ထိုင်ကျုံးဒေသ ကျန်းဟွားမြို့။
လွန်ခဲ့သော ၁၇ နှစ်က လူသတ်မှုဖြစ်ပွားခဲ့သည့် ဤကုန်တိုက်ကြီးသည် ယနေ့တိုင် ထိတ်လန့်ဖွယ်ရာ ဒဏ္ဍာရီများ၏ အချက်အချာဖြစ်နေဆဲဖြစ်ပြီး သရဲတစ္ဆေများနှင့် ထိပ်တိုက်တိုးရန် အလားအလာအရှိဆုံး နာမည်ကြီး နေရာတစ်ခု ဖြစ်သည်။
နေ့ဘက်တွင် ရှုပ်ပွနေသော နေရာတစ်ခုအဖြစ်သာ မြင်ရသော်လည်း ညဘက် မီးများငြိမ်းသွားချိန်တွင်မူ ဤနေရာသည် မှောင်အတိကျနေသော အခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။
ထိုနေရာသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း သုံးဦး ဝင်ရောက်လာကြသည်။ ယခုခေတ်တွင် မြို့ပြဒဏ္ဍာရီနေရာများကို လိုက်လံစူးစမ်းပြီး “Check-in” ပြုလုပ်ပြသော Live လွှင့်ပြရခြင်းသည် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုသဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။
“ဒီတစ်ခေါက်တော့ ဟိုတစ်ခေါက် ဆွဲကြိုးချသေဆုံးသူများအတွက် ပြုလုပ်သော ပူဇော်ပွဲ ဗီဒီယိုထက် ပိုပေါက်မှာ သေချာတယ်။”
အမျိုးသား ဘလော့ဂါ ဂရစ်ဇလီသည် သူ၏ Action Camera ကို ချိန်ညှိနေစဉ် ဆံပင်တိုနှင့် မိန်းကလေးက ရုတ်တရက် ရပ်တန့်သွားပြီး အမှောင်ထုထဲသို့ လှည့်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
“ဒီမှာ လူတွေအများကြီး သေခဲ့တာ။”
ဂရစ်ဇလီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
“ကျားမင်... နင် တစ်ခုခု မြင်လိုက်တာလား။”
သူသည် ကျော်ကြားစေရန်အတွက် ငွေသောင်းချီ အကုန်အကျခံကာ ကျားမင်ဟုအမည်ရှိသော ဝိညာဉ်မြင်ရသူအကူတစ်ဦးကို ငှားရမ်းထားခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိတ်လန့်စရာ တစ်ခုခုကို ဗီဒီယိုထဲတွင် ထည့်ရိုက်ချင်သည်။ တကယ်လို့ ဘာမှမတွေ့ခဲ့လျှင်လည်း ပရိသတ်ကြည့်ရှုမှုများစေရန် လက်လုပ်လက်စား နည်းလမ်းများဖြင့် ဖန်တီးယူရန် သူက ဝန်မလေးပေ။
“ကျွန်မ...”
ကျားမင်သည် အမှောင်ထုထဲသို့ စိုက်ကြည့်ရင်း စကားပြောရန် တုံ့ဆိုင်းနေသည်။
“လူတစ်ယောက် ရှိနေသလိုပဲ... ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတယ်။”
သူမ နှုတ်ခမ်းကို ဖိကိုက်မိသည်။ ထို့ပြင် ထိုလူက အဝတ်အစား ဝတ်မထားသလိုပင်။ သို့သော် သန်းခေါင်ယံတွင် အဝတ်မပါဘဲ မျက်နှာတွင် ထူးဆန်းသော ကြေးပြားမျက်နှာဖုံး စွပ်ထားသူမှာ လူဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
“ပျောက်သွားတယ်။”
