နန်ရှီမြို့ကို ပြန်ရောက်ပြီးနောက်....။
ချန်ကျန်းက ကက်သရင်းကို ခေါ်ထုတ်ပြီး မေးခွန်းတစ်ခု မေးလိုက်လေသည် ။ "ကက်သရင်း.... မင်း သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်ချင်သလား...."
"သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ အရှင်သခင် ဟုတ်လား.... တစ်မျိုးနွယ်လုံးကို စီမံခန့်ခွဲရမှာလား.... အဲဒါက အရမ်း ပျင်းစရာကောင်းမယ့်ပုံပဲ.... မလုပ်ချင်ပါဘူး.... ဒါပေမဲ့ အရှင်က ကျွန်မကို နိုးထလာအောင် ကူညီပေးနိုင်မယ်ဆိုရင်တော့ ကက်သရင်းက အရမ်း ကျေးဇူးတင်မိမှာပါ...." ကက်သရင်းက စဉ်းစားပြီး ခေါင်းယမ်းလိုက်လေသည် ။
"ဟွာရှကျင့်ကြံခြင်းလောကရဲ့ ကိစ္စတွေ ပြီးသွားရင်.... ငါ ဥရောပကို သွားပြီး အဲဒီ စကားမနားထောင်တဲ့ ကောင်မလေးကို သွားကြည့်မယ်.... ပြီးရင် မင်းတို့ရဲ့ သွေးစုပ်ဖုတ်ကောင် နယ်မြေကိုလည်း ဝင်ခဲ့မယ်...." ချန်ကျန်းက ခေါင်းညိတ်လိုက်သည် ။
"စကားမနားထောင်တဲ့ ကောင်မလေး ဟုတ်လား...." ကက်သရင်း ခဏလောက် ကြောင်သွားရသည် ။ အရှင့်ရဲ့ ပါးစပ်က ထွက်လာသည့် ကောင်မလေးဆိုတာ သေချာပေါက် သာမန်လူ မဟုတ်နိုင်မှန်း သူမ ခံစားမိလိုက်သည်။
ဖြစ်နိုင်တာက အဲဒီကောင်မလေးဟာလည်း T-Rex ဒိုင်နိုဆောကြီးလိုမျိုး ရှေးဟောင်းသက်ရှိ ဖြစ်နေမလား ...
စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်သည့်သူ တစ်ယောက် ဖြစ်ရပေမည် ။
"အွန်း...." သို့သော်လည်း ကက်သရင်းက သူမ၏ အတွေးတွေကို ချက်ချင်း ဖျောက်ပစ်လိုက်ပြီး ချန်ကျန်း၏ ရွတ်ခနဲ ပါးကို နမ်းလိုက်လေသည် ။ ထို့နောက် သူမက မြူဆွယ်သည့်လေသံနဲ့ ပြောလိုက်သည် ။ "ချစ်လှစွာသော အရှင်.... ဒီညတော့ ကျွန်မ အရမ်း အထီးကျန်နေတယ်နော်...."
