နေ့တာကုန်ဆုံးချိန်တွင် အိုင်ဗီသည် အမြူတေပေါင်း ၆၃၀ မက စုဆောင်းနိုင်ခဲ့သည်။ တစ်ရက်အတွင်းမှာပင် သူမ၏ ရည်မှန်းချက် တစ်ဝက် ပြည့်ခဲ့သည်။
သို့သော် ထိုရလဒ်အတွက် ပေးဆပ်လိုက်ရသည်မှာ သူမ၏ ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲနေပြီး အနားယူရန်မှတစ်ပါး ဘာကိုမျှ မတောင့်တနိုင်တော့ပေ။
သူမသည် စွမ်းအင်သိုလှောင်ရုံ ထဲသို့ အမြန်ဝင်ကာ ရေချိုးပြီး ခုံတန်းပေါ်တွင် လဲလျောင်းလိုက်သည်။ ချက်ချင်းပင် အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာချိန်တွင် နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ခန္ဓာကိုယ်မှာ ကိုက်ခဲနေဆဲ ဖြစ်သော်လည်း အိုင်ဗီသည် ရေချိုးပြီးနောက် သိုလှောင်ခန်းထဲမှ ထွက်လာခဲ့သည်။
သူမ အလုပ်ကို ဆက်လုပ်ခဲ့သည်။ အကြောင်းပြချက် မရှိဘဲ သူမ၏ စိတ်ထဲတွင် ထူးဆန်းသော သွေးဆာမှုတစ်ခုကို ခံစားနေရပြီး သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ရလဒ်အနေဖြင့် ညနေစောင်းချိန်တွင် သူမ၏ ရည်မှန်းချက်ဖြစ်သော အမြူတေ ၁၀၀၀ ပြည့်သွားခဲ့လေပြီ။
အနားယူရန် စဉ်းစားလိုက်သော်လည်း... သူမ၏ မျက်ဝန်းများမှာ ဗလာဖြစ်သွားပြီး ခြေလှမ်းများက အလိုအလျောက် စတင်လျှောက်လှမ်းမိသည်။
ကောင်းကင်ဘုံက သူမကို သနားသွား၍လားမသိ၊ ၅ မိနစ်ခန့် လျှောက်ပြီးနောက်တွင် သူမ ရပ်တန့်သွားသည်။
အသိပြန်ဝင်လာသောအခါ အိုင်ဗီသည် အချိန်မှတ်နာရီကို ရှုပ်ထွေးသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အကြည့်ကို နှိမ့်ချလိုက်ရာ မြေပြင်ပေါ်တွင် ရင်းနှီးနေသော ဆေးကတ်အချို့ကို တွေ့လိုက်ရသည်။
တုံ့ဆိုင်းမနေဘဲ အိုင်ဗီသည် ထိုဆေးကတ်များကို ကောက်ယူလိုက်သည်။ အားလုံး ကောက်ပြီးချိန်တွင်တော့ သူမ၏ ကြွက်သားမျှင်တိုင်းမှာ နာကျင်နေတော့သည်။
သိုလှောင်ခန်းထဲသို့ ပြန်ဝင်ကာ ရေချိုးပြီးနောက် ထပ်မံ အိပ်စက်လိုက်ပြန်သည်။
တတိယမြောက်နေ့တွင် အိုင်ဗီသည် စစ်တပ်ဝင်းသို့ မပြန်သေးဘဲ ဇမ်ဘီများကို ဆက်လက် သတ်ဖြတ်နေခဲ့သည်။
အာကာသအမြူတေ တွေကို သူမအတွက်သာ သိမ်းထားချင်သောကြောင့် ဖြစ်သည်။ အမြူတေ ၇၀၀ ခန့် စုမိသောအခါ သူမ၏ အသိစိတ်မှာ ထပ်မံ လွတ်ထွက်သွားပြန်ပြီး မျက်လုံးပြန်ပွင့်လာချိန်တွင် မြေပြင်ပေါ်၌ ဆေးကတ်များ ပြန့်ကျဲနေသည်ကို တွေ့ရပြန်သည်။
ရင်းနှီးနေသော လှုပ်ရှားမှုများဖြင့် ဆေးအမည်များကိုပင် မဖတ်တော့ဘဲ ကောက်ယူလိုက်သည်။ အခုဆိုလျှင် သူမသာ အလိုရှိပါက ဤဆေးဝါးများကို ဖြန့်ဖြူးသူပင် လုပ်နိုင်နေပြီဟု သေချာသွားသည်။
ဆေးတစ်ကတ်ကို ၂၅ ဆအထိ ပွားနိုင်သဖြင့် သူမတွင် ယခုအခါ ဆေးကတ်ပေါင်း ၁၀၀၀ ခန့် ရှိနေပြီဖြစ်သည်။
အရင်က ကောက်ထားသော ဆေးထုပ်များလည်း ရှိသေးသည်...