ထိုစကားကို ကြားလိုက်ရုံနှင့် ဂရစ်ဇလီသည် စိတ်ဝင်စားမှု လျော့သွားသည်။ သူက ဖမ်းရခက်သော သရဲများထက် လူသိများသော မြို့ပြဒဏ္ဍာရီများကိုသာ ပိုနှစ်သက်သည်။ ထိုသို့မှသာ ကြည့်ရှုသူ ပိုများမည် မဟုတ်ပါလား။
“ကဲ... အစီအစဉ်အတိုင်း အရင်ရိုက်ကြရအောင်။”
သူသည် နာမည်ကြီးပြီးလူသိများလာစေရန်အတွက် ငွေပုံအော အကုန်အကျခံထားခြင်း ဖြစ်သည်။ အဆောက်အအုံအတွင်း၌ အရေးပေါ်ထွက်ပေါက် မီးရောင်များသာ ရှိတော့သည်။ သူတို့ သုံးယောက် ရှေ့သို့ အနည်းငယ် တိုးသွားပြီးနောက် ဂရစ်ဇလီကမီး ကို အချိန်ကိုက် ဖွင့်လိုက်သည်။
ဖြူဖွေးနေသော နံရံများက မီးရောင်ကို ပြန်ဟပ်နေသော်လည်း အလင်းကျရောက်နေသည့် နေရာမှလွဲ၍ ကျန်သည့်နေရာများမှာ ပို၍ မှောင်မည်းနေသကဲ့သို့ ခံစားရသည်။ အခြေအနေကတော့... တကယ့်ကို ရင်ဖိုစရာပင်။
သူတို့ ပစ္စည်းများကို ချလိုက်ပြီးနောက် ဗီဒီယိုရိုက်ကူးမှု စတင်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ... ဂရစ်ဇလီ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ အားလုံး စောင့်မျှော်နေတဲ့ အလယ်ပိုင်းဒေသရဲ့ အကျော်ကြားဆုံး မြို့ပြဒဏ္ဍာရီ ကုလားထိုင်ဒေါ်ဒေါ်နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။”
ဘေးနားရှိ ဆံပင်ရှည်နှင့် မိန်းကလေး ချန့်ချန့်ကလည်း ဝင်ထောက်ပေးသည်။
“ဟုတ်ပါတယ်... ကုလားထိုင်ဒေါ်ဒေါ် ဆိုတာ ဘယ်သူလဲ သိကြလားရှင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မိန်းကလေးငယ်လေးပါ။ သူက ဝိညာဉ်ဖြစ်သွားပြီးနောက်မှာ သူ့ရဲ့ ဟောကိန်းတွေက အရမ်းမှန်တာနော် “
“ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့က ဒီဒဏ္ဍာရီကို တကယ့်လက်တွေ့ စမ်းသပ်ပြမှာပါ။ ဒါ့အပြင် ကျွန်တော်တို့နဲ့အတူ အလှမယ် စုန်းကဝေမလေး ကျားမင်လည်း ရှိနေပါတယ်ဗျ။”
ကျားမင်သည် မိန်းမောနေရာမှ သတိဝင်လာသည်။ သူမ ယနေ့ အခြေအနေ မကောင်းလှကြောင်း ခံစားမိသော်လည်း သဘောတူထားသည့် ငွေတစ်သောင်းကို အမှတ်ရကာ စိတ်ကို တင်းထားလိုက်သည်။
ကုလားထိုင်ဒေါ်ဒေါ်ကိုပင့်ခြင်း အခမ်းအနား စတင်သည်။ မိန်းကလေးနှစ်ဦးက ကုလားထိုင်ငယ်လေးကို ကိုင်ထားရင်း ကုလားထိုင်ဒေါ်ဒေါ်... ကုလားထိုင်အစ်မဟု ရွတ်ဆိုနေကြသည်။
ကုလားထိုင်က ထိန်းချုပ်မရဘဲ သုံးကြိမ်တိုင်တိုင် မြေကြီးကို ဆောင့်ချသွားသည်။မိန်းကလေးများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျားမင်က တုန်တုန်ရင်ရင်ဖြင့် ဂရစ်ဇလီကို မေးလိုက်သည်။