"မင်းရဲ့ နိုးထခြင်း အခမ်းအနားက စင်ကြယ်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားဖို့ လိုတာ မဟုတ်လား...." ချန်ကျန်းက ကက်သရင်း၏ ခန္ဓာကိုယ်ကို တစ်ချက် ကြည့်လိုက်သည် ။
ကက်သရင်းက ကိုယ်ကျပ်စကတ်တိုလေးကို ဝတ်ထားပြီး ခြေတံရှည်တွေမှာလည်း အနက်ရောင် ခြေအိတ်ရှည်တွေကို ဆင်မြန်းထားသည် ။ မျက်မှန်အနက်လေး တပ်ထားသည့် သူမ၏ ပုံစံမှာ တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလှသည် ။
"အရှင်က ဘာလို့ တစ်ချက်ကြည့်ရုံနဲ့ အရာအားလုံးကို သိနေရတာလဲ...." ကက်သရင်းက ချန်ကျန်းကို ကြောင်ကြည့်နေမိသည် ။
"ငါက သူမကိုတောင် တစ်ချက်ကြည့်ရုံနဲ့ အရာအားလုံးကို မြင်နိုင်တာပဲ.... မင်းလို သွေးစုပ်ဖုတ်ကောင်မလေးကိုတော့ ပြောမနေနဲ့တော့...." ချန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
"သူမ....ဟုတ်လား အဲဒီ သူမ ဆိုတာ ဘယ်သူလဲဟင်...." ကက်သရင်းက စပ်စုချင်စိတ်နဲ့ မေးလိုက်လေသည် ။
"နတ်ဘုရားတစ်ပါးပေါ့...." ချန်ကျန်းက အနောက်ဘက်ဆီကို လက်ညှိုးညွှန်ပြလိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည် ။ သူက အတိတ်က အကြောင်းအရာ တစ်ခုခုကို သတိရသွားပုံရ၏ ။
"နတ်ဘုရားတစ်ပါး...." ကက်သရင်းက တိုးတိုးလေး ရေရွတ်လိုက်သည် ။ သူမဟာ ဘာမှ ဆက်မပြောနိုင်တော့ပေ ။ သူမဟာ သွေးစုပ်ဖုတ်ကောင် အားလ် အဆင့်တောင် မဟုတ်သေးသည့်အတွက် နတ်ဘုရားတစ်ပါးကိုတော့ ဘယ်လိုမှ မယှဉ်နိုင်တာ သေချာသည် ။
ထို့အပြင် အရှင့်၏ ပါးစပ်က ထွက်လာသည့် နတ်ဘုရားဆိုသည်မှာ သေချာပေါက် သာမန်နတ်ဘုရား မဟုတ်ဘဲ အလွန် စွမ်းအားကြီးသည့်သူ ဖြစ်ရပေမည် ။
ဒါပေမဲ့ ဟွာရှပြည်က နတ်ဘုရားတစ်ယောက်က ဥရောပက နတ်ဘုရားတွေကို ဘယ်လိုလုပ် သိနေရတာလဲ ။ ပြီးတော့ အရှင်က အဲဒီနတ်ဘုရားကို စကားမနားထောင်တဲ့ ကောင်မလေးလို့ ခေါ်လိုက်တာဆိုတော့.... အဲဒါက ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်များလား...
ယင်းက ခန့်မှန်းရ ခက်လှပေသည် ။
...
ဒုတိယမြောက်နေ့ ။
ကျန်းပိုယွဲ့ နှင့် ယွီချန်ဟိုင် တို့က ဖုန်းဆက်လာကြပြီး သူတို့ဆီကို လျှို့ဝှက်ဆန်းကြယ်သည့် ဖိတ်စာတစ်စောင် ရောက်လာကြောင်း ပြောပြကြသည် ။ ခဏအကြာမှာတော့ ဆေးဘုရင် ချန်ကျစ်လုံ ကလည်း ဖုန်းဆက်လာပြီး သူလည်း ဖိတ်စာတစ်စောင် ရရှိထားကြောင်း ပြောသည် ။
ဟွာရှ ရှေးဟောင်းသိုင်းလောက တစ်ခုလုံးမှာ ထိုလျှို့ဝှက်ဖိတ်စာများ ပျံ့နှံ့နေပုံရသည် ။
သိပ်မကြာခင်မှာပဲ စုချန်၏ အိမ်ကိုလည်း ဖိတ်စာတစ်စောင် ရောက်လာလေသည် ။ ဖိတ်စာပေါ်မှာတော့ ချန်ကျန်း နာမည်ကို ရေးထိုးထား၏ ။
"နတ်ဘုရား စားပွဲတော်.... ဒါက ဝင်းနား မိသားစုရဲ့ နတ်ဘုရား စားပွဲတော် ဖိတ်စာပဲ...." ချန်ကျန်းက ဖိတ်စာကို ဖွင့်ခိုင်းလိုက်သည့်အခါ ကျိုးချင်းဟုန် ရဲ့ မျက်နှာပေါ်မှာ အံ့ဩသည့် အရိပ်အယောင်တွေ ပေါ်လာသည် ။ "ဝင်းနားမိသားစုရဲ့ နတ်ဘုရား စားပွဲတော်က ကျင်းပတာ ဆယ်နှစ်ကျော်နေပြီ.... မျိုးဆက်တိုင်းမှာ နတ်ဘုရားတစ်ယောက် ပေါ်ထွက်လေ့ရှိသည့် ဒီမိသားစုရဲ့ အဓိကအချက်ကတော့.... ဖိတ်ကြားခံရသည့် ဧည့်သည်များမှာ သူတို့ရဲ့ ကျင့်စဉ်စွမ်းအားတွေကို ဆယ်နှစ်ကနေ နှစ်ပေါင်းရာချီအထိ တိုးမြှင့်ပေးနိုင်သည့် ဟင်းပွဲတွေကို စားရမှာဖြစ်တယ်.... စားပွဲတော်ရဲ့ အဆင့်ရှစ်ဆင့်လုံးကို ကျော်ဖြတ်နိုင်ရင် အနည်းဆုံး ကျင့်စဉ်သက်တမ်း သုံးရာလောက်အထိ တိုးလာနိုင်တယ်လို့ ကောလဟာလ ရှိတယ်.... ဒီစားပွဲတော်က ဆရာကြီးအဆင့်တွေနဲ့ မြေကမ္ဘာနတ်ဘုရားတွေအတွက် ပြင်ဆင်ထားတာပဲ...."
