ရွှီယိုဝေ စကားပြောပြီးသည်နှင့် တပည့်များစွာသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေ၏။
အကြီးအကဲ အချို့မှာ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားခဲ့သည်ကို မခံစားဘဲ မနေနိုင်ကြချေ။
အချိန်တိုလေးအတွင်း ယှဉ်ပြိုင် တိုက်ခိုက်ပြီးနောက် သူသည် ပြိုင်ဘက်၏ တိုက်ခိုက်ရေး အလေ့အထ များကို ဆုပ်ကိုင်နိုင်ပြီး ပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်ခဲ့သည်ပင်။
နင်းဖန်၏ တိုက်ခိုက်ရေး ပါရမီမှာ မည်မျှပင် မြင့်မားနေပါသနည်း။
သူသည် တိုက်ခိုက်ရန်အတွက် မွေးဖွားလာခဲ့ခြင်းပင် ဖြစ်သည်။
ယွီရူရွှမ်းပင်လျှင် ဤအချိန်တွင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"တကယ်ပါပဲ... အရင် တိုက်ပွဲတွေမှာ နင်းဖန်ရဲ့ တိုက်ပွဲအတွင်း သင်ယူနိုင်စွမ်းနဲ့ လေ့လာနိုင်စွမ်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် အားကောင်းတာကို ငါ မြင်ခဲ့တယ်...။"
"သူ့ရဲ့ တိုက်ခိုက်ရေး ထက်မြက်မှုက ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ အမြင့်ဆုံး အဆင့်ပဲ...။"
ဂိုဏ်းတွင် အသန်မာဆုံးဖြစ်သော တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲထံမှ ဤမျှ မြင့်မားသော အကဲဖြတ်မှုကို ကြားရသောအခါ တပည့်များမှာ ပို၍ပင် အံ့အားသင့်သွားကြ၏။
မကြာသေးမီ အခိုက်အတန့်လေးကပင် ဤ မီးတောက်ခြေဖဝါး ဝက်ဝံ ကြောင့်နင်းဖန် မည်သို့ အခက် တွေ့နိုင်ကြောင်း သူတို့ ဆွေးနွေးနေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပြိုင်ဘက်ကို ရယ်စရာတစ်ခုအဖြစ် သဘောထားကာ တိုက်ခိုက် မှု အားလုံးကို တည်ငြိမ်ပြီး ပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်ခဲ့လေ၏။
ဤသည်မှာ အလွန် အံ့အားသင့်စရာ ကောင်းလွန်းလှသည်ပင်။
ထိုက်ရီ သူတော်စင်မှာ စကားမပြောနိုင်အောင် မှင်တက်သွားခဲ့၏။
နင်းဖန်၏ ပါရမီမှာ အလွန် မြင့်မားပြီး သိုင်းပညာများကို အလွန် မြန်ဆန်စွာ ကျင့်ကြံနိုင်သဖြင့် အမှန် တကယ် တိုက်ပွဲတွင် သူ့၌ အားနည်းချက် ရှိရမည်ဟု သူ မူလက ထင်ခဲ့လေသည်။
မည်သို့ပင်ဆိုစေ မည်သူမျှ ပြီးပြည့်စုံနိုင်ခြင်း မရှိချေ။
သို့သော် တိုက်ပွဲသည်လည်း သူ၏ အားသာချက် ဖြစ်နေမည်ဟု မည်သူက ထင်မည်နည်း။
အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ဤမျှ တည်ငြိမ်အေးဆေးမှု အဆင့်မှာ သူ နှိုင်းယှဉ်၍ ရနိုင်သောအရာထက် များစွာ သာလွန်နေခဲ့သညပင်။
