“ကောင်းပြီ…၊ ကံကြမ္မာကျောက်စိမ်းခန္ဓာ၊ အမြင့်မြတ်ဆုံး တာအိုခန္ဓာ ... ငါ့တိုက်ကွက်ကို ခံစားကြည့်စမ်း၊ ယင်နှင့်ယန် ပြောင်းပြန်လှန်ခြင်းပညာ။”
ဟုန်ယွိ၏ လှံဦးမှာ သူ၏လည်ချောင်းဆီသို့ ဦးတည်နေသော်လည်း ချန်ပီယံမြို့စား ယန်အန်း၏ မျက်နှာတွင် ယုတ်မာသောအပြုံးတစ်ခု ထပ်မံပေါ်လာသည်။ တစ်ချိန်တည်း မှာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်အတွေးစတိုင်းမှာ တုန်ခါမှုနှင့် အသံလှိုင်းများ ကို ထုတ်လွှတ်လိုက်သည်။
ထိုအသံမှာ အလွန်ပင် ရှေးကျပြီး၊ ဝေးကွာလှသောနေရာမှ လာနေသကဲ့ပင်။ ကောင်းကင် တာအိုကို ထိန်းချုပ်ထားသည့် မဟာစိတ်ဝိညာဉ်ကြီးက မလွန်ဆန်နိုင်သော အမိန့်တစ်ခု ကို ထုတ်ပြန်လိုက်သည့် ဂါထာရွတ်ဖတ်သံများနှင့် တူလှသည်။
ထိုအသံနှင့်အတူ ချန်ပီယံမြို့စား၏ တစ်ကိုယ်လုံးတွင် စွမ်းအားများ ပြည့်လျှံလာပြီး၊ တောင်တန်းများနှင့် ပင်လယ်ပြင်များကဲ့သို့၊ ကြည်လင်သော ကောင်းကင်ယံမှ တောက် လောင်နေသော နေမင်းကြီးကဲ့သို့ အရှိန်အဟုန်မှာ အဆက်မပြတ် မြင့်တက်လာတော့ သည်။
ချန်ပီယံမြို့စား၏ လက်ရှိခန္ဓာကိုယ်မှာ သူ၏ စိတ်ဝိညာဉ်အတွေးစ အားလုံးကို ထူးဆန်း သော စီစဉ်မူဖြင့် အစဉ်တကျ ဖွဲ့စည်းထားပြီး၊ ဖန်ဆင်းခြးဘူးသီးမှ ဟင်းလင်းပြင် စွမ်းအား များနှင့် ပေါင်းစပ်ထားသော အင်မော်တယ်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
၎င်းမှာ ‘ရှေးဦးဖန်ဆင်းခြင်းတာအို’ ဂိုဏ်း၏ အမြင့်ဆုံး အင်မော်တယ်ပညာရပ် ဖြစ်သည့် ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ ပင် ဖြစ်သည်။
ထိုအင်မော်တယ်ခန္ဓာသည် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ'၊ ယွမ်ရှန်းရှန်း၏ ‘'ကောင်းကင်ရနံ့ တိမ်တိုက်ခန္ဓာ'နှင့် ယွန်မင်နိုင်ငံ၏ ဧကရာဇ်အကြံပေး ယုဝမ်မူ၏ ‘ဘုံသုံးပါးကောင်းကင်ဓား’ တို့ထက်ပင် သာလွန်ကာ၊ ဟုန်ယွိ၏ ‘ဗုဒ္ဓဓမ္မခန္ဓာ’ နှင့်ပင် ယှဉ်နိုင်လောက်သည်။
သူ စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် သူ၏လက်ထဲရှိ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ထံမှ နီရွှေရောင် အလင်းတန်းများ ပွင့်ထွက်လာပြီး၊ အနှိုင်းမဲ့ မြင့်မြတ်ကာ၊ ပြင်းထန်သော ဟင်းလင်းပြင် ဝဲဂယက်များကိုပါ သယ်ဆောင်လာသည်။ မိုင်ပေါင်းများစွာအတွင်းရှိ ဥက္ကာခဲများအားလုံးမှာ ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။
ဤသိုင်းကွက်မှာ ဟုန်ရွှန်ကျိ၏ ‘ကောင်းကင်ဘုံ သေမင်းဘီး’ နှင့် အနည်းငယ် ဆင်တူနေသည်။
၎င်းမှာ ဖန်ဆင်းခြင်းတာအိုဂိုဏ်း၏ အမြင့်ဆုံး ဓားသိုင်းပညာဖြစ်သော ‘ယင်နှင့်ယန် ပြောင်းပြန်လှန်ခြင်း’ ပညာရပ် ဖြစ်သည်။
ဟုန်ရွှန်ကျိ၏ ‘ကောင်းကင်ဘုံ သေမင်းဘီး’ ကိုလည်း ဖန်ဆင်းခြင်းတာအို ကိုယ်ခံပညာကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်ရာ ၎င်းတို့နှစ်ခုကြား တူညီမှုများ ရှိနေခြင်းမှာ သဘာဝပင် ဖြစ်သည်။
ဤဓားသိုင်းကို အနှိုင်းမဲ့ နတ်ဘုရားလက်နက်ဖြစ်သော ဖန်ဟွမ်အသက်ဝိညာဉ်ဓားဖြင့် အသုံးပြုလိုက်သည့်အခါ ၎င်း၏ အစွမ်းမှာ အဆပေါင်း ရာချီ၍ တိုးလာခဲ့သည်။
...
ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် ထူးဆန်းသော ပတ်လမ်းတစ်ခုအတိုင်း ရွေ့လျားသွားပြီး ‘သေမင်းအလင်း နတ်ဘုရားလှံ’ ကို လွဲချော်ခြင်းမရှိဘဲ တိကျစွာ ထိတွေ့သွားသည်။
ဒေါင်…။
ဧရာမ ခေါင်းလောင်းကြီးကို ထုလိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်သွားပြီး၊ နတ်ဘုရား လက်နက်နှစ်ခု၏ ရိုက်ခတ်မှုကြောင့် စွမ်းအားလှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ သည်။ လွန်ခဲ့သော နှစ်သုံးထောင်က ‘လေဟာနယ် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရန် လက်တစ်လုံးသာ လိုတော့သည့် အထွက်အထိပ် ‘လူသားအင်မော်တယ်’ စစ်နတ်ဘုရား ရှန့်ကိုယ်တိုင် သွန်းလုပ်ခဲ့သော ဤ ‘သေမင်းအလင်း နတ်ဘုရားလှံ’ ၏ နက်မှောင်သော လှံဖျားတွင် အစင်းရာတစ်ခု ပေါ်လာခဲ့သည်။
၎င်းမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကြောင့် ဖြစ်ပေါ်လာသော အစင်းရာ ဖြစ်သည်။
ဤနတ်ဘုရားလှံမှာ အလွန်ပင် ခိုင်ခံ့လှပြီး ဤလောကရှိ နတ်ဘုရားသတ္တု အမျိုးအစား ပေါင်း ကိုးထောင်၊ မဟာယန်မီးလျှံ အမျိုးအစား ၄၉ မျိုး၊ နတ်ဘုရားအင်းကွက်ပေါင်း ၃၆၀ တို့ဖြင့် သန့်စင်၍ သွန်းလုပ်ထားခြင်း ဖြစ်သည်။ လှံသည် မဖျက်ဆီးနိုင်ဟု ဆိုနိုင်ပြီး ချော်ရည်များအတွင်း နှစ်ပေါင်း သောင်းချီ၍ ပစ်ထားလျှင်ပင် အရည်ပျော်ခြင်း သို့မဟုတ် ပျက်စီးခြင်း မရှိနိုင်ပေ။
လှံ၏ ကိုယ်ထည်တွင်လည်း ရှေးဦးမိစ္ဆာနတ်ဘုရား ၃၃ ပါး၏ သွေးများကို ထည့်သွင်း ပေါင်းစပ်ထားသည်။ ဤလှံကို ကိုင်ဆောင်သူသည် အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်လိမ့်မည်။ (ယွန်ကုန်းမင်သည်လည်း ရှေးဦးမိစ္ဆာနတ်ဘုရား အမျိုးအစားဝင် တစ်ဦးဖြစ်သည်။)
သို့သော် ယခုအခါ ၎င်းပေါ်တွင် အစင်းရာတစ်ခု ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ မည်မျှအထိ အစွမ်းထက်ပြီး သေမင်းအလင်း နတ်ဘုရားလှံကိုပင် ထိခိုက်စေနိုင်ကြောင်း မြင်တွေ့နိုင်သည်။
အကယ်၍ သူတို့သည် ဆက်လက်၍ အကြိမ်ပေါင်း ထောင်ချီ၍ ထိတွေ့ရိုက်ခတ်မိပါက ဤ ‘သေမင်းအလင်း နတ်ဘုရားလှံ’ မှာ လုံးဝ ပျက်စီးသွားနိုင်ပေသည်။
ဒိုင်း….
လှံနှင့်ဓားတို့ အပြင်းအထန် တိုက်မိသည့်အခါ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ကွေးညွတ်သွား သည်။ သူ၏ တစ်ကိုယ်လုံးမှာ လေးနှင့်ပစ်လိုက်သော မြားတစ်စင်းကဲ့သို့ မိုင်ပေါင်းများစွာ အဝေးသို့ ချက်ချင်း လွင့်စင်သွားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ထက်ရှသော ဓားစွမ်းအင်ကို ရှောင်တိမ်းလိုက်သည်။
“ဟွန့်၊ ငါ ‘သေမင်းအလင်း နတ်ဘုရားလှံ’ နဲ့ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ကို ဖျက်ဆီးပစ်မယ်။ ပြီးရင် ‘ဝိညာဉ်ကျောက်တုံး နတ်ဘုရားသန္ဓေသား’ ရဲ့ လူသား အင်မော်တယ် ကိုယ်ပွားကောင်ကိုပါ သတ်ပစ်မယ်” ချန်ပီယံမြို့စား ယန်အန်းသည် ဟုန်ယွိ ရှောင်တိမ်းသွားသည်ကို မြင်သည့်အခါ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ဓားစွမ်းအင်များက တည့်တည့်မတ်မတ် လွင့်စင်သွားပြီး တဝှီးဝှီး မြည်ဟီးသံနှင့်အတူ ဟုန်ယွိနောက်သို့ လိုက်လံ တိုက်ခိုက်တော့သည်။ သူ၏ အတွေးစတိုင်းမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးကို တုန်ခါသွားစေသည်။ “ငါမရတဲ့အရာကို ဘယ်သူမှ မရစေရဘူး။”
ဟုန်ယွိကမူ ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာပင် ရှိနေသည်။
စောစောက လှံချက်တစ်ချက်တည်းနှင့်ပင် ချန်ပီယံမြို့စား၏ မှော်အစွမ်းမှာ အမှန်တကယ် ပင် အဆမတန် တိုးတက်လာကြောင်းကို သူ မြင်နိုင်သည်။ သူကျင့်ကြံထားသော ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ မှာ အလွန်ပင် အစွမ်းထက်လှသည်။ ၎င်းသည် ‘ကံကြမ္မာဘူးသီး’ ၏ ဟင်းလင်းပြင် စွမ်းအားများနှင့်သာမက ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အနှိုင်းမဲ့ ဓား စွမ်းအင်များနှင့်ပါ ပေါင်းစပ်ထားသည်။ ယခုအချိန်တွင် ဤစိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ‘ဖန်ဆင်းရှင်’ အဆင့်ရှိသူမှလွဲ၍ ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။
ဟုန်ယွိသည် ‘အလင်းနှင့် အမှောင် မဟာအတားအဆီး’ ကို အသုံးပြု၍ ချိပ်ပိတ်ရန် မဝံ့ရဲ ပေ။ အကြောင်းမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ထက်ရှမှုက သူ၏ စိတ်ဝိညာဉ် အတွေးစ များကိုပါ ဖြတ်တောက်နိုင်သောကြောင့်ပင်။ ထိုသို့ ဖြတ်တောက်ခံရပါက ‘အတိတ်ကျမ်း’ ဖြင့်ပင် ပြန်လည် ကုသနိုင်မည် မဟုတ်ပေ။
ချန်ပီယံမြို့စားက သူ့နောက်သို့ လိုက်လံတိုက်ခိုက်လာစဉ် ဟုန်ယွိ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ဝှူး... ဝှူး... ဝှူး... သူသည် လှံဖြင့် သုံးကြိမ်ဆက်တိုက် ထိုးနှက် လိုက်သည်။ သူ့စွမ်းအားအားလုံးကို စုစည်းကာ ‘သေမင်းအလင်း နတ်ဘုရားလှံ’ ၏ ‘ကြယ်တာရာချေမှုန်း’ တိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
လှပခမ်းနားသော လှံအလင်းတန်းများ ထွက်ပေါ်မလာဘဲ နက်မှောင်သော လိုင်းကြောင်း တစ်ကြောင်းသာ ပေါ်လာသည်။ ၎င်းမှာ ဟုန်ယွိက လှံ၏စွမ်းအားကို အစွမ်းကုန် ဖိသိပ်ထားခြင်းကြောင့် ဖြစ်သည်။ ချန်ပီယံမြို့စား၏ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ ကို ရင်ဆိုင်ရာတွင် စွမ်းအားများကို တစ်နေရာတည်းတွင် စုစည်း၍ အချက်အချာကျသော နေရာကို တိုက်ခိုက်မှသာ အောင်မြင်ပေလိမ့်မည်။ အခြားသော ပြန့်ကျဲသည့် တိုက်ခိုက်မှု များမှာ စွမ်းအားများ ပြန့်ကြဲနေသဖြင့် အကျိုးရှိမည် မဟုတ်ပေ။
“မင်းက မင်းရဲ့ စွမ်းအားတွေကို စုစည်းပြီး ငါ့ဓားသိုင်းကို ဖျက်ဆီးချင်တာလား။ မင်းရဲ့ သိုင်းတာအို ကျင့်ကြံမူ အခြေခံနဲ့လား။ မင်းရဲ့သိုင်းတာအိုက ငါ့ထက် အများကြီး နိမ့်ကျ နေပါသေးတယ်။”
ချန်ပီယံမြို့စားက လှောင်ပြောင်လိုက်သည်။ သူ၏လက်ထဲမှ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ကို ဘယ်ညာ ထိုးယမ်းလိုက်ရာ ဟုန်ယွိ၏ လှံဖျားကို မထင်မှတ်ဘဲ ဟန့်တားနိုင်ခဲ့သည်။
“အလင်းတန်း တစ်သောင်း စုစည်းခြင်း။”
ဟုန်ယွိ၏ ‘ကြယ်တာရာ ချေမှုန်းခြင်း’ သိုင်းကွက်ကို ဟန့်တားပြီးနောက် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို အထက်အောက် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ဇီ... ဇီ... ဇီ….
မြစ်ပေါင်းတရာ ပင်လယ်သို့ ပြန်လည်စီးဝင်သကဲ့သို့၊ အလင်းတန်း တစ်သောင်းမှာ ပြန်လည် စုစည်းသွားသည်။
ဤသို့ ဝှေ့ယမ်းလိုက်ချိန်တွင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အလင်းတန်းများ အားလုံးမှာ ဓားကိုယ်ထည်အတွင်းသို့ ပြန်လည် စုစည်းသွားသည်။ ဓားတစ်စင်းလုံးမှာ ရိုးရှင်းသော် လည်း ရှေးကျပြီး ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ စတုရန်း ပုံစံ နတ်ဘုရားဓားကြီးမှာ အမှန်တကယ်ဆို ကြင်နာမှုနှင့် တရားမျှတမှုများဖြင့် သွန်းထု ထားခြင်း ဖြစ်သော်လည်း ယခုအခါ သတ်ဖြတ်ခြင်းနှင့် သိမ်းပိုက်ခြင်း အငွေ့အသက်များ အဖြစ် ပြောင်းလဲသွားသည်။
ဓားပေါ်တွင် အလင်းတန်းများ မရှိတော့သော်လည်း ဓားဖျားတွင်မူ နီရွှေရောင် အလင်းတန်းတစ်ခုမှာ အဆုံးမရှိ စီးဆင်းနေ၏။ ၎င်းမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ စွမ်းအားအားလုံးကို ဓားဖျားတွင် စုစည်းထားခြင်း ဖြစ်ပေသည်။
ဤနီရွှေရောင် အလင်းတန်းမှာ ကျယ်ပြန့်ခြင်း မရှိသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို ဖျက်ဆီးနိုင်ပြီး စကြဝဠာကိုပါ ခွဲထုတ်နိုင်စွမ်း ရှိပုံရသည်။
အကယ်၍ ဤနီရွှေရောင် အလင်းတန်းသာ သူ၏လှံကို ထိမှန်သွားပါက ‘သေမင်းအလင်း နတ်ဘုရားလှံ’ မှာ ကျိန်းသေပေါက် ကျိုးပျက်သွားမည်ဖြစ်ပြီး ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ပင်လျှင် ပျက်စီးသွားမည်ဖြစ်ကြောင်း ဟုန်ယွိ ချက်ချင်း ခံစားလိုက်ရ သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ထက်ရှမှုဖြင့် ၎င်း၏ စွမ်းအားများကို ဖြန့်ထုတ်လိုက် ပါက မိုင်ပေါင်းများစွာ ကျယ်ပြန့်သော ဓားစွမ်းအင်ကို ဖန်တီးနိုင်သည်။ သို့သော် ထိုသို့ ဖြန့်ထုတ်ထားပါက နတ်ဘုရားလှံနှင့် နတ်ဘုရားချပ်ဝတ်ကို လှုပ်ခါစေနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါ စွမ်းအားအားလုံးကို တနေရာတည်းတွင် စုစည်းထားသဖြင့် ၎င်း၏ အစွမ်းမှာ မိုးကြိုးကပ်ဘေး ခုနစ်ကြိမ် ကျော်ဖြတ်ထားသော ‘ဖန်ဆင်းရှင်’ အဆင့် ပညာရှင် တစ်ဦး၏ စိတ်ဝိညာဉ်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေပြီ။
‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ကို မဆိုထားနှင့် ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ပင်လျှင် ထိမှန်ခံရပါက ပြန်လည် ပြုပြင်၍မရနိုင်သော ပျက်စီးမှုများ ကို ကြုံတွေ့ရပေလိမ့်မည်။
ဤဓားအလင်းကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် ‘သေမင်းအလင်း နတ်ဘုရားလှံ’ကို ထိခိုက်မိခြင်းမရှိအောင် ဂရုစိုက်ရမည် ဖြစ်သည်။
ဓားအလင်းမှာ တနေရာတည်းတွင် စုစည်းနေပြီး ချန်ပီယံမြို့စား၏ တိုက်ကွက်များမှာ ပို၍ ထက်မြက်လာသည်။ နောက်ထပ် တိုက်ကွက်အနည်းငယ်မှာ ဖန်ဆင်းခြင်းတာအို၏ နက်ရှိုင်းလှသော ဓားသိုင်းများပင် ဖြစ်သည်။
ဟုန်ယွိသည် ဟင်းလင်းပြင်ရှိ ဥက္ကာခဲများကြားသို့ တိုးဝင်ကာ ရှောင်တိမ်းနေရပြီး ချန်ပီယံ မြို့စားနှင့် ထိပ်တိုက် မရင်ဆိုင်ရဲပေ။
ဤတစ်ကြိမ်တွင် ချန်ပီယံမြို့စား၏ နတ်ဘုရားစွမ်းအားများမှာ များစွာ တိုးတက်လာခဲ့ သည်။ သူက အေးစက်စွာ ရယ်မောလိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဟုန်ယွိကို အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လျင်မြန်လှပြီး သူ၏ လူသားအင်မော်တယ် သိုင်းပညာ၏ ‘အလိုလိုအာရုံခံစားမူ’ ကြောင့် အရေးကြီးသော အချိန်တိုင်းတွင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်မှာ သူ့ကို မထိမှန်နိုင်ခဲ့ပေ။ ဤသည်မှာ သူ၏ချပ်ဝတ်ကို မပျက်စီးစေရန် ကာကွယ်ခြင်း ဖြစ်သည်။
သို့သော် ချန်ပီယံမြို့စား၏ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ မှာ အဆုံးမရှိသော စွမ်းအားများ ရှိနေပုံရသည်။ သူသည် ရေကူးနေသည့် ငါးတစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်ကို အားစိုက် ထုတ်စရာ မလိုဘဲ ဆွဲဖြဲသွားလာနိုင်သည်။
ဤသို့ဖြင့် လိုက်တမ်းပြေးတမ်း ကစားနေကြရင်း ပါရမီရှင် လူငယ်နှစ်ဦးမှာ သူတို့ မည်သည့်နေရာသို့ ရောက်နေသည် သို့မဟုတ် မည်မျှဝေးသွားပြီဖြစ်သည်ကိုပင် မသိတော့ ပေ။
သို့သော် သူတို့နှစ်ဦးစလုံးမှာ ၎င်းကို ဂရုမစိုက်ကြပေ။ ချန်ပီယံမြို့စားသည် စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်သည်။ ကောင်းကင်ဘုံ ကိုးထပ်သို့ တက်ရသည်ဖြစ်စေ၊ ငရဲပြည်အထိ ဆင်းရ သည်ဖြစ်စေ ဟုန်ယွိကို သူ သတ်ကို သတ်ရမည်။
ဤအခိုက်အတန့်တွင် သူသည် အသာစီးရနေပြီဟု ခံစားလိုက်ရပြီး သူ၏စိတ်နှလုံးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာသည်။ ဟုန်ယွိနှင့် ရင်ဆိုင်ရချိန်တိုင်းတွင် ရှုံးနိမ့်မှုများကို သာ ကြုံခဲ့ရသော်လည်း ယခုမူ သူ၏ စိတ်ဝိညာဉ်မှာ အလွန်ပင် ပေါ့ပါးလွတ်လပ်နေသည်။
သူ၏ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ အတွင်းရှိ စိတ်ဝိညာဉ် အတွေးစတိုင်းမှာ အလွန်ပင် ချောမွေ့နေသည်။ ဤသည်မှာ သူ၏ အတွေးများ ချောမွေ့သွားခြင်းနှင့် သူ၏ ကမ္မ ကုသိုလ်စွမ်းအားများ ပိုမို ခိုင်မာလာခြင်း၏ ရလဒ် ဖြစ်သည်။
သူ၏အတွေးများမှာ ပိုမိုချောမွေ့လာသည်နှင့်အမျှ သူသည် ကာလရှည်ကြာစွာ ပိတ်ဆို့နေ ခဲ့သော သူ၏ သိုင်းဆန္ဒမှာလည်း ချိုးဖြတ်နိုင်တော့မည့် လက္ခဏာများကို ပြသလာသည်။ သူသည် အထွတ်အထိပ် သိုင်းသူတော်စင်အဆင့်မှ ‘လူသားအင်မော်တယ်’ နယ်ပယ်သို့ ခွဲခြားထားသော ပါးလွှာသော အလွှာလေးကို ထိတွေ့လိုက်ရသည်။
ချန်ပီယံမြို့စားသည် သူ၏ သိုင်းပညာ အတွေ့အကြုံမှာ လူသားအင်မော်တယ် နယ်ပယ်၏ ကနဦးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဝိုးတဝါး ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်အတွင်း၌ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်မည့် လက္ခဏာများ ပြသနေသည်။
ဤလက္ခဏာမှာ ပိုးဖလံကောင်လေးတစ်ကောင်သည် ၎င်း၏ ပိုးအိမ်မျှင်ထဲမှ ရုန်းထွက်၍ လိပ်ပြာအဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်နှင့် တူနေသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဟုန်ယွိကို လိုက်လံသတ်ဖြတ်တာက ငါ့သိုင်းတာအို အတွေ့ အကြုံကို မြှင့်တင်ပြီး လူသားအင်မော်တယ်နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။ ဟုန်ယွိနောက်ကို ခဏလေး ထပ်လိုက်ရုံနဲ့ ငါ လူသားအင်မော်တယ် နယ်ပယ် ထဲ ဝင်နိုင်တော့မယ်။ အဲဒီအချိန်ကျရင် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ရတာ ပိုတောင် လွယ်သွားဦးမယ်။ အခု ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ‘အတွေးမဲ့ တည်ငြိမ်ခြင်း’ အဆင့်မှာ ရှိနေပြီး ‘ကောင်းကင်အနှစ်သာရ နတ်ဘုရားဆေးလုံး’ရဲ့ ဆေးရေတွေထဲမှာ စိမ်နေတာဆို တော့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီး လိုအပ်တဲ့ သွေးနဲ့ အသက်စွမ်းအားတွေကို ဖြည့်တင်းပေးနေပြီ။ မကြာခင်မှာ ငါ လူသားအင်မော်တယ်တစ်ဦး ဖြစ်လာတော့မယ်။ အခု ငါ့မှာ လူသားအင်မော်တယ် ဖြစ်လာဖို့ သိုင်းတာအို အတွေ့အကြုံတွေ ရှိနေပြီဆိုတော့ ငါ စစ်မှန်တဲ့ လူသားအင်မော်တယ်တစ်ဦး ဖြစ်လာတော့မယ်။ လေဟာနယ် ဆွဲဖြဲဖို့တောင် ဖြစ်နိုင်ပြီ။ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ခွဲခွာထားတာကြောင့် ငါ့ရဲ့ သွေးအသားခန္ဓာကိုယ်ဟာ အားနည်းသွားပေမဲ့၊ အလွန်လျင်မြန်စွာ ပြန်ကောင်းလာလိမ့်မယ်။ ဟုန်ယွိကို သတ်ပြီး ပြန်သွားတဲ့အခါ အများဆုံး သုံးရက်ကနေ ငါးရက်အတွင်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်ဟာ လုံးဝ ပြန်လည် ကောင်းမွန်သွားပြီး အဆင့်တစ်ခု ထပ်တက်သွားလိမ့်မယ်။ ဒီတစ်ကြိမ် ‘မုန့်ရှန်းကျီ’ နဲ့ မူလဝိညာဉ်နတ်ဘုရားတို့ ယာယီ ပူးပေါင်းနေကြချိန်မှာ ငါကတော့ အကြီးမားဆုံး အခွင့်အရေးကို ရလိုက်တာပဲ။”
ချန်ပီယံမြို့စားသည် သူ၏ စိတ်ဝိညာဉ်မှာ မကြာမီ လူသားအင်မော်တယ် အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
ဝှူး….။
ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်မှာ ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် ပြောင်းလဲတော့မည့် အခိုက် အတန့်မှာပင် ထွက်ပြေးနေသော ဟုန်ယွိသည် ရုတ်တရက် သိမ်မွေ့သော အခွင့်အရေး တစ်ခုကို ဖမ်းဆုပ်ကာ ပြန်လည် တိုက်စစ်ဆင်လိုက်သည်။ သူသည် ချက်ချင်းပင် နောက်လှည့်ကာ ချန်ပီယံမြို့စား၏ မျက်နှာကို လှံဖြင့် ထိုးလိုက်သည်။
ထန်း…၊ ထန်း…၊ ထန်း….။
ချန်ပီယံမြို့စားသည် သူ၏ အတွေးကမ္ဘာအတွင်းမှ ရုတ်တရက် နိုးထလာခဲ့ပြီး သူ၏ မျက်နှာတွင် နေမထိထိုင်မသာ ဖြစ်သွားသော အမူအရာ ပေါ်လာသည်။ အမှန်စင်စစ် သူ၏ ဉာဏ်အလင်းပွင့်မှုကို အနှောင့်အယှက် ခံလိုက်ရခြင်းမှာ၊ အထူးသဖြင့် လူသား အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်မည့် အမြင့်ဆုံး ဉာဏ်အလင်းပွင့်မှုကို အနှောင့် အယှက် ခံလိုက်ရခြင်းမှာ ဝမ်းချုပ်နေရသည်ထက်ပင် ပို၍ နေရခက်လှသည်။ သူ၏ အတွေးစတိုင်းမှာ တစ်နေရာရာတွင် ပိတ်မိနေပြီး အပေါ်ကိုလည်း တက်မရ၊ အောက်ကို လည်း ဆင်းမရ ဖြစ်နေရာ ခံရခက်လှပေသည်။
ဤသို့ နေရခက်နေသည့် အခိုက်အတန့်တွင် ချန်ပီယံမြို့စားသည် ဖန်ဟွမ်အသက်ဝိညာဉ် ဓားကို အပြင်းထန် ဝှေ့ယမ်းကာ ခက်ထန်သော မျက်နှာထားဖြင့် ‘ဝိညာဉ်တုန်ခါ’ တိုက်ကွက်ကို ထုတ်ဖော်ပြီး ‘သေမင်းအလင်း နတ်ဘုရားလှံ’ကို ထိပ်တိုက် ရင်ဆိုင်လိုက် သည်။
ဖတ်….
‘သေမင်းအလင်း နတ်ဘုရားလှံ’ မှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ထိပ်ဖျားရှိ ထိုအလင်းစက်ကြောင့် အမှန်တကယ်ပင် နက်ရှိုင်းစွာ အက်ကွဲသွားတော့သည်။
ဟုန်ယွိသည် သူ၏နတ်ဘုရားလှံ ပျက်ဆီးသွားသော်လည်း သူ့အမူအရာက စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိပေ။ သူသည် လက်ထဲမှ လှံကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး စစ်နတ်ဘုရား၏ ‘သတ်ဖြတ်ခြင်းဗျူဟာခုနစ်သွယ်’ ကို တပြိုင်နက်နည်း အသုံးပြုလိုက် သည်။ ချက်ချင်းပင် လှံမှာ နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး မြွေတစ်ကောင်ကဲ့သို့ ကွေ့ကောက်ကာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားအလင်းများကို ပြင်းထန်စွာ တိုက်ခိုက် တော့သည်။
“သေမင်းအလင်း နတ်ဘုရားလှံ” “ဖန်ဟွမ်အသက်ဝိညာဉ်ဓား”
နတ်ဘုရားလက်နက် နှစ်ခုမှာ မျက်စိတ်တမှိတ်အတွင်း အပြည့်အဝ ထိပ်တိုက် တွေ့ဆုံမိ ကြသည်။ ဓားဖျားနှင့် လှံဖျားတို့မှာ မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်း ထောင်ချီ၍ ထိတွေ့မိကြသည်။ ထိုသို့ထိတွေ့ရာ အမှတ်သားသည် သေးငယ်သော်လည်း အလွန်ကြီး မား ပြင်းထန်သော စွမ်းအားများ စုစည်းနေသဖြင့် ‘အလင်းနှင့် အမှောင် မဟာအစီအရင်’ ကျုံ့သွားချိန်ကကဲ့သို့ သေးငယ်သော အစက်အပြောက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စစ်နတ်ဘုရား၏ ‘သတ်ဖြတ်ခြင်းဗျူဟာ ခုနစ်သွယ်’ ကို အသုံးပြုပြီးနောက် ... ဟိုင်း… လှံ၏ကိုယ်ထည်အတွင်းမှ ပြင်းထန်သော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပြီး စစ်နတ်ဘုရား၏ သူရဲကောင်း ဝိညာဉ်မှာ ဝိုးတဝါး ပေါ်ထွက်လာသည်။ သို့သော် ၎င်းသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားပေါ်ရှိ အလင်းစက်နှင့် ထိတွေ့မိသွားသည်။ ထို့နောက် စစ်နတ်ဘုရား၏ မျက်နှာမှာ ထိတ်လန့်သွားသော အမူအရာ ပေါ်လာပြီး အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
ဓားတစ်ချက်တည်းဖြင့် လှံ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ စစ်နတ်ဘုရား၏ သူရဲကောင်း ဝိညာဉ်မှာ ပျက်စီးသွားပြီ။
ဂျွတ်…
ဓားနှင့် လှံမှာ ခဏတာ ကွဲကွာသွားသည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှာ မူလအတိုင်း ရှိနေသော်လည်း ‘သေမင်းအလင်း နတ်ဘုရား လှံ’ ၏ ထိပ်ဖျားမှာမူ ရုတ်တရက် ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွားသည်။ ထိုသေးငယ်သော ဖုန်မှုန့်များမှာ လုံးဝ ပြန့်ကျဲသွားပြီး မဟာစကြာဝဠာကြီးအတွင်းမှ ပျောက်ကွယ်သွားတော့ သည်။
လှံတစ်စင်းလုံးမှာ ပြောင်ချောနေသော တုတ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းအပေါ်ရှိ အလင်းတန်းများလည်း မှိန်ဖျော့သွားပြီး ၎င်း၏ စိတ်ဝိညာဉ်နှင့် ထူးခြားချက် များ အားလုံးကို လုံးဝ ဆုံးရှုံးသွားခဲ့သည်။
နတ်ဘုရားလက်နက် နှစ်ခု၏ တိုက်ပွဲမှာ ‘သေမင်းအလင်း နတ်ဘုရားလှံ’ ၏ အရှုံးဖြင့် အဆုံးသတ်သွားခဲ့သည်။
... ...
“မင်း… သေပေတော့” ချန်ပီယံမြို့စားသည် ဓားကိုမြှောက်ကာ ရှေ့သို့ ခုန်ဝင်လိုက်သည်။ သူ၏ ဓားစွမ်းအားအတွင်းမှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
“မင်းရဲ့ ဉာဏ်အလင်းပွင့်တဲ့ အခိုက်အတန့်ကို ငါ အနှောင့်အယှက် ပေးလိုက်မိလို့ မင်း စိတ်ပျက်နေတာလား”။
လက်တစ်ချက် လှုပ်ရှားမူနှင့်အတူ ဟုန်ယွိသည် လက်ကျန်လှံတံကို ကောင်းကင်ယံထက် သို့ ပစ်တင်လိုက်သည်။ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်ပြီးနောက် ချန်ပီယံမြို့စားက ထိုလှံကို အာရုံစိုက်နေချိန်မှာပင် ဟုန်ယွိ၏လက်ထဲတွင် ‘ဆေးမီးလျှံ နတ်ဘုရားဓား’ တစ်လက် ရုတ်တရက် ပေါ်လာသည်။ ဓားအလင်းမှာ တနေရာတည်းတွင် ပြင်းထန်စွာ စုစည်းသွားသည်။ ‘လေဓား’ တစ်လက်သည် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အတားအဆီးကို ဖောက်ထွက်သွားပြီး ချန်ပီယံမြို့စား၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက် တော့သည်။
“ငါ မင်းကို ပြောဖို့ မေ့သွားတယ်။ ငါ့ရဲ့သိုင်းတာအိုဟာ လူသားအင်မော်တယ် အဆင့်ကို ရောက်နေပြီဆိုတာပဲ။”
ချန်ပီယံမြို့စားက ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေစဉ်မှာပင် ဟုန်ယွိ၏ ဓားစွမ်းအင် အတွင်း၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော သိုင်းဆန္ဒများ ပါဝင်နေပြီး ပြင်းထန်စွာ ရိုက်ခတ်သွား သည်။
ချန်ပီယံမြို့စားမှာ လူသားအင်မော်တယ် အဆင့်သို့ မရောက်သေးသဖြင့် လူသား အင်မော်တယ် တစ်ဦး၏ သိုင်းတာအိုက မည်သို့ရှိသည်ကို သဘာဝအတိုင်း မသိရှိနိုင်ပေ။ ဟုန်ယွိသည် သူ၏ အစစ်အမှန် စွမ်းအားကို ဝှက်ထားခဲ့ပြီး ချန်ပီယံမြို့စားကို သူ့နောက်သို့ လိုက်လာစေကာ အသာစီးရနေသည်ဟု ထင်စေခဲ့သည်။ ချန်ပီယံမြို့စား စိတ်လက်ပေါ့ပါး နေချိန်တွင် သူသည် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူသည် အခွင့်အရေးကို အပိုင် ဖမ်းဆုပ်နိုင်ခဲ့သည်။
ဤအစီအစဉ် တစ်ခုလုံး၊ သူ၏ စိတ်အာရုံကို ထိန်းချုပ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် ရန်သူကို ထိန်းချုပ်မှုတို့မှာ အမှားအယွင်းမရှိ ပြည့်စုံလှပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
၎င်းသည် ချက်ချင်းပင် အကျိုးသက်ရောက်သွားပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ အကာကွယ်ကို ဖောက်ထွက်ကာ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ ဆီသို့ ထိုးစိုက်လိုက်သည်။
‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ သာ ထိုးစိုက်ခံရပြီး ပျက်စီးသွားပါက ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ် အတွေးစတိုင်းကို ဖျက်ဆီးရန် နည်းလမ်းပေါင်း သောင်းခြောက်ထောင်မက ဟုန်ယွိတွင် ရှိနေသည်။
ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ကိုယ်ပိုင်အသိစိတ်မှာ ဖျက်ဆီးခံထားရပြီး ဖြစ်ရာ ၎င်းတွင် အလိုအလျောက် သခင်ကို ကာကွယ်ပေးမည့် စိတ်ဝိညာဉ် မရှိတော့ပေ။ ၎င်းသည် စွမ်းအားအပြည့် ထုတ်လွှတ်နိုင်သော်လည်း ကာကွယ်ရေးစည်း ဖောက်ဖျက်ခံရပြီး နောက်တွင်မူ ၎င်း၏ အားနည်းချက်မှာ ပေါ်လွင်သွားခဲ့သည်။
ဓားဖျား…..က
ချန်ပီယံမြို့စား၏ ‘ကံကြမ္မာ ကျောက်စိမ်းခန္ဓာ’ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ စွမ်းအား များ စုစည်းထားသော ဖန်ဟွမ်အသက်ဝိညာဉ်ဓားပင်လျှင် ၎င်းကို တားဆီးနိုင်ခြင်း မရှိခဲ့ ပေ။
***