"ဘာလို့ နားထောင်လို့ ရင်းနှီးနေရတာလဲ...." အန်းကျင်း နဲ့ စုချန် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။
သူတို့တွေ ချန်ကျန်း အရင်က လုပ်ပေးခဲ့သည့် နတ်သမီး စားပွဲတော်ကို သတိရသွားကြသည် ။ နာမည်တွေသာ ကွဲပြားပေမဲ့ အနှစ်သာရကတော့ အတူတူပင်။ အစားအသောက်စားပြီး ကျင့်စဉ်စွမ်းအားတွေ တိုးလာတာချင်း တူနေသည် မဟုတ်ပါလား ။
"လူဘယ်နှယောက် ခေါ်လို့ရလဲ...." ချန်ကျန်းက မေးလိုက်သည် ။
"ဧည့်သည်တစ်ယောက်က အပိုတစ်ယောက်ပဲ ခေါ်လို့ရတာပါ...." ကျိုးချင်းဟုန်က ဖိတ်စာကို သေချာကြည့်ပြီး ဖြေလိုက်သည် ။
"ဒါဆို ငါ သုံးယောက် ခေါ်သွားမယ်...." ချန်ကျန်းက ခေါင်းညိတ်လိုက်သည် ။
"......" မိန်းကလေး သုံးယောက်လုံး ကြောင်အမ်းသွားပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်ကြသည် ။
ဤအမျိုးသားက အမြဲတမ်း တစ်ဖက်လူ ငြင်းလို့မရအောင် လွှမ်းမိုးတတ်လွန်းလှသည် ။
.... ယန်ကျင်းမြို့ ...
မြို့ပြင်က ကိုယ်ပိုင် ဝိုင်ထုတ်လုပ်ရေးခြံတစ်ခု...
အပြင်ပန်းကတော့ ဟွာရှနှင့် ဥရောပ ဗိသုကာလက်ရာများ ပေါင်းစပ်ထားသလို ရှိပေမဲ့ အတွင်းဘက်မှာတော့ ဟွာရှစတိုင် အပြင်အဆင်များသာ။ ထိုခြံအား ကျင့်ကြံခြင်းလောက၏ ထိပ်တန်း မိသားစု သုံးခုထဲက တစ်ခုဖြစ်သည့် ဝင်းနားမိသားစု ပိုင်ဆိုင်ပေသည် ။
ဝင်းနားမိသားစု၏ လျှို့ဝှက်ချက်မှာ ကျင့်ကြံသူတွေကြား နာမည်ကြီးလှသည် ။ အဘယ်ကြောင့်ဆိုသော် သူတို့က အမြဲတမ်း သိုသိုသိပ်သိပ် နေတတ်တာကြောင့် ဘယ်သူမှ သူတို့၏ နောက်ခံကို သေချာမသိကြပေ ။
အခုအချိန်မှာတော့ ရဲတိုက်ထဲက ဟွာရှစတိုင် ဧည့်ခန်းမကြီးထဲမှာ လူအများအပြားဟာ ချန်ကျန်းကို စိုက်ကြည့်နေကြသည် ။ အဘယ်ကြောင့်ဆိုသော် ချန်ကျန်း၏ ဘေးနားမှာ အသက်အရွယ်မျိုးစုံ ၊ စတိုင်မျိုးစုံနဲ့ လှပသည့် မိန်းကလေး ငါးယောက် ရှိနေလို့သောကြောင့်ပင်။
ချန်ကျန်းက စုချန် ၊ အန်းကျင်း နဲ့ ကျိုးချင်းဟုန် တို့ကို ခေါ်လာတာဖြစ်ပြီး.... ကျန်းပိုယွဲ့က ကျန်းရို ကို ခေါ်လာသည်။ ဆေးဘုရင် ချန်ကျစ်လုံကတော့ ချန်ကျစ် ကို ခေါ်လာခြင်းပင် ။ ယင်းကြောင့် ဧည့်ခန်းထဲ ရောက်သည်နှင့် ကျန်းရို နှင့် ချန်ကျစ်တို့က ချန်ကျန်း၏ ဘေးကို ကပ်လာကြတော့သည် ။