“ရှင်... ကုလားထိုင်ဒေါ်ဒေါ်ကို ဘာမေးချင်လို့လဲ။”
သူမတွင် ယင်ယန်မျက်လုံး ရှိသော်လည်း ယခုကဲ့သို့ နတ်ပင့်ခြင်းကို ကိုယ်တိုင် ပြုလုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဗီဒီယိုပေါက်စေရန်အတွက် ဂရစ်ဇလီက မဆင်မခြင် မေးခွန်းထုတ်လိုက်သည်။
“ကုလားထိုင်ဒေါ်ဒေါ်... အဲဒီတုန်းက ရှင့်အဒေါ်က ရှင့်ကို ဘာလို့ ရိုက်သတ်ခဲ့တာလဲ။”
“နင်ကတော့... ဘာလို့ထူးဆန်းတဲ့ မေးခွန်းကြီးကိုမေးလိုက်တာလဲ။”
နောက်တစ်စက္ကန့်တွင် ကုလားထိုင်က ထိန်းချုပ်မရဘဲ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားကာ မိန်းကလေးနှစ်ဦးကိုပါ ဆွဲခေါ်သွားတော့သည်။
ဂရစ်ဇလီသည် အားရဝမ်းသာ ဖြစ်နေစဉ်မှာပင် သူ၏ ခြေလှမ်းများ ယိုင်နဲ့သွားသည်ကို ခံစားလိုက်ရသည်။ လေထုထဲတွင် စေးကပ်ကပ် အရာတစ်ခု ရှိနေသလိုပင်။ နောက်ဆုံးတွင် သူ၏ ခေါင်းမှာ ကြမ်းပြင်နှင့်ဘုန်းခနဲ ဆောင့်မိသွားသည်။
သူ အတိုက်ခံလိုက်ရခြင်း ဖြစ်သည်။
“တောက်... ဘယ်သူလဲ။”
သူ့ခေါင်းကို တောင်တစ်လုံးက ဖိထားသကဲ့သို့ ကြီးမားသော လက်တစ်ဖက်က ဖိချထားသဖြင့် လှုပ်မရတော့ပေ။ .
“ဒါက.. လူမဟုတ်ဘဲ သရဲများလား။”
ဂရစ်ဇလီသည် အခြားသူများ သရဲတွေ့လျှင် ပျော်တတ်သော်လည်း မိမိကိုယ်တိုင် ကြုံရသည့်အခါတွင်မူ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသည်။ သို့သော်လည်း သူ၏ စီးပွားရေး ဦးနှောက်က ချက်ချင်း ပြန်အလုပ်လုပ်လာပြီးဒါကိုသာ ရိုက်လို့ရရင်ဟု တွေးကာ ရင်ခုန်သွားပြန်သည်။
“ဟင်...”
ခြေထောက်တစ်ဖက်က ဂရစ်ဇလီ၏ ခေါင်းကို ကျော်ဖြတ်ကာ ကြမ်းပြင်ပေါ် နင်းလိုက်သည်။ စနစ်ကာ ဖိနပ်။
လူပဲလား။
သူ မေးစေ့ကို အားယူမော့ကြည့်လိုက်ရာ အမျိုးသားတစ်ဦးက မိန်းကလေးနှစ်ဦးကို ဆွဲခေါ်သွားသော ကုလားထိုင်နောက်သို့ ပြေးလိုက်သွားသည်ကို တွေ့ရသည်။ ဂရစ်ဇလီသည် နာကျင်နေမှုကို ဂရုမစိုက်ဘဲ ကင်မရာကို ဆွဲကာ နောက်က လိုက်သွားတော့သည်။
“ပရိသတ်တို့... ဒါ တကယ့်အစစ်နော်Live ရိုက်ပြနေတာ။”
ထိုလူက ကုလားထိုင်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆွဲထားသည်ကို ကင်မရာထဲတွင် မြင်နေရသည်။ အင်အားကြီးလှသော ကုလားထိုင်ပင် ထိုလူ့လက်ထဲတွင် ရုန်းမရ ဖြစ်နေသည်။
“ဒီနှစ်ယောက်က တမင်လုပ်တာ မဟုတ်ပါဘူး။ စိတ်မဆိုးပါနဲ့။ ဒေါသထွက်ရင် ဟိုလူ့ကိုပဲ သွားရှာလိုက်... ပါးစပ်သရမ်းတဲ့သူက ဟိုမှာ။”
ထိုလူကဂရစ်ဇလီကို လက်ညှိုးထိုးပြလိုက်သည်။
“ငါလား...”
ခဏအကြာတွင် ဂရစ်ဇလီသည် အရှိန်တစ်ခုကြောင့် လွင့်ထွက်သွားသည်။
ကြမ်းပြင်ပေါ်တွင် လဲကျနေသော ကျားမင်သည်လည်း ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ ချောခြင်း မချောခြင်းထက် သူမ ပိုစိတ်ဝင်စားသည်မှာ။
“ရှင်မြင်ရတာလား။”
ထိုလူက ခေါင်းငြိမ့်ပြသည်။
“အင်း... မြင်ရတယ်။”
【ရွေးချယ်နိုင်သော တာဝန်: နတ်ဆိုးသခင်ကို နှိမ်နင်းပါ။ ဆုလာဘ်- ၁,၂၀၀ မှော်ငွေ】
ဤလူမှာ အခြားသူမဟုတ်ထိတ်လန့်ဖွယ်ရာ ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသော တန်ဝမ်ကျဲပင် ဖြစ်သည်။
သူ လမ်းလျှောက်နေရင်း ဤနတ်ပင့်ပွဲနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးခဲ့ခြင်းဖြစ်သည်။ ကျားမင် ကုလားထိုင်ဒေါ်ဒေါ် နတ်ဆိုးသခင်သူ ဤဇာတ်လမ်းကို မှတ်မိနေသည်။
၎င်းမှာ The Rope Curse 2 ဇာတ်လမ်းပင် ဖြစ်သည်။
ဇာတ်လမ်းမှာ ထိုင်းနတ်ဆိုးသခင်က အဆိပ်ရှာရန် မိုင်ထောင်ချီ ခရီးနှင်လာခြင်းဖြစ်ပြီး မင်းသမီး ကျားမင်မှာမူ ဇာတ်လမ်းတစ်လျှောက် “အား... အား...” ဟုသာ အော်နေတတ်သူ ဖြစ်သည်။
တန်ဝမ်ကျဲ ကျားမင်ကို မှတ်မိလိုက်ချိန်တွင် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာထွက်ပြေးဖို့ဖြစ်သည်။
ယခင်က ချိုးစိန့် နှင့် ဝမ်ချိုင် တို့နှင့်အတူ နေခဲ့ဖူးသဖြင့်မိုက်မဲသော အဖွဲ့ဝင်များက မည်မျှ ဒုက္ခပေးနိုင်သည်ကို သူ ကောင်းကောင်းသိသည်။ ထို့ပြင် နတ်ဆိုးသခင်ကို သတ်ရန် ဆုလာဘ်ကိုလည်း သူ သိပ်စိတ်မဝင်စားသေးပေ။ သူ၏ အဓိက ရည်မှန်းချက်မှာ ဘုရားကျောင်းသို့ သွားပြီး နတ်ဘုရားများ၏ အကာအကွယ်ကို ရယူရန်ဖြစ်သည်။ နတ်ဘုရား အစွမ်းရလာမှသာ ပြန်လာသတ်ရန် သူ စီစဉ်ထားသည်။
“မင်းတို့ ဘုရားကျောင်းကို ဘယ်လိုသွားရမလဲ သိလား။”
ချန့်ချန့်က ကြောက်ကြောက်လန့်လန့်ဖြင့်
“ရှင်... ဂရစ်ဇလီကို ဘာလုပ်လိုက်တာလဲ။”
“သူက သူများအနာကို သွားဆွနေတာလေ... သင်ခန်းစာ ပေးခံရတာနည်းတောင်နည်းသေးတယ်။ကုလားထိုင်ဒေါ်ဒေါ်က သူ့ကို သတ်မှာမဟုတ်ပါဘူး”
ထိုသို့ပြောပြီးနောက် ကုလားထိုင်မှာ ကြမ်းပြင်ပေါ်သို့ ဘုန်း ခနဲ ကျသွားတော့သည်။
“ကျွန်မ... ကျွန်မ ရှင့်ကို ဘုရားကျောင်း လိုက်ပို့ပေးမယ်။”
“မလိုဘူး... အန္တရာယ်များပါတယ်။”
အန္တရာယ်ရှိသည်မှာ ကျားမင်အတွက် မဟုတ်ဘဲ တန်ဝမ်ကျဲအတွက် ဖြစ်သည်။ သူသည် သူ့ကို ဒုက္ခပေးမည့် အော်ဟစ်တတ်သော ကြက်မလေးကို အတူခေါ်မသွားလိုပေ။ လမ်းညွှန်ပေးမည့် ပါးစပ်ရှိလျှင် ဘုရားကျောင်းကို ဘယ်နေရာမှာမဆို ရှာတွေ့နိုင်သည် မဟုတ်ပါလား။
***