိုက်သည်နှင့် မရိန်းတပ်ဖွဲ့မှ ခြေလျင်တပ်သားများလည်း နောက်မှ လိုက်ပါလာကြသည်။
သူတို့သည် ပင့်ကူ စက်ရုပ်များ၏ နေရာကို လွှဲပြောင်းရယူကာ လမ်းများပေါ်တွင် ဆူးကြိုးများ ကာရံခြင်း၊ စက်သေနတ်ကြီးများ တပ်ဆင်ခြင်းနှင့် သံချပ်ကာယာဉ်များဖြင့် လမ်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ကာ မည်သူ့ကိုမျှ မြို့ပြင်မထွက်နိုင်ရန် တင်းကျပ်စွာ ပိတ်ဆို့လိုက်ကြသည်။
မြို့ပြင်တွင်တော့ ရဟတ်ယာဉ်များက အနိမ့်ပျံသန်းနေသည်။ အနီးအနားတွင် အင်ဒိုနီးရှားလူမျိုး တစ်ယောက်ယောက် ပေါ်လာသည်နှင့် ရဟတ်ယာဉ်များက လျင်မြန်စွာ ဆင်းသက်လာပြီး မရိန်းတပ်ဖွဲ့ဝင်များ ဆင်းလာကာ ဖမ်းဆီးချုပ်နှောင်တော့သည်။
ဆီလုံမြို့ပြင်ရှိ မြို့ငယ်များနှင့် ကျေးရွာများ အပါအဝင် နေရာတိုင်းတွင် ကျဲခယ် အဖွဲ့၏ စစ်သားများ တပ်စွဲထားပြီး အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။
ဆီလုံမြို့သူမြို့သားများသည် သူတို့၏ အိမ်များ၌သာ နေကြရပြီး အပြင်မထွက်ရဘဲ အိမ်ထဲတွင်သာ ပုန်းအောင်းနေရကာ အင်တာနက်ပေါ်မှတစ်ဆင့် အပြင်လောကသို့ အကူအညီတောင်းခံသည့် စာများသာ ဆက်တိုက် တင်နေနိုင်တော့သည်။
သို့သော် မကြာမီမှာပင် မြို့တွင်းရှိ အရေးကြီးသော အဆောက်အအုံ အားလုံးကို ကျဲခယ် အဖွဲ့က သိမ်းပိုက်လိုက်သောကြောင့် အင်တာနက်လိုင်းများပင် ပြတ်တောက်သွားတော့သည်။
ဆီလုံမြို့ အကောက်ခွန် ဦးစီးဌာန…
ဤနေရာရှိ သေနတ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်တစ်ရုပ်က ဝင်ပေါက်ဂိတ်တံခါးကို ခွပ်ခနဲ ဝင်တိုက် ဖျက်ဆီးလိုက်သည်နှင့် ကျဲခယ် အဖွဲ့မှ စစ်သားအများအပြား အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။
ခုခံခဲ့သော အကောက်ခွန် ဝန်ထမ်း ဆယ်ဂဏန်းခန့်မှာ မြေပြင်ပေါ်တွင် အလောင်းများ ဖြစ်နေကြပြီ။ သူတို့၏ ခုခံမှုသည် တစ်မိနစ်ပင် မခံလိုက်ဘဲ ကျဲခယ် အဖွဲ့၏ ကြမ်းတမ်းစွာ ချေမှုန်းမှုကို ခံလိုက်ရခြင်း ဖြစ်သည်။
ကျန်ရှိနေသော အကောက်ခွန် ဝန်ထမ်းများသည် လက်နက်ချ အရှုံးပေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ဘဲ အချို့မှာ ထောင့်အကွယ်များတွင် ပုန်းအောင်းကာ သေမလောက် ကြောက်ရွံ့နေကြသည်။
ဤအချိန်တွင် စစ်ခွေးများ ခေါ်ဆောင်လာသော လက်အောက်ခံနိုင်ငံများမှ စစ်သားများ ဝင်ရောက်လာကြသည်။ သူတို့က ဗီရိုများကို ဆွဲဖွင့်ကာ ပစ္စည်းများကို ရမ်းကားစွာ ရိုက်ခွဲဖျက်ဆီးကြသည်။
ပုန်းအောင်းနေသော အကောက်ခွန် ဝန်ထမ်းများကို တွေ့ရှိပါက ဦးစွာ ရက်ရက်စက်စက် ရိုက်နှက်ကြပြီးမှ ကျဲခယ် အဖွဲ့ထံ ပို့ဆောင်ကြသည်။ ကျဲခယ် အဖွဲ့မှ စစ်သားများကမူ ဤကိစ္စကို မမြင်ချင်ယောင် ဆောင်နေလိုက်ကြသည်။
“ဗိုလ်မှူးကြီး… ဒီမှာ ဖမ်းဆီးခံထားရတဲ့ သူတွေကို တွေ့ထားပါတယ်။ ကျေးဇူးပြုပြီး လာကြည့်ပေးပါ”
အထူးစစ်သည် တစ်ဦးရောက်လာပြီး အကောက်ခွန် စစ်ဆင်ရေးကို တာဝန်ယူထားသော ဗိုလ်မှူးကြီး ဖန်ကူထံ သတင်းပို့ကာ လူတစ်စုကို ခေါ်ဆောင်လာခဲ့သည်။
ထိုသူများမှာ တခြားသူများ မဟုတ်ဘဲ ဆီလုံမြို့ တောင်ပိုင်း ဆင်ခြေဖုံးရှိ စက်ရုံတွင် အဖမ်းခံခဲ့ရသော ကုန်းကော်ခိုင်နှင့် အခြား တရုတ်လူမျိုးများပင် ဖြစ်သည်။ သူတို့၏ လက်ရှိ အခြေအနေမှာ လူတိုင်း၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး နှိပ်စက်ညှဉ်းပန်းခံထားရသည့် လက္ခဏာများ ထင်ရှားနေသည်။
ထို့အပြင် မြေပြင်ပေါ်တွင် အလောင်းနှစ်ဆယ်ကျော်လည်း ရှိနေသေးရာ ၎င်းတို့မှာ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို မခံနိုင်ဘဲ သေဆုံးသွားကြသော တရုတ်လူမျိုးများ ဖြစ်သည်။
အကျဉ်းထောင်ထဲမှ ခေါ်ထုတ်ခံရသော ကုန်းကော်ခိုင်သည် စူးရှသော နေရောင်ခြည်ကို ကြည့်လိုက်ပြီးနောက် ဘေးနားရှိ ဖမ်းဆီးခံထားရသော အင်ဒိုနီးရှား အကောက်ခွန် ဝန်ထမ်းများနှင့် ကျဲခယ် အဖွဲ့ စစ်သားများကို ကြည့်ကာ မျက်ရည်များ ပေါက်ပေါက်ကျလာတော့သည် “ကယ်တင်ရှင် တပ်တော်ကြီး... တပ်တော်ကြီး နောက်ဆုံးတော့ ရောက်လာပြီဗျို့”
“ဝူး... ဝူး... ကျဲခယ် အဖွဲ့ ရောက်လာပြီ။ ငါတို့တော့ ကယ်တင်ခံရပြီ”
“ဒီတိရစ္ဆာန်တွေ... အခု ဘယ်လောက် မာနထောင်လွှားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”
“ကျဲခယ် အဖွဲ့က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ အဘိုးကျန်း၊ အစ်မရွှီ၊ အာဖင်း... မင်းတို့အတွက် ငါတို့ သေချာပေါက် လက်စားချေပေးမယ်”
***