"အစ်ကို.... လူတွေ အများကြီးက အစ်ကို့ကို မနာလို ဖြစ်နေကြပြီနော်...." ချန်ကျစ်က တိုးတိုးလေး ပြောလိုက်သည် ။
"နေသားကျနေပါပြီ...." ချန်ကျန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည် ။
ချန်ကျစ် တစ်ယောက် သူမ၏ အစ်ကိုကြီးကို မျက်စောင်းတစ်ချက် ထိုးလိုက်မိသည် ။
"ကျိုးချင်းဟုန်.... မင်းလို ဓားဂိုဏ်းရဲ့ သစ္စာဖောက်က ငါ့ရှေ့ကို ကိုယ်တိုင် လာမဒူးထောက်သေးဘူးလား...." နောက်တစ်စက္ကန့်မှာပဲ ဧည့်ခန်းမ၏ တခြားတစ်ဖက်ကနေ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ဟမ်...." ဧည့်ခန်းမကြီး တစ်ခုလုံး ခဏလောက် ငြိမ်ကျသွားပြီး လူတိုင်း၏ အကြည့်များက ထိုလူဆီကို ရောက်သွားကြသည် ။ အဲဒီနောက်မှာတော့ ကျိုးချင်းဟုန် ဆီကို ပြန်ကြည့်လိုက်ကြပြန်သည် ။ ထိုလူကား လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး သူ ရပ်နေသည့် ပုံစံက ဓားတစ်လက်လို အေးစက်တောင့်တင်းလှသည် ။ သူ့ဆီကနေ စူးရှသည့် အရှိန်အဝါတွေ ထွက်ပေါ်နေပြီး ကျိုးချင်းဟုန်ကို ပစ်မှတ်ထားနေလေသည် ။
"အစ်ကိုကြီး မူချန်ဖုန်း...." ကျိုးချင်းဟုန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးနောက် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည် ။ "ကျွန်မ ဓားဂိုဏ်းကနေ ထွက်လာခဲ့တာ ဆယ်နှစ်ကျော်ပါပြီ.... အခု ကျွန်မက ဓားဂိုဏ်းက လူမဟုတ်တော့ပါဘူး.... ကျွန်မက သခင်လေး ရဲ့ နောက်လိုက်တစ်ယောက်ပါ...."
"သခင်လေး ဟုတ်လား.... ဘယ်က သခင်လေးလဲ.... ကျိုးချင်းဟုန်.... အကြီးအကဲတွေ အကုန်လုံးက မင်းကို ရွှီကျန့်နဲ့ လက်ထပ်ပေးဖို့ ဆုံးဖြတ်ထားပြီးသား.... မင်းက ဒီဘဝမှာ သခင်လေးရွှီ နဲ့ပဲ လက်ထပ်ရမှာ...." လူလတ်ပိုင်း အမျိုးသားက ဒေါသတကြီး ပြောလိုက်သည့်အခါ သူ့ဆီက ထွက်လာသည့် အရှိန်အဝါများမှာ ဆတူ တိုးလာရလေသည် ။
"ဝင်းနားမိသားစုရဲ့ တာဝန်ခံ ဘယ်မှာလဲ.... ဘာလို့ ဒီကောင်လေးက နတ်ဘုရား စားပွဲတော်ကို လူစိမ်း ငါးယောက်လောက် ခေါ်လာနိုင်တာလဲ.... ငါတို့မှာကျတော့ တစ်ယောက်ပဲ ခေါ်ခွင့်ရှိတာလေ.... ဒါက ဝင်းနားမိသားစုက ငါတို့ကို အထင်သေးတာလား.... ငါ့ရဲ့ ခွန်းလွန်းဂိုဏ်းကို အထင်သေးလိုက်တာလား...." ထိုအချိန်မှာပဲ ဝတ်စုံစိမ်းနဲ့ ဓားသမားတစ်ဦးက ဟန့်တားလိုက်လေသည် ။
"ဟုတ်တယ်...." "ဒါက မတရားဘူး...."