နောက်ထပ် ၂ ရက်တိုင်တိုင် ဤသံသရာက ဆက်လက် လည်ပတ်နေခဲ့ပြီး အိုင်ဗီသည် သူမ မစဉ်းစားမိခဲ့သော ပြဿနာတစ်ခုကို သတိပြုမိလာသည်။ အကြောင်းရင်းမသိဘဲ သူမသည် ဆေးဝါးများကိုသာ ဆက်တိုက် ရရှိနေခြင်းဖြစ်သည်။
အတွေးတစ်ခုက သူမ၏ စိတ်ထဲသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။ ဖြစ်နိုင်သည်မှာ... သူမသည် အစားအစာအစား ဆေးကတ်များကို ရွေးချယ်လိုက်ကတည်းက... သူမ မသိလိုက်ဘဲ ရွေးချယ်မှုတစ်ခုကို ပြုလုပ်မိသွားခြင်း ဖြစ်နိုင်သည်...
ဆေးဝါးများ လုံလောက်အောင် စုဆောင်းပြီးနောက် အိုင်ဗီသည် အဲလ်ရိုး တောင်ကုန်းအနီးရှိ ဧရိယာကို စတင် စူးစမ်းခဲ့သည်။ သတ်ဖြတ်မှုများတွင် စိတ်လွတ်နေသဖြင့် သူမသည် အဲလ်ရိုး တောင်ကုန်းများမှ ဝေးကွာသွားပြီး အိမ်နီးချင်း နယ်မြေတစ်ခုသို့ ရောက်ရှိနေမှန်း မသိလိုက်ပေ။
ယခင်က ကျယ်ပြောသော မြက်ခင်းပြင်ကြီး ဖြစ်ခဲ့သော်လည်း ကမ္ဘာပျက်ကပ်ကြောင့် စိမ်းလန်းသော အရောင်မှာ ညိုပုတ်ပုတ် အရောင်များအောက်တွင် တဖြည်းဖြတ် ပျောက်ကွယ်နေပြီဖြစ်သည်။
ဤမြေနေရာ၏ ပိုင်ရှင်မှာ မြို့တော်ဝန် ဒန်နီရယ် ဖြစ်ကြောင်း အိုင်ဗီ မှတ်မိသွားသည်။ ယခင်ဘဝတွင် ဒန်နီရယ်သည် ပစ္စည်းများ လုယက်ခံရပြီးနောက် နောက်ဆုံးတွင် ဤမြေသို့ ပြန်လာကာ သက်ငယ်မိုး အိမ်လေးတစ်လုံး ဆောက်၍ နေထိုင်ခဲ့သည်။
သူ၏ ဇနီးနှင့် သားကြီးမှာ လမ်းတွင် သေဆုံးသွားခဲ့ပြီး သူ့အပေါ် မှီခိုနေရသော သားငယ်လေးတစ်ဦးသာ ကျန်ရစ်သည်။
အစပိုင်းတွင် သူသည် အကူအညီမဲ့နေခဲ့သော်လည်း လက်ထဲတွင် ကျန်ရှိသော ရွှေအနည်းငယ်ဖြင့် တစ်လစာခန့် ရှင်သန်နိုင်ရန် အစားအစာများကို အမြန်ဝယ်ယူခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် တစ်လအကြာတွင် စစ်တပ်က အခြေစိုက်စခန်း တည်ဆောက်ခဲ့ရာ သူသည် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး စစ်တပ်ဝင်းအတွင်း အမြဲတမ်း နေထိုင်ခွင့်ရရန် ဤမြေပိုင်ဆိုင်မှု စာချုပ်များကို စစ်တပ်သို့ ရောင်းချခဲ့သည်။
ဤမြေနေရာမှာ ဘောလုံးကွင်း အခု ၂၀ စာခန့် ကျယ်ဝန်းလှသဖြင့် စစ်တပ်က သူ့ကို တိုက်ခန်းတစ်ခန်း ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
အိုင်ဗီ ဤမျှ ရှင်းရှင်းလင်းလင်း မှတ်မိနေခြင်းမှာ ဤမြေသည် မြင့်မားသော တည်နေရာတွင် ရှိသဖြင့် အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကို မခံရသော ရှားပါးနေရာများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။
စစ်တပ်သည် ဤနေရာတွင် ကိုယ်ပိုင်အခြေစိုက်စခန်း တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းရင်းမသိရဘဲ စစ်တပ်စခန်းမှာ ပြိုကွဲသွားခဲ့ပြီး တစ်နည်းနည်းဖြင့် '
လင်းတနက် ဂိုဏ်းက ဒီနေရာကို သိမ်းပိုက်သွားခဲ့သည်။
အိုင်ဗီ၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာသည်။ သူမကိုယ်တိုင် အခြေစိုက်စခန်း တည်ဆောက်ရန် ပြင်ဆင်နေချိန်နှင့်လည်း ကွက်တိပင်...