သူတော်စင်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများအောက်တွင် သူ၏ ရုပ်ခန္ဓာကိုယ်ကို ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြသခြင်းဖြင့် သူ့ကိုယ်သူ ဘယ်သောအခါမျှ အန္တရာယ်ကျရောက်စေမည် မဟုတ်ချေ။
အကယ်၍ သူသာ ဤ မီးတောက်ခြေဖဝါး ဝက်ဝံ နှင့် ရင်ဆိုင်ရပါက ၎င်း အနီးသို့ပင် မရောက်နိုင်မီ အဝေးမှနေ၍ နတ်ဘုရားစွမ်းရည်များနှင့် နည်းစနစ်များဖြင့် နှိမ်နင်းပစ်လောက်ပေသည်။
အနည်းဆုံးတော့ ၎င်းကို ရင်ဆိုင်ရန် သူ လက်နက်တစ်ခုကို အသုံးပြုမည် ဖြစ်၏။
ပူလောင်နေသော ခြေသည်း တိုက်ခိုက်မှုများ မိုးရွာသကဲ့သို့ကျနေသည့်အောက်တွင် လက်ချည်းသက် သက်ဖြင့် တည်ငြိမ်စွာ ရှောင်တိမ်းနေသော နင်းဖန်ကဲ့သို့ သူ မည်သို့ ဖြစ်နိုင်မည်နည်း။
"တကယ့် အရူးပဲ...။"
အံ့အားသင့်နေစဉ်မှာပင် သူတော်စင်သည် အတွင်းစိတ်တွင် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ချေ။
ဤ မီးတောက်ခြေဖဝါး ဝက်ဝံ သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သတ္တမအလွှာနှင့် ယှဉ်နိုင်သော ကျင့်ကြံမှုရှိပြီး စတုတ္ထအဆင့် သွေးမျိုးဆက်လည်း ရှိကာ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ သေချာ ပေါက် မအားနည်းချေ။
ခြေသည်း ရိုက်ချက်တိုင်းတွင် အင်အား ဂျင် ငါးသောင်းကျော် ပါဝင်နေ၏။ နင်းဖန်တွင် မည်သည့် ကာကွယ်ရေး ရုပ်ခန္ဓာကိုယ်မှ မရှိချေ။ အကယ်၍ သူ မရှောင်နိုင်ဘဲ အထိခံလိုက်ရပါက သူ၏ ခေါင်း ချက်ချင်း ကျေမွသွားရန်မှာ မဖြစ်နိုင်သောအရာတော့ မဟုတ်ချေ။
သူ၏ ရှောင်တိမ်းမှုကို လေ့ကျင့်ရန် ပြိုင်ဘက်ကို သွေးကျောက်တုံးအဖြစ် အသုံးပြုရဲအောင် သူ့တွင် မည်သို့သော သတ္တိမျိုး ရှိနေပါသနည်း။
သူ့တွင် ထိုမျှ ကြီးမားသော အာရုံကြောများ ရှိနေသည်ပင်။
သူတော်စင်သည် ဇဝေဇဝါဖြစ်နေပြီး နင်းဖန်ကို အကြောင်းပြချက်မရှိသော အရူးတစ်ယောက်အဖြစ် သာ သတ်မှတ်လိုက်၏။
အမှန်တကယ်တော့ အမှန်တရားမှာ အလွန် ရိုးရှင်းပေသည်။
၎င်းမှာ နင်းဖန်သည် ဤ မီးတောက်ခြေဖဝါး ဝက်ဝံ ကို လုံးဝ မသိသောကြောင့်ပင်။
၎င်းသည် စတုတ္ထအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ကြောင်း သူ မသိသလို အထိခံ ရပါက သူ၏ အသက်ကို ဆုံးရှုံးသွားနိုင်ကြောင်းကိုလည်း သူ မသိချေ။