"ဝင်းနားမိသားစုရဲ့ အိမ်ရှင်က ရှင်းပြချက် ပေးရမယ်...."
"ငါ ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ.... ဒီကောင်လေးက မိန်းမ သုံးယောက် ခေါ်လာတာလေ.... သတ်မှတ်ချက်ထက် နှစ်ယောက် ပိုနေတာပဲ.... ဝင်းနားမိသားစုက တရားမျှတချင်တယ်ဆိုရင် သူ့ကို အခုချက်ချင်း နှင်ထုတ်ရမယ်...."
"ဒီကောင်လေးက ဝင်းနားမိသားစုရဲ့ စည်းမျဉ်းကို ချိုးဖောက်တာပဲ.... သူ့ကို စားပွဲတော်ကနေ ပယ်ထုတ်သင့်တယ်...."
ခဏချင်းမှာတင် ချန်ကျန်းကို ဝိုင်းပြီး ပြစ်တင်ရှုတ်ချသည့် အသံတွေ ခုနစ်သံ ၊ ရှစ်သံလောက် ထွက်ပေါ်လာလေသည် ။
ကျန်းပိုယွဲ့ ၊ ယွီချန်ဟိုင် နှင့် ဆေးဘုရင် ချန်ကျစ်လုံ တို့မှာ ချန်ကျန်း၏ နောက်၌ တိတ်တဆိတ် ရပ်နေကြသည် ။ သိုတိုင် သူတို့ သုံးယောက်စလုံး မျက်မှောင်ကြုတ်နေကြ၏ ။ ဤသို့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပေ ။
ချန်ကျန်း ရောက်လာတာ မိနစ်အနည်းငယ်ပဲ ရှိသေးတာကို လူတိုင်း၏ ရန်သူ ဖြစ်သွားလေပြီ ။
"ငြိမ်ကြစမ်း...."
ထိုအချိန်တွင် ဧည့်ခန်းမ အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာပြီး ဆံပင်ဖြူနှင့် အဘိုးအို တစ်ဦးက ဝတ်စုံရှည် ဝတ်ထားသည့် မိန်းကလေးတစ်ဦး၏ အကူအညီနဲ့ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရလေသည် ။
"ဝင်းနားမိသားစုရဲ့ ဘိုးဘေးကြီးပါလား...."
"ဘိုးဘေးကြီး ရောက်လာပြီ...."
"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...."
လူအများအပြားဟာ အဘိုးအိုရဲ့ အဆင့်အတန်းကို မှတ်မိကြပြီး တစ်ယောက်ပြီးတစ်ယောက် အရိုအသေ ပေးကြလေသည် ။ ဓားဂိုဏ်းက မူချန်ဖုန်း နှင့် ခွန်းလွန်းက ဓားသမားတို့လည်း အဘိုးအိုကို ကြည့်ပြီး လက်သီးဆုပ် ဂါရဝပြုလိုက်ကြသည် ။
ဝင်းနားမိသားစုရဲ့ ဘိုးဘေးကြီး...
ကျင့်ကြံခြင်းလောကမှာ သူကိုယ်တိုင် ကိုယ်ထင်မပြတာ ဆယ်စုနှစ်တွေ ကြာနေပြီဆိုသာေ်လည်း.... လွန်ခဲ့သည့် ဆယ်စုနှစ်တွေကတည်းက သူဟာ မြေကမ္ဘာနတ်ဘုရား အဆင့်၏ အထွတ်အထိပ်ကို ရောက်နေပြီဟု ကောလဟာလ ရှိလေသည် ။
ထိုသို့ အဆင့်အတန်းရှိသည့် ဆရာကြီးကိုတော့ သူတို့တွေ ရန်မစရဲကြပေ ။
"အဟွတ်...."
ဝင်းနားမိသားစုရဲ့ ဘိုးဘေးကြီးက ချန်ကျန်းဆီကို တစ်လှမ်းချင်း လျှောက်လာလေသည် ။ သူက ချန်ကျန်းကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ချောင်းဆိုးလိုက်ပြီး ကိုယ်ခန္ဓာလည်း တုန်ရီသွားရလေသည် ။ သူ့ကို တွဲထားသည့် မိန်းကလေးက စိုးရိမ်တကြီး မျက်မှောင်ကြုတ်သွားပေမဲ့ ဘိုးဘေးကြီးက လက်ကာပြလိုက်သည် ။ ထို့နောက် သူက မျက်လုံးကို မြှောက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်ကာ ပြောလိုက်သည် ။ "ငါ့ဘေးမှာ ရှိနေတဲ့ ဒီလူက စားပွဲတော်ကို လူဘယ်နှယောက် ခေါ်လာခေါ်လာ ပြဿနာ မရှိဘူး.... ဒီသခင်လေးက လူဘယ်နှယောက် ခေါ်လာခေါ်လာ ငါတို့ ဝင်းနားမိသားစုက အကုန် ကြိုဆိုတယ်.... ဒါကြောင့် စည်းမျဉ်းချိုးဖောက်တာမျိုး မရှိဘူး.... မင်းတို့တွေ ဆူညံမနေကြနဲ့တော့...."
"ဘာ...."
"ဘိုးဘေးကြီး.... ခင်ဗျားက...."
"ဒါက မတရားဘူးလေ...."
ချန်ကျန်းကို ပြစ်တင်နေသည့်သူများမှာ ချက်ချင်းဆိုသလို ကြောင်အမ်းသွားကြရလေသည် ။ ထို့နောက် သူတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည် ။
"ဝင်းနားဘိုးဘေးကြီး.... ဘာလို့ ဒီကောင်လေးက ဒီလောက် အခွင့်ထူးခံ ဖြစ်နေရတာလဲ.... ကျွန်တော် မကျေနပ်ဘူး...." ခွန်းလွန်းဓားသမားက အော်ဟစ်လိုက်လေသည် ။
"ဒါက အရမ်း ရိုးရှင်းပါတယ်.... ဘာလို့လဲဆိုတော့ ငါတို့ ဝင်းနားမိသားစုက ဒီနတ်ဘုရား စားပွဲတော်ကို ကျင်းပရသည့် မူလရည်ရွယ်ချက်က ဒီလူငယ်လေးကို ကြိုဆိုဖို့ ဖြစ်လို့ပဲ.... ငါတို့ နှစ်ပေါင်းထောင်ချီ စောင့်နေခဲ့တာ.... ဒီနေ့မှပဲ သူ ပြန်ရောက်လာတာကို တွေ့ရတော့တယ်...."
ဝင်းနားဘိုးဘေးကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး လူတိုင်းကို နောက်တစ်ကြိမ် ကြည့်လိုက်လေသည် ။
ပြောရင်းဆိုရင်းနဲ့ပဲ ဝင်းနားဘိုးဘေးကြီးဟာ လူတိုင်း၏ အံ့ဩနေသည့် အကြည့်တွေကြားမှ ချန်ကျန်းဘက်ကို လှည့်လိုက်လေသည် ။ သူက သူ့အဝတ်အစားတွေကို သေသေချာချာ ပြန်ပြင်လိုက်ပြီးနောက် အလွန် လေးနက်သည့် မျက်နှာထားနှင့် ချန်ကျန်းကို လက်သီးဆုပ် ဂါရဝပြုလိုက်လေသည် ။
"နတ်ဘုရားရဲ့ လက်အောက်ခံ ဝင်းဆန်းရွှီက အရှင့်ရဲ့ ပြန်လာခြင်းကို ကြိုဆိုပါတယ်...."
အခန်း ၁၄၅ ပြီး
***