ထိုအတွေးဖြင့် သူမသည် ဒန်နီရယ် စစ်တပ်နှင့် မညှိနှိုင်းရသေးခင်မှာပင် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ ဒီနေရာကို လင်းတနက် ဂိုဏ်း၏ လက်ထဲသို့ အကျမခံဘဲ သူမကိုယ်တိုင် အရယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
အိုင်ဗီသည် လေချွန်ရင်း စကူတာပေါ်တက်ကာ စကိုင်းလိုင်း လူနေရပ်ကွက်သို့ မောင်းနှင်လာခဲ့ပြီး ရာဗင်ခရော့ဖ် မိသားစု နေထိုင်ခဲ့သော တိုက်ခန်းသို့ သွားရောက် စစ်ဆေးလိုက်သည်။
ဒေမီယန် တစ်ယောက် ပြန်မလာသေးသဖြင့် အိုင်ဗီ မျက်မှောင်ကြုတ်သွားပြီး ဖြစ်နိုင်ခြေ အမျိုးမျိုးကို စဉ်းစားနေမိသည်။
ဖြစ်နိုင်သည်မှာ သူသည် အိုင်ဗီ၏ ကြောက်စရာကောင်းသော စွမ်းအားကို သိသွားသဖြင့် ထွက်ပြေးသွားခြင်း ဖြစ်နိုင်သလို၊ ဝေးလံသော ဒေသရှိ ရာဗင်ခရော့ဖ် မိသားစုကို သွားရှာခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အိုင်ဗီ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူမသည် ရာဗင်ခရော့ဖ် မိသားစုကို တစ်ခါတည်း အမြစ်ပြတ် ရှင်းလင်းရန် ကြံစည်ထားသော်လည်း ကြွက်တစ်ကောင်က ပိုက်ကွန်ထဲမှ လွတ်သွားခဲ့ပြီ။
ငါ အရမ်း လောသွားတယ်… သူတို့အားလုံးကို တစ်ခါတည်း မရှင်းလင်းခင် ညရောက်တဲ့အထိ သူမ စောင့်သင့်ခဲ့သည်... အခုတော့...
အိုင်ဗီသည် ဆိုင်းလပ်စ်အား အကူအညီကို တောင်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏ စုံစမ်းစစ်ဆေးမှုဖြင့်ဆိုလျှင် ဒီကောင့်ကို အမြန်ဖမ်းမိနိုင်ကောင်းပါရဲ့။
အိုင်ဗီ ဝန်မခံချင်သော်လည်း သူမသာ ဒေမီယန်နှင့် ထိပ်တိုက် ရင်ဆိုင်ရပါက သူမမှာ နည်းပရိယာယ်များ ရှိသော်ငြား အောင်မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်...
လက်တွေ့တွင်မူ အိုင်ဗီသည် သူမ၏ ဝှက်ဖဲအားလုံးကို သုံးခဲ့လျှင်တောင်မှ ဒေမီယန်ရဲ့ လက်စွပ်နှင့် သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှ မရေရာသော အခြေအနေများကြောင့် သူ့ကို ဖမ်းဆီးရန်မှာ ကျရှုံးနိုင်ခြေ ရှိသည်။
အိုင်ဗီသည် တံခါးကို ခတ်ကာ ထွက်လာခဲ့သည်။ လှေကားထစ်ပေါ်တွင် ဇမ်ဘီအချို့နှင့် တိုက်ခိုက်နေသော အက်ဒဝပ်နှင့် တွေ့ခဲ့သည်။
ခဏတာမျှ အိုင်ဗီသည် အက်ဒဝပ်၏ စွမ်းရည်ကို ငေးမောနေမိသည်။ သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်တိကျပြီး ခန္ဓာကိုယ်ကိုလည်း ကောင်းစွာ ထိန်းချုပ်နိုင်သဖြင့် အဆင့် (၀) ဇမ်ဘီများကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်နေသည်။
အိုင်ဗီ စိတ်ဝင်တစား ကြည့်နေပြီးနောက် အက်ဒဝပ်၏ စွမ်းရည်မှာ ဆိုင်းလပ်စ်နှင့် မတိမ်းမယိမ်း ရှိသည်ကို သိလိုက်ရသည်။ သူမ၏ စိတ်ထဲတွင် လှုပ်ရှားသွားရသည်။ ဒါဟာ ပါရမီပဲ... သူ့ကို သူမ အဖွဲ့ထဲ သွင်းရမယ်။
သူမ၏ စိတ်ထဲမှ အသံကလည်း ထပ်တလဲလဲ မြှူဆွယ်နေသည်။ တကယ်လို့ သူသာ အစွမ်းထက်တဲ့ စွမ်းအားတစ်ခု နိုးထလာပြီး ဆိုင်းလပ်စ်လိုမျိုး အလားအလာရှိတဲ့သူ ဖြစ်လာရင်ရော နင့်ရဲ့ အနာဂတ် အခြေစိုက်စခန်းက တခြားသူတွေထက် ပိုအစွမ်းထက်လာမှာ မဟုတ်ဘူးလား
ထိုအတွေးက သူမကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားစေသည်။ သူမသည် ထိုစိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး အက်ဒဝပ် တိုက်ခိုက်တာ ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေလိုက်သည်။
***