ယခုအချိန်တွင် သူသည် "မသိခြင်းသည် ကောင်းချီးတစ်ခု" ဟူသော ခံစားချက် အနည်းငယ်နှင့် ရွှေရောင် အဆင့် ပါရမီများကို ပိုင်ဆိုင်ထားခြင်း၏ ယုံကြည်မှုဖြင့် ထိုနေရာတွင် ရပ်နေခဲ့၏။
အကြိမ်ကြိမ် ရှောင်တိမ်းပြီးနောက် သူ၏ အပြုအမူက နတ်ဆိုးသားရဲ ကို လုံးဝ ဒေါသထွက်သွားစေ ခဲ့သည်။
၎င်းရှေ့ရှိ လူသားသည် သူ့ကို ကစားနေကြောင်း ခံစားလိုက်ရပြီး နင်းဖန်ကို ရုတ်တရက် မာန်ဖီလိုက်၏။ ဝက်ဝံ၏ မာန်ဖီသံမှာ မိုးကြိုးပစ်သံကဲ့သို့ဖြစ်သွားပြီး တောင်ကြား တစ်ခုလုံးတွင် ဟိန်းထွက်သွားကာ မရေမတွက်နိုင်သော ငှက်များကို လန့်ဖြတ်သွားစေခဲ့သည်။
နင်းဖန်၏ ဆံပင်များ အနောက်သို့ လွင့်ထွက်သွားပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ခိုင်မာလာခဲ့၏။
"မင်းက အသံကျယ်တာကို အထူးအဆန်းလို့ ထင်နေတာလား...။ ငါ့အတွက် သေလိုက်စမ်း...။"
နောက်စက္ကန့်တွင် နင်းဖန်သည် လက်သီးကို ဆုပ်လိုက်ရာ ဂျင် သုံးသောင်းသုံးထောင်ရှိသော အင်အား များ သူ၏ ကြွက်သားများနှင့် အရိုးများအတွင်းမှ ဖြတ်သန်းသွားခဲ့၏။ သူ၏ ခြေလှမ်းများမှာ တောင်များ ကို နင်းနေသကဲ့သို့ဖြစ်ပြီး ဘယ်ခြေဖြင့် ရှေ့သို့ လှမ်းကာ ညာဘက်လက်မောင်းကို မြင့်မြင့်လွှဲလိုက်ပြီး ဧရာမ လက်သီးတစ်ခုက ဝက်ဝံ၏ ဦးခေါင်းဆီသို့ ပျံသန်းသွားခဲ့လေသည်။
တောင်ငါးလုံး ဖိနှိပ်ခြင်း ပုံစံ။
ဤသည်မှာ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး မှ ဂန္ထဝင် အစပြု ကိုယ်နေဟန်ထားတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် အနိမ့်ပိုင်း ကိုယ်နေဟန်ထားကို အသုံးပြုကာ ခါးမှတစ်ဆင့် စွမ်းအားကို ဖန်တီးပြီးနောက် လက်သီး၏ အစွမ်းကုန် အင်အားဖြင့် ပေါက်ကွဲထွက်စေခြင်းပင် ဖြစ်၏။
သူ တိုက်ခိုက်လိုက်သည်နှင့် သွေးစွမ်းအင်များနှင့် ဝိညာဉ်အင်အားများသည် သူ၏ ခြေလက်များနှင့် အရိုးများအတွင်းမှ ဖြတ်သန်း စီးဆင်းသွားခဲ့လေသည်။ သူ၏ ပတ်လည်ရှိ ချီ များသည် တောင်အရိပ် များကဲ့သို့ ထပ်နေပြီး သူ၏ ကြွက်သားများသည် သံမဏိကြိုးများကဲ့သို့ တင်းမာသွားခဲ့၏။
အလယ်တောင် အိုးကြီးကို တည်ငြိမ်စေခြင်း။
နောက်ဆုံးတွင် လက်သီး ရောက်ရှိလာပြီး ဝက်ဝံ၏ ခေါင်းပေါ်သို့ ပြင်းထန်သောဖိအားဖြင့် ကျရောက် သွားခဲ့လေသည်။
ပြိုင်ဘက်၏ မာန်ဖီနေသံက ရုတ်တရက် ရပ်တန့်သွား၏။ "ဒိုင်း" ဟူသော အသံကျယ်ကြီးနှင့်အတူ ကာကွယ်ရေး စွမ်းအားကြောင့် နာမည်ကြီးသော မီးတောက်ခြေဖဝါး ဝက်ဝံ သည် ၎င်း၏ ခေါင်းတစ်ခု လုံး ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့လေတော့သည်။
