အမျိုးသမီးတစ်ယောက် အလှကြောင့် ယောက်ျားတစ်ယောက် ခြေလှမ်းမရွေ့နိုင်ဖြစ်သွားသည်မှာ သဘာဝကျပါသည်။
သို့သော်လည်း ချမ်းအေးလှသော တောအုပ်ကြီးထဲတွင် အအေးဒဏ်ကို မကြောက်သည့် အမျိုးသမီးတစ်ဦးက သူ့ကို လက်ယပ်ခေါ်နေသည်မှာမူ အတော်လေး ယုတ္တိမရှိလှပေ။
ဤမျှ အေးစိမ့်လှသော ရာသီဥတုတွင် ပုခုံးသားများ ဖော်ကာ မြှူဆွယ်နေသည်မှာ သူမသည်အရူးမဟုတ်လျှင် တစ်ခုခု မှားယွင်းနေသည်မှာ သေချာသည်။
ထိုအမျိုးသမီး၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ တန်ဝမ်ကျဲသည် တစ်ကိုယ်လုံး ကြက်သီးများ ထသွားပြီး ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်သွားကာ နှလုံးခုန်သံများမှာလည်း အဆက်မပြတ် မြန်လာတော့သည်။
သူ နောက်ဆုံးအကြိမ် ဤသို့ ခံစားခဲ့ရသည်မှာ ယခင်ဘဝက ဂိမ်းများကို မအိပ်မနေ ဆော့ကစားခဲ့စဉ်က သူ၏ ခန္ဓာကိုယ်က သူ သေတော့မည်ဟု သတိပေးခဲ့သည့် အချိန်ကပင် ဖြစ်သည်။
“လာပါ... လာကစားရအောင်လေ...”
ထိုအမျိုးသမီး၏ လက်မောင်းမှာ ဝှေ့ယမ်းနေပြီး သူမ၏ ကိုယ်ဟန်မှာ အစီအရင်မှ လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ တောင်ကုန်းကြီးမှာပင် လှုပ်ခတ်နေသယောင် ရှိသည်။ တန်ဝမ်ကျဲသည် ကြည့်ရုံနဲ့ ဘာမှမဖြစ်ပါဘူး ဟုကိုယ့်ကိုကိုသတိပေးကာ သူ၏ စူးရှသော မျက်စိဖြင့် ထပ်မံ အသေအချာ ကြည့်လိုက်သည်။
ရင်ဘတ်တွင် အမွှေးအမျှင်မရှိ သရဲလည်း မဟုတ်ချေ။ လရောင်အောက်တွင် သူမ၏ အရိပ်က လှုပ်ခတ်နေသည်။
ဒါဆိုရင်မိစ္ဆာပေါ့။
သူသည် မသွားချင်သွားချင်ဟန်ဖြင့် ရပ်နေရင်း ။
“အဲဒါ မကောင်းဘူး ထင်တယ်။”
လက်ယပ်ခေါ်နေပြန်သည်။သူမ၏ အသံမှာ နူးညံ့လှပြီး အရိုးများပင် အရည်ပျော်သွားမတတ်ပင်။
“လာပါဆိုကွာ...”
ဖြူဖွေးသော ခြေထောက်နှစ်ချောင်းကို ပွတ်သပ်ပြနေသည့် အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ ပျော့ပျောင်းနေသောအရာကို မာကျောလာစေသည့် ထူးခြားသော အာနိသင်ရှိပြီး ဗာဒီနာဖေးလ် ဆေးပြားနှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။
တန်ဝမ်ကျဲက ခေါင်းခါပြနေဆဲပင်။
“ခြင်တွေ အရမ်းများတယ်သိလား ဟို...ကျွန်တော့် တင်ပါး အကိုက်ခံရမှာ ကြောက်လို့။ နောက်တစ်ခါမှပေါ့ နောက်တစ်ခါ သေချာပေါက် လာခဲ့မယ်နော်။”
မိစ္ဆာမသည် သူမ၏ ကော်လာကို အသာအယာ ဆွဲချလိုက်ရာ ပွပွယောင်းယောင်း အဝတ်အစားမှာ သူမ၏ လက်မောင်းပေါ်မှ လျှောကျကာ ရင်ဘတ်အထိ ထို့နောက် ချက်အထိ ကျဆင်းသွားတော့သည်။
“တောက် ဒီလောက်တောင် မြှူဆွယ်နေတာလား။ငါတော့ဆက်ပြီး မခံနိုင်တော့ဘူး။”
သူသည် ရုတ်တရက် လှည့်ထွက်လိုက်ပြီး သူ၏ သတင်းစာဦးထုပ်ကို ခေါင်းပေါ်သို့ အတင်းဖိဆောင်းကာ အရှိန်ယူ ပြေးလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ ထွက်ပြေးတော့သည်။
သူ၏ နောက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာသည် ထိုအမျိုးသမီးသည် သူ့နောက်သို့ ပျံသန်းလိုက်ပါလာခြင်း ဖြစ်သည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ၏ ခေါင်းနောက်နားသို့ ကပ်လိုက်နေသော သားရဲလက်သည်း တစ်စုံကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာမသည် အနားသို့ ရောက်ရှိလာသည်။သူတို့နှစ်ဦးကြားမှ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
တန်ဝမ်ကျဲသည် ချက်ချင်းပင် သတင်းစာဦးထုပ်ကို ချွတ်လိုက်ရာ ပျံသန်းနိုင်စွမ်း ချက်ချင်း ပျောက်ဆုံးသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားပြီး လက်သည်းချက်မှ သီသီလေး လွတ်မြောက်သွားသည်။
ကံကောင်းစွာဖြင့် သူသည် မြေပြင်နှင့် သိပ်မဝေးလှချေ။ မြေပေါ်သို့ ကျရောက်ချိန်တွင် ဒဏ်ကြေစေရန် နှစ်ပတ်ခန့် လိမ့်လိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် သူ၏ ညာဘက်လက်ညှိုးကို ကိုက်ကာ လက်ဖဝါးပေါ်တွင် အဆောင်လက်ဖွဲ့တစ်ခုကို အမြန် ရေးဆွဲလိုက်သည်။
မိစ္ဆာမသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆင်းသက်ကာ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။
တန်ဝမ်ကျဲသည် သူ၏ လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
“မိုးကြိုးလက်ဝါး”
“ဘုန်းးးး”
ပြေးဝင်လာသော မိစ္ဆာမသည် တိုက်ရိုက် ထိမှန်သွားပြီး ပေါက်ကွဲကာ လေထဲသို့ လွင့်စင်သွားတော့သည်။ သူမ အရှိန်ပျက်ကာ ဒဏ်ရာရနေချိန်တွင် တန်ဝမ်ကျဲက အခွင့်ကောင်းယူ၍ ထပြေးရန် ပြင်လိုက်သော်လည်း သူမသည် လေထဲတွင်ပင် လက်များကို ဖြန့်ကာ တည်ငြိမ်စွာ ဝဲပျံနေသည်ကို တွေ့လိုက်ရသဖြင့် မမျှော်လင့်သည့်အရာများဖြစ်သွားရသည်။
မိစ္ဆာမသည် သူမ၏ နောက်ကွယ်ရှိ လဝန်းကြီးနှင့်အတူ အထက်မှနေ၍ သူ့ကို စိုက်ကြည့်နေသည်။ အကွာအဝေးမှာ ဝေးသော်လည်း သူမ၏ မျက်နှာပေါ်တွင် ဒဏ်ရာတစ်စက်မျှ မရှိဘဲ ဆံပင်အချို့သာ တူးသွားသည်ကို တန်ဝမ်ကျဲ သတိပြုမိလိုက်သည်။
သူ၏ မိုးကြိုးလက်ဝါး တိုက်ကွက်မှာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာအငွေ့အသက် ကိုပင် မဖောက်နိုင်ခဲ့ချေ။ ဤမိစ္ဆာမသည် သူ ထင်ထားသည်ထက် များစွာ ပိုမို သန်မာလှသည်။
မိစ္ဆာမသည် တန်ဝမ်ကျဲကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။
“မင်းက ခုနက နံစော်နေတဲ့ နတ်ဆရာထက်စာရင် နည်းနည်းတော့ ပိုတော်သားပဲ။”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ကို သတ်တော့မှာလား။”
“မင်းရဲ့ အဆီအနှစ်တွေကိုပဲအကုန်စုပ်ယူပစ်မှာပါ။”
“ဒီလောက်တောင် ပွင့်လင်းတာလား။အတင်းအဓမ္မ ရောင်းစားတဲ့သူတွေ ရှိသေးတယ်လို့ မထင်ထားဘူး။ ဘယ်လိုလဲ... သားရဲနားရွက်လေးတွေ အရင် ပြောင်းပေးမလား။အမြီးလေးပါ ထုတ်ပြမယ်ဆိုရင်တော့ ကျွန်တော် သဘောတူမိနိုင်တာပေါ့။”
“မင်း တကယ်ပဲ အညံ့ခံမှာလား။”
“ကျွန်တော်က အဲဒီလို အရာမျိုးဆိုရင် ပျော့သွားတတ်လို့ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မင်းကို မနိုင်ဘူးလေ။အဲဒီတော့ နှိပ်စက်ခံရပြီး သေမယ့်အစား အစုပ်ခံရပြီး သေတာက ပိုပြီး လက်ခံနိုင်စရာ ရှိပါတယ်။”
ထိုစကားကို ကြားသောအခါ မိစ္ဆာမသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
“မင်းသာ လိမ္မာမယ်ဆိုရင် ဒီလောကရဲ့ အမြင့်ဆုံး သာယာမှုကို မင်းခံစားစေရမယ်။”
ဒီလောက်တောင် လှည့်စားလို့ လွယ်တာလား။
တန်ဝမ်ကျဲသည် အခွင့်ကောင်းယူ၍ ထလိုက်ပြီး ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ထို့နောက် တည်ကြည်စွာဖြင့်။
“လူတစ်ယောက်ချင်းစီရဲ့ အမြင့်ဆုံး သာယာမှုဆိုတာ မတူကြဘူးလေ။ ဥပမာ -ကျွန်တော့်အတွက်တော့ သားရဲနားရွက်နဲ့ အမွှေးပွပွ အမြီးလေး ပြီးတော့ ခြေအိတ်ရှည်တွေနဲ့ ခြေသလုံးကွင်းလေးတွေ ဝတ်ထားတာကမှ အမြင့်ဆုံး သာယာမှုပဲ။ ပြီးတော့ ကျွန်တော်က ဇာတ်လမ်းထဲ စီးမျောရတာကိုလည်း ကြိုက်တယ်။”
သူမ နားမလည်ချေ။
ရှေ့ပိုင်းကိုတော့ နားလည်နိုင်သည် သူမတွင် မွေးရာပါ အမြီးနှင့် နားရွက်များ ရှိသည်။ သို့သော် ခြေသလုံးကွင်းဆိုသည်မှာ မည်သည့် မှော်ပစ္စည်းနည်း။ခေတ်ကြီးက ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်သွားပြီလော။
“ထားလိုက်ပါတော့ ငါ အလျင်လိုနေတယ် လာခဲ့တော့။”
တန်ဝမ်ကျဲသည် နောက်သို့ နှစ်လှမ်းဆုတ်ကာ လက်ကို နောက်ပစ်လိုက်ရင်း။
“တစ်ခုတော့ ရှင်းအောင် ပြောထားမယ်နော် မင်းမှာ သားရဲနားရွက်နဲ့ အမွှေးပွပွ အမြီးသာ မပါဘူးဆိုရင် မင်းရဲ့ အဖျက်ဆီးခံရမယ့်အစား ငါ့ကိုယ်ငါ သတ်သေလိုက်မယ်။ ဪ... ပြီးတော့ ငါ့ကို ဖေဖေလို့ ခေါ်ဖို့ မမေ့နဲ့ဦး။”
မိစ္ဆာမသည် ပါးစပ်ကို ပိတ်ကာ တခိခိ ရယ်မောလိုက်သည်။
“မင်းက ငါတွေ့ဖူးသမျှထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး နတ်ဆရာလေးပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်က တွေ့ခဲ့တဲ့ ကျန်းမိသားစုက နတ်ဆရာလေးထက် အများကြီး ပိုပျော်ဖို့ ကောင်းတယ်။”
သူမသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ရာ သူမ၏ နားရွက်များသည် အဖြူရောင် သားရဲနားရွက်များအဖြစ် ပြောင်းလဲသွားပြီး သူမ၏ တင်ပါးနောက်တွင်မူ အမွှေးပွပွ အမြီးကြီး တစ်ခု ပေါ်လာတော့သည်။
“ဪ... မြေခွေးမိစ္ဆာကိုး။”
ဒါဆိုလျှင် ပိုလွယ်သွားပြီ။ ဒီလောကမှာ ကြက်သား မကြိုက်တဲ့ မြေခွေးဆိုတာ ရှိလို့လား။
မြေခွေးမိစ္ဆာမသည် သူမ၏ တင်ပါးကို လှုပ်ခါကာ တန်ဝမ်ကျဲဆီသို့ လျှောက်လာသည်။
“အွတ် အွတ် “
ကြက်ဖကြီး တစ်ကောင်သည် အတောင်ပံခတ်ကာ ပျံထွက်လာပြီး မြေခွေးမိစ္ဆာမ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
“ကြက်”
“နှစ်ပိဿာလောက် အချိန်စီးတဲ့ ကြက်ဖကြီးလေ အရသာ အရမ်းကောင်းတယ်မြည်းကြည့်မလား။”
“ဟွန်း... ငါ့ကို ရိုးရိုးမြေခွေးလို့ ထင်နေတာလား။”
“ကြက်သားကို အားရပါးရ စားပြီးမှ တစ်ခြား ကြက်ကို ဆက်စားလို့ ရတာပဲလေမဟုတ်ဘူးလား။”
ဆယ်မိနစ်ခန့် ကြာပြီးနောက်တန်ဝမ်ကျဲသည် မြေပြင်ပေါ်ရှိ လည်ပင်းလိမ်ခံထားရပြီး အမွှေးနှုတ်ခံထားရသော ကြက်ဖကြီး ဆယ်ကောင်ကို ကြည့်ကာ ရင်နာနေမိသည်။
ဤမြေခွေးမိစ္ဆာမသည် ပါးစပ်ကသာ ငြင်းနေသော်လည်း လက်တွေ့တွင်မူ အလွန်ပင် ရိုးသားလှသည်။ တန်ဝမ်ကျဲသည် အရသာရှိသော ကြက်ဖကြီးများကို အဆုံးမရှိ ထုတ်ပေးနိုင်သည်ကို သိသွားသောအခါ သူမသည် သူ့ကို ချက်ချင်း မသတ်တော့ဘဲ သူမ စားချင်သည့် အချိန်တိုင်း နှိုက်စားနိုင်သည့်မုန့်အိတ်တစ်ခုသဖွယ် သဘောထားရန် ဆုံးဖြတ်လိုက်တော့သည်။
ဒါက ပြဿနာမရှိပေ။သို့သော် သူမသည် ကြက်ခေါင်းနှင့် ကြက်အဆီဗူးကို မစားဘဲ ချန်ထားခဲ့သည်မှာ အမွှေးတစ်ပင်မျှ မကျန်အောင် နှုတ်ထားသော်လည်း နှမြောစရာပင်။
တန်ဝမ်ကျဲသည် နှစ်ပေါင်း ရာချီကြာအောင် အသားမစားရသည့်အလား မျက်နှာတွင် သွေးများ ပေကျံနေသော မြေခွေးမိစ္ဆာမကို ကြည့်ရင်း ဤအခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ကို စဉ်းစားနေမိသည်။
အစောပိုင်း မြှူဆွယ်မှု အပိုင်းတွင် သူမတွင် အဝတ်အစား မရှိသဖြင့် သူမ၏ ဝမ်းဗိုက်တွင် မပျောက်ကင်းသေးသော မြားဒဏ်ရာတစ်ခု ရှိနေသည်ကို သူ မြင်လိုက်ရသည်။ သို့သော် ဤအချက်မှာ အရေးမကြီးလှပေ။သူတို့၏ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ လက်ဖဝါးမိုးကြိုးဖြင့်ပင် သူမကို ခြစ်ရာတစ်ခုမျှ မထင်စေနိုင်ရာ သူမ ဒဏ်ရာရနေသည်ကို သိနေလျှင်ပင် အသုံးမဝင်ချေ။
ယခုမူ သူသည် စွမ်းအားကြီး နတ်မင်းတစ်ပါးကို ပင့်ဖိတ်ရန်သာ ရှိတော့သည်။ မြေခွေးမိစ္ဆာမ၏ အရှိန်မှာ သူထက် များစွာ မြန်သဖြင့် သူမကို သူ လိုက်မမီနိုင်ပေ။ အကယ်၍ သူမကို ဖမ်းမိလျှင်ပင် နတ်ပင့်ရန် မြေနင်းနေစဉ်အတွင်း သူမက သူ့ကို အကြိမ်ပေါင်းများစွာ သတ်နိုင်စွမ်း ရှိသည်။
“ငါ့ကို သန်မာတဲ့ အမျိုးသား ၁၀၈ ယောက် ရှာပေးဖို့ လိုတယ်။”
ဟုမြေခွေးမိစ္ဆာမက ကြက်ရိုးကို စုပ်ရင်း ပြောလိုက်သည်။
“အမျိုးသား ၁၀၈ ယောက်... မင်းနာမည်က လျန်ရှန်းလား။”
“ဟင်...”
“ဒါပေါ့ ကျွန်တော် ရှာပေးပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ကို ၁၀၉ ယောက်မြောက်အဖြစ် စာရင်းသွင်းပေးလို့ ရမလား။”
မြေခွေးမိစ္ဆာမသည် သူမ၏ ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး မျက်တောင်ခတ်ကာ။
“ကောင်းပြီ မနက်ဖြန် နေမဝင်ခင်မှာ သန်မာတဲ့ အမျိုးသား ၁၀ ယောက် အရင်ရှာပေးရမယ် မဟုတ်ရင် မင်းကို ငါ အကုန်စုပ်ယူပစ်မယ်။”
ယောက်ျား ၁၀ ယောက် ရှာမပေးရင် မင်းကို ငါ စုပ်ယူပစ်မယ်ဟူသော ခြိမ်းခြောက်မှုကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
“သဘက်ခါမှပေါ့။ အကယ်၍ ကျွန်တော် ၁၀၈ ယောက် ရှာမပေးနိုင်ရင် မင်း ကြိုက်သလို လုပ်လို့ရပါတယ်။”
မြေခွေးမိစ္ဆာမက အလွယ်တကူပင် သဘောတူလိုက်သည်။
“ကောင်းပြီ။”
သူမသည် နှစ်ပေါင်း ရာချီအောင် စောင့်ခဲ့ပြီးပြီဲဖြစ်သည်။သဘက်ခါဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ရောက်လာပေလိမ့်မည်။ တန်ဝမ်ကျဲ ထုတ်ပေးသော ကြက်သားမှာ ထူးထူးခြားခြား အရသာရှိပြီး သူမ စားဖူးသမျှ ကြက်များထက် များစွာ ပိုကောင်းလှသည်။
သူမ ဒဏ်ရာကုသနေစဉ်အတွင်း ကြက်များကို ခိုးစားဖူးသော်လည်း တန်ဝမ်ကျဲ ပေးသော ကြက်ဖကြီးများကို မမီချေ။ သူမ၏ အရသာခံအာရုံ ပြောင်းလဲသွားသည်ဟု ထင်ခဲ့သော်လည်း ယခုမှပင် သူ၏ ကြက်များမှာ အထူးအဆန်း ဖြစ်နေကြောင်း သိလိုက်ရသည်။
တန်ဝမ်ကျဲသည် ပထမဆုံးမြက်တဲရှင်၏ အလောင်းကို ရှာဖွေကြည့်ရာ တရုတ်စာနှင့် အင်္ဂလိပ်စာ ရောနှောရေးထားသော ဒိုင်ယာရီစာအုပ် တစ်အုပ်ကို တွေ့ရသည်။ ပထမဆုံးမြက်တဲရှင်မှာ တကယ့်ကို ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“လေ့လာမှု မှတ်စုတွေလား...နံရံဖောက်ခြင်း အတတ် ရွှံ့နံရံ တစ်ဖက်ကိုပဲ ဖောက်လို့ရမယ် အထူက ၂၀ စင်တီမီတာထက် မကျော်ရဘူး ကန့်သတ်ချက်တွေ အရမ်းများတယ် သံကူကွန်ကရစ် ဆိုရင်လည်း မရဘူး။ လျှို့ဝှက်ပညာရပ်ကို မျက်လှည့်ဆရာရဲ့ သီအိုရီနဲ့ ပေါင်းစပ်ထားတာပဲ ဒါပေမဲ့ ဒါက မြေလျှိုးအတတ် ရဲ့ အခြေခံအဆင့် ပဲ ရှိသေးတယ်။”
ဘေးနားရှိ မြေခွေးမိစ္ဆာမမှာမူ ကြက်ခေါင်းကို အားရပါးရ စုပ်နေသည်။ သူမသည် ကြက်ခေါင်းနှင့် ကြက်ဖင်ကို မကြိုက်ခြင်း မဟုတ်ဘဲ အကောင်းဆုံးအရာကို နောက်ဆုံးမှ စားရန် သိမ်းထားခြင်းသာ ဖြစ်သည်။
ပြီးတော့ ဘယ်မြေခွေးက ကြက်သား မကြိုက်ဘဲ နေမှာလဲ။
တန်ဝမ်ကျဲမှာမူ ဘေးတွင် ထိုင်ကာ ခေါင်းခါနေမိသည်။ထိုပါးစပ်ကြီး၏ ဖျက်စီးခြင်းခံရမည့်အစား သူ သေလိုက်ချင်တော့သည်။
သူ လိုချင်သည့် အရာကို တွေ့ပြီးနောက်တန်ဝမ်ကျဲသည် ခွန်အားသုံး၍ မြေကျင်းတစ်ခုကို အမြန်တူးကာ ပထမဆုံးမြက်တဲရှင်၏ အလောင်းကို ထည့်လိုက်သည်။ထို့နောက် သရဲမဖြစ်အောင် မီးရှို့ပြီး မြေမြှုပ်ပေးလိုက်သည်။
နောက်တစ်နေ့တွင် ထန်ဝင်ကျဲသည် နောက်ထပ် ကြက်ဖကြီး အကောင် ၂၀ ကို ထုတ်ပေးလိုက်ရာ ငွေ ၂၀၀ ကုန်ကျသွားသော်လည်း သူ နှမြောမနေတော့ပေ။
မြေခွေးမိစ္ဆာမမှာ စကားပြောရန် ဝန်မလေးသော်လည်း နတ်ဆရာများကိုမူ အလွန်ပင် ရန်ငြိုးထားသည်။ တန်ဝမ်ကျဲက ဘာကြောင့်လဲဟု မမေးရသေးခင်မှာပင် သူမတွင် ကျင့်ကြံဆင့် နှစ်ပေါင်း တစ်ထောင်ရှိကြောင်း ပြောပြလာသည်။ နှစ်တစ်ထောင် ကျင့်ကြံဆင့်ဆိုသည်မှာ အလိမ်အညာ မဟုတ်နိုင်သော်လည်း သူမ၏ အသိဉာဏ်မှာမူ အနည်းငယ် နိမ့်ပါးနေပုံရသည်။
ဖြစ်နိုင်သည်မှာသူမ၏ ကျင့်ကြံဆင့် ၉၉၉ နှစ်လုံးကို တောင်ကြားတစ်ခုထဲတွင် ပုန်းအောင်းရင်း ကုန်ဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူမ၏ မြှူဆွယ်ပုံများမှာ ဤမျှ ခေတ်မနောက်ကျနိုင်ပေ။
သို့သော် နှစ်တစ်ထောင် ကျင့်ကြံဆင့်နှင့်ပင် သူရဲကောင်း ၁၀၈ ယောက်ကို သူမ မဖမ်းနိုင်ခြင်းမှာ သူမ၏ ကိုယ်ပေါ်ရှိ မြားဒဏ်ရာနှင့် ဆက်စပ်နေပေလိမ့်မည်။ သို့သော် သူမ၏ လက်သည်းများမှာ အလွန်စူးရှသည်ကို တွေ့ခဲ့ရသဖြင့် တန်ဝမ်ကျဲသည် သူ၏ စူးစမ်းလိုစိတ်ကို ထိန်းချုပ်လိုက်ရသည်။
ကြက်သားစားပြီးနောက်တွင် မြေခွေးမိစ္ဆာမ၏ ပုံမှန် ခြိမ်းခြောက်သည့် အပိုင်းသို့ ရောက်လာပြန်သည်။ အသိဉာဏ်နည်းသော မိစ္ဆာများသည် ဤအပိုင်းကို အလွန်နှစ်သက်ကြသည်။ အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းထဲတွင်လည်း ဤသည်မှာ မပါမဖြစ် အပိုင်းတစ်ခုပင်။
မြေခွေးမိစ္ဆာမက သွားကြိတ်ကာ ။
“ဒီညက ငါ မောင်းရှန်း နတ်ဆရာတွေ အကုန်လုံးကို သတ်ပစ်မယ်။”
တန်ဝမ်ကျဲကလည်း သူမနှင့် ထပ်တူ ဒေါသဖြစ်ဟန်ဖြင့်။
“ကျွန်တော်လည်း အဲဒီ နတ်ဆရာတွေကို မကြည့်ရတာ ကြာပြီ။”
မြေခွေးမိစ္ဆာမမှာ ဇဝေဇဝါ ဖြစ်သွားသည်။
“မင်းကလည်း နံစော်နေတဲ့ နတ်ဆရာ တစ်ယောက်ပဲ မဟုတ်ဘူးလား။”
ထန်ဝင်ကျဲက တည်ကြည်စွာ ပြောလိုက်သည်။
“အတိအကျ ပြောရရင် ကျွန်တော်က သရဲဖမ်းသမားပါ။ ကျွန်တော့်ကိုမတရားမပြောပါနဲ့ ကျွန်တော် သူတို့နဲ့ ပူးပေါင်းမှာ မဟုတ်ပါဘူး။”
မြေခွေးမိစ္ဆာမသည် ထိုကိစ္စသေးသေးလေးအတွက် သူ့ကို အငြင်းမပွားချင်တော့ချေ။
“ဒါဆို မင်း သန်မာတဲ့ အမျိုးသားတွေ သွားဖမ်းပေးဖို့ ဘယ်တော့ ထွက်မှာလဲ။”
ဘယ်တော့ ထွက်မှာလဲ။
တန်ဝမ်ကျဲသည် သူ၏ ခွန်အားကို ကြည့်လိုက်ရာ ၃၀/၃၀ ဖြစ်နေပြီဖြစ်ပြီဖြစ်သည်။လျှို့ဝှက်နယ်မြေသည်လည်း ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးတော့မည် ဖြစ်သည်။
အခုပဲပေါ့။
ကမ္ဘာသစ်တစ်ခု ပေါ်လာသော်လည်း ၎င်းမှာ မီးခိုးရောင် ဖြစ်နေပြီး အဆင့် ၅ ရောက်မှသာ ဝင်ရောက်နိုင်မည်ဟု ပြထားသည်။
ထန်ဝင်ကျဲသည် သူ၏ အတွေ့အကြုံမှတ်ကို ကြည့်လိုက်သည်။ ၃၅၈၅ မှတ်ဖြစ်သည်။
Rank: 1 (0/50)
အတွေ့အကြုံ ၅၀ ထည့်လိုက်သည် Rank: 2 (0/350)
အတွေ့အကြုံ ထပ်ထည့်သည်။
Rank: 3 (0/2450)
ထပ်ထည့်ပြန်သည်။
Rank: 4 (735/17150)
သူ၏ Rank တိုးလာသော်လည်း သူ၏ အခြေခံစွမ်းရည် များမှာ ပြောင်းလဲခြင်း မရှိပေ။ Rank တိုးလာခြင်းကြောင့် သူ၏ အသက်စွမ်းအားအကန့်အသတ်မှာ ၃ မှတ်သာ တိုးလာသည်။
အတွေ့အကြုံမှတ် တစ်သောင်းခြောက်ထောင်ကျော် လိုအပ်နေသေးသည်။
ယခု ဝင်ရောက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ သူသည် လျှို့ဝှက်နယ်မြေ ကမ္ဘာဟောင်းသို့သာ ဝင်ရောက်ရပေမည်။သို့မဟုတ်ပါက ကြက်ချေးနံ့ နံနေသော ထိုပါးစပ်ကြီး၏ စားခြင်းကို သူ တကယ် ခံရပေလိမ့်မည်။
သင်သည်ထိတ်လန့်ဖွယ်ကမ္ဘာသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။
【ကုန်ဆုံးသွားသော ခွန်အား: ၃၀။ လက်ရှိခွန်အား: ၃၀/၃၃။】
【ကျေးလက်လျှို့ဝှက်နယ်မြေ မုဒ် (Mode) ကို ရွေးချယ်ပါ: ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခြင်း လွတ်လပ်စွာ စူးစမ်းလေ့လာခြင်။
ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခြင်း: သတ်မှတ်ထားသော ဇာတ်ကောင်အဖြစ် ဆက်လက်ကစားပါ။သတ်မှတ်ထားသော တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး ဆုလာဘ်များကို ရယူပါ။
လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း: သတ်မှတ်ထားသော အချိန်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီး ပေါ်ပေါက်လာသော တာဝန်များကို ဆောင်ရွက်ပါ။ လွတ်လပ်စွာ သွားလာနိုင်သည့် အချိန်: ရက်ပေါင်း ၃၀။
တန်ဝမ်ကျဲသည် လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း ကို ရွေးချယ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် မြေခွေးမိစ္ဆာမကို နှိမ်နင်းနိုင်မည့် အကူအညီတစ်ခုကို သွားရောက် ရှာဖွေမည် ဖြစ်သည်။ ရက်ပေါင်း ၃၀ အတွင်း မှော်ပညာအသစ်များကို သင်ယူရန် အချိန်မလောက်သော်လည်းလွတ်လပ်စွာ သွားလာနိုင်သည့် ရက် ၃၀ အတွင်း စွမ်းအားကြီးသော နတ်တစ်ပါးကို ပင့်ဖိတ်နိုင်ရန်မှာမူ မခက်ခဲလှပေ။
***