လက်သီး၏ ရက်စက်ကြမ်းကြုတ်သော တုန်လှုပ်မှုလှိုင်းသည် ဝက်ဝံ၏ ခေါင်းကို ဖောက်ထွင်းသွား ပြီးနောက် မပျောက်ကွယ်သွားခဲ့သေးချေ။၎င်းသည် ရှေ့တွင် လေဟာနယ်တစ်ခုကို ဖန်တီးလိုက်ပြီး လေလှိုင်းများက ကျယ်ပြန့်သော လှိုင်းဂယက်များအဖြစ် ဖြစ်ပေါ်လာခဲ့၏။
အမြင်အာရုံ သက်ရောက်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ အားလုံး မှင်တက်သွားကြပြီး သူတို့၏ မျက်ခွံများမှာ အရူး အမူး တုန်လှုပ်နေခဲ့၏။
"သူ... သူ အဲဒါကို သတ်လိုက်တာလား...။"
"အဲဒါက စတုတ္ထအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ မီးတောက်ခြေဖဝါး ဝက်ဝံ လေ ဒါပေမယ့် နင်းဖန် ရဲ့ လက်သီးတစ်ချက်ကိုတောင် ခံနိုင်ရည် မရှိခဲ့တာလား...။"
"ကောင်းကင်ဘုံ အဆင့်မြင့် သိုင်းပညာတစ်ခုမှာက အောင်မြင်မှုအသေးစား ရရှိတာက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းတာလား...။"
"အဆင့်မြင့် သိုင်းပညာတွေက ကျင့်ကြံဖို့ အချိန်အများကြီး ယူရတာ အံ့သြစရာ မဟုတ်ပါဘူး။ တစ်ခါ ကျွမ်းကျင်သွားရင် လုံးဝကို ပြိုင်ဘက်ကင်းတာပဲ...။ တူညီတဲ့ နယ်မြေအတွင်းမှာ အလျားလိုက် လမ်းလျှောက်လို့ ရတယ်...။"
"အဲဒါက နင်းဖန်ရဲ့ အခြေခံအုတ်မြစ်က အရမ်းကောင်းနေလို့လည်း ဖြစ်တယ်... ။ ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း ဒုတိယအလွှာမှာ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်က ပဉ္စမ ဒါမှမဟုတ် ဆဋ္ဌမအလွှာက လူတွေထက် ပိုသန်မာ တယ်...။ ဒီလောက် မြင့်မားတဲ့ တိုက်ခိုက်ရေး ပါရမီနဲ့ဆိုရင် ဒီ မီးတောက်ခြေဖဝါး ဝက်ဝံ ကို အနိုင်ယူ နိုင်တာက သဘာဝကျပါတယ်...။"
"ဒီတိုက်ပွဲနဲ့အတူ နင်းဖန်က သူ့ကိုယ်သူ သက်သေပြလိုက်ပြီ...။ ကျင့်ကြံခြင်း ပါရမီ၊ သတ္တိ ဒါမှမဟုတ် တိုက်ခိုက်ရေး ပါရမီပဲဖြစ်ဖြစ် သူဟာ အကုန်ပိုင်ဆိုင်ထားတယ်...။ အချိန်တန်ရင် သူ သေချာပေါက် နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်လာမှာပဲ...။"
မရေမတွက်နိုင်သော တပည့်များသည် တုန်လှုပ်နေသော နှလုံးသားများဖြင့် စောင့်ကြည့်နေကြပြီး ဤမြင်ကွင်းသည် စိတ်နှလုံးကို တုန်လှုပ်စေသလို သွေးများကိုဆူပွက်စေသည်ဟု ခံစားခဲ့ကြရ၏။
အချို့သော အမျိုးသမီး တပည့်များသည် နင်းဖန်၏ ချောမောသော အသွင်အပြင်နှင့် ကျက်သရေရှိသော ကိုယ်နေဟန်ထားကို ကြည့်ရင်း သူတို့၏ နှလုံးသားများ ခုန်ပေါက်လာခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြချေ။
"ကောင်းတယ်...။"
ထိုက်ရီဂိုဏ်းချုပ် ဖေ့ချင်းယွီသည် သူ၏ လက်များကို အပြင်းအထန် လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်လုံးများတွင် ဝမ်းသာမှုများ အပြည့်ဖြစ်နေခဲ့၏။
နင်းဖန်၏ စွမ်းဆောင်ရည်သည် သူ၏ မျှော်လင့်ချက်များထက် လုံးဝ သာလွန်သွားခဲ့သည်။
တိုက်ပွဲနှင့် ရင်ဆိုင်ရချိန်တွင် သူသည် အန္တရာယ်များကြား တည်ငြိမ် ရဲရင့်ပြီး ဗျူဟာမြောက်ကာ စေ့စပ်သေချာလေ၏။
ဤလက္ခဏာများ အားလုံးသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး၏ ဝိသေသလက္ခဏာများနှင့် ပြီးပြည့် စုံစွာ ကိုက်ညီနေပေသည်။
"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ် စီနီယာအစ်ကို...။ ငါတို့ ဂိုဏ်းက နောက်ထပ် ချီလင်သားတော် တစ်ယောက် ရလိုက်ပြီပဲ...။ တပည့်ခေါင်းဆောင် နင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ခန့်မှန်းလို့ မရနိုင်ဘူး...။ သူက အဲဒီတုန်းက ဂိုဏ်းချုပ်စွန်း ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး...။"
အကြီးအကဲများစွာက တညီတညွတ်တည်း ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြ၏။
ဤတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ် ယုံကြည်သွားကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နင်းဖန်သည် သူ့တွင် ကျင့်ကြံခြင်း ပါရမီသာမက တိုက်ခိုက်ရေး ထက်မြက်မှုလည်း ရှိကြောင်း အားလုံး ကို သက်သေပြလိုက်သောကြောင့်ပင်။
အရာရာတိုင်းက ပြီးပြည့်စုံလွန်းနေခဲ့သည်။
ဂိုဏ်းချုပ် ဖေ့ချင်းယွီသည်လည်း သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်နေခဲ့၏။ နင်းဖန်၏ ဦးဆောင်မှု အောက်တွင် ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် နယ်မြေလေးခုနှင့် ပြည်နယ်တစ်ခုကို နောက်တစ်ကြိမ် လွှမ်းမိုးနိုင်မည့်နေ့ကို သူ မြင်တွေ့နိုင်ပါက သူ၏ ဘဝသည် အချည်းနှီး ဖြစ်မည် မဟုတ်တော့ချေ။
သူ သူရဲကောင်းဆန်သော စကားအချို့ ပြောရန် ပြင်လိုက်စဉ် ပတ်ဝန်းကျင်ရှိ တပည့်များ အော်ဟစ်လိုက် သည်ကို ရုတ်တရက် ကြားလိုက်ရလေ၏။
"ကြည့်စမ်း... နင်းဖန်က နောက်ထပ် နတ်ဆိုးသားရဲ တစ်ကောင်နဲ့ တွေ့နေပြန်ပြီ...။"
သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ဘက်တွင် တိုက်ပွဲ မြင်ကွင်း ပြန်လည်စတင်နေသည်ကို အမှန် တကယ် မြင်တွေ့လိုက်ရလေသည်။
တိုက်ပွဲတွင် အနိုင်ရပြီးနောက် နင်းဖန်သည် ဆုတ်ခွာရန် အလျင်စလို မလုပ်ဘဲ ရှေ့ဆက်သွားခဲ့ရာ မကြာ မီမှာပင် အင်အားကြီးမားသော ရန်သူနှင့် နောက်တစ်ကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်လေ၏။
ဤနတ်ဆိုးသားရဲ သည်လည်း စတုတ္ထအဆင့် သွေးမျိုးဆက် ရှိသော်လည်း ၎င်း၏ အင်အားမှာ ရုပ်ခန္ဓာ ကိုယ်သန့်စင်ခြင်း အဆင့် အဋ္ဌမအလွှာနှင့် ယှဉ်နိုင်သဖြင့် ၎င်းကို မီးတောက်ခြေဖဝါး ဝက်ဝံ ထက်ပင် ပိုမို အားကောင်းစေခဲ့သည်။
နင်းဖန်သည် ၎င်းကို တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်ခြင်းမှတစ်ဆင့် သူ၏ ရုပ်ခန္ဓာကိုယ်ကို သန့်စင်နေစဉ် သူ၏ တိုက်ပွဲဝိညာဉ် ပါရမီကို အသက်သွင်းခဲ့၏။
အကြိမ်အနည်းငယ် ယှဉ်ပြိုင်ပြီးနောက် သူသည် နောက်ဆုံးတွင် ၎င်းကို သတ်ဖြတ်နိုင်ခဲ့သည်။
အကြီးအကဲများစွာသည် ကြည့်ရှုရင်း ခေါင်းညိတ်လိုက်ကြ၏။
"နင်းဖန် မီးတောက်ခြေဖဝါး ဝက်ဝံ ကို သတ်တုန်းက သူတို့ အကြိမ်များစွာ အပြန်အလှန် တိုက်ခိုက်ခဲ့ သလို ထင်ရပေမယ့် တကယ်တော့ သူက ရှောင်တိမ်းနေခဲ့တာပဲ...။ သူ တကယ် တိုက်ခိုက်ခဲ့တာ တစ်ကြိမ်တည်းပါပဲ...။ သူ့အတွက်ကတော့ ချက်ချင်း သတ်လိုက်တာနဲ့ မကွာခြားပါဘူး ဒါကြောင့် သူ ဆက်ပြီး ရှေ့ဆက်သွားတာ သဘာဝကျပါတယ်...။"
"ဟုတ်တယ်... ဒီ နတ်ဆိုးသားရဲ အသစ်က သူ့ကို ခဏတာ ဒုက္ခပေးနိုင်ခဲ့ပေမယ့် နင်းဖန်မှာ အင်အားတွေ ကျန်နေသေးတာ ထင်ရှားတယ်...။ ရှေ့ဆက်ပြီး သူ ဆက်ရှာဖွေမယ်လို့ ငါ ထင်တယ်...။"
"ဟေး... မင်းပြောတာ မှန်တယ် နင်းဖန်က တကယ်ပဲ နောက်တစ်ကြိမ် ရှေ့ဆက်သွားနေပြန်ပြီ...။"
"ငါ့ကို ကြည့်ခွင့်ပေးပါဦး ဒီတစ်ကြိမ် ပြိုင်ဘက်က ဟင်း… ပဉ္စမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ ပဲ...။ ယုံကြည်နိုင်စရာ မရှိဘူး အန္တရာယ် ရှိနိုင်မလား...။"
"နင်းဖန် လှုပ်ရှားလိုက်ပြီ...။ ကြည့်ရတာ သူ အဲဒါကို မသတ်မချင်း ရပ်မှာမဟုတ်ဘူး...။"
"အချီ ငါးဆယ်...။ နင်းဖန် ဒဏ်ရာ နည်းနည်း ရသွားတယ်ဆိုပေမယ့် အခြေအနေက အားနည်းချက် ကနေ အားသာချက်အဖြစ် ပြန်ပြောင်းသွားပြီ...။ ဒီတိုက်ခိုက်ရေး ပါရမီက အရမ်း အစွမ်းထက်လွန်း တယ်...။"
"သေသွားပြီ... ။ ပဉ္စမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ က နင်းဖန်ရဲ့ လက်ချက်နဲ့ အချီ ရှစ်ဆယ် မြောက်မှာ သေဆုံးသွားခဲ့ပြီ...။ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ဟာ အောင်မြင်မှုအသေးစား လေးမှာတင် ဒီလောက် စွမ်းအားရှိဖို့ဆိုတာ ငါတို့ဂိုဏ်းရဲ့ နံပါတ်တစ် သိုင်းပညာဆိုတဲ့ နာမည်နဲ့ တကယ် ကို ထိုက်တန်ပါတယ်...။"
"နင်းဖန် အခုတော့ ကျေနပ်သွားလောက်ပြီ...။ သူ အနားယူဖို့ သေချာပေါက် ပြန်သွားတော့မှာပဲ...။"
"ဘာ...။ သူ ဘာလို့ ရှေ့ဆက်သွားနေသေးတာလဲ...။"
"သူက ပဉ္စမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တွေရဲ့ နယ်မြေထဲ ရောက်နေပြီလေ...။ ဒါက အရမ်း အန္တရာယ်များတယ်...။ တကယ်လို့ သူ သားရဲ နှစ်ကောင်ရဲ့ ဝိုင်းတိုက်တာကို ခံရရင် သူ့အသက် အန္တရာယ် ရှိနိုင်တယ်...။"
"တောက်... ငါတို့က ဒီမှာနေရင်း အလကား စိတ်ပူနေတာပဲ...။ ငါတို့ ပြောတာ တစ်ခွန်းမှ သူ မကြားရ ဘူးလေ...။"
အကြီးအကဲများသည် မူလက ပွဲကို ကျေနပ်အားရစွာ ကြည့်ရှုနေခဲ့ကြခြင်း ဖြစ်၏။
သို့သော် ပဉ္စမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ ကို သတ်ပြီးနောက် သွေးထွက်နေသော်လည်း နင်းဖန်သည် ဆုတ်ခွာခြင်း မရှိဘဲ ရှေ့ဆက်သွားချင်နေသေးကြောင်း သူတို့ သိလိုက်ရသောအခါ သူတို့ မထိတ်လန့်ဘဲ မနေနိုင်ကြတော့ချေ။
သူ မည်သည့်အရာကို လုပ်ရန် ကြိုးစားနေပါသနည်း။
လိဖုန်း တောင်ကြား တစ်ခုလုံးကို ရှင်းလင်းပစ်ချင်နေခြင်းလော။
သူ အမှန်တကယ်ပင် ထိုသို့ လုပ်ချင်နေခြင်း ဖြစ်လေသည်။
နင်းဖန် တစ်ယောက်တည်းသာ ခြေတစ်လှမ်းမျှ မရပ်တန့်ခဲ့ချေ။ သူ၏ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယ အလွှာ အခြေအနေတွင် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ၏ စွမ်းအားကို သယ်ဆောင်ကာ သူ၏ တိုက်ပွဲဝိညာဉ် ကို အကန့်အသတ်အထိ တွန်းပို့ခဲ့၏း
အချိန်တိုင်း တိုးတက်နေသော သူ၏ တိုက်ခိုက်ရေး ထက်မြက်မှုက သူ့ကို အချိန်တိုင်း အန္တရာယ်မှ ဘေးကင်းရာသို့ ပြောင်းလဲနိုင်စေခဲ့သည်ပင်။
သူသည် ပိုမို အင်အားကြီးမားသော ပဉ္စမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ သုံးကောင်ကိုပင် ဆက်တိုက် ဖြတ်ကျော်နိုင်ခဲ့၏။
ဤမြင်ကွင်းက အားလုံးကို လုံးဝ မှင်တက်သွားစေခဲ့သည်။
သားရဲတစ်သောင်း တောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ကျုံးတင်း ပင်လျှင် အော်ဟစ်လိုက်၏။
"စီနီယာအစ်ကိုနင်း... သတ်တာကို ရပ်လိုက်ပါတော့ မင်းက တောင်ကြားတစ်ခုလုံးကို ရှင်းလင်းလုနီးပါး ဖြစ်နေပြီ